ခေတ်ဆန်သော မှီခိုရာ ကျောင်းအုပ်ကြီး
Vol. 15 Ch. 212
စစ်ရေးလေ့ကျင့်မှုကို ရင်းနှီးမြှပ်နှံထားသည့် ငွေကြေးပမာဏပေါ် မူတည်၍ အကြီးစားစစ်ဆင်ရေးဟု ယူဆနိုင်သည်ဖြစ်စေ မယူဆနိုင်သည်ဖြစ်စေ ယခုတစ်ကြိမ် စစ်ရေး လေ့ကျင့်မှုကို ခေါင်းဆောင်များ လာရောက် လေ့လာသည်မှာ ငွေကြေး အပေါ်တွင် မမူတည်ပေ။
ယခုတစ်ကြိမ် ကျောင်းခြောက်ကျောင်း၏ စုပေါင်းစစ်ရေးလေ့ကျင့်မှုတွင် ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ကြသည်။
ကျိုးရီက ကျောင်းပေါင်း ၁၀၀ ၏ အထွေထွေအုပ်ချုပ်ရေး ကိုယ်စားလှယ်အဖြစ် ဤနေရာတွင် ရှိနေပြီး ကျောင်းပေါင်း တစ်သောင်း မဟာမိတ်အဖွဲ့မှ စွန်းတာခန်းလည်း ရောက်ရှိလာသည်။
ထို့အပြင် ကျောင်းခြောက်ကျောင်းမှ ကျောင်းအုပ်ကြီးအားလုံးက ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ရန် လာရောက်ခဲ့ကြသည်။
ဤတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် ကျောင်းသားဦးရေမှာ အတော်လေး များပြားသည်။
စစ်ရေးလေ့ကျင့်မှုက အရေးပါသည်မှာ မှန်ကန်သော်လည်း ကျောင်းသားများ၏ ဘေးကင်းရေးသည်သာ ပထမ ဦးစားပေး ဖြစ်၏။
နေ့ခင်းဘက်တွင် အင်မော်တယ်ထုန်ရာကို အခြားအစည်းအဝေး တစ်ခုသို့ ခေါ်ခဲ့သည်။
၎င်းအနေဖြင့် ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုတွင် နည်းပြချုပ်အနေဖြင့် ကျောင်းသားများ၏ ဘေးကင်းရေးကို ကူညီဆောင်ရွက်ပေးရန် အရေးကြီးသော တာဝန်လည်း ရှိသည်။
အစည်းအဝေးခန်းတွင် အတွင်းရေးမှူးချုပ် စွန်းတာခန်း၊ ကျိုးရီ၊ အမှတ် 59 အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကျင်း ၊ အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ချန်း ဆောက်လုပ်ရေးပစ္စည်းများ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ချမ့်၊ နတ်မျက်စိ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး စွန်း နှင့် အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်း မှ ကျောင်းအုပ်ကြီး ဟုန်၊ ဤသို့ဖြင့် ကြီးမြတ်သော ခေါင်းဆောင်ကြီး နှစ်ဦးနှင့် ကျောင်းအုပ်ကြီးငါးဦးတို့ တက်ရောက်ခဲ့ကြသည်။
"မှီခိုရာ အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးယွဲ့ က ဘာလို့ အခုထိ မလာသေးတာလဲ"
အစည်းအဝေးခန်း အလယ်ရှိ ခုံတန်းရှည် တစ်ခုပေါ်တွင် ထိုင်နေသော အတွင်းရေးမှူး တာခန်းက မေးစေ့ကို လက်ဖြင့် ပွတ်သပ်၍ မေးလိုက်သည်။
သူက မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေသည်။
"မှီခိုရာ ကျောင်းအုပ်ကြီးက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီလို့ ငါကြားသိရတယ်.. သူက အခု ဒီနေရာကို လာနေပါပြီ"
ယခုတစ်ကြိမ် ကျင်းပမည့် စစ်ရေးလေ့ကျင့်မှုတွင် မှီခိုရာ အထက်တန်းကျောင်း၏ မဟာမိတ် လုပ်ဖော်ကိုင်ဖက် ဖြစ်သည့် အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဟုန်က အခြေအနေကို ဖျန်ဖြေပေးခဲ့သည်။
"ဒီချီးထုပ်က နောက်ကျမယ်ဆိုတာ ငါသိသားပဲ"
အတွင်းရေးမှူးတာခန်းက သက်ပြင်းချလိုက်သည်။
"အဲဒီနေ့တွေတုန်းကဆိုရင် သူက ကျင့်ကြံမှုကို စွဲလန်းနေတဲ့အရူးတစ်ယောက်ပဲ.. မှီခိုရာ အထက်တန်းကျောင်း မတည်ထောင်ခင် ကာလကို ပြန်တွေးကြည့်ရင် သူက မှီခိုရာ ဂိုဏ်းကို ထူထောင်ပြီး အခြေချဖို့ တောင်ကြီးတစ်ခုကို ရှာတွေ့ခဲ့တယ်.. အဲဒီနောက်မှာ ဂိုဏ်းကို အကြီးအကဲ အမှုဆောင် တချို့နဲ့ ထားပစ်ခဲ့ပြီး တံခါးပိတ် ကျင့်ကြံသွားခဲ့တယ်.. နှစ်ရာပေါင်းများစွာကြာလို့ ကျင့်ကြံရာကနေ ထွက်လာတဲ့အခါ ဂိုဏ်းထဲမှာ တပည့်ဘယ်နှစ်ယောက် ရှိမှန်းတောင် မသိတော့တဲ့အထိပဲ"
ကျောင်းအုပ်ကြီးများ ".........."
"အတွင်းရေးမှုးတာခန်း နဲ့ စီနီယာယွဲ့က ဂိုဏ်းတူတွေလား.. ဒါတွေအားလုံးကို ဘယ်လိုလုပ်ပြီး သိတာလဲ"
တစ်ဖက်ခုံပေါ်တွင် ထိုင်နေသည့် အင်မော်တယ်ထုန်ရာက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
"ငါတို့က ဂိုဏ်းတူတွေ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. မှီခိုရာ အထက်တန်းကျောင်းကို တည်ထောင်တာနဲ့ ပတ်သက်ပြီး သူ့အကြောင်းကို သိခဲ့တာပါ.. အထက်တန်းကျောင်းကိစ္စနဲ့ပတ်သက်ပြီး ငါသူနဲ့ အများကြီး ဆက်ဆံခဲ့ရတယ်လေ"
အတွင်းရေးမှုး တာခန်းက သူ့နှုတ်ခမ်းတွေကို ဖိကပ်ပြီး ပြုံးပြလိုက်၏။
သူ့အကြည့်တွေက အားလုံးကို လွှမ်းခြုံထားသည်။
"ဟွာရှို့ နိုင်ငံမှာ ရှိတဲ့ ကျောင်းတိုင်းက ငါတို့ ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ ထောက်ခံချက်ကို လိုအပ်တာ မင်းတို့အားလုံး သိကြတယ် မဟုတ်လား"
လူတိုင်းက ခေါင်းညိတ်လိုက်သည်။
"သိပါတယ်"
"ဒီထောက်ခံချက်က အစိုးရဌာနတွေကနေ တဆင့် ဆောင်ရွက်ရတဲ့အတွက် အချိန်အတော်ကြာပါတယ်.. ကျောင်းတည်ထောင်ဖို့ လျှောက်လွှာတင်ပြီးတာနဲ့ လုပ်ထုံးလုပ်နည်းအရ အထွေထွေ စစ်ဆေးခြင်းနဲ့ အတည်ပြုချက် ရဖို့ ဆယ့်ငါးရက်ကြာပါတယ်"
ကျောင်းအုပ်ကြီးချန်းက ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ်.. အဲဒါက တကယ်ကို ကြာပါတယ်.. ထပ်ပေါင်းပြီးပြောရရင် ကျောင်းတည်ထောင်ဖို့ လျောက်ထားတဲ့ ကျောင်းအုပ်ကြီးက ကျောင်းလိပ်စာကို မှတ်ပုံတင်ဖို့ အတွက် လူကိုယ်တိုင် လာရောက်ပြီး လက်ဗွေနှိပ် လက်မှတ်ထိုးဖို့ လိုအပ်တယ်
"အဲဒါက ပြဿနာပဲ"
အတွင်းရေးမှူးတာခန်းက ခါးသီးစွာ ပြုံးလိုက်သည်။
"အဲဒီတုန်းက မှီခိုရာကျောင်းအုပ်ကြီးက သူ့ရဲ့ လျှောက်လွှာစာရွက်တွေကို တင်သွင်းပြီးတဲ့ အခါတိုင်းမှာ တံခါးပိတ် ကျင့်ကြံခဲ့ပြီး နှစ်ပေါင်းတစ်ရာမှ တစ်ကြိမ်သာ ထွက်လာခဲ့တယ်"
ကျောင်းအုပ်ကြီးများ "........"
အတွင်းရေးမှုး တာခန်း "အဓိက ပြဿနာကတော့ ဒီလူက တွခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတိုင်း သူ့ လျောက်လွှာ စာရွက်တွေကို ပြန်တင်ပြရတာပဲ.. ဒီလိုနဲ့ပဲ ငါတို့ဌာနကလျောက်လွှာ၆စောင်ကို ရရှိခဲ့တယ်.. လျောက်လွှာကို တရားဝင် အတည်ပြုဖို့ နှစ်ပေါင်း ၆၀၀ လောက် အချိန်ယူခဲ့ရတယ်.. ဒီနှစ်ပေါင်း၆၀၀ကြောင့်သာ မဟုတ်ရင် မှီခိုရာကျောင်းက နှစ်ပေါင်း တစ်ထောင်လောက် သက်တမ်းရှိမဲ့ ကျောင်းတစ်ကျောင်း ဖြစ်လာလိမ့်မယ်"
ကျောင်းအုပ်ကြီးများ ".........."
အစည်းအဝေးခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။
ငါးမိနစ် ခြောက်မိနစ်လောက် အကြာတွင် ကျိုးရီ၏ လက်ကိုင်ဖုန်းကနေ ဖုန်းသံ မြည်လာသည်။
"ဒါက မှီခိုရာကျောင်းအုပ်ကြီးဆီကပဲ.. ကျောင်းအုပ်ကြီးက စာသားမက်ဆေ့ချ် ပို့လိုက်တယ်"
အတွင်းရေးမှုးတာခန်း "အိုး.. ဟုတ်လား သူဘာပြောလဲ"
"သူပြောတာက..."
စာသားမက်ဆေ့ချ်၏ အကြောင်းအရာကို မြင်လိုက်ရလျှင် ကျိုးရီ၏ အမူအရာက အတော်လေး ဆိုးရွားသွားသည်။
ခဏလောက် ငြိမ်သက်စွာ စဉ်းစားပြီးနောက် အဆုံးသတ်တွင် မှီခိုရာ ကျောင်းအုပ်ကြီး၏ မက်ဆေ့ချ်ကို ဆက်လက် ဖတ်ရှုခဲ့သည်။
"ချီးပဲ.. ငါတံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာနဲ့ အားလုံးက ဘာလို့ ဒီလောက် ငြိမ်နေကြတာလဲ.. မင်းတို့တွေ အင်တာနက်ကို မသုံးဘူးလား.. ဒီနေ့ခေတ်မှာ ဆွဲဆောင်မှုရှိတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ယောကျာ်းတွေနဲ့ အလှပဂေးလေးတွေ ဘယ်လောက်တောင် ရှိနေပြီလဲ.. ငါအနှစ်သက်ဆုံးချိုက်လျန်ရော အဲဒီမှာရှိလား.. ဟိုမှာ အင်မော်တယ်ထုန်ရာလည်း ရှိတယ်လို့ ကြားတယ်.. ဒီလိုအရည်အချင်းရှိတဲ့ ဂျူနီယာတွေက ငါ့အကြိုက်ပဲ.. ငါအခုလမ်းမှာရှိနေတုန်းပဲ.. ခဏနေ တွေ့ကြမယ်.. မွမွ"
ကျိုးရီ ဖတ်ရှုပြီးသည်နှင့် အခန်းထဲရှိ လူအားလုံးထံမှ အသက်ရှုသံများ ခပ်ပြင်းပြင်း ထွက်ပေါ်လာသည်။
"..........."
အင်မော်တယ်ထုန်ရာက သူ့ချွေးများကို သုတ်လိုက်သည်။
စီနီယာယွဲ့က သူ့ကို အထင်ကြီးလေးစားသည်ဟု ကြားလိုက်ရသောအခါတွင် သူ့စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူက ဤမက်ဆေ့ချ် မည်မျှမှန်ကန်ကြောင်း မေးခွန်းထုတ်ခဲ့သည်။
"ဒါရိုက်တာကျိုး.. ဒါက တကယ်ပဲ စီနီယာယွဲ့ ဆီကလား"
ကျိုးရီက ပရိုဖိုင်ဓာတ်ပုံကို ဖွင့်လိုက်ပြီး ထပ်ခါတလဲလဲ အတည်ပြုလိုက်သည်။
ထို့နောက် မယုံကြည်နိုင်ဖြစ်နေသော လူများကို ခေါင်းညိတ်ပြခဲ့သည်။
"ဒါလုံးဝအမှန်ပဲ.. အဲဒါ အမှန်ပါပဲ"
"............"
မှီခိုရာကျောင်းအုပ်ကြီး၏ သိက္ခာက အနည်းငယ် ပြိုကျသွားသည်ဟု လူတိုင်း ချက်ချင်း ခံစားလိုက်ရသည်။
ဤကြီးမြတ်သော မှီခိုရာ ကျောင်းအုပ်ကြီးမှာ အမှန်တကယ် သမားရိုးကျ မဟုတ်သော လူတစ်ယောက် ဖြစ်သည်။
၎င်းက သူတို့အားလုံးကို လိုင်းပေါ်တွင် ရှိမနေဟု ဆိုခဲ့သေးသည်။
ယင်းမှာ မှီခိုရာတောင်ပေါ်ရှိ အင်တာနက်လိုင်းက ညံ့ဖျင်းပြီး ရွာတွင်သာ ချိတ်ဆက်ထားခြင်းကြောင့် ဖြစ်နိုင်ပါသလော။
"ဒါကို သံသယဖြစ်စရာ မလိုပါဘူး.. မှီခိုရာကျောင်းအုပ်ကြီးရဲ့ စကားကလည်း မမှားပါဘူး"
အတွင်းရေးမှူး တာခန်း၏ ပါးစပ်ထောင့်က လှုပ်ယမ်းသွားသည်။
"မှီခိုရာ ကျောင်းအုပ်ကြီးက တံခါးပိတ်ကျင့်ကြံရတာကို နှစ်သက်တဲ့သူပဲ.. ဒါကြောင့် နှစ်ပေါင်းများစွာ သူကျင့်ကြံဖို့ ရွေးချယ်ထားတဲ့ နေရာက သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ မှီခိုရာကျေးရွာပဲ.. အဲဒီရွာရဲ့ အင်တာနက်လိုင်းက သိပ်မကောင်းဘူးလေ"
လူတိုင်း ".........."
အတွင်းရေးမှုးတာခန်း "ဒါပေမယ့် ဝမ်းနည်းစရာ အကောင်းဆုံးကတော့ ကျောင်းအုပ်ကြီးက သူ့ကိုယ်သူ အရမ်းခေတ်စားနေတဲ့ လူတစ်ယောက်လို့ အမြဲလိုလို ထင်နေခဲ့တာပဲ"
လူတိုင်း "........."
.............
နောက်ထပ် ဆယ်မိနစ် ကျော်သွားသော်လည်း မှီခိုရာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးယွဲ့က ပေါ်မလာသေးပေ။
ကျိုးရီက သူ့ ဆဲလ်ဖုန်းရှိ မက်ဆေ့ခ်ျများကို ကြည့်လိုက်ရာ မှီခိုရာ ကျောင်းအုပ်ကြီးက ဒုတိယ မက်ဆေ့ချ် ပေးပို့ထားသည်ကို တွေ့လိုက်ရသည်။
"ငါက အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့တဲ့ အတွက် အခုခေတ်မှာ ထူးဆန်းတဲ့ လိုင်စင်နံပါတ်ပြား စည်းမျဉ်း တစ်ခု ရှိနေပြီ ဆိုတာ မသိခဲ့ဘူး.. လမ်းပေါ်မှာ ဓားပျံကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ခဲ့လို့ အဖမ်းခံခဲ့ရတယ်.. အခုချိန်ထိတော့ ရဲစခန်းမှာ ရှင်းနေရတုန်းပဲ"
လူတိုင်း "........."
ယင်းနောက်တွင် အတွင်းရေးမှူးတာခန်းက စောင့်ဆိုင်းရန် စိတ်မရှည်တော့ဘဲ အစည်းအဝေးကို တာဝန်ယူ၍ စတင်ခဲ့သည်။
သူက တစ်ဖက်မှ ကျောင်းအုပ်ကြီးဟုန်ကို လှမ်းကြည့်လိုက်သည်။
"သူ့ကို လျစ်လျူရှုလိုက်ပါ.. ငါတို့ အစည်းအဝေးကို အရင်စလိုက်ကြရအောင်.. ဟုန်လေး.. မင်းရဲ့ အဓိကမြှင့်တင်ခြင်းအထက်တန်းကျောင်း နဲ့ မှီခိုရာအထက်တန်းကျောင်းကမဟာမိတ်တွေဆိုတော့ အစည်းအဝေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပေးပို့ဖို့ မင်းမှာ တာဝန်ရှိတယ်နော်"
"ဟုတ်ကဲ့ အတွင်းရေးမှူး"
ကျောင်းအုပ်ကြီးဟုန်က ခေါင်းညိတ်လိုက်သည်။
ယင်းနောက်တွင် အစည်းအဝေးကို တရားဝင် စတင်ခဲ့သည်။
အတွင်းရေးမှူး တာခန်းက သူပြင်ဆင်ထားသည့် မှတ်စုစာအုပ်လေးကို ကြည့်လိုက်သည်။
စစ်ရေးလေ့ကျင့်မှု နှင့် စပ်လျဉ်း၍ ဆွေးနွေးရမည့် ကိစ္စရပ် အများအပြားကို ချန်လှပ်ထားခဲ့သည်။
နောက်ဆုံးတွင် ဤရှင်သန်ခြင်း စစ်ရေး လေ့ကျင့်မှုသည် ကျောင်းခြောက်ကျောင်း ပါဝင်သည့် ရှေ့ပြေး ပရိုဂရမ် တစ်ခုသာ ဖြစ်သောကြောင့် အမှန်တကယ် ယိုပေါက်များစွာ ရှိနေပါသေးသည်။
ဤဆွေးနွေးပွဲတွင် သူတို့ လုပ်ရမည့်အရာမှာ ထိုယိုပေါက်များကို အချိန်မီရှာပြီး ဖာထေးရန်သာ ဖြစ်၏။
"ဗိုလ်ချုပ်ကြီးရီက ဒီလေ့ကျင့်မှုကို အရမ်း အလေးထားတယ်.. လွန်ခဲ့တဲ့ သုံးလက စတင်ပြီး ကျောင်းသားတွေ အသုံးပြုနိုင်ဖို့ မြေပုံပေါ်မှာ မှော်ပစ္စည်း အမြောက်အများ ထားရှိဖို့ အတွက် အထူးပြင်ဆင်ထားခဲ့တယ်.. ဒါက ကျောင်းသားတွေရဲ့ လိုက်လျောညီထွေ ဖြစ်အောင် အသုံးချနိုင်စွမ်းကို စမ်းသပ်မှုများစွာ ပြုလုပ်ပါလိမ့်မယ်.."
အတွင်းရေးမှုး တာခန်း"ဒါပေမဲ့ အချို့သော မှော်ပစ္စည်းတွေက ပိုမိုရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်တာကြောင့် ကျောင်းသားတွေ အသုံးပြုဖို့ အတွက်တော့ လွယ်ကူမှာ မဟုတ်ဘူး.. ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို လေ့လာနေရင် အချိန်ကြာမြင့်နိုင်တယ်လို့ ငါတို့ရဲ့ ပညာရှင်အဖွဲ့က ယူဆထားတယ်.. ဒါက ပြိုင်ပွဲ အရှိန်အဟုန်ကို သိသိသာသာ နှေးကွေးသွားစေနိုင်တယ်.. မင်းတို့တွေ ဘယ်လိုမြင်လဲ"