← Chapters

နှစ်ပေါင်းလေးရာ ဓားတာအို..... ကောင်းကင်နှင့်မြေပြင်၏ဓား.....

Vol. 8 Ch. 118

နှစ်ပေါင်းလေးရာ ဓားတာအို..... ကောင်းကင်နှင့်မြေပြင်၏ဓား.....

Vol. 8 Ch. 118

“ဘယ်လောက် မာနကြီးလိုက်သလဲ...... သူက စိန်ခေါ်မှုကို ကြိုတင်ကြေငြာပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာမျိုး မလုပ်ဘူး..... သူ့မှာ အခွင့်အရေးရှိတယ်လို့ တကယ်ထင်လား"

ပိုင်ချီက ဟစ်အော်လိုက်သည်။

ကျန်းဂျန်က မျက်မှောင်ကြုတ်ပြီး ....

“ဒါပေမယ့် သူ့ဓားက အရမ်းမြန်တယ်....ဒီလူတကယ်ကို သန်မာတယ်...”

ကျန်းချန်ရှန်းက ဓားကိုချလိုက်ပြီး သူ့လက်ထဲက စာတစ်စောင် ပြာကျသွားလေသည်။

ကျန်းဂျန်က စိတ်ဝင်တစားနဲ့....

“ဘိုးဘိုး.... သူ့ကို ဘယ်လို တိုက်မလဲစဉ်းစားပြီးပြီလား..... ဓားသိုင်းချင်းပြိုင်မှာလား ဒါမှမဟုတ် ချန်းမိသားစုရဲ့ ချီလက်ချောင်းကို သုံးမှာလား....."

တာအိုဘိုးဘေး၏ တိုင်ဟန်ဓားသိုင်းသည် ဒဏ္ဍာရီဆန်သော ဓားသိုင်းမှန်း လူတိုင်းသိကြသည်။

ချန်းမိသားစု၏ ချီလက်ချောင်း ကိုလည်း ထပ်တူထပ်မျှ ချီးကျုးနေကြသည်။ လက်ချောင်းတစ်ချောင်းဖြင့် ထောင်သောင်းချီသော အဆုံးစွန်သော နည်းပညာများကို ဖျက်ဆီးနိုင်ခဲ့ပြီး ယခုအချိန်အထိ မည်သူမျှ သူ့လို မအောင်မြင်ခဲ့ပေ။

ကျန်းချန်ရှန်းသည် သူ၏ ညာလက်ကို လှန်လိုက်ပြီး ထိုက်ယန်ရှန်းကုန်းကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းကို မြေကြီးပေါ်တွင် ချထားလိုက်ပြီး လေးကိုင်းပေါ်က ခုနစ်ရောင်ရှိသော ကျောက်မျက်ရတနာများကြောင့် ကျန်းဂျန်နှင့် ပိုင်ချီ၏ မျက်နှာများ တောက်ပနေခဲ့သည်။

“ဒါက ဘယ်လို နတ်ဘုရားလက်နက်မျိုးလဲ”

ကျန်းဂျန် အံ့အားသင့်သွားပြီး မသိစိတ်ကြောင့် လွှတ်ကနဲ့ချီးကျုးလိုက်သည်။

ကျန်းချန်ရှန်းက .... “ဒါက ငါ လုပ်ထားတဲ့ နတ်ဘုရားလေးပဲ..... တကယ်တော့ ငါက ဓားရေးထက် လေးပစ်တာ ပိုတော်တယ်.....”

ကျန်းဂျန် ထိုက်ယန်ရှန်းကုန်း၏ လေးညှိကို ဆွဲတင်လိုက်လေသည်။ မျက်လုံးပြူးပြီး အားအင်တွေ အကုန်ထုတ်သုံးသည့်တိုင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား လေးညှို့ကို မဆွဲတင်နိုင်ပေ။

ပိုင်ချီက.... "ဟန်ဆောင်မနေနဲ့..... ရယ်စရာမဟုတ်ဘူး... ”

ကျန်းဂျန်က မျက်မှောင်ကြုတ်ပြီး .....“ဟန်ဆောင်တာမဟုတ်ဘူး....မယုံရင် ကိုယ်တိုင် စမ်းကြည့်!”

သူ့လက်ကိုလွှတ်လိုက်ပြီး ပိုင်ချီကို စမ်းကြည့်ဖို့ ခွင့်ပြုလိုက်သည်။

ပိုင်ချီသည် သူမ၏ ဝံပုလွေခြေသည်းကို မြှောက်လိုက်ပြီး လေးကြိုးကိုဆွဲသော်လည်း မတုန်လှုပ်ပေ။

ကျန်းဂျန်က ကျန်းချန်ရှန်းကိုကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ "ဒီလို နတ်ဘုရားလက်နက်တွေ ရှိသေးလား...."

ကျန်းချန်ရှန်း.... "မရှိတော့ဘူး... ပစ္စည်းပစ္စယရှာရခက်တယ်လေကွာ...ဘယ်လိုလဲ.. ငါလုပ်ထားတာအဆင်ပြေတယ်မလား...."

ကျန်းဂျန်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး..... "ကျွန်တော်ရဲ့ လှံရှည်ကို ဘယ်တော့ အလေးချိန်ထပ် တိုးပေးမှာလဲ....."

လေးနှင့် မြှားများဖြင့် နှိုင်းယှဉ်ပါက သူသည် သုံးခွချွန်လှံရှည်ကိုသာ နှစ်သက်သည်။ သို့သော် ကီလိုတစ်သောင်းက သူ့ကို မကျေနပ်စေနိုင်တော့ပေ။

“နည်းနည်းတော့စောင့်ပါ.... ပိုလေးတဲ့ သတ္တုတွေရှာပေးဖို့ မင်းအဖေကို ပြောထားတယ်....”

သူသည် မိုးကုပ်စက်ဝိုင်းဘက်သို့ လှည့်ကာ ရွှင်မြူးသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဓားနတ်ဘုရား.....မင်းရဲ့ အပြင်းထန်ဆုံးဓား တာအိုက ငါ့မြှားကို ခံနိုင်မလား ကြည့်ရအောင်......

ဓားနတ်ဘုရား ရှီပြည်နယ်သို့ ရောက်ရှိလာခဲ့ပြီ.......

ဒီသတင်းကြောင့် ချက်ချင်းဆိုသလို မြို့တော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ သိုင်းတောင်ထွတ် အောက်တွင် သိုင်းပညာရှင်များ ပိုများလာသည်။ သိုင်းပညာရှင် အများအပြားသည် မြို့ပြင်တွင် စုရုံးခဲ့ကြပြီး မျက်စိမြင်နိုင်သလောက် ဆယ်မိုင်အကွာအဝေးတွင် ယာယီတည်းခိုခန်းများဖြင့် ပြည့်နေသည်။

တာအိုဘိုးဘေးသည် နတ်ဘုရားဆန်သော်လည်း ဓားနတ်ဘုရားသည် လွန်ခဲ့သော အနှစ်နှစ်ရာက ပါရမီရှင်ဖြစ်သည်။ သူ၏ သက်တမ်းသည် သာမန်လူများ၏ စိတ်ကူးကို ကျော်လွန်သွားခဲ့သည်။ သူတို့၏အမြင်တွင် တာအိုဘိုးဘေးနှင့် ဓားနတ်ဘုရားသည် သာမန်လူများမဟုတ်ပေ။

အဆင့်မြင့်အရာရှိများ၊ မှူးမတ်များနှင့် ကုန်သည်ကြီးများကလည်း ဤတိုက်ပွဲကို စောင့်မျှော်နေကြသည်။ ဓားနတ်ဘုရား ရောက်ရှိလာခြင်းကြောင့် မြို့တစ်ခုလုံးတွင် စီးပွားရေးလုပ်ငန်းများထိုးတက်လာပြီး ကုန်သည်များလည်း ပြုံးပျော်နေကြသည်။

နန်းတော်တွင်းရှိ မင်းသား၊ မင်းသမီးများနှင့် မောင်းမမိဿံများပင် ဤတိုက်ပွဲအကြောင်း ဆွေးနွေးကြသည်။

ကျန်းဇီယု နှင့် ကျန်းရှုတို့သည် အတူထိုင်နေကြသည်။ သားအဖတွေ ဒီလို အေးအေးဆေးအေး တွေ့ဖို့ခက်လှပေသည်။

ကျန်းရှုက... “ခမည်းတော်..... အလွန်ဆုံး တစ်နှစ်အတွင်းမှာ ကျယ်ပြောလှတဲ့ မဟာကန္တရမင်းဆက်ကို တကျန်းက လုံးလုံးလျားလျား သိမ်းပိုက်နိုင်လိမ့်မယ်....ခမည်းတော် ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ....."

ကျန်းဇီယုသည် လက်ထဲတွင် သစ်သီးလက်တစ်ဆုပ်ကိုင်ထားကာ ကုလားထိုင်ကို မှီလိုက်ချလိုက်ပြီ ....

"ငါအသက်ရှင်နေသရွေ့ စစ်တိုက်နေဉီးမှာပဲ.....တကျန်းရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်..."

ကျန်းရှုက အလျင်စလိုဖြင့်... "ခမည်းတော်က အသက်တစ်ရာ၊ အသက်နှစ်ရာထိ အသက်ရှည်မှာ သေချာတယ်...."

“ငါ့သား.... ငါ့ခန္ဓာကိုယ်အကြောင်း ငါအသိဆုံးပဲ....အစစ်အမှန်နတ်ဘုရားနယ်ပယ်မရောက်နိူင်သရွေ့ အသက်တစ်ရာအထိ နေဖို့မလွယ်ဘူး..... ”

ကျန်းဇီယု ပြုံးပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

သူ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချထားပြီးဖြစ်သည့်အတွက် လွန်စွာစိတ်သက်သာရာရစေသည်။ သူသည် သေခြင်း သို့မဟုတ် လူဝင်စားခြင်းကို မကြောက်ခဲ့ပေ။

ကျန်းရှုကတော့ နှုတ်ဆိတ်နေသည်။

တခုခု ကွဲလွဲနေသလို ခံစားရသည်။ တစ်ဖက်တွင်၊ ကျန်းဇီယု အသက်ပိုရှည်မည်ဟုမျှော်လင့်ထားသော်လည်း တစ်ဖက်တွင် ကျန်းဇီယု အသက်ရှည်မည်ကို စိုးရိမ်နေသည်။

“အများကြီး မတွေးနဲ့.....ကမ္ဘာကြီးကို ပေါင်းစည်းဖို့ခက်ခဲပေမယ့် ကျန်းမိသားစုတွေရဲ့ မျိုးဆက်တစ်ခုကနေတခုဆီ တာဝန်တွေ လွှဲပြောင်းပေးပြီး ဘိုးဘေးဘီဘင်တွေအတွက် ကြိုးစားလုပ်ဆောင်မယ်ဆို ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ပြီး သမိုင်းမှာ မှတ်တိုင် ထူထောင်နိုင်မယ့် နေ့တစ်နေ့ရောက်လာမှာပါ.... ငါမွေးလာတာ စောလွန်းတယ်..... အနာဂတ်အတွက် ငါမင်းကိုပဲ အားကိုးမယ်....."

ကျန်းဇီယု ပြုံးလိုက်သည်။ သူသည် အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး သက်တော်ရှည်သည်ဟု ယူဆထားသည်။

ကျန်းရှုက လေးနက်စွာဖြင့်.... "သားတော်..

နားလည်ပါတယ်....ခမည်းတော်ရဲ့ ဆန္ဒကို သေချာပေါက် လိုက်နာပါ့မယ်.....”

ကျန်းဇီယုသည် လက်ထဲက သစ်သီးများကို ချလိုက်ပြီး လက်ခုပ်တီးကာ....

"ဒီနေ့ ကျန်းမိသားစုရဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်....သေချာမှတ်ထားပါ.... နောက်ဆို အိမ်ရှေ့မင်းအားတိုင်းကို ပြောပြပြီး ကျန်းမိသားစုရဲ့ အနာဂတ်မျိုးဆက်တွေသိစေဖို့ မျိုးဆက်တစ်ခုကနေတစ်ခုဆီ လွှဲပြောင်းပေးရမယ်....ဒါပေမယ့် ကျန်းမိသားစုကလွဲရင် အပြင်လူတွေသိလ်ို့မဖြစ်ဘူး...."

ကျန်းရှု ထိုစကားကိုကြားသောအခါ စူးစမ်းချင်စိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

ကျန်းဇီယုသည် တကျန်းကို စတင်တည်ထောင်ခြင်းအကြောင်း ပြောပြခဲ့သည်။ တကျန်း၏ ပထမဆုံး အိမ်ရှေ့မင်းသား လူစားလဲခံလိုက်ရကြောင်း ကြားသောအခါ ကျန်းရှု၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ ခန့်မှန်းချက်ကို အတည်ပြုခဲ့သော်လည်း သူသည် နာခံစွာ နားထောင်ဆဲဖြစ်သည်။

တစ်နာရီလောက်ကြာတော့......

ကျန်းရှု တုန်လှုပ်နေပြီဖြစ်သည်။ ဆရာတော်ဘိုးဘိုးသည် သူ့အဘိုးဖြစ်သည်ဟု သူမှန်းဆထားသော်လည်း ထိုကိစ္စက ဤမျှရှုပ်ထွေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဉီးလေးပင်းအန်းကလည်း ကျန်းမိသားစု ၏တော်ဝင်မိသားစုအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

"မင်းအဖိုးရဲ့ သိုင်းပညာနယ်ပယ်က မထင်မှတ်လောက်အောင် မြင့်မားတယ်၊ ဒါကြောင့် သူ့သက်တမ်းက ပင်မတန်ရှည်လျားလိမ့်မယ်.... အကယ်၍ ဒီလျှို့ဝှက်ချက်ကို မျိုးဆက်တစ်ခုကနေ တစ်ခုဆီလက်ဆင့်ကမ်းသွားမယ်ဆို တကျန်း ပြိုလဲတော့မည့်အချိန်ရောက်ရင် နောင်လာနောက်သားတွေက မင်းရဲ့အဘိုးကို အားကိုးပြီး တကျန်းကိုကယ်တင်နိုင်လိမ့်မယ်....."

ကျန်းဇီယု အဝေးကိုငေးကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းရှု လက်သီးများကို တင်းတင်းဆုပ်ထားပြီး လေးနက်စွာ ခေါင်းညိတ်သည်။

" ဒီလျှို့ဝှက်ချက်ကို မပေါက်ကြားအောင်ထိန်းသိမ်းပါ့မယ်....."

ကျန်းချန်ရှန်းသည် ကျော်ကြားမှု သို့မဟုတ် ချမ်းသာမှုကို မရှာဖွေကြောင်း သားအဖနှစ်ယောက် ကောင်းစွာသိရှိခဲ့ကြသည်။ သူသည်သိုင်းပညာလေ့ကျင့်ဖို့သာ မြှုပ်နှံပြီး တစ်နှစ်ပတ်လုံး တောင်ပေါ်တွင်သာနေထိုင်ခဲ့သည်။ ထိုသို့သော စိတ်ထားဖြင့် သူသည် ကျန်းမိသားစု၏ သားစဉ်မြေးဆက်များကို မည်သို့ ထိန်းကျောင်းနိုင်မည်နည်း။ ကျန်းမိသားစု၏သားစဉ်မြေးဆက်များ ကျန်းချန်ရှန်းကိုအမှီမပြုတော့ပါက၊ သူလည်းပျောက်ကွယ်သွားမည်ဖြစ်သည်။

ကျန်းရှု စိတ်ငြိမ်သွားပြီး မိုးကုတ်စက်ဝိုင်းကို လှည့်ကြည့်လိုက်သည်။

ကောင်းကင်မှာ တိမ်ပင်လယ်ကြီးက ဓားနဲ့ခုတ်ထားသလို နှစ်ခြမ်းကွဲနေပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။

ဓားနတ်ဘုရား ရောက်လာပြီ.......

မိုင်တစ်ရာဝေးသောအရပ်တွင်....

ဓားနတ်ဘုရားသည် ရှေ့သို့ တိုးလာပြီးနောက် ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသော ဓားပေါင်းများစွာကြောင့်တောင်အောက်က လူတွေ တယောက်ပြီး တယောက် ကောင်းကင်ပေါ်မော့ကြည့်နေကြသည်။ ဤအံ့မခန်းမြင်ကွင်းကြောင့် သူတို့အားလုံး အံ့ဩသွားကြသည်။

ဓားကိုင်ထားသော သိုင်းပညာရှင်အားလုံးသည် ၎င်းတို့၏ဓားများကို မထိန်းချုပ်နိုင်ပေ။ ဓားများသည် တစ်လက်ပြီးတစ်လက် ကောင်းကင်ပေါ်ပျံသန်းသွားပြီး ဓားပင်လယ်နှင့်ပေါင်းစည်းသွားခဲ့သည်။

ဓားနတ်ဘုရား မြို့တော်နှင့် နီးကပ်လာပြီး မကြာမီ မြို့တော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော သိုင်းပညာရှင်များက သူ့နောက်တွင် ဓားပင်လယ်တစ်ခုနှင့်အတူ မိုးကုတ်စက်ဝိုင်းမှ ၎င်းတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“ အဲဒါ ဓားနတ်ဘုရားလား”

“ဘယ်လောက်ကြောက်စရာကောင်းတဲ့ ဓားဆန္ဒလဲ.... ငါ့ဓားကို ထိန်းလို့မရတော့ဘူး...."

“ သူက တကယ့်ကို နတ်ဘုရားနဲ့တူတယ်..... တာအိုဘိုးဘေးက အစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့ ကြုံတွေ့ရပြီ!”

“အဲ့လို မထင်ဘူး....တာအိုဘိုးဘေး ဘယ်လောက် တန်ခိုးကြီးလဲ မသိဘူးလား... ကောင်းကင်နယ်ပယ်ပညာရှင်ကိုတောင် အလွယ်တကူအနိုင်ခဲ့တာကိုမေ့နေပြီလား...."

သိုင်းပညာရှင်အချင်းချင်း ဆွေးနွေးနေကြပြီး ဓားနတ်ဘုရား နီးကပ်လာသည်နှင့်အမျှ၊ ပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်တို့၏ဓားများသည် ဓားအိမ်များထဲမှ ပျံထွက်ပြီး ကောင်းကင်ပေါ်သို့ ပြေးတက်သွားကြသည်။ ဒီမြင်ကွင်းက ထပ်တူထပ်မျှ ထိတ်လန့်စရာပင်.... အချို့သော ကျွမ်းကျင်သူများသည် ၎င်းတို့၏ဓားများကို ဖိနှိပ်ရန်ကြိုးစားသော်လည်း အသုံးမဝင်ပေ။

ဓားနတိဘုရား၏ ဦးခေါင်းပေါ်တွင် ပျံဝဲနေသော ဓားရှည်ကို ကြည့်လိုက်သောအခါ ကြီးမားပြီး အဆုံးမရှိသော ဓားမြစ်ကြီးသည် သူတို့၏ မျက်လုံးများရှေ့တွင် လုံးလုံးလျားလျား ပေါ်လွင်လာကာ နှလုံးခုန်သံများ မြန်ဆန်သွားစေသည်။

ဓားနတ်ဘုရားက မြို့တော်ကို ချဉ်းကပ်လာပြီး မြောက်ဘက်မြို့ရိုးတစ်လျှောက်ဖြတ်သန်းကာ မြောက်ဘက်တံခါးအနီးရှိ လုံချီ ဘုရားကျောင်းဆီသို့ ဉီးတည်နေသည်။

မြို့တော်တွင် မရေမတွက်နိုင်သော ဓားရှည်များ ပျံသန်းကာ ဓားနတ်ဘုရားနောက်ကွယ်ရှိ ဓားမြစ်ထဲသို့ပေါင်းစည်းသွားသည်။

ဒီလူက တကယ်ပဲ ဓားတွေရဲ့ နတ်ဘုရားပဲ.....

"တာအိုဘိုးဘေးကို ငါ့ရဲ့ အပြင်းထန်ဆုံးဓား တာအိုနဲ့ စိန်ခေါ်ဖို့ ဆန္ဒရှိတယ်......!"

သူ၏အသံသည် ကောင်းကင်နှင့်မြေကြီးကြားတွင် အချိန်အတော်ကြာအောင် ပဲ့တင်ထပ်ခဲ့သည်။

ကျန်းဇီယုနှင့်ကျန်းရှုတို့လည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်ခဲ့ကြသည်။

ယုယန်ရိရဲ့ ခြံဝင်းထဲမှာ သူ့အဖေ ယုချင်းဖန် ရောက်နေပြီး ဖူယွဲ့မိသားစုမှ အခြားတပည့်များသည်လည်း ဓားနတ်ဘုရားကို မယုံနိုင်စွာ ကြည့်နေကြသည်။

နယ်ပယ်မြင့်လေ၊ ဓားနတ်ဘုရား၏ ကြောက်မက်ဖွယ်ထိအားကို ပို၍ခံစားနိုင်လေဖြစ်သည်။

သူတို့သည့ အစစ်အမှန်ချီ၏ဖိအားအပြင် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကိုပါ ခံစားမိကြသည်။ ဓားနတ်ဘုရားသည် မရေမတွက်နိုင်သောဓားများကို ထိန်းချုပ်ရန် ဓားဆန္ဒကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သည်။ အများအမြင်မှာ သူ၏စစ်မှန်သောချီကို ဖြုန်းတီးနေပုံရသော်လည်း တကယ်တော့ သူသည် ခွန်အားကို စုဆောင်းခြင်းဖြစ်သည်။ သူတိုက်ခိုက်ပြီးသည်နှင့် သူသည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်ကာ မြို့တော်တစ်ခုလုံးကိုပင် ပြန့်ကျဲသွားစေမည်ဖြစ်သည်။

“အရင် လှုပ်ရှားပါ မြို့သူမြို့သားတွေကို မထိခိုက်စေနဲ့......"

ကျန်းချန်ရှန်း၏ ငြိမ်သက်သော အသံ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ တစ်ဖက်လူက ဟိတ်ဟန်များလွန်းတာကြောင့် သူ့အနေဖြင့် အလျော့ပေးစရာမလိုပေ။ ဒီတိုက်ပွဲကို မြို့တစ်မြို့လုံးက စောင့်ကြည့်နေသဖြင့် အတိမ်းစောင်းခံလို့မဖြစ်ပေ။

ဓားနတ်ဘုရား ထိုစကားကိုကြားသောအခါ ချက်ချင်းရပ်လိုက်သည်။ ညာလက်ကို မြှောက်ပြီး သူ့နောက်မှာ ဓားတောင်းကို လက်လှမ်းကာ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီးကြားတွင် လင်းလက်သွားသည်။ ထိုဓားက ဓားနတ်ဘုရား၏အရှေ့တွင် လွင့်မြောနေသည်။

မြို့တော်အတွင်းရော အပြင်မှာပါ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေနဲ့ သာမန်လူတွေက သူ့ကို စိုက်ကြည့်နေကြသည်။ သိုင်းတောင်ထွတ်ပေါ်က လုံချီ ဘုရားကျောင်းမှတပည့်များသည်လည်း သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ဓားနတ်ဘုရား၏ အရှိန်အဝါသည် ကျန်းချန်ရှန်း ကို စိန်ခေါ်ရန် ရောက်ရှိလာသော ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

ခြံဝင်းထဲတွင်......

ပိုင်ချီသည် မျှော်လင့်တကြီးနှင့် ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။

နံရံပေါ်မှာရပ်နေတဲ့ ကျန်းဂျန်ကခေါင်း လှည့်ပြီး ယ...."ဘိုးဘိုး... သူတိုက်ခိုက်တော့မယ်!"

ကျန်းချန်ရှန်း တည်ငြိမ်လွန်းတာကြောင့် သူစိတ်တွေပူနေခဲ့သည်။ အကယ်၍ ဓားမြစ်ကြီးသာ ၎င်းတို့ပေါ်သို့ ဆင်းသက်ခဲ့လျှင် လုံချီ တောင် ကွဲအက်သွားမည်ဖြစ်သည်။

ကျန်းချန်ရှန်းသည် ထိုက်ယန်ရှန်းကုန်းကို ကောက်ယူပြီး သူ့နံဘေးသို့ ခုန်တက်လိုက်သည်။

"ထိတ်လန့်မနေနဲ့.... သူ့ဓားက ပိုသန်မာသလား ဒါမှမဟုတ် ငါ့မြှားက ပိုထက်မြက်သလား ကြည့်ရအောင်......”

ကျန်းချန်ရှန်း ရယ်မောလိုက်သည်။ သူသည် ဘယ်လက်ဖြင့် ထိုက်ယန်ရှန်ကုန်းကို မြှောက်ကာ ဓားနတ်ဘုရားကို ချိန်ရွယ်လိုက်သည်။

“ကျုပ် သိုင်းပညာကို နှစ် ၄၀၀ လေ့ကျင့်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း 200က ဓားတာအိုမှာ ကြီးစွာသောအောင်မြင်မှုရရှိပြီး စကြဝဠာနယ်ပယ်ကိုတက်လှမ်းနိုင်ခဲ့တယ်.... အနှစ် 200 အကြာမှာ ကောင်းကင်နဲ့မြေပြင်ရဲ့ဓားဆန္ဒကို နားလည်နေပြီ..... ဒီဓားဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အရောင်ကို သေချာပေါက် ပြောင်းလဲစေလိမ့်မယ်..... တာအိုဘိုးဘေး ...ငါ့ဓားကို လျှော့မတွက်နဲ့!"

"ကောင်းကင်နဲ့မြေပြင်ရဲ့ဓားဆန္ဒ...!"

ဓားနတ်ဘုရား အရှိန်ပြင်းပြင်းဖြင့် သူ့ရှေ့မှ ဓားကို ညာလက်ဖြင့် တွန်းထုတ်လိုက်သည်။

ထိုအခါ သူ့နောက်ကျောမှ ဓားမြစ်ကြီး ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သောဓားများသည် သူ့အားကျော်ဖြတ်ကာ ပျံသန်းကြသည်။ ချက်ခြင်းဆိုသလိုပင် ဓားအရှိန်အားလုံး စုစည်းကာ ဓားချီများပျံ့နှံ့သွားပြီး မြေကြီးမှ ကောင်းကင်ကို ခွဲထုတ်လိုက်သော ဓားရိပ်ကြီးတစ်ခုအဖြစ် လုံချီ ဘုရားကျောင်းဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

ဒီမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားနဲ့ လူတိုင်းက မှင်သက်နေကြသည်။

တစ်ချိန်တည်းမှာပင်.......

လုံချီတောင် ပြင်းထန်စွာ တုန်ခါခဲ့ပြီး အနီးနားရှိ လမ်းများနှင့် သိုင်းတောင်ထွတ်ကိုလည်း တုန်ခါစေခဲ့သည်။ သို့သော်၊ မြို့သူမြို့သားများ၊ လုံချီ ဘုရားကျောင်းမှ တပည့်များနှင့် ကိုးကွယ်ဆည်းကပ်သူများသည်၎င်းကို ဓားနတ်ဘုရားကြောင့် ဖြစ်ပေါ်လာသည်ဟုသာထင်မြင်ကြသည်။

All Chapters