← Chapters

ငါ့ရဲ့ ခေတ်ပြိုင်တွေက ဆန့်ကျင်ဘက်အားဖြင့် ငါ့ကို ဆိုးယုတ်စေတယ်

Vol. 15 Ch. 214

ငါ့ရဲ့ ခေတ်ပြိုင်တွေက ဆန့်ကျင်ဘက်အားဖြင့် ငါ့ကို ဆိုးယုတ်စေတယ်

Vol. 15 Ch. 214

ဇွန်လ ၁၄ ရက်နေ့ ညနေ ငါးနာရီထိုးတွင် ဖြစ်သည်။

စစ်လေ့ကျင့်ရေးစခန်းကို ရောက်ချိန်ကနေ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ လျှောက်ထားပြီး လမ်းညွှန်စာအုပ် ဖြည့်သွင်းတဲ့ အချိန်အထိ ယနေ့ခေတ် လှုပ်ရှားမှုတွေက သိပ်ပြီး တင်းကျပ်နေပုံ မပေါ်၍ ကျောင်းသား တော်တော်များများက ဤတကြိမ် စစ်ရေးလေ့ကျင့်မှုကို မခက်ခဲလောက်ဟု ထင်မြင်လာကြသည်။

ဤရှင်သန်ခြင်း စစ်ရေး လေ့ကျင့်မှု အတွင်း ၎င်းတို့၏ ကျောင်းများ အတွက် အဆင့်ကောင်းကောင်း ရထားသရွေ့အဆင်ပြေသည် မဟုတ်ပါလော။

အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများကို တူညီသောအဆောင် အခန်းတွင် ထားရှိခဲ့သည်။

အချို့က တိုက်ပွဲနည်းဗျူဟာ အတွက် အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပြီး အချို့က တိတ်တဆိတ် စကားစမြည် ပြောဆိုနေကြ၏။

လေထုအခြေအနေမှာ အလွန်ပင် သာယာနေသည်။

ညနေ ၅ နာရီခွဲခန့်တွင် ဆရာဝမ်က အခန်းတွင်းရှိ ကျောင်းသားအားလုံး စာရင်းသွားထားပြီးကြောင်း စစ်ဆေးရန် အခန်းအတွင်းသို့ ရောက်ရှိလာပြီး အခန်းအပြင်ဘက်တွင် မည်သူမျှ မကျန်ရှိကြောင်း သေချာအောင် စစ်ဆေးခဲ့၏။

ထို့အပြင် လက်ဖဝါး အရွယ်အစားသာ ရှိသည့် အီလက်ထရွန်းနစ် သရုပ်ဖော် လမ်းညွှန်စာအုပ်ကို လူတစ်ဦးစီအား ပေးခဲ့သည်။

သို့ရာတွင် ထိုသို့ပေးရသည့် အကြောင်းရင်းကို သေချာမရှင်းပြဘဲ ထွက်သွားခဲ့၏။

ချန်းချောင်က လမ်းညွှန်စာအုပ်ကို အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း အဖြေရှာမရခဲ့ပေ။

"ဒုတိယအစ်ကို.. ဒါက ဘာလဲဆိုတာသိလား"

သူက ဝမ်မင်ကို မေးလိုက်သည်။

ကုလားထိုင်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ခေါင်းအုံးထားပြီး ရှည်လျားဖြောင့်စင်းသော ခြေနှစ်ချောင်းကို စားပွဲခုံပေါ်တွင် တင်ထားသော ဝမ်မင်က အသာအယာပင် မော့ကြည့်လိုက်သည်။

"အဲဒါက အီလက်ထရွန်းနစ် သရုပ်ဖော် လမ်းညွှန်စာအုပ်မဟုတ်လား.. ဗိုလ်ချုပ်ရီက ဒီတစ်ခါ မှော်ရတနာတွေ အများကြီးကို အစုအပြုံလိုက် ဖန်တီးခဲ့တယ်.. ဒါကြောင့် ကျောင်းသားတွေက အဲဒီပစ္စည်းတွေကို ဘယ်လို အသုံးပြုရမလည်းဆိုတာ သိမှာမဟုတ်ဘူးလေ.. ဒီလမ်းညွန်စာအုပ်နဲ့ ဆိုတော့ မြေပုံထဲမှာ တော်တော်လေး အဆင်ပြေသွားလိမ့်မယ်"

ထိုစကားကိုပြောရင်း ဝမ်မင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒါ့အပြင် ဒီလမ်းညွှန်စာအုပ်တွေကို ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းနဲ့ အမှတ် ၅၉ အထက်တန်းကျောင်းက လူတွေပဲရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ကျန်တဲ့ လေးကျောင်းကတော့ မရလောက်ဘူး.. ဘာလို့လည်းဆိုတော့ ငါတို့ ကျောင်းနှစ်ကျောင်းက ကျောင်းသား စုစုပေါင်း ရှစ်ရာလောက်ပဲ ရှိပြီး တခြားကျောင်းလေးကျောင်းမှာက ကျောင်းသားပေါင်း ကိုးထောင်ကျော် ရှိတယ်လေ.. အရေအတွက်အားဖြင့် ပြောရရင် မျှတမှု မရှိဘူး.. ဒါကြောင့် ကျောင်းခြောက်ကျောင်းက ကျောင်းအုပ်ကြီးတွေ အတူတကွဆွေးနွေးပြီးတဲ့ နောက်မှာ ငါတို့အတွက် မျှတမှုရှိအောင် စီစဥ်ပေးထားတဲ့ အသာစီးတစ်ခုပါပဲ"

အဆောင်မှ လူတွေက ခေါင်းကိုမော့ပြီး မျက်လုံးတွေ ချက်ချင်း လင်းလက်လာသည်။

ဒီလိုမျိုး အခြေအနေတောင် ရှိခဲ့တယ်လား။

"ဒါပေမယ့် ဒီဟာကို တကယ်ယူသွားလို့ ရပါ့မလား.. မှော်အစီအရင် အခင်းကျင်းထဲကို ဝင်ပြီးရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သိုလှောင်တဲ့ နေရာမှန်သမျှကို ပုံမှန်အားဖြင့် ပိတ်ဆို့သွားမှာလေ.. မှော်ရတနာတွေကို မြေပုံထဲ ယူဆောင်ခွင့်မပြုဘူးလို့ ငါကြားထားတယ်"

မြေပဲလေးက ပြောလိုက်သည်။

ဝမ်မင်က ပြုံး၍ ရှင်းပြလိုက်သည်။

"အဆင်ပြေပါတယ်.. လမ်းညွှန်စာအုပ်ကို အစီအရင်ရဲ့ စနစ်ထဲမှာ ထည့်သွင်းထားပြီးပြီ.. ဒါကြောင့် ဒီအီလက်ထရွန်းနစ် သရုပ်ဖော် လမ်းညွှန်စာအုပ်က ပိတ်ဆို့ခံရမှာ မဟုတ်ဘူး"

ယခုအချိန်တွင် ကော်ဟောက်ပင်လျှင် ဤဒုတိယအစ်ကို ဝမ်မင် မည်မျှ တတ်သိနားလည်သည်ကို ချီးကျူးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ဤကိစ္စကို အတင်းအဖျင်း ဆရာတစ်ပါး ဖြစ်သည့် သူကိုယ်တိုင်ပင် မသိခဲ့သော်လည်း ဒုတိယအစ်ကိုကမူ ဤကိစ္စကို တကယ်ကြီး သိနေခဲ့သည်။

ဝမ်လင်း "..........."

သိဆို ဤမှော်အစီအရင် အခင်းအကျင်းအတွက် အသေးစိတ်ပုံစံကို ရေးဆွဲခဲ့သည်မှာ ဝမ်မင်ကိုယ်တိုင်ပင် မဟုတ်ပါလော။

ဤအကောင်က ဤကိစ္စကို မသိမှသာ ထူးဆန်းနေလိမ့်မည်။

..................

အချိန်က ကုန်လွန်သွားကာ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် ဝမ်လင်းတို့ ညီအစ်ကိုနှစ်ယောက်က တစ်ပြိုင်တည်း မျက်လုံးဖွင့်လိုက်ကြသည်။

အိပ်ဆောင် အဆောက်အဦး အပြင်ဘက်ရှိ မှော်အခင်းအကျင်းမှာ စတင်လုပ်ဆောင်သည့် အဆင့်တွင် ရှိနေပြီ ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးစလုံး သိရှိထားကြသည်။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်ရာ ဤအစီအရင် လွှမ်းခြုံထားသည့် ဧရိယာက သာမန် အရွယ်အစားမျှသာ မဟုတ်ဘဲ အလွန်တရာ ကြီးမားသည်ကို သတိပြုမိသည်။

စစ်ရေးလေ့ကျင့်ရာ စခန်းရှိ အိပ်ဆောင်အားလုံး နီးပါး ပါဝင်သည်။

ထို့အပြင် အစီအရင် အခင်းအကျင်း၏ တည်ဆောက်ပုံက ရှုပ်ထွေးပြီး အပြောင်းအလဲ များလွန်းသည်။

ပထမတန်းစား အစီအရင် မာစတာများပင်လျှင် ဤကဲ့သို့ အစီအရင်ကို ခြောက်လအတွင်း ခင်းကျင်းရန် မဖြစ်နိုင်ပေ။

တကယ်တမ်းတွင် ဝမ်မင်က လွန်ခဲ့သည့် နှစ်နှစ်လောက်ကတည်းက ဤအစီအစဉ်ကို စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

သူ့တွင် ဝိညာဉ်စွမ်းအင် မရှိသော်လည်း၊ အဆင့်မြင့်သင်္ချာဆိုင်ရာ လုပ်ဆောင်ချက်များနှင့် မှော်အစီအရင် အခင်းအကျင်းများကို ဒီဇိုင်းထုတ်ရန် လိုအပ်သည့် ရှုပ်ထွေးသော ဖော်မြူလာများကို အသုံးချရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဆိုရလျှင် အစီအရင်က ကြီးကျယ်သော အစီအရင် တစ်ခုဖြစ်သည်။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြု၍ စစ်ဆေးလိုက်ရာ ဤအစီအရင်တွင် ဖော်မြူလာ ဒီဇိုင်း ထောင်ပေါင်းများစွာကို ရောနှောထားသည်အား မြင်လိုက်ရသည်။

ယင်းအစီအရင်မျိုးကို အသန်မာဆုံး ဦးနှောက်ကသာ လုပ်နိုင်ပေမည်။

သာမန်လူက မည်သို့မှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဤမှော်အစီအရင် အခင်းအကျင်းသည် အနန္တတန်ခိုးရှင် ကျင့်ကြံသူမှ ဖန်တီးထားသော ကမ္ဘာငယ်လေး တစ်ခုနှင့် ချိတ်ဆက်ထားသည်။

ဝမ်လင်းက အစီအရင် အခင်းအကျင်း၏ ဖွဲ့စည်းပုံကို တစ်ကိုယ်တည်း သုံးသပ်ကြည့်ရာ အချိန်သည် အပြင်ဘက်နှင့်ယှဉ်လျှင် ကမ္ဘာငယ်လေး၌ မတူညီသော အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်ကို ဝမ်လင်း သိလိုက်သည်။

ဝမ်မင်က အပြင်ဘက်မှ အလင်းရောင် မှိန်ဖျော့ဖျော့ကို လှမ်းကြည့်ရင်း ပြတင်းပေါက်ဘေးတွင် ရပ်လိုက်သည်။

၎င်းမှာ အပူစွမ်းအင်ပေး မီးအိမ်၏ အလင်းရောင်နှင့်အနည်းငယ်တူသည်။

သို့ရာတွင် တကယ်တမ်း ၎င်းမှာ အစီအရင်၏ လည်ပတ်မှုအဆင့်တွင် ထုတ်လွှတ်သော အလင်း ဖြစ်၏။

သူက အစီအရင်ကို သုံးမိနစ်အတွင်း လုံး၀ အသက်သွင်းနိုင်မည်ဟု စိတ်ထဲကနေ တွက်ချက်ခဲ့သည်။

ဝမ်မင်က အသက်ပြင်းပြင်းရှူရင်း အဆောင်အတွင်းရှိ လူများကို စစ်ဆေးကြည့်ရာ ကော်ဟောက် ပျောက်နေသည်ကို သတိပြုမိသည်။

သူက ကော်ဟောက်၏ အိပ်ရာကို ညွှန်ပြ၍ မေးလိုက်သည်။

"ဒီကောင် ဘယ်မှာလဲ"

ချန်းချောင် "ကော်ဟောက်က ဗိုက်နာတယ်လို့ပြောပြီး အိမ်သာကို ပြေးသွားတယ်"

ဝမ်လင်း "............."

ဝမ်မင် "............"

.......................

တစ်ချိန်တည်းမှာပင် အဆောင်၏ အထက်တွင် မှောင်မည်းနေသော ဥမင်လိုဏ်ခေါင်း တစ်ခု ပွင့်လာသည်။

ထိုဥမင်လိုဏ်ခေါင်းထဲကနေ ပုံသဏ္ဍာန်တစ်ခုက လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ရုန်းထွက်လာသည်။

"နောက်ဆုံးတော့ ငါတို့လုပ်နိုင်ခဲ့ပြီ"

ကွာဖီက ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ရောက်ရှိလာသည်။

ကျောက်သရဲမျက်နှာဖုံးထဲမှ ကျန်းလျှိုယွဲ့မှာ အိပ်ဆောင်အဆောက်အဦး တစ်ဝိုက်ရှိ ခမ်းနားသော မှော်အစီအရင် အခင်းအကျင်းကြီးကို သတိပြုမိပြီး အနည်းငယ် အံ့သြသွားသည်။

"ဒီလို တကယ့် လက်ရာမြောက်တဲ့ အစီအရင်မျိုးကို အနန္တတန်ခိုးရှင် တစ်ပါး မပါဘဲ ခင်းကျင်ဖို့ မဖြစ်နိုင်ဘူး.. ဒါ့အပြင် အနီးအနားမှာ ကျွမ်းကျင်သူတွေနဲ့ ကျောင်းခြောက်ကျောင်းရဲ့ ကျောင်းအုပ်ကြီးတွေလည်း ရှိနေတယ်လို့ ငါ ဖျက်ခနဲ ခံစားလိုက်ရတယ်.. ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူးကလည်း ဒီမှာ ရောက်နေတယ်"

"ကျောင်းအုပ်ကြီး ခြောက်ပါးမှာ တစ်ပါးက မှီခိုရာ ကျောင်းအုပ်ကြီးလို့ ငါကြားထားတယ်.. ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ဆို မှီခိုရာကျောင်းအုပ်ကြီးနဲ့ အတွင်းရေးမှူးက လွဲပြီး တခြားသူတွေကို ဂရုစိုက်စရာ မလိုပါဘူး"

ကွာဖီက မထီမဲ့မြင် ပြောလိုက်သည်။

"ငါ့ရဲ့ နောက်ဆုံး နှစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာက လူသတ်ဆရာလို့ ခေါ်တဲ့ ဂျူနီယာကို လျှော့တွက်ခဲ့မိလို့ပဲ.. အဲဒီဂျူနီယာ မပေါ်လာသရွေ့တော့ စိုးရိမ်စရာ မရှိပါဘူး"

"အဲဒီလူက ကျင့်ကြံခြင်း ဖိုရမ်နဲ့ ပတ်သက်နေပုံရတယ်"

ကျောက်သရဲမျက်နှာဖုံးထဲမှ ကျန်းလျှိုယွဲ့က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။

"ဒီလူ နောက်ဆုံးအကြိမ် ပေါ်လာတာက ကျင့်ကြံခြင်း ဖိုရမ်ရဲ့ သမီးရည်းစား သတ်ဖြတ်ခြင်းစီနီယာနဲ့ ပတ်သက်နေလို့ပဲ.. ဒီနေ့ သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာ ဒီမှာမရှိတော့ ဒီလူငယ်ကို စိုးရိမ်စရာ မလိုဘူးလို့ ကျမ ထင်တယ်"

"မှန်တယ်"

ကွာဖီက ခေါင်းညိတ်ပြလိုက်သည်။

သူ့လက်ထဲတွင် နတ်အလင်းရောင်နှင့် အတူ အပြာရောင်အလံတစ်ခု ပေါ်လာသည်။

"အစီအရင် အလံတစ်ခုလား"

ကျန်းလျှိုယွဲ့က နှလုံးသားထဲကနေ အံ့အားသင့်သွားသည်။

ဤ အစီအရင်အလံသည် ယခင်ရှိပြီးသား မှော်အစီအရင် အခင်းကျင်း တစ်ခု၏ တည်နေရာကို တစ်ခဏအတွင်း လုံးဝကွဲပြားသွားစေနိုင်သည့် လက်တွေ့ကျသော မှော်ရတနာ တစ်ခုဖြစ်သည်။

ယခင်က တရားမ၀င် အသုံးပြုသူ တစ်ဦးသည် ဤအလံကိုအသုံးပြုပြီး ကြီးမားသော ကပ်ဆိုးကြီးတစ်ခုကို ဖြစ်ပွားစေခဲ့ကြောင်း သူမ ကြားသိခဲ့ရသည်။

ထို့ကြောင့် အစောပိုင်းကာလဖြစ်သည့် လွန်ခဲ့သော နှစ်တစ်ထောင်တွင် စျေးကွက်ထဲရှိ ခင်းကျင်းပြသထားသော အစီအရင်အလံများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ပိုဆိုးသည်မှာ မှောင်ခိုဈေးကွက် သို့မဟုတ် လေလံအိမ်များမှာပင် မရောင်းချတော့ပေ။

အဆုံးသတ်တွင် ကွာဖီမှာ ကွာဖီသာ ဖြစ်သည်။

ဤမျှလောက် ရှေးကျသော ရတနာများကို ကိုင်ဆောင်နိုင်သူမှာ အနည်းငယ်သာ ရှိသည် မဟုတ်ပါလော။

"ငါအရှင် ကိုယ်တိုင် ဒီမြေပုံထဲက ကမ္ဘာငယ်လေးကို ကမ္ဘာခြားဂိတ်တံခါးနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်ထားပြီးပြီ"

အစီအရင်အလံကို ကိုင်ဆောင်ထားရင်း ကွာဖီက လှောင်ပြောင်စွာ ပြောလိုက်သည်။

"စစ်ရေး လေ့ကျင့်မှု လုပ်မဲ့ ကမ္ဘာငယ်လေးထဲကို အစီအရင်အလံကို အသုံးပြုပြီး ကျောင်းသားတွေနဲ့အတူ ခိုးဝင်မယ်.. ပြီးရင် ငါ အရှင်ကိုယ်တိုင် အခွင့်ကောင်းကို စောင့်မယ်.. ထောင်ပေါင်းများစွာသော ကျောင်းသားတွေရဲ့ အသက်ဓာတ်ကို စုပ်ယူဖို့ အခွင့်အရေးက ဒီလိုနဲ့ပဲ ငါ့ဆီကို ဆိုက်ရောက်လာခဲ့ပြီ"

ထိုစကားကို ပြောပြီးနောက် ကွာဖီက ရယ်မောလိုက်သည်။

"ငါအရှင်သခင်က ကိုယ့်ကိုယ်ကို သမိုင်းမှာ အဆိုးရွားဆုံး မိစ္ဆာအရှင်လို့ ဘာကြောင့် တံဆိပ်ကပ်ခံခဲ့ရလည်း မင်းသိလား"

ကျန်းလျှိုယွဲ့ "ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ ငါအရှင်လို ကောက်ကျစ်တဲ့သူတွေ မရှိတော့လို့ပဲ"

"ငါအရှင်ကို အခြားသူတွေထက် လူတွေ ထိတ်လန့်ရတဲ့ အကြောင်းရင်းက ငါနဲ့ခေတ်ပြိုင်တွေက ငါ့လို မဆိုးကြလို့ပဲ.. ဒါက ဆန့်ကျင်ဘက်အားဖြင့် ငါ့ကိုလူဆိုးအဖြစ် ပိုပေါ်လွင်စေတယ်လေ"

ကွာဖီက သူ့ကိုယ်သူ သုံးသပ် ပြောဆိုလိုက်သည်။

ကျန်းလျှိုယွဲ့ "..........."

All Chapters