← Chapters

ကော်ဟောက်သည် ကောင်းကင်သို့ တရစ်ရစ် တက်သွားသည်

Vol. 15 Ch. 215

ကော်ဟောက်သည် ကောင်းကင်သို့ တရစ်ရစ် တက်သွားသည်

Vol. 15 Ch. 215

ကွာဖီပြောသောစကားက အမှန်ပင်။

မည်သူမဆို သက်ဆိုင်ရာနယ်ပယ်တွင် မိမိတို့၏ ခေတ်ပြိုင်များနှင့် နှိုင်းယှဥ်ခံရမှုပေါ် မူတည်၍ ထူးချွန်စွာ ရပ်တည်နိုင်ကြ၏။

ဤအယူအဆ မှန်ကန်ကြောင်း ပြသနေသည့် သမိုင်းထဲမှလူဆိုးများ၏ အခြေခံ အချက်အလက် အချို့လည်း ရှိသည်။

အချို့က ခန္ဓာကိုယ်ချင်း လဲလှယ်ရာမှ တစ်ဆင့် အဓိကဇာတ်ကောင်ကို လှည့်စားကာ အပေးအယူလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း အသတ်ခံခဲ့ရသည်။

အချို့က ဝိညာဉ်နှင့် အသားကို ဝါးမျိုရန် ရည်ရွယ်ချက်ဖြင့် တပည့်များကို ဟန်ဆောင် လက်ခံခဲ့သော်လည်း အဆုံးသတ်တွင် မအောင်မြင်ဘဲ မိမိကသာ ဖျက်ဆီးခံခဲ့ရသည်။

တချို့က တိုက်ပွဲမဝင်ခင် သူတို့၏ နဖူးစည်း စာတမ်းကို မြင့်မြင့် ကိုင်ဆောင်ပြီး အနိုင်ယူပြမည်ဟု တွေးထားသော်လည်း အဆုံးသတ်တွင် သူတို့၏ အမေများပင် မမှတ်မိနိုင်သည်အထိ အပြင်းအထန် ရိုက်နှက်ခံခဲ့ရ၏။

ကွာဖီ အပြင် လူဆိုးများ အားလုံးတွင် ထူးခြားသော လက္ခဏာတစ်ရပ် ရှိကြသည်။

ယင်းမှာ စကား အလွန်အကျွံ ပြောခြင်း ဖြစ်၏။

.............

အစီအရင်ခင်းကျင်းမှု မစတင်မီ မိနစ်အနည်းငယ် အလိုတွင် ကော်ဟောက်က အဆောင်အိမ်သာတွင် နာကျင်စွာဖြင့် ဗိုက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

သူ ဒီနေ့ ဘာတွေ စားခဲ့လဲ မမှတ်မိတော့သော်လည်း ဗိုက်က တအား နာကျင်နေသည်။

သူက အိမ်သာပေါ်တွင် အားနည်းစွာထိုင်၍ နံရံနှစ်ဖက်စလုံးရှိ လက်ကိုင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ လူတစ်ကိုယ်လုံး ပြိုကျလုနီးပါး ဖြစ်နေသည်။

ဤကမ္ဘာမြေပေါ်တွင် သူ ဘာစားခဲ့ပါသနည်း။

သူ့ဦးနှောက်၏ စဉ်းစားတွေးခေါ်နိုင်စွမ်းများပင် ဆုံးရှုံးနေပြီဟု သူခံစားနေရသည်။

"အိုး.. ဟုတ်သားပဲ"

သူ၏ ဦးနှောက်တစ်ခုလုံး လက်နက်ချခါနီးတွင် တစ်စုံတစ်ခုကို သတိရသွားသည်။

ပြဿနာက ယနေ့ သူစားခဲ့သည့် အစားအသောက် မဟုတ်ပေ။

မနေ့က ကျောင်းစင်္ကြံလမ်းကို ဖြတ်လျှောက်ရင်း အမေကျွမ့် ဖန်တီးထားသည့် ဟင်းလျာအသစ်ကို စားမိခဲ့သည်အား ပြန်သတိရမိသွားသည်။

ယင်းက အာဟာရပြည့်ဝသည့် ထမင်းဟင်း တစ်ပွဲသာ ဖြစ်ခဲ့ပြီး အမေ့ကျွမ့်က ထိုအရာကို ရေခဲမုန့် တန်ဆာပလာများဖြင့် ရောနှော၍ ပြင်ဆင်ပေးခဲ့သည်။

အမေကျွမ့်က အလွန်ခေါ်လို့ ကောင်းသည့်အမည်ကိုပင် ပေးခဲ့သည်။

"ဖန်ပင်းပင်း"

(ဖန်ပင်းပင်=တရုတ်နာမည်ကျော်မင်းသမီး)

ပြဿနာမှာ သူက တစ်လုတ်သာ စားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုအချိန်က သူယခုလို အဆင်မပြေမှုမျိုး မခံစားခဲ့ရပေ။

ကော်ဟောက်ကို ဗိုက်ကို လက်ဖြင့် ဖိထားရင်း ငိုချင်လာသော်လည်း မျက်ရည်မကျခဲ့ပေ။

အမေကျွမ့်၏ အနက်ရောင် ဟင်းလျာ တစ်ဖန် ဆန်းသစ်လာသည်ကို တွေ့ရှိလိုက်ရ၍ သူ အံ့အားသင့်သွားသည်။

ယခုအခါတွင် ဟင်းလျာက အမှန်တကယ်ပင် အကျိုးသက်ရောက်မှု နှောင့်နှေးသွားသည်။

ယင်းက အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

..................

ကော်ဟောက်က အချိန်ကို ကြည့်လိုက်သောအခါ ခြောက်နာရီထိုးခါနီးနေပြီဟု သိလိုက်ရသည်။

သူ အိမ်သာထဲတွင် ရှိနေသည်မှာ ဆယ်မိနစ်ကျော်နေပြီ ဖြစ်သည့။

ထိုအချိန်တွင် သူ့ခြေဖဝါးအောက်ရှိ ကြွေပြားများက မထင်မှတ်ပဲ အနည်းငယ် တုန်ယင်သွားသည်ကို တွေ့လိုက်ရသည်။

"ငလျှင်လား"

ကော်ဟောက်က အနည်းငယ် သံသယဝင်သလို ခံစားခဲ့ရသည်။

တုန်ခါမှုက ငလျင်ဖြစ်လောက်အောင်တော့ မပြင်းထန်ပေ။

ထိုအချိန်တွင် ဘေးနားရှိ အခန်းကန့်ထားသော ခန်းဆီးရှိ အက်ကွဲကြောင်းများမှ အဖြူရောင် အလင်းတန်းများ လင်းလက်လာသည်ကို တွေ့လိုက်ရသည်။

"ဘာ.. ဘာလဲဟ"

ကော်ဟောက်က အလွန်ကြောက်လန့်သွားသည်။

ထိုအခိုက်အတန့်မှာပင် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူက ထူထဲသော တိမ်တိုက်တစ်ခုနောက်သို့ ရောက်ရှိနေခဲ့၏။

ထူးဆန်းသော စွမ်းအားတစ်ခုက မြေပုံအသစ်ဆီသို့ ပို့ဆောင်နေသည်ဟု သူ့ကိုယ်သူ ခံစားရသည်။

"ငါ လေထဲကနေ ဖြတ်ကျော်နေတာလား"

ထိုသို့ တွေးမိလိုက်သော အခါတွင် သူ၏ ခြေထောက်များ ကြားမှ တိုက်ခတ်လာသော လေပြင်းများကို ခံစားမိနေပြီ ဖြစ်သည်။

အိမ်သာတက်နေစဉ် တိုက်ရိုက် တည်နေရာရွှေ့ပြောင်းခြင်း ခံလိုက်ရကြောင်း သိသွားသောအခါ သူ အံ့အားသင့်သွား၏။

ယခုမူ သူက ဖင်ဟောင်းလောင်း ဖြင့် ကောင်းကင်သို့ ပျံတက်သွားနေပြီ မဟုတ်လော။

..................

စုန့်ဟိုင်မြို့အနောက်ဘက် ဆင်ခြေဖုံးအရပ်ရှိ စစ်ရေးလေ့ကျင့်ရာ စခန်းတစ်ခု၏ အစည်းအဝေးခန်းတွင် အတွင်းရေးမှူး တာခန်းသည် ခုံတန်းရှည် တစ်ခုပေါ်တွင် ထိုင်ကာ သူ့ရှေ့ရှိ တီဗီဖန်သားပြင်ကြီးကို ကြည့်ရှုနေသည်။

တီဗီဖန်သားပြင်၏ ညာဘက်အောက်ထောင့်တွင် ရေဒါတစ်ခုရှိပြီး မရေမတွက်နိုင်သော အနီရောင်အစက်များက ထူထပ်စွာ စုစည်းနေသည်ကို ပြသထားသည်။

"အစီအရင် ခင်းကျင်းမှုကို အသက်သွင်းပြီးပြီ မဟုတ်လား.. နံပါတ်တွေကိုရော အတည်ပြုပြီးပြီလား"

"ဟုတ်ကဲ့.. အတည်ပြုပြီးပါပြီ။"

အတွင်းရေးမှူးတာခန်း၏ ဘေးတွင် ရပ်နေသည့် ကျိုးရီက အခြေအနေကို အသေးစိတ် သတင်းပို့နေသည်။

ကူးပြောင်းမှု အစီအရင် မဖွင့်ခင် ကျောင်းသားတွေ အကုန်လုံးကို စခန်းတွင်းရှိ အဆောင်များတွင် ရှိနေရန် သေချာစွာ အတည်ပြုပေးဖို့ သက်ဆိုင်ရာ ဆရာတွေကို တောင်းဆိုထားပြီးသား ဖြစ်သည်။

တချို့က အခန်းထဲတွင် မရှိသော်လည်း အဆောင်ထဲတွင် ရောက်နေပြီ ဖြစ်သည်။

"ဒါပေမဲ့ အတွင်းရေးမှူး.. အိမ်သာထဲက တစ်ယောက်ကိုတော့ ဘယ်သူမှ သတိမပြုမိလိုက်ဘူး"

"အမ်.. ဘယ်လို"

"အိမ်သာထဲမှာလား"

အစည်းအဝေးခန်းထဲရှိ ကျောင်းအုပ်ကြီးများမှာ ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။

အိမ်သာတက်နေစဥ် ရုတ်တရက် အဝေးသို့ ပို့ဆောင်ခံခဲ့ရသော ကျောင်းသား၏ ထိတ်လန့်မှုကို စိတ်ကူးကြည့်၍ပင် သိနိုင်ပေသည်။

ဤအခြေအနေမျိုးတွင် အရမ်းကြောက်လွန်း၍ အညစ်အကြေးများပင် ဗိုက်ထဲပြန်ဝင်သွားမလား မပြောနိုင်ချေ။

အတွင်းရေးမှူးတာခန်းက ရယ်လိုက်သည်။

"ဒါက မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုပါပဲ.. ဒါနဲ့ ကျိုးရီလေး.. ငါတို့အနေနဲ့ ကျောင်းသားတွေကို အသိမပေးထားတာ အဆင်ပြေပါ့မလား"

ကျိုးရီက အနည်းငယ် ချွေးထွက်လာသည်။

"လောလောဆယ် သူတို့က တည်နေရာပြောင်းတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်.. အစီအရင်က သူတို့ကို မြေပုံပေါ် ပို့ပြီးတာနဲ့ သူတို့ကို အမြင့်ငါးကီလိုမီတာ အထိ အလိုအလျောက် လမ်းညွှန်ပို့ဆောင် ပေးမှာ ဖြစ်တယ်.. အဆုံးသတ်ကျရင် သူတို့အားလုံးကို တစ်ပြိုင်နက်တည်း လွှတ်ချလိုက်ပြီး သူတို့ ဆင်းသက်ချင်တဲ့နေရာကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးလိုက်မှာပါ"

"ဘေးကင်းရေးနဲ့ ပတ်သက်လို့ရော ဘာပြဿနာရှိလဲ"

"စိတ်ချပါ အတွင်းရေးမှူး.. ဗိုလ်ချုပ်ရီက ဒီကမ္ဘာငယ်လေးကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့တာပါ.. မြေပြင်ကနေ မီတာ တစ်ရာ အကွာအဝေးကို ရောက်တာနဲ့ ကျောင်းသားတွေရဲ့ အရှိန်က နှေးကွေးသွားပါလိမ့်မယ်"

ကျိုးရီက အခြေအနေကို ဆက်လက် အစီရင်ခံလိုက်သည်။

"ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုရဲ့ တာဝန်ခံနည်းပြတွေကလည်း မြေပုံထဲကို ဝင်ခဲ့ကြတယ်.. သူတို့ရဲ့ ရေဒါအချက်ပြမှုတွေက အပြာရောင်အစက်တွေပါ.. စီနီယာ အင်မော်တယ် ထုန်ရာကလည်း စစ်ရေး လေ့ကျင့်မှုအတွင်း ကျောင်းသားတွေကို ဘေးကင်းစေဖို့ အာမခံပေးမှာပါ.. မှော်ပစ္စည်းတွေ အားလုံးကိုလည်း အသေးစိတ်က အစ အထူး ဖန်တီးထားပါတယ်.. ကျောင်းသား တစ်ယောက် အသတ်ခံရတာနဲ့ ကမ္ဘာငယ်လေးက မီးခိုးစိမ်းတွေ ထုတ်လွှတ်ပြီး ကျောင်းသားကို ဖယ်ထုတ်ဖို့ စီစဥ်ပါလိမ့်မယ်"

ဤလေ့ကျင့်ရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့် ဖယ်ရှားရေး ယန္တရားများမှာ အမှန်တကယ် နားလည်ရန်လွယ်ကူပြီး ယခင် ဝိညာဥ်ဓား ဖလှယ်ခြင်း တွေ့ဆုံမှုထက်ပင် ပိုမိုရိုးရှင်းသည်။

ကျိုးရီက စုန့်ဟိုင်မြို့ရှိ ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူးအနေဖြင့် ဤအစီအစဥ်အပေါ်တွင် စေတနာထားပြီး လုပ်ဆောင်ခဲ့သည်။

အထက်အရာရှိများက ဤတာဝန်ကို သူ့အား ပေးအပ်ပြီးချိန်မှစ၍ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များကို ရေးဆွဲရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတိုင်း အတွက် အရေးပေါ် အစီအစဉ်များကို ချမှတ်ခဲ့သည်။

ယင်းမှာ သူ့ဆရာက စိတ်ရှုပ်စရာ ကိစ္စများကို မနှစ်သက်သူဖြစ်ပြီး နိမ့်ကျသော ကိုယ်ရေးအကျဉ်းကိုသာ နှစ်သက်သူဖြစ်ကြောင်း သူသိထားသောကြောင့် ဖြစ်သည်။

သို့သော် အစီအစဉ်ကို သေသေချာချာ ပြင်ဆင်ထားသော်လည်း ယိုပေါက်မရှိရန်မူ လုံးဝမဖြစ်နိုင်ပေ။

အတွင်းရေးမှူး တာခန်းဘေးတွင် ရပ်နေသော ကျိုးရီ၏ မျက်နှာမှာ အနည်းငယ် ပူပန်နေပုံရသည်။

"အတွင်းရေးမှူးတာခန်း.. ကိုသြဒိနိတ်တွေအရ ကမ္ဘာခြားဂိတ်နဲ့ ပတ်သက်ပြီး အော်ရာ အတက်အကျတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်"

"ကမ္ဘာခြားဂိတ်လား"

အတွင်းရေးမှူးတာခန်းက မျက်မှောင်ကြုတ်လိုက်သည်။

ယင်းက တိုက်ဆိုင်မှုတစ်ခုဟုသာ သူတွေးခဲ့၏။

သူက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အဲဒီတုန်းက ဗိုလ်ချုပ်ရီနဲ့ ငါအပါအဝင် ကျင့်ကြံသူဆယ်ယောက်က ကမ္ဘာကြားဂိတ်တံခါးကို စည်းတံဆိပ် ခတ်ခဲ့ကြတယ်.. ပုံမှန်အခြေအနေအရတော့ ဂိတ်တံခါးရဲ့ စည်းတံဆိပ်ကို ဖျက်ဖို့ မဖြစ်နိုင်ပါဘူး.. ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်ကများ မကောင်းတာ လုပ်ဖို့ ကြံစည်နေတာများလား"

"ကမ္ဘာခြားဂိတ်ရဲ့ အော်ရာ အတက်အကျ ကိုသြဒိနိတ်တွေက ငါတို့နဲ့ အရမ်းနီးစပ်နေတယ်.. အဲဒါ ကောင်းတဲ့အရာတော့ မဟုတ်ဘူး"

"ကလေးတွေ အန္တရာယ်ဖြစ်မှာ စိုးတယ်"

"အတွင်းရေးမှူးတာခန်း.. ကျနော်တို့ စစ်ကူခေါ်လိုက်သင့်လား"

"စစ်ကူကိစ္စကို စိတ်မပူပါနဲ့.. အခြေအနေကို အရင် စစ်ဆေးကြည့်ကြတာပေါ့"

အတွင်းရေးမှူး တာခန်းက သူ့လက်ကို ဝှေ့ယမ်းကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါနဲ့ ကျောင်းခြောက်ကျောင်းရဲ့ ကျောင်းအုပ်ကြီးတွေက ဒီကို ရောက်နေပါပြီ.. ကျောင်းသားတွေရဲ့ လုံခြုံရေး အတွက် ငါတို့က အပြည့်အဝ တာဝန်ယူရမှာပေါ့"

ကျိုးရီက အလွန် အံ့သြသွားသည်။

အတွင်းရေးမှူး တာခန်းက ကျောင်းအုပ်ကြီးများကို အရန်အစီအစဉ် အဖြစ် အမှန်တကယ် စီစဥ်ထားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။

"ကမ္ဘာခြားဂိတ်က တကယ် ကြောက်စရာကောင်းတာလား"

"အဲဒီတုန်းက နတ်ဆိုးတပ်တွေ ပြန်ဆုတ်သွားတဲ့အခါ ငါတို့ဆယ်ယောက်က ဂိတ်တံခါးကို ပိတ်ဖို့ လက်တွဲခဲ့ကြတယ်.. အဲဒီနောက်မှာ ငါတို့တွေ ပေါင်းစည်းလိုက်တဲ့ စွမ်းအားက ဂျင် တစ်ဘီလီယံ နီးပါး ရှိနေပြီလို့ တွက်ချက်ခဲ့တယ်.. ဒါတောင် တံခါးကိုပိတ်ဖို့ မလုံလောက်သေးဘူး.. ဂိတ်တံခါးက ဒီလောက်ထိ လေးလံမယ်လို့ မမျှော်လင့်ထားတာကြောင့် ငါတို့ရဲ့ အင်အားကို အစွမ်းကုန် အသုံးချခဲ့တာတောင် တင်းတင်းကျပ်ကျပ် မပိတ်နိုင်ခဲ့ဘူး"

အတွင်းရေးမှူးတာခန်းက အတိတ်မှ အကြောင်းအရာ များစွာကို သတိရနေပုံရပြီး ထိုင်ရာမှထကာ သက်ပြင်းချလိုက်သည်။

"ကမ္ဘာခြား ဂိတ်တံခါး ပြန်ပွင့်လာရင် ငါတို့ အသက်ကို စတေးရရင်တောင် အနစ်နာခံပြီး ပိတ်ပစ်ရလိမ့်မယ်...နတ်ဆိုးစစ်တပ်သာ နောက်တစ်ကြိမ် ထကြွခဲ့ရင် ငါတို့နိုင်ငံ အတွက် အရမ်း ဆိုးဝါးသွားလိမ့်မယ်"

All Chapters