← Chapters

နတ်ဘုရားစွမ်းရည် ထပ်မံရရရှိခြင်း..... ကောင်းကင်နှင့်မြေပြင်၏ အကန့်အသတ်မဲ့အမြင်အာရုံကိုရယူခြင်း......

Vol. 8 Ch. 119

နတ်ဘုရားစွမ်းရည် ထပ်မံရရရှိခြင်း..... ကောင်းကင်နှင့်မြေပြင်၏ အကန့်အသတ်မဲ့အမြင်အာရုံကိုရယူခြင်း......

Vol. 8 Ch. 119

လုံချီတောင် တုန်ခါသွားသဖြင့် တောင်ခါးပန်းမှာ ရှိနေတဲ့ ပိုင်လုံကလည်း ခေါင်းထောင်ကြည့်နေသည်။

ကျန်းဂျန် နှင့် ပိုင်ချီ သည် ကျန်းချန်ရှန်း ကို ထိတ်လန့်စွာကြည့်နေသည်။ ထိုနေ့ကငလျင်သည် ကျန်းချန်ရှန်း အညောင်းဆန့်ခြင်းကြောင့်မဟုတ်ဘဲ လေးကြိုးဆွဲခဲ့ခြင်းမှန်း နောက်ဆုံးတွင် သူတို့နားလည်ခဲ့သည်။

ကျန်းချန်ရှန်းက လေးကို ဘယ်လက်မှာ ကိုင်ထားပြီး လေးညှိ့ကို ညာလက်နဲ့ ဆွဲယူပေမယ့် အပြည့်အဝ မဆွဲနိုင်သေးပေ။

ကြီးမားသော ငှက်မွှေးဝတ်ရုံ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ဆံပင်ရှည်များက လေထဲတွင် ကခုန်နေသည်။ ထိုက်ယန်ရှန်းကုန်း၏ ခုနစ်ရောင်ခြယ်အလင်းရောင်သည် ကျန်းချန်ရှန်း၏မျက်နှာပေါ်တွင် လင်းလက်နေသည်။ ထိုအချိန်တွင် သူ၏ အော်ရာသည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်နေသော ကျန်းဂျန်သည်ပင် အချိန်မရွေး ပြာဖြစ်သွားနိုင်သည်ဟု ခံစားနေရသည်။

“ဘယ်နယ်ပယ်မို့လို့ ဒီလောက်သန်မာနေတာလဲ…”

ကျန်းဂျန်သည် ကျန်းချန်ရှန်းကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။

ကျန်းချန်ရှန်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး သူ၏ ညာလက် ရုတ်တရက် ပြေလျော့သွားသည်။ လေးကြိုးက ပြန်ဆုတ်သွားပြီး ချက်ခြင်းမှာပဲ ပြင်းထန်တဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုက်ယန်ရှန်းကုန်းမှ ကြောက်မက်ဖွယ်ရာ အလင်းတန်းတစ်ခု ထွက်လာပြီး လုံချီ ဘုရားကျောင်းတခုလုံး လင်းထိန်နေ၏။

မြို့တော်အတွင်းနှင့် အပြင်ဘက်ရှိ လူတိုင်းသည် ကောင်းကင်နှင့်မြေပြင်၏ဓားဆန္ဒကို စိုက်ကြည့်နေကြစဉ် ရုတ်တရက် ပြင်းထန်သောအလင်းရောင်တစ်ခု ပေါ်လာပြီး ၎င်းတို့ကို အံ့သြသွားစေကာ မသိစိတ်ကြောင့် လှည့်ကြည့်လိုက်သည်။

လုံချီဘုရားကျောင်းရဲ့ ဦးတည်ရာကနေ တုနှိုင်းမရတဲ့ ကြီးမားတဲ့ အလင်းတန်းကြီးတစ်ခုဟာ မြို့တော်အထက် ကောင်းကင်ကို ဖြတ်ကျော်သွားခဲ့ပြီး မရပ်တန့်နိုင်သော စွမ်းအားဖြင့် ဓားသန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဓားရိပ်နှင့် တိုက်မိသွားသည်။

ဝုန်းးးးးးး

ကောင်းကင်နှင့်မြေပြင်ဓားဆန္ဒပါဝင်နေသော ဓားရိပ်ကြီး တိုက်ရိုက်လွင့်စင်သွားကာ ဓားနတ်ဘုရားအပေါ် ခိုင်ခံ့သောအလင်းရောင် ထွန်းတောက်သွားခဲ့သည်။ ခေါင်းကိုမော့လိုက်သည်နှင့် ကောက်ရိုးဦးထုပ် လွင့်ထွက်သွားပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် မျက်နှာကို ပေါ်လွင်စေသည်။

ပြင်းထန်တဲ့ အလင်းတန်းတွေကြား နစ်မြုပ်သွားတာကြောင့် တွေးဖို့ အချိန်မရှိခဲ့ပေ။ သူ့နောက်မှာ ပျံနေတဲ့ ဓားတွေ ကွဲကြေသွားသလို လွင့်ပျံသွားခဲ့ပြီး ကမ္ဘာအနှံ့ ပြန့်ကျဲသွားလေသည်။

ကောင်းကင်မှကျလာသော ဓားမိုးကြောင့် ပရိသတ်ကို ထိတ်လန့်စေခဲ့သည်။ သို့သော် ထိုဓားရှည်များ ရုတ်တရက် ရပ်တန့်သွားပြီး လေထဲတွင် ရပ်တန့်နေကာ မြို့ထဲကို ကျသွားတဲ့ ဓားတွေ အပါအဝင် သူတို့ထဲက တစ်လက်မျှ မြေပြင်ပေါ် မဆင်းသက်သေးပေ။

ပြင်းထန်သော အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သော လေစီးကြောင်းနှစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပေထောင်ပေါင်းများစွာ အကွာတွင်ရှိပြီး ကောင်းကင်ကို ဖြတ်တောက်ထားပုံရသည်။ ထိုသို့သော အံ့ဖွယ်အခင်းအကျင်းသည် လူတိုင်းကို ထိတ်လန့်စေသည်။

အနီးနားရှိလူများက ဓားနတ်ဘုရား၏ရုပ်သွင်ကို မြင်ကြသည်။ သူသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး လျင်မြန်စွာ လဲကျသွားခဲ့သည်။ သို့သော် သူမြေပြင်ပေါ်မဆင်းမီ ရုတ်တရက်လှည့်၍ လုံချီ ဘုရားကျောင်းဆီသို့ ပျံသန်းသွားသည်။

အားလုံးက သူ့ခြေလက်တွေ ပျော့ခွေနေသည်ကိုသတိထားမိကြပြီး သတိလစ်သွားခြင်း သို့မဟုတ် သေဆုံးခြင်းပင်ဖြစ်နိုင်ကြောင်း ထင်ရှားသည်။

လူတိုင်းမျှော်လင့်ထားသည့် ထိတ်လန့်တုန်လှုပ်ဖွယ် အဆုံးအဖြတ်တိုက်ပွဲမျိုး ပေါ်မလာခဲ့ပေ။ သူတို့သည် မူလက ဓားနတ်ဘုရားနှင့် တာအိုဘိုးဘေးတို့ နေနှင့်လ ပျောက်ကွယ်သွားသည်အထိ တိုက်ပွဲဝင်မည်ဟု မူလက ထင်ခဲ့ကြသည်။ တိုက်ပွဲ မြန်မြန်ပြီးဆုံးမည်ဟုထင်မထားပေ။

သို့သော်၊ ဓားနတ်ဘုရား၏ ခွန်အားကို မည်သူမျှ မေးခွန်းမထုတ်ခဲ့ပေ။ သူ့အော်ရာက မမေ့နိုင်စရာပင်.... တာအိုဘိုးဘေးကသာ စိတ်ကူးမယဉ်နိုင်သော အတိုင်းအတာအထိ အားကောင်းသည်ဟုသာ ပြောနိုင်သည်။

တာအိုဘိုးဘေး၏ သိုင်းပညာသည် ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျန်းဇီယုသက်ပြင်းချကာ ပြုံးလိုက်သည်..... "မတော်တဆထိခိုက်မှုတွေ မရှိဘူး....."

ကျန်းရှု သူ၏နဖူးမှ ချွေးအေးများကို သတိပြုမိပြီး ဓားနတ်ဘုရားကို ထိတ်လန့်နေကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဖခင်ဖြစ်သူကို မပြောပြရဲဘဲ သူ့အဖိုး၏ စွမ်းပကားကိုသာ ချီးကျူးခဲ့သည်။

မြို့တော်အတွင်းရှိ ကျောက်စိမ်းစံအိမ်တွင်......

ဖူယွဲ့ မိသားစု၏ မိသားစုအကြီးအကဲ ယုချင်းဖန် ကုလားထိုင်ပေါ်တွင်ထိုင်နေ၏။ သူ့အမူအရာက မှုန်မှိုင်းနေကာ.....

“ဓားနတ်ဘုရားက စကြဝဠာနယ်ပယ်မှာရှိနေတယ်...ဒါဆို တာအိုဘိုးဘေးရဲ့နယ်ပယ်က…"

ယုယန်ရိ အသက်ပြင်းပြင်းရှူလိုက်သည်။ ကျန်းချန်ရှန်း သူမကို တုန်လှုပ်ခြောက်ခြားစေတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် အချိန်တိုင်းတော့ သူမ၏နားလည်မှုကို ချိုးဖျက်ပစ်စမြဲပင်......

ဓားနတ်ဘုရား၏အသွင်အပြင်က မည်မျှလွှမ်းမိုးချုပ်ကိုင်ထားသနည်း။ သူ့ရဲ့သန်မာအားကောင်းလှသည့် ချီဓာတ်က မြို့တော်မှာရှိတဲ့ သိုင်းပညာရှင်တော်တော်များများကို ထိတ်လန့်စေခဲ့သည်။ တာအိုဘိုးဘေးက သူ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိမ့်မယ်လို့ သူတို့ မျှော်လင့်မထားပေ။

ကောင်းကင်မှာ ချိတ်ဆွဲထားတဲ့ ဓားရှည်တွေ တဖြည်းဖြည်း ကျဆင်းလာပြီး ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေ။

ထိုကဲ့သို့ဖြစ်လေလေ တာအိုဘိုးဘေး၏ ခွန်အားကို လူအများက သဘောကျလေလေဖြစ်သည်။

ကျန်းချန်ရှန်းက ဓားနတ်ဘုရားကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။ ကျန်းဂျန်ကတော့ ကောင်းကင်ပေါ်က ကြီးကျယ်ခမ်းနားသော ရှုခင်းများကို အကြာကြီး စိုက်ကြည့်နေဆဲပင်.....

ပိုင်ချီသည် နံရံပေါ်မှ ခုန်ဆင်းပြီး လေ့ကျင့်ရန် သစ်ပင်ဆီသို့ လျှောက်သွားသည်။

တိုက်ပွဲက တိုတောင်းပေမယ့် သူ့ကိုသွေးဆူစေခဲ့သည်။

အဲဒါက သူတို့ဘဝတစ်ခုလုံးကို လိုက်ရှာရမည့် စွမ်းအားပင်.....

အားလုံးက တာအိုဘိုးဘေးရဲ့ ခွန်အားကို အံ့အားသင့်နေချိန်မှာ မြို့တော်နဲ့ သိုင်းတောင်ထွတ်တွင် မြေကြီးပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါသည်။

ခဏကြာတော့ ကျန်းဂျန် လက်သီး တင်းတင်းဆုပ်လိုက်ပြီး သူ့မျက်နှာမှာ စိတ်လှုပ်ရှားနေတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ တောင်ပေါ်မှ မထွက်ခွာမီ ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရန် ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သိုင်းပညာ၏ အစွမ်းသတ္တိသည် အဆုံးမရှိဖြစ်ပြီး ရွှေခန္ဓာနယ်ပယ်သည် အစပြုသည့်အချက်သာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဒီအချက်က သူ့ကိုကောင်းကောင်းလှုံ့ဆော်နေပြီး အနာဂတ်တွင် လေ့ကျင့်ရေးရာ၌ ပိုမိုကြိုးစားလုပ်ဆောင်ရန် ကတိပြုပြီး ဆရာတော်ဘိုးဘိုး စိတ်မပျက်စေရန်ကြိုးစားရပေမည်။

အိမ်အတွင်းပိုင်းတွင်......

ကျန်းချန်ရှန်းသည် ဓားနတ်ဘုရားကို ကုသရန် စတင်ခဲ့သည်။

ဓားနတ်ဘုရား၏ဓားတွင် သတ်ဖြတ်လိုစိတ်မရှိဘဲ ဖြူစင်သောတိုက်ခိုက်ရေးစိတ်ဓာတ်သာရှိသည်။ ဒီလိုလူမျိုးကို သူပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်.....

ဒီလောက် အစွမ်းထက်တဲ့ပညာရှင်ကို သတ်ပစ်ရမှာ နှမြောစရာပင်......

ခဏအကြာတွင်၊ ဓားနတ်ဘုရား ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ ကျန်းချန်ရှန်းကို အားပျော့စွာ ကြည့်နေလေသည်။ သူ့ရှေ့ကလူကိုတွေ့တော့ တုန်လှုပ်သွားလေသည်။ သူမြင်နေရသောသူသည် အသက်မပြည့်သေးသော ရုပ်အဆင်းရှိသည့် တာအိုဘိုးဘေးဖြစ်သည်ဟု နားလည်ခဲ့သည်။

“…အဲဒါ… ဘယ်လို သိုင်းပညာလဲ....”

ဓားနတ်ဘုရားက ခက်ခက်ခဲခဲ မေးတော့ သူ့အသံက တုန်ရီနေသည်။

ကျန်းချန်ရှန်းက.... “အဲ့ဒါကို ထိုက်ယန်ရှန်းကုန်းလို့ခေါ်တယ်.....”

“နေမင်းကိုပစ်ခွင်းနိုင်တယ်????…”

ဓားနတ်ဘုရားသည် ထိုစကားလုံးနှစ်လုံးကို ပြောပြီးသည်နှင့် သွေးအန်ကာ မူးလဲသွားလေသည်။

ကျန်းချန်ရှန်း သူ့ကို ဆက်လက်ကုသပေးခဲ့သည်။

ဒဏ်ရာတွေ အရမ်းပြင်းထန်တာကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ရင်တောင် လာမည့်နှစ်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲမည်ဖြစ်သည်။

"အင်း ....ငါအရမ်းသတိထားနေပြီထင်တယ်..."

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့သောအမူအရာဖြင့် သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာ၊ ဓားနတ်ဘုရားသခင်သည် မေ့မြောသွားခြင်းသာဖြစ်ခဲ့သည်။

“ချန်းဝူခေတ် ၄၅ နှစ်တွင်၊ တာအိုဘိုးဘေး ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားနေကြောင်း ဓားနတ်ဘုရား ကြားသိခဲ့ပြီး သင့်ကိုစိန်ခေါ်ဖို့ရောက်လာခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သော 'ကောင်းကင်နှင့်မြေကြီး၏ အကန့်အသတ်မဲ့အမြင်အာရုံ' ကို ရရှိခဲ့သည်။"

ကျန်းချန်ရှန်း စိတ်လှုပ်ရှားနေပြီး ဓားနတ်ဘုရားကို ပိုဖော်ရွေစွာ ကြည့်နေလိုက်သည်။

မဟုတ်ဘူး၊ နောင်တစ်ခေါက် ထပ်တိုက်ဖို့ ဒီလူနဲ့ သဘောတူညီမှုယူရမယ်....

သဘောတူညီချက်ကို မည်သို့ပြုလုပ်သင့်သနည်း......

ဓားနတ်ဘုရားသည် မြို့တော်၌ အပြင်းအထန် ရှုံးနိမ့်ခဲ့ရသည်။

ထိုသတင်းက လေမုန်တိုင်းသဖွယ် ပျံ့နှံ့သွားခဲ့သည်။ နေရာတိုင်းရှိ တည်းခိုခန်းများတွင်လည်း တိုက်ပွဲအကြောင်း ဆွေးနွေးနေကြပြီး လူအများက မျက်မြင်တွေ့ရသည့်အတွက် ဂုဏ်ယူကြသည်။

ယခင်တိုက်ပွဲနှင့်မတူဘဲ မိုင်ပေါင်းရာနှင့်ချီ၍ လျှောက်လှမ်းရင်း ဓားနတ်ဘုရားက ခွန်အားစုဆောင်းလာကာ သူ၏အစွမ်းသတ္တိကို လူများစွာက မြင်တွေ့ခဲ့ရပြီး မယုံကြည်နိုင်လောက်သော အထင်အမြင်များ ကျန်ရစ်စေခဲ့သည်။ သို့သော်၊ ဤမျှလောက် အစွမ်းထက်သော ဓားနတ်ဘုရားကို တာအိုဘိုးဘေးက အလွယ်တကူပင် အနိုင်ယူခဲ့သည်။

အမွှေးတိုင်များ တိုးလာခြင်းကြောင့် ကျန်းချန်ရှန်းအနေဖြင့် ဤတိုက်ပွဲ၏ အကျိုးသက်ရောက်မှုသည် ယခင်ကသိုင်းတောင်ထွတ်ကိုရွေ့ပြောင်းခြင်းထက် မနိမ့်ကျကြောင်း သိရှိခဲ့သည်။

တစ်လကြာသောအခါ.....

ဓားနတ်ဘုရား ပြန်လည်သက်သာလာပြီး လမ်းလျှောက်နိုင်နေပြီဖြစ်သည်။

အိမ်အပြင်ကို လှမ်းကြည့်လိုက်တော့ နေရောင်ခြည်က သူ့အပေါ်ဖြာကျလာပြီး ဘဝသစ်တစ်ခုရရှိလိုက်သလို ခံစားလိုက်ရသည်။

ကျန်းဂျန်က တရားထိုင်နေရာကနေ မျက်လုံးဖွင့်ပြီး သူ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည်။ တစ်ဖက်တွင်၊ ပိုင်ချီ အလွန်ထိတ်လန့်သွားပြီး ဓားနတ်ဘုရား အလစ်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် နောက်ပြန်ဆုတ်သွားသည်။

ဓားနတ်ဘုရားသခင်သည် အသက်ငါးဆယ်ကျော်ခန့်ရှိပုံရပြီး အသက်ကြီးသည်ဟု မထင်ရပေ။ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့သော်လည်း သူ့မျက်လုံးများက စူးရှနေပြီး သူ့ကို တည့်တည့် မကြည့်ဝံ့ကြပေ။

သူသည် အသက်ပြင်းပြင်းရှူပြီး ဦးညွှတ်လိုက်သဖြင့် ကျန်းချန်ရှန်းကို တုန်လှုပ်သွားစေသည်။

"ကယ်တင်ပေးလို့...ကျေးဇူးတင်ပါတယ် စီနီယာ ......"

ကျန်းချန်ရှန်းက သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ သူ့အမြင်အရတော့ ကျန်းချန်ရှန်း က သူ့ထက် အသက်ကြီးတဲ့ စီနီယာတစ်ယောက်ဆိုတာ သေချာနေသည်။

သူသည် ဉာဏ်ရည်ထက်မြက်သော ပါရမီရှင်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် မျိုးဆက်သစ်လူငယ်တစ်ဦးက သူ့ထက်မည်သို့ သာလွန်နိုင်မည်နည်း။

ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ.....

" မင်းကို ငါ အလကား ကယ်တင်ခဲ့တာမဟုတ်ဘူး....အခုကစပြီး ခြံဝင်းကိုသန့်ရှင်းရေးလုပ်ပေး.... အနာဂတ်မှာ မင်းရဲ့ဓား တာအို ပြန်ကောင်းလာတယ်ဆိုရင် မင်းငါ့ကို ထပ်စိန်ခေါ်ဖို့ ခွင့်ပြုပေးမယ်...."

ဓားနတ်ဘုရားက တုန်လှုပ်သွားပြီး "ကျုပ်ရဲ့ ဓားတာအို ထပ်ပြီး တိုးတက်နိုင်မလား"

ကျန်းချန်ရှန်းက တခြားဘာမှ မပြောတော့ပေ။

ထို့ကြောင့် ဓားနတ်ဘုရားက စိတ်ဆုံးဖြတ်ပြီး ခြံထောင့်ဘက်သို့ လှည့်ကာ တံမြက်စည်းကို ကောက်ကိုင်လိုက်ပြီး စတင်လှည်းကျင်းလေတော့သည်။

ကျန်းချန်ရှန်း သူ့ကို မတားခဲ့ပေ။ အပေါ်ယံမှာ ဘာမှမထူးခြားသလို ထင်ရပေမယ့် စိတ်ထဲမှာတော့ ပျော်နေမိသည်။

တစ်လကြာပြီးနောက်၊ သူသည် အကန့်အသတ်မရှိသော ကောင်းကင်နှင့်မြေပြင်၏အမြင်အာရုံနည်းစနစ်ကို ကျွမ်းကျင်လာခဲ့သည်။ ဤစွမ်းရည်သည် အလွန်ဝေးသောအရပ်ကိုပင် မြင်နိုင်စေသည်။ သူမြင်နိုင်သည့်အကွာအဝေးသည် သူရင်းနှီးမြှုပ်နှံထားသည့် ဝိညာဉ်စွမ်းအင်အပေါ် မူတည်သည်။ ထို့အပြင် သူသည် ထိုအရာကို တခဏသာအသုံးပြုနိုင်သည်။ ဒီထက်ပိုပြီး မြင်နိုင်စေဖို့ ကြိုးစားရပေဉီးမည်.....

ကောင်းကင်နှင့်မြေပြင်၏ အကန့်အသတ်မဲ့အမြင်အာရုံသည် ထိုက်ယန်ရှန်ကုန်းနှင့် ပြီးပြည့်စုံသော လိုက်ဖက်မှုတစ်ခုဖြစ်သည်။

ဓားနတ်ဘုရားကို အနိုင်ယူဖို့ ထိုက်ယန်ရှန်းကုန်းကို အသုံးပြုပြီး သူ့ရဲ့ လေးမြှားစွမ်းရည်ကို တိုးတက်အောင် ကူညီပေးဖို့ နတ်ဘုရားစွမ်းရည်တစ်ခု ရရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုအတွေးဖြင့် ကျန်းချန်ရှန်း မြေဝိညာဉ်သစ်ပင်၏ထိပ်သို့ ခုန်တက်လိုက်ကာ မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်သည်။ တောင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း သူ့မျက်စံတွေ ရွှေရောင်ပြောင်းသွားကာ မှိန်ဖျော့နေသော ရွှေရောင်အလင်းတန်းနှစ်ခု လင်းထိန်သွားသည်ကို မြင်တွေ့ရသည်။

သူ့အမြင်အာရုံတွင် ကမ္ဘာကြီး ပိုမိုကျဉ်းမြောင်းလာပြီး ထောင်ပေါင်းများစွာသော မြင်ကွင်းများက သူ့မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ သူ့ဆန္ဒကို အာရုံစိုက်ပြီး အဝေးကိုကြည့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

တောင်တန်းတွေ မြစ်တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီး မြို့တွေ ရောထွေးနေသည်။

မကြာမီ သူသည် သမုဒ္ဒရာကို မြင်ရသည်။

သမုဒ္ဒရာကြီး လျင်မြန်စွာ ကျုံ့သွားပြီး သမုဒ္ဒရာ၏အဆုံးကို အာရုံပြုကာ ရှေ့သို့ ဆက်လက်ရွေ့လျားဖို့ကြိုးစားပြန်သည်။

တံမြက်စည်းလှည်းနေသော ဓားနတ်ဘုရားက ကျန်းချန်ရှန်းကိုမော့ကြည့်လိုက်တော့ ကျန်းချန်ရှန်း ရှေ့မှာ အလင်းရောင်ဖျော့ဖျော့ကို မြင်လိုက်ရပြီး တိတ်တဆိတ် တုန်လှုပ်သွားသည်။

ဒီအချိန်မှာ ကျန်းဂျန် သူ့အနားရောက်လာပြီး.....

"စီနီယာဓားနတ်ဘုရား၊ ကျွန်တော်က ကျန်းဂျန်ပါ....နောက်ဆို အကြံဉာဏ်တွေ ပေးပါဦး......”

ဓားနတ်ဘုရားက သူ့ကို လျစ်လျူရှုပြီး တံမြက်စည်းသာဆက်လှည်းနေသည်။

ကျန်းဂျန်က သူ့နဖူးပေါ်ရှိ အဝတ်စကို ချက်ချင်းချွတ်လိုက်ပြီး သူ၏ တတိယမျက်လုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူသည် ဓားနတ်ဘုရားထံသို့ ချဉ်းကပ်လာသည်။ ဓားနတ်ဘုရားက သူ့ကို စိုက်ကြည့်ကာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။

ဓားနတ်ဘုရား တုန်လှုပ်သွားသည်။

ကျန်းဂျန် နတ်ဆိုးမဟုတ်သည်မှာတော့ သေချာသည်။

ကျန်းဂျန်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး.....

"ကျွန်တော်က တာအိုဘိုးဘေးရဲ့ တပည့်ပါ။ အခု အသက် ၂၉ နှစ်ရှိပြီ.... ကျွန်တော့်မှယ စကြဝဠာနယ်ပယ်ထဲကို ရောက်နိုင်တဲ့ အရည်အချင်းတွေရှိလားလို့ စီနီယာဓားနတ်ဘုရားကို မေးပါရစေ....."

အသက် 29 နှစ်.....?

ဓားနတ်ဘုရား မျက်လုံးများ ပြူးကျယ်ကာ ကျန်းဂျန်၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ့ကို ပိုကြည့်လေလေ တုန်လှုပ်လေလေပင်....

“ပါရမီရှင်ပဲ..… ခေတ်အဆက်ဆက် မြင်တွေ့ရခဲတဲ့ ပါရမီရှင်… ဒါက စီနီယာအစ်ကိုပြောခဲ့တဲ့ ပါရမီရှင်မျိုးလား..…”

ဓားနတ်ဘုရားက ကျန်းဂျန်ကို ဖမ်းဆုပ်ပြီး အားအင်အပြည့်နဲ့ ကြည့်နေသည်။

ဓားနတ်ဘုရား ဒဏ်ရာရသွားတဲ့အတွက် ကျန်းဂျန်ဟာ ခွန်အားအပြည့်ထုတ်မသုံးခဲ့ပေ....

တစ်ချိန်တည်းမှာပင်.....

ကျန်းချန်ရှန်း ကျွန်းတစ်ကျွန်းကို မြင်ခဲ့သော်လည်း ထိုကျွန်းပေါ်တွင် မည်သူမျှ မရှိခဲ့ပေ။ နောက်ထပ် တိုက်ကြီးတစ်ခုကို မြင်နေရတာလား.....

ခဏအကြာတွင် အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းများ ထူထပ်ပြည့်ကျပ်နေသော ကျွန်းစုတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ အကြီးဆုံးကျွန်းသည် တကျန်း ၏အရွယ်အစားနှင့်နှိုင်းယှဉ်နိုင်သည်။ ထောင်ပေါင်းများစွာသော ကျွန်းများသည် တစ်ခုနှင့်တစ်ခု ကပ်လျက်တည်ရှိပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးထားသည်။

ထိုနေရာတွင် သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ လူဝင်စားခြင်းအမှတ်အသားကို အာရုံခံမိခဲ့သည်။

ဒါ...ထျန်းဟိုင်လား.....

သူသည် နတ်ဘုရားစွမ်းရည်သုံးကာ သမုဒ္ဒရာလေးစင်းပဏ္ဍိတကို ရှာဖွေရန် စတင်ခဲ့သည်။

တခဏအကြာတွင် သမုဒ္ဒရာလေးစင်းပဏ္ဍိတကိုရှာတွေ့ခဲ့သည်။

အသက်ဆယ့်ငါးနှစ်အရွယ် ပဏ္ဍိတသည် ဈေးဆိုင်တစ်ခုတွင် ငါးရောင်းနေသည်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုကို ကြည့်လိုက်ရင် ဆင်းရဲပြီး ပိန်ချုံးနေသည်။ သူသည် ယခင်ဘဝကနှင့် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်နေသည်။

သူ့ကို တကယ်ရှာတွေ့နိုင်တယ်!!!!!

ကျန်းချန်ရှန်း လျှို့ဝှက်စွာ အံ့သြသွားခဲ့သည်။ အကန့်အသတ်မဲ့အမြင်အာရုံသည် ထိုက်ယန်ရှန်းကုန်းနှင့် ကိုက်ညီရုံသာမက လူဝင်စားခြင်းအမှတ်အသားနှင့်လည်း ပြီးပြည့်စုံသော လိုက်ဖက်မှုဖြစ်နေသည်။

All Chapters