ကမ္ဘာအဆုံး..... ရှေးဟောင်းနတ်ဘုရားတိုက်ကြီးဆီ အိမ်မက်ရွက်လွှင့်ခြင်း.........
Vol. 8 Ch. 120
ဤပညာရပ်သည် နာမည်အတိုင်းအစွမ်းထက်လှပေသည်။
အကန့်အသတ်မဲ့အမြင်အာရုံသည် နတ်ဘုရားအာရုံကဲ့သို့ မရိုးရှင်းကြောင်း တွေ့ရှိခဲ့သည်။ ၎င်းသည် မည်သည့်အရာဝတ္ထုကိုမဆို ထိုးဖောက်ဝင်ရောက်နိုင်ပြီး သူ၏အမြင်အာရုံကိုပင် ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့်၊ စျေးဆိုင်အတွင်းတွင်ရှိနေသော သမုဒ္ဒရာလေးစင်းပဏ္ဍိတကို ရှာဖွေတွေ့ရှိခဲ့သည်။
ကျန်းချန်ရှန်းသည်သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ဘဝကို ဝင်ရောက်စွက်ဖက်လိုခြင်းမရှိပေ။ အနာဂတ်မှာ ဆုံတွေ့ဖို့ ကံကြမ္မာရှိမယ်ဆိုရင်တော့........
ဟွာဂျန်ရှင်း ရှိတဲ့ ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကို ရှာတွေ့နိုင်မလားဆိုတာ သိဖို့အတွက် ရှေ့ကို ဆက်သွားခဲ့သည်။
သူ၏အမြင်အာရုံ ရှေ့သို့ဆက်လက်ရွေ့လျားလာသည်နှင့်အမျှ ဤသိုင်းပညာကမ္ဘာသည် ကမ္ဘာဂြိုဟ်တစ်ခုမဟုတ်ကြောင်း သူတွေ့ရှိခဲ့သည်။ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော နယ်မြေတစ်ခုနှင့် ပိုတူပြီး တောင်တွေ၊ မြစ်တွေ၊ ပင်လယ်တွေသာရှိနေသည်။
အချိန်အတော်ကြာပြီးနောက် ကျန်းချန်ရှန်း က သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။
ရှေးဟောင်းနတ်ဘုရားတိုက်ကြီးကိုရှာမတွေ့ခဲ့ပေ.....
အကန့်အသတ်မရှိသောအမြင်အာရုံက သူ့ကို မြင်နိုင်အောင် ကူညီပေးနိုင်သော်လည်း မည်သည့်အသံကိုမျှမကြားနိုင်ပေ။ တစ်စုံတစ်ယောက်၏ စကားပြောဆိုမှုကို နားလည်ရန် နှုတ်ခမ်းလှုပ်နေသည်ကိုသာကြည့်ရမည်။
အကန့်အသတ်မရှိသောအမြင်အာရုံသည် သူအလိုရှိရာအရပ်သို့သာ လှမ်းကြည့်နိုင်ပေသည်။
ကျန်းချန်ရှန်းအနေဖြင့် ရှန်းရှန်တုံးထျန်းကို ရှာဖွေရန် မကြိုးစားခဲ့ပေ။ လောလောဆယ်တွင် ရှန်းရှန်တုံးထျန်းကလည်း သူ့ထံ နောက်တစ်ကြိမ် ထပ်မလာဝံ့တော့ပေ။
သူသည် သစ်ပင်အောက်သို့ပြန်လာပြီး သူ၏ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် စတင်ကျင့်ကြံလေတော့သည်။
ကျန်းဂျန်နှင့် ဓားနတ်ဘုရားတို့ စကားစမြည်ပြောနေကြပြီ ကျန်းဂျန်က အလွန်ပင် အရည်အချင်း ရှိသည်ကို တွေ့လိုက်ရသဖြင့် ဓားနတ်ဘုရားက သူ့ဓားကို လွှဲပေးချင်သော်လည်း ကျန်းဂျန် က ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
ဓားရှည်တွေကပေါ့ပါးလွန်းတယ်....
ကောင်းကင်နှင့်မြေပြင်၏ဓားဆန္ဒသည် အမှန်တကယ်ပင် လွှမ်းမိုးချုပ်ကိုင်ထားပြီး သွေးဆူစေသော်လည်း ကျန်းဂျန် လိုချင်သည့် သိုင်းပညာပုံစံနှင့် မကိုက်ညီသေးပေ။
တစ်ချက်တည်းနဲ့ အရာအားလုံးကို ချိုးဖျက်ဖို့သယ လိုလားသည်။ တောင်ကြီးပဲဖြစ်ဖြစ်၊ ပင်လယ်ပဲဖြစ်ဖြစ်၊ တစ်ချက်တည်းနှင့် အားလုံးကိုဖျက်စီးပစ်နိုင်ရမည်။
ဓားနတ်ဘုရား ရှုံးနိမ့်သည့်သတင်း ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားသည်။
ကမ္ဘာပေါ်ရှိ သိုင်းပညာရှင်တို့သည် တာအိုဘိုးဘေး၏ ခွန်အားကို ချီးကျူးနေကြသော်လည်း ကောင်းကင်ဗျူဟာစစ်တပ်သည် မြို့များကို အဆက်မပြတ်တိုက်ခိုက်ပြီး မဟာကန္တရမင်းဆက်တွင်နယ်မြေများကိုဆက်လက်သိမ်းပိုက်နေသည်။
ချန်းဝူခေတ်၏ 46 နှစ်၊ နွေဦးတွင်.....
မဟာကန္တရမင်းဆက်ဧကရာဇ်သည် တော်ဝင်မိသားစုများ၊အရာရှိများနှင့်အတူ နန်းတော်၌ သတ်သေရန် နန်းတော်ကို မီးရှို့ရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် ဤတိုက်ကြီးတွင် သက်တမ်းအရှည်ဆုံး မင်းဆက် ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သည်။
ကမ္ဘာပေါ်ရှိ မင်းဆက်အမျိုးမျိုးက ဒါကို ဟောကိန်းထုတ်ပြီးသားဖြစ်ပေမဲ့ ဖြစ်ပျက်လာတဲ့အခါ တုန်လှုပ်နေကြသည်။
တကျန်းသည် ကျန်ရှိသော မဟာကန္တရမင်းဆက်နယ်မြေကို စတင်နှိမ်နင်းခဲ့ပြီး တကျန်း၏နယ်မြေသည် မိုင်ထောင်ပေါင်းများစွာအထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
ကျန်းချန်ရှန်းက ကျန်းဇီယု၏ အစီရင်ခံစာကို နားထောင်ရင်း စိတ်လှုပ်ရှားသွားသည်။ အကယ်၍ သူ၏ယခင်ဘဝက ဤမြေပုံကို ကမ္ဘာမြေပေါ်တွင် ထားရှိခဲ့ပါက မင်းဆက်၏ နယ်မြေသည် ကမ္ဘာမြေ၏အကျယ်အဝန်းထက်ပင်ကျော်လွန်နေလိမ့်မည်။
ကမ္ဘာကြီးက ကြီးကျယ်ခမ်းနားလွန်းတော့ ကန့်သတ်ချက်တွေကို ဘယ်သူမှမသိကြပေ။
ကျန်းဇီယုသည် အောင်ပွဲအတွက် အလွန်ပျော်ရွှင်ခဲ့သည်။ သားအဖနှစ်ယောက် ချောက်ကမ်းပါးဘေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အရက်သေက်နေကြသည်။
" ရှုအာကို အကြောင်းစုံပြောပြလိုက်တော့ သူဘာပြောသေးလဲ....ငါ့ကိုအပြစ်တင်နေသေးလား....."
ပင်းအန်း၏ ပင်ကိုယ်စရိုက်ကို သူသိထားပြီးဖြစ်သည်။ မဟုတ်ရင် ယုချင်းဖန်က သူတို့ကိုညီအကိုတွေလို့ ပြောမည်မဟုတ်ပေ။ အပြင်လူများက သူတို့ကို ညီအစ်ကိုလို ထင်ကြသော်လည်း အမှန်တရားကို သူသာသိသည်။
ချောင်းဂိုဏ်းများ တကျန်းကို မခြိမ်းခြောက်နိုင်တော့ကတည်းင ကျန်းချန်ရှန်းသည် သားအဖနှစ်ယောက် စကားစမြည်ပြောဆိုသောအခါ အတိတ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုသာ ပြောဖြစ်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းနှင့် ရှင်သန်မှုစနစ်အကြောင်း တစ်လုံးတစ်ပါဒမျှ မပြောခဲ့ပေ။ သူ့သားကိုတောင် မပြောနိုင်တဲ့အရာတွေရှိပေသည်။
နောက်ဆုံးတွင်၊ သူသည် သိုင်းလောကမှ ငြင်းပယ်ခံခဲ့ရသော အင်မော်တယ်လမ်းစဉ်ကိုလျှောက်လှမ်းနေသူပင်.......
သူ့သားပြောသမျှကို ခေါင်းညိတ်၍သာနားထောင်ခဲ့သည်။ ဒီအသေးအဖွဲကိစ္စတွေကို ဂရုမစိုက်တော့ဘူး..... နောက်ဆုံးတော့ အားလုံးက အတိတ်မှာကျန်ခဲ့မယ့်အရာတွေပဲ.........
သူတို့နှစ်ယောက် စကားစမြည်ပြောတိုင်း ကျန်းချန်ရှန်းက သူ့ပတ်ဝန်းကျင်ရှိ ဧရိယာကို သီးခြားခွဲထုတ်ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုသည်။သူတို့ပြောနေသမျှကို ဓားနတ်ဘုရားပင် မကြားနိုင်ပေ။
"တကျန်းအတွက် မင်းဘာတွေစီစဉ်ထားလဲ"
ကျန်းဇီယုက... " ဖူယွဲ့ မိသားစုနယ်မြေကို သိမ်းပိုက်ပြီးရင် တကျန်းက အကြီးကြီးဖြစ်နေပြီ....အရာအားလုံးကို စောင့်ကြည့်နေဖို့ မလိုတော့ဘူး.. ဒီဘဝမှာ တချီမင်းဆက်နဲ့တွေ့ဖို့ ကံမပါဘူးထင်ပါရဲ့...."
" ချီယွမ်က အဖေ့အတွက် တာအိုဘုရားကျောင်းတွေကို တကယ်ဆောက်ပေးနေတယ်..... ဝတ်ဖြူတော်အစောင့်တွေ သတင်းပို့တဲ့အတိုင်းဆို တကျန်းမှာ အဖေ့အတွက်ရည်စူးထားတဲ့ တာအိုဘုရားကျောင်း 47 ခုရှိနေပြီ... သူက ဘုရားကျောင်းတွေ ဆောက်ရုံတင်မကဘဲ နေရာတိုင်းမှာအဖေ့ရဲ့ ဂုဏ်သတင်းကိုဖြန့်ဝေပေးတယ်...."
ကျန်းချန်ရှန်းက.... "ဘာလို့လဲ၊ စစ်ပွဲတွေရပ်ဖို့ သူ့စိတ်ကူးကို ဘာလို့မပြောတာလဲ...."
ကျန်းဇီယု အကျယ်ကြီး ရယ်မောလိုက်ကာ....“တကယ်တော့ ရယ်စရာကောင်းပေမယ့် ကျွန်တော် သူ့ကို တကယ်လေးစားပါတယ်....အနည်းဆုံးတော့ အလုပ်ကြိုးစားတဲ့သူပဲ......”
ချီယွမ်၏ ဂုဏ်သတင်းသည် တကျန်း တွင် တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ သာမန်လူတွေက အဆင်ပြေပေမယ့် သိုင်းလောကက ချီယွမ်ကို ဟာသအဖြစ် မှတ်ယူပြီး ဦးနှောက်မကောင်းတဲ့သူလို့ပင်ယူဆကြသည်။ သို့သော် ထိုကဲ့သို့ ခေါင်းမာပြီး ရယ်စရာကောင်းသော ချီယွမ်သည် တဖြည်းဖြည်း ယုံကြည်သူများ ပိုမိုရရှိလာကာ စစ်ဆန့်ကျင်ရေးလမ်းကြောင်းကို ထောက်ခံအားပေးသူများရှိလာပြီဖြစ်သည်။
"အဖေ့အတွက် တာအိုဘုရားကျောင်းတွေ ဆောက်ဖို့ကို ဘာလို့ ကျွန်တော့်ကို
မကူညီခိုင်းတာလဲ"
ကျန်းချန်ရှန်းက ခေါင်းခါပြီး “ငါ့ကို ကိုးကွယ်ဖို့ ဘယ်သူ့ကိုမှ မလိုဘူး.... ချီယွမ်ကို စမ်းသပ်ကြည့်တာပါ....."
အခုမှသာ ကျန်းဇီယု အသိဥာဏ်သည နိုးကြားလာပြီး အတွေးလွန်ခဲ့သည်ဟု ခံစားမိသည်။
ကျန်းချန်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ကျန်းဇီယု သူ့ကို လူသိရှင်ကြား ကူညီဖို့ ခွင့်မပြုရတဲ့ အကြောင်းရင်းက လျှို့ဝှက်ချက်တွေပေါက်ကြားမည်ကိုစိုးရိမ်သောကြောင့်ပင်.... နောင်တွင်၊ အမည်မသိရန်သူသည် ဤကိစ္စမှတစ်ဆင့် သူ့အတွက် ယုံကြည်ခြင်းလိုအပ်ကြောင်း သိရှိလာမည်ဖြစ်ပြီး၊ ဒုက္ခဖြစ်စေနိုင်သည်။ အမွှေးတိုင်အရေအတွက် တိုးပွားလာခြင်းသည် သူ့အတွက်အတိဒုက္ခဖြတ်ကျော်ခြင်းနှင့် သက်ဆိုင်သောကြောင့် သတိလက်လွတ်ပြုမူလို့မဖြစ်ပေ။
ဖော်ထုတ်နိုင်ခြေ အနည်းငယ်သာရှိလျှင်ပင် ဤဖြစ်နိုင်ချေကို ဖယ်ရှားပစ်ရန် အတတ်နိုင်ဆုံး ကြိုးစားရပေမည်။
အများအမြင်တွင် သူသည် လုံချီ ဘုရားကျောင်းတွင် နေထိုငပြီး လောကီရေးရာများကို ဂရုမစိုက်ပေ။ထို့ကြောင့် သူ့အား ကိုးကွယ်ရန် တစ်စုံတစ်ယောက် လိုအပ်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
ဧကရာဇ်ကသာ အမိန့်ထုတ်လိုက်ရင် အခြေအနေတွေ တမျိုးပြောင်းသွားနိုင်သည်။ တခြားအင်အားစုတွေက နုံအသူများမဟုတ်ကြပေ။
ကျန်းချန်ရှန်းသည် ဤတိုက်ကြီးရှိ အင်အားစုအားလုံးကို မကြောက်ရွံ့တော့ပေမယ့် သမုဒ္ဒရာအလွန်တွင် အခြားတိုက်ကြီးများ ရှိနေသေးသည်။ သူသည် သိုင်းပညာပိုမိုထွန်းကားသောနေရာများကို သတိထားနေရဆဲဖြစ်သည်။
သူ့အစွမ်းအစကို ဘယ်သောအခါမှ မသိစေခြင်းဖြင့်သာ ရန်သူများကို သတ်နိုင်မည်ဖြစ်သည်။
ဆယ်စုနှစ်များစွာကြာပြီးသည့်တိုင် တပ်ဖွဲ့အသီးသီးမှ သူလျှိုများ လုံချီဘုရားကျောင်းသို့ မကြာခဏ ရောက်ရှိလာခဲ့ကြသည်။
သို့သော်၊ လုံချီ ဘုရားကျောင်းမှ တပည့်များပင် ကျန်းချန်ရှန်း မည်မျှ တန်ခိုးကြီးသည်ကို မသိသောကြောင့် သူတို့ မည်သို့ ရှာဖွေနိုင်မည်နည်း။
သားအဖနှစ်ယောက် အရက်သောက်ပြီး စကားစမြည်ပြောခဲ့ကြသည်။ ကျန်းချန်းရှန်း သတိပြုမိသည်မှာ ကျန်းဇီယုက အရင်ကထက် ပိုမိုပွင့်လင်းမြင်သာလာသည်။
ညမိုးချုပ်သောအခါ ကျန်းဇီယု ထွက်သွားပြီး ကျန်းချန်ရှန်း ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။
ဓားနတ်ဘုရား၊ ကျန်းဂျန် နှင့် ပိုင်ချီတို့အားလုံး လေ့ကျင့်ခဲ့ကြပြီး ကျန်းချန်ရှန်း က သူတို့ကို မနှောင့်ယှက်ခဲ့ပေ။
လပေါင်းများစွာကြာပြီးနောက်.....
ကျန်းဂျန်သည် လုံချီ ဘုရားကျောင်း၏ တပည့်များနှင့်အတူ ဖူယွဲ့ မိသားစု၏သိုင်းပညာစုဝေးပွဲကိုတက်ရောက်ဖို့ ထွက်ခွာခဲ့သည်။ချင်းအာအနေနှင့် လုံချီဘုရားကျောင်း ၏အရေးကိစ္စများကို ပထမဆုံးအကြိမ် စီမံခန့်ခွဲခြင်းဖြစ်သည်။
ကျန်းဇီယုက ကျန်းချန်ရှန်းဆီ မကြာခဏရောက်လာတတ်ပြီး တဖြည်းဖြည်း ဓားနတ်ဘုရားနှင့် ရင်းနှီးလာခဲ့သည်။
သူသည် ဓားနတ်ဘုရား၏အသက်အရွယ်ကို အလွန်စိတ်ဝင်စားခဲ့ပြီး ဓားနတ်ဘုရားကလည်း ဧကရာဇ်တစ်ပါးကို စိတ်ဝင်စားနေသည်။ ကျန်းဇီယုဘက်တွင် တာအိုဘိုးဘေး ရှိနေသော်လည်း၊ တကျန်း၏နယ်မြေအုပ်ချုပ်မှုသည် အမှန်တကယ် ကောင်းမွန်သည်။ ဒါဟာ တာအိုဘိုးဘေးရဲ့ အကူအညီကြောင့် မဟုတ်ဘဲ သူ့ကိုယ်ပိုင် ပံ့ပိုးမှုတွေကြောင့်ဖြစ်ပေသည်။
ယခုနှစ်တွင်၊ တကျန်း၏ သိုင်းလောကတွင် အတုမရှိသော ပါရမီရှင်တစ်ဦးကို မွေးဖွားခဲ့သည်။
ထိုသူသည် တာအိုဘိုးဘေး၏တပည့် ကျန်းဂျန်ဖြစ်သည်။
သူသည် သိုင်းလောကစုဝေးပွဲတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်သုံးယောက်ကို အနိုင်ယူပြီး သိုင်းလောကကို တုန်လှုပ်စေခဲ့သည်။
ကျန်းဂျန် ပြန်လာသောအခါတွင် အလွန်မာနကြီးသဖြင့် ပိုင်ချီ သူ့ကို ရိုက်ချင်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်တစ်နှစ် ကုန်ဆုံးခဲ့ပြန်သည်။
ချန်းဝူခေတ် 47 နှစ်.....
တကျန်းသည် မဟာကန္တရမင်းဆက်တစ်ခုလုံးကို လုံးလုံးလျားလျား သိမ်းပိုက်ခဲ့သည်။ နောက်ထပ် မင်းဆက်တွေကလည်း သိမ်းပိုက်ခံရမည်ကို စိုးရိမ်သဖြင့် တကျန်း ကိုငြိမ်းချမ်းရေးသဝဏ်လွှာများပေးပို့ကြသည်။
ဟွမ်းချွမ်နှင့်လင်းရှောင်တို့သည် ပြန်လာပြီး အိတ်နှစ်လုံးကို ကျန်းချန်ရှန်းကို ပြန်ပေးခဲ့သည်။ ၎င်းတို့ကို အသုံးမပြုရသေးသဖြင့် နောင်တရနေကြသည်။
စစ်ပွဲများရပ်တန့်သွားကာ တကျန်းသည် နှစ်အတော်ကြာအနားယူကာ ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်ခဲ့သည်။
ညပိုင်းတွင်..........
ကျန်းချန်ရှန်း သူ့အိမ်သို့ ပြန်သွားပြီး ဟွာဂျန်ရှင်း၏ လူဝင်စားအမှတ်အသားကို အာရုံခံလိုက်သည်။ ထို့နောက် သူသည် ဟွာဂျန်ရှင်းထံသို့ အိပ်မက်တစ်ခုပေးပို့ရန် အိမ်မက်ဆင့်ခေါ်ခြင်းပညာရပ်ကို စတင်အသက်သွင်းခဲ့သည်။
ဟွာဂျန်ရှင်း လူဝင်စားဖြစ်ခဲ့သည်မှာ လေးနှစ်ကြာခဲ့ပြီ။ အမွှေးတိုင် 300,000 ဖြင့် ကောင်းချီးပေးထားသည့်အတွက် ဟွာဂျန်ရှင်းသည် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူဖြစ်သည်။ လေးနှစ်သားအရွယ်တွင် အခြားသူများနှင့် လွယ်ကူစွာ ပြောဆိုဆက်ဆံနိုင်နေပြီဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်၊ ကျန်းချန်ရှန်း အိပ်မက်တစ်ခုပေးပို့ရန် အောင်မြင်ခဲ့သည်။ သူ့အသိစိတ်က ဟွာဂျန်ရှင်း၏ အိမ်မက်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
အိမ်မက်ကမ္ဘာထဲတွင် နေရောင်ခြည်တောက်ပနေပြီး ကောင်းကင်ယံ၌ တိမ်ပင်လယ်များစုဝေးနေသည်။
ကျန်းချန်ရှန်း တောင်ပေါ်သစ်တောထဲတွင် ပေါ်လာသည်။
ကျန်းချန်ရှန်း သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေသည့် ကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
အသက်လေးနှစ်အရွယ် ဟွာဂျန်ရှင်းသည် အဖြူရောင်ကို ၀တ်ဆင်ထားပြီး သူမ၏ရှည်လျားသောဆံပင်ကို အနီရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားသည်။ သူမ၏ မျက်နှာသွင်ပြင်သည် သပ်ရပ်လှပပြီး နတ်သမီးလေးကဲ့သို့ ချစ်စရာကောင်းလှပေသည်။
ကျန်းချန်ရှန်း သူ့နားရောက်သွားတော့.....
"ရှင် ဘယ်သူလဲ?" ဟွာဂျန်ရှင်း အငယ်စားလေးက စိတ်ဝင်တစား မေးလိုက်သည်။
ကျန်းချန်ရှန်းက...“ခရီးသွားတစ်ယောက်ပါ... ငါ့နာမည် ကျန်းချန်ရှန်း... မင်း နာမည်ဘယ်လိုခေါ်လဲ?"
“မုလင်းလော့ပါ.... ရှင်ဘယ်သွားမလို့လဲ...."
မုလင်းလော့ဟုလည်းလူသိများသော ဟွာဂျန်ရှင်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသဖြင့် ကျန်းချန်ရှန်းက.....
"ငါ လမ်းပျောက်နေတယ်.... မင်းဒီမှာဘာလို့တစ်ယောက်တည်းဖြစ်နေတာလဲ... "
မုလင်းလော့က နှုတ်ခမ်းဆူကာ... "ဘယ်သူမှ ကျွန်မနဲ့ မကစားချင်ဘူး....အတူ လေ့ကျင့်ပေးမယ့်သူလည်း မရှိဘူး။ ဒါကြောင့်တစ်ယောက်တည်းဖြစ်နေတာ...."
"မင်းတို့မိသားစုက မင်းကို ကောင်းကောင်းမဆက်ဆံဘူးလား"
"ဖေဖေ၊ မေမေနဲ့အဘိုးက ကောင်းကောင်း ဆက်ဆံပေမယ့် တခြားသူတွေက ကျွန်မကို နတ်ဆိုးလို ဆက်ဆံတယ်..."
မုလင်းလော့က မကျေနပ်ချက်ဖြင့် ကျန်းချန်ရှန်းကို စတင်တိုင်ကြားခဲ့သည်။
သူမသည် လေးနှစ်သားအရွယ်တွင် လေ့ကျင့်မှုစတင်ခဲ့သည်။အမွှေးတိုင် 300,000 ဖြင့်လဲလှယ်ထားသော ကောင်းချီးက ဟာသမဟုတ်ခဲ့ပေ။
ကျန်းချန်ရှန်း သေသေချာချာ နားထောင်ကြည့်တော့.. မုလင်းလော့သည် ထူးထူးခြားခြား မွေးရာပါသန်မာသူဖြစ်ပြီး အသက်အရွယ်တူကလေးများနှင့် ကစားပါက ထိခိုက်လွယ်မည်ဖြစ်သည်။ ဆယ်နှစ်အရွယ်ကလေးငယ်များပင်လျှင် သူမ၏ခွန်အားကြောင့် ငိုကြွေးနေပေလိမ့်မည်။
သူမ ငယ်ရွယ်စဉ်အခါက အခြားသူတွေ သူမကို လိမ်ညာနေသည်ဟုသာ ခံစားခဲ့ရသည်။ အများနှင့်တယောက် ဖယ်ကျဉ်ခံရသောကြောင့် သူမ ဝမ်းနည်းသလို ခံစားနေရရှာသည်။အင်အားမထိန်းနိုင်ဘဲ ပန်းကန်တွေခဏခဏခွဲပစ်မိလို့ အစေခံတွေကသာ အခုအရွယ်ထိ ထမင်းခွံကျွေးနေရသည်။
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ ပို၍သက်တောင့်သက်သာရှိလာသည်။ အမွှေးတိုင် 200,000 မှရရှိသော ကံကောင်းမှုသည် မုလင်းလော့ကို ဤဘဝတွင် အလွန်သာယာစေသည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး မုလင်းလော့ ကို သူနဲ့အတူ တောထဲလမ်းလျှောက်ဖို့ ဖိတ်ခေါ်လိုက်သည်။ မည်သို့ပင်ဆိုစေ၊ ဤသည်မှာ အိပ်မက်တစ်ခုဖြစ်ပြီး သူမ၏လေ့ကျင့်မှုသည် သူမ၏စစ်မှန်သောချီဓာတ်ကို လှုံ့ဆော်ပေးမည်မဟုတ်ပေ။
ကစားဖော်ရှိလာသည့်အတွက် မုလင်းလော့ပျော်နေရှာသည်။
နှစ်ယောက်သား စကားစမြည်ပြောရင်း ရယ်မောရင်း တောထဲလျှောက်သွားကြသည်။
ကျန်းချန်ရှန်းသည် အရုဏ်တက်ချိန်မှသာ မုလင်းလော့ကို နှုတ်ဆက်လိုက်သည်။
"အစ်ကိုချန်ရှန်း....အစ်ကိိုနဲ့ထပ်တွေ့နိုင်မှာလား" မုလင်းလော့က မျှော်လင့်တကြီး မေးရှာသည်။
ကျန်းချန်ရှန်းက သူမခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်ပြီး....
“အင်း.... နောက်တစ်ခါ လာလည်မယ်.... ကောင်းကောင်းလေ့ကျင့်ပြီး အခြားသူများကို မထိခိုက်စေဖို့ ကြိုးစားပါ.....ဒါဆို မင်း အထီးကျန်တော့မှာ မဟုတ်ဘူး...."
မုလင်းလော့က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူမ၏အကြည့်အောက်တွင် ကျန်းချန်ရှန်း၏ပုံရိပ် တဖြည်းဖြည်းပျောက်ကွယ်သွားသည်..