← Chapters

ဝမ်မင်၏ တန်ပြန်တိုက်ခိုက်မှု

Vol. 15 Ch. 216

ဝမ်မင်၏ တန်ပြန်တိုက်ခိုက်မှု

Vol. 15 Ch. 216

ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မည့် ကမ္ဘာငယ်လေးက အကန့်အသတ်မရှိ ကြီးမားသည်။

ဤသည်က ဗိုလ်ချုပ်ကြီး ရီ အထူးပြင်ဆင်ထားခဲ့သော ကမ္ဘာငယ်လေး ဖြစ်ပြီး ဤနေရာ၌ ဝိညာဉ်စွမ်းအင်များလည်း အလွန် ပေါကြွယ်ဝသည်။

အစီအရင်၏ စွမ်းအားဖြင့် လေထဲသို့ ဖြည်းဖြည်းချင်း တက်လာခဲ့ကြပြီး ကမ္ဘာငယ်လေးထဲသို့ ကျောင်းသားများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က မြေပြင်အထက် ငါးကီလိုမီတာခန့် အကွာအဝေးတွင် တဖြည်းဖြည်း ရပ်တန့်သွားကြ၏။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အသုံးပြု၍ ကမ္ဘာငယ်လေး၏ အလယ်ဗဟိုတွင် နယ်မြေ အားသာချက် ရှိသည့် နေရာကို တွေ့ရှိခဲ့သည်။

ယင်းနေရာ၌ ပြန့်ပြူးသော ကုန်းပြင်မြင့် တစ်ခု ရှိသည့်အပြင် ကြမ်းတမ်းသော တောင်တန်းလမ်း များစွာက ဝန်းရံထားသေးသည်။

ဤလမ်းများ အားလုံးက တောင်ကုန်းပြင်မြင့်သို့ လူအများရောက်ရှိနိုင်စေရန် ဒီဇိုင်းထုတ်ထားကြောင်း သူနားလည်ခဲ့သည်။

တာဝေးပစ် မှော်လက်နက် ကိုင်ဆောင်ထားသူ အတွက်မူ ယင်းနေရာက ခြုံခိုတိုက်ခိုက်ရန် အတွက် အားသာချက် တစ်ခု ဖြစ်လာမည် ဖြစ်၏။

ထိုနယ်မြေအပြင် အထပ်မြင့် အဆောက်အအုံ အမျိုးမျိုးနှင့် ပုံစံတူ အထင်ကရ အဆောက်အဦးများ ပါရှိသည့် မြို့ပြဧရိယာ တစ်ခုကိုလည်း တွေ့ရသည်။

ထို့အပြင် ဝမ်လင်းက ကမ္ဘာငယ်လေး၏ မိုးကုတ်စက်ဝိုင်းကိုဖြတ်၍ ကောင်းကင်မျက်လုံးဖြင့် မြင်နိုင်သည့် လမ်းကြောင်းများကို စစ်ဆေးလိုက်ရာ အဝေးဆုံး တစ်နေရာရှိ ပင်လယ်ဘက်တွင် အနက်ရောင် ထူထပ်သော မြူခိုးများ ပျံ့လွင့်နေသည်ကို သတိပြုမိသည်။

ဤထူထပ်သော မြူခိုးများမှာ နတ်ဆိုးဝိညာဉ် တစ်မျိုးဘဲ ပြိုင်ပွဲစနစ်၏ ဖယ်ရှားရေး ယန္တရားတစ်ခု ဖြစ်သည်။

ပြိုင်ပွဲအချိန် ကြာလာသည်နှင့်အမျှ ဤမြူခိုးများက ဧရိယာများကို တဖြည်းဖြည်း ဖုံးလွှမ်းသွားမည် ဖြစ်သည်။

စိတ်အားထက်သန်စွာ ဆက်လက် တိုက်ပွဲဝင်နေသူများ သို့မဟုတ် မှော်ရတနာများကို အငမ်းမရ စုဆောင်းနေသူများမှာ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းခံရနိုင်မည့် အခွင့်အလမ်း အလွန် မြင့်မားသည်။

ကမ္ဘာငယ်လေးက ထိုသူများကို အလိုလို ဖယ်ထုတ်ပစ်မည်ဟု ယူဆရ၏။

ဤစစ်ရေးလေ့ကျင့်မှုမှာ ကျောင်းသားများ၏ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းကို စမ်းသပ်ရုံသာမက မည်သည့်အချိန်တွင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကိုပါ သိရှိရန် လေ့ကျင့်ပေးမည် ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်သည် ကျောင်းသားများကို ကျင့်ကြံခြင်းနှင့် အပြည့်အ၀ မိတ်ဆက်ပေးသည့် ကာလဖြစ်ပြီး ဤအဆင့်တွင် ကျင့်ကြံသူများ အတွက် အကြီးမားဆုံး အားနည်းချက်မှာ လောဘ ဖြစ်သည်။

ကျယ်ပြောလှသော ကောင်းကင်ပြင်ကြီးတွင် လူတစ်သောင်းကျော်က ပြန့်ကျဲစွာ ပေါ်လာသည်။

ဝမ်လင်းက အမှတ် ၅၉ အထက်တန်းကျောင်းမှ သူ့ကျောင်းနေဖက်များနှင့် မဟာမိတ်များကို သတိပြုမိခဲ့သည်။

သို့သော် သူက သူ၏ ပျင်းရိသော ဝမ်းကွဲအကို အပါအဝင် ချန်းချောင်နှင့် အခြားသူများကိုမူ မတွေ့ခဲ့ရချေ။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဆရာမဖန် ပြောခဲ့သလို ဤပြိုင်ပွဲက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပုန်းနေရုံဖြင့် လုံလောက်လိမ့်မည်ဟု သူမထင်ပေ။

ပြင်ပကမ္ဘာရှိ စောင့်ကြည့်ရေး အခန်းမှ လူများမှာ ကျောင်းသား တစ်ဦးစီ၏ လှုပ်ရှားမှုများကို ရေဒါဖြင့် သိနိုင်ကြောင်း သူသိသောကြောင့် မည်သူကိုမျှ မတိုက်ခိုက်လိုပေ။

သူက သူ၏ စွမ်းဆောင်ရည်ကို လူသိမခံချင်ခဲ့ချေ။

အချိန်တွေက အတော်ကြာသွားသည်။

အစီအရင် အခင်းအကျင်းက တစ်ဖန် ပြောင်းလဲသွားပြန်ရာ ကောင်းကင်ပေါ်တွင် ရပ်တန့်နေသော လူတိုင်းက မြေပြင်ပေါ်သို့ ဆင်းသက်ခွင့် ရလာကြသည်။

အဆုံးသတ်တွင် ဝမ်လင်းက သဲကန္တာရထဲသို့ လုံခြုံစွာ ဆင်းသက်လာနိုင်ခဲ့သည်။

ဤနေရာတွင် လူဦးရေ အနည်းငယ်သာ ရှိသောကြောင့် ပြိုင်ပွဲတွင် ပါဝင်သည့် ကျောင်းသား အများစုကို ရှောင်ရှားနိုင်ခဲ့သည်။

ဟုတ်ပါသည်။ ဤအကြံမျိုးတွေးမိသည်က သူတစ်ယောက်ထဲတော့ မဟုတ်ပေ။

ခန့်မှန်းခြေအားဖြင့် မြို့ပြင်ရှိ သဲကန္တာရတွင် ဆင်းသက်ရန် လူတစ်ရာကျော်က ရွေးချယ်ခဲ့ကြသည်။

ပြိုင်ဆိုင်မှုအရ မြို့လယ်ခေါင်တွင် အပြင်းထန်ဆုံး ဖြစ်၏။

လူအများစုက ရောက်လာသည်နှင့် တစ်ပြိုင်နက် မှော်ရတနာများကို အရူးအမူး လုယူသွားခြင်းမျိုး ဖြစ်ဖွယ် ရှိသည်။

ရှင်သန်ခြင်းအတွက် သဲကန္တာရကို ရွေးချယ်ခဲ့ကြသူများကမူ လေထဲကနေ ပြုတ်ကျလာမည့် စနစ်ကပေးသည့် လက်ဆောင် သေတ္တာကို စောင့်မျှော်ရန် စီစဥ်နေကြ၏။

ပြိုင်ပွဲစည်းမျဉ်းအရ ကမ္ဘာငယ်လေးတွင် အသက်ရှင် ကျန်ရစ်သူများမှာ မှော်ရတနာ မှန်သမျှကို ကောက်ယူနိုင်ကြသည်။

"အနီးနားမှာ ဘာတွေရှိလဲဆိုတာ အရင်ကြည့်ရမယ်"

ဝမ်လင်းက သူ့စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သဲကန္တာရတွင် လူတစ်ရာကျော်ရှိသော်လည်း ယခုအချိန်ထိ ၎င်းတို့၏ အရိပ်အယောင်ကို မတွေ့ရပေ။

သဲကန္တာရပတ်ဝန်းကျင်က ကြောက်စရာကောင်းသည်။

ဤနေရာက မြို့လယ်ထက် သုံးဆယ်ဒီဂရီလောက် ပိုပူ၏။

အဆုံးမဲ့သဲများသာရှိနေပြီး ပေါင်းပင်တစ်ပင်မျှပင် မတွေ့ရပေ။

အကယ်၍ လူတစ်ဦးသာ ဤနေရာ၌ ဓားပျံလို အရာတစ်ခုကို ရှာမတွေ့လျှင် မိုးကုပ်စက်ဝိုင်းပေါ်ရှိ မြူခိုးများက ဤနေရာသို့ ပျံ့နှံ့လာပြီးနောက်တွင် ပြိုင်ပွဲမှ ဖယ်ထုတ်ခံရမည် ဖြစ်သည်။

ဓားပျံကသာ သဲကန္တာရထဲတွင် ရှိနေသူတိုင်းကို ဤနေရာကနေ မြို့လယ်သို့ အမြန်ဆုံး ပို့ဆောင်နိုင်မည်မှာ သေချာသည်။

ပတ်ဝန်းကျင်ကို အကဲခတ်နေသည့် ဝမ်လင်းက သူ့ခြေဖဝါးအောက်မှ သဲများက ရုတ်တရက် အောက်သို့ စိမ့်ဝင်သွားပြီး လူအရွယ်အစားမျှ ရှိသည့် အပေါက်တစ်ပေါက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထို့နောက် ဝိဉာဉ်အလင်းတန်း တစ်ခု တောက်ပလာပြီး ဝမ်မင်က အပေါက်ထဲမှ အမှန်တကယ် ထွက်လာခဲ့သည်။

"မြေအောက် လွတ်မြောက်ရေး အဆောင်လား"

ဝမ်မင်က လုံခြုံရေး မျက်မှန်ကို ချွတ်လိုက်သည်။

"မင်းသိတဲ့အတိုင်းပဲ.. ငါက ဝိညာဥ်စွမ်းအင်တွေ သုံးတာ သိပ်မကျွမ်းသေးဘူး... မြေအောက် လွတ်မြောက်ရေး အဆောင်က သဲမှာ သုံးဖို့ သိပ်မသင့်တော်ဘူးလေ.. သတိသာ မထားရင် အပေါ် မတက်ခင် သဲထဲမှာပဲ မြှုပ်နှံခံရလိမ့်မယ်"

ဝမ်လင်းက ဝမ်မင် ထွက်လာသည့် သဲတွင်းကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးတောနေမိသည်။

".........."

"မင်းမှာ ဝိညာဉ်စွမ်းအင် မရှိဘူးလေ.. ဘယ်လိုနည်းနဲ့ ဝိညာဉ်စွမ်းအင်သုံး အဆောင်လက်ဖွဲ့ကို အသုံးပြုလို့ရနေတာလဲ"

"ဒီတစ်ခေါက် ရောက်လာတဲ့ အဖွဲ့ထဲမှာ ငါက ဝိညာဉ်စွမ်းအင်ကို အသုံးမချနိုင်တဲ့ တစ်ဦးတည်းသော သူပါ.. ဒါပေမယ့် ဗိုလ်ချုပ်ရီက ငါ့ကို ပစ္စည်းတစ်ခု ပေးခဲ့တယ်"

ထိုစကားကိုပြောရင်း ဝမ်မင်က သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ရွှေရောင်အဆောင်ကို ဆွဲထုတ်ခဲ့သည်။

"ဒါက ဗိုလ်ချုပ်ရီ ကိုယ်တိုင် လုပ်ခဲ့တာပါ.. သူ့စိတ်ဝိညာဥ် စွမ်းအားကို အရင်းအမြစ် အဖြစ် ချိတ်ဆက်ထားတဲ့ ဒီအဆောင်လက်ဖွဲ့ ငါ့မှာ ရှိနေသရွေ့ ငါမှော်ပစ္စည်းတွေကို အသုံးချနိုင်လိမ့်မယ်.. ဒါပေမယ့် အချိန်ကန့်သတ်ချက်တော့ ရှိပါတယ်... ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းအစ်ကိုကြီးက အဆုံးသတ်မှာ ရန်သူကို တန်ပြန် တိုက်ခိုက်နိုင်ပြီပေါ့"

ဝမ်လင်း ".........."

ဝမ်မင်က စကားပြောနေရင်း သူ့လက်ပတ်နာရီကို ထုတ်ကြည့်ရန် သူအင်္ကျီလက်စကို အနည်းငယ် လှန်လိုက်သည်။

ဤနာရီက ဌာနတွင်း ဝန်ထမ်းတစ်ဦးတည်းသာ ပိုင်ဆိုင်သော နာရီမျိုး ဖြစ်သည်။

ကျောင်းသားအချင်းချင်း သတင်း အချက်အလက် ဖလှယ်နိုင်ခြေကို တားဆီးရန်၊ ဤနေရာသို့ မပို့မီ ကျောင်းသားများ၏ လက်ပတ်နာရီများကို စစ်ထုတ်ထားပြီး ဖြစ်သည်။

"မင်းရဲ့ ရေဒါ အချက်ပြမှုကို ငါပိတ်ထားလိုက်ပြီ.. ဒါကြောင့် အခု မင်းရဲ့လုပ်ရပ်တွေကို အပြင်ကလူတွေ စောင့်ကြည့်နေမှာကို စိတ်ပူနေစရာ မလိုတော့ဘူး.. ဒီမှာကြည့်လိုက်..."

ဝမ်မင်က လက်ပတ်နာရီပေါ်ရှိ ရိုးရှင်းသော တည်နေရာပြ စနစ်ကို အသုံးပြုပြီး ခလုတ်တစ်ခုကို နှိပ်လိုက်ရာ လေထဲတွင် ရေဒါတစ်ခု ပေါ်လာခဲ့သည်။

"လင်း.. အနီးအနားမှာ လူအနည်းငယ် ရှိပုံရတယ်.. မင်းသူတို့ကို ချောင်းမြောင်းပြီး မတိုက်ချင်ဘူးလား"

ဝမ်မင်က ထိုစကားကိုပြောပြီး ဝမ်လင်း၏ ပုခုံးကိုပုတ်ကာ ဖြူဖွေးတောက်ပသည့် သွားများ ပေါ်လွင်သည်အထိ တောက်ပစွာ ပြုံးလိုက်သည်။

"ဘာမှစိတ်မပူပါနဲ့ အစ်ကို မင်းကို ကာကွယ်ပေးမှာပါ"

ဝမ်လင်း အံသြသွားသည်။

"............."

"မင်းလို ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း တစ်ယောက်က ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပြိုင်ပွဲဝင် ကစားသမား ဖြစ်လာတာလဲ"

..............

ညီအကိုနှစ်ယောက် တိတ်ဆိတ်စွာ လမ်းလျှောက်လာသည်။

အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သူတို့က သဲကန္တာရထဲတွင် ပြန့်ကျဲနေသည့် ရှားစောင်းလက်ပတ် တချို့ကို တွေ့လိုက်ရသည်။

ကန္တာရက အလွန်ပူသောကြောင့် ဝမ်လင်း ဆင်းသက်ခဲ့သော ဧရိယာ၌ ပေါင်းပင်အညှာပင် မရှိခဲ့ပေ။

ယင်းကြောင့် ဤရှားစောင်းပင်၏ အသွင်အပြင်က သဲကန္တာရ၏ ထူးခြားသော ရှုမြင်ကွင်း တစ်ခုဟုပင် ယူဆနိုင်ပေသည်။

သူတို့အနေဖြင့် သိပ္ပံနည်းကျ ကြီးမားနေသော ရှားစောင်းပင်၏ နောက်ကွယ်တွင် အချိန်အနည်းငယ်ကြာအောင် ပုန်းအောင်းနေကြသော်လည်း မိနစ်သုံးဆယ်ကြာသည် အထိ မည်သည့် အရိပ်အယောင်မှ မတွေ့ရသေးပေ။

ဝမ်လင်းက အကွာအဝေး အလွန်ဝေးသော်လည်း မြို့လယ်ခေါင်မှ ပြင်းထန်သော "တိုက်ခိုက်သံ" များကို ကြားနေရသည်။

အမျိုးမျိုးသော မှော်ရတနာများ အချင်းချင်း တိုက်မိရာမှ ထွက်လာသော အသံ..

သူတို့ ဤကမ္ဘာငယ်လေးထဲကို ရောက်လာသည်မှာ နာရီဝက်ပင် မပြည့်သေးသော်လည်း အကြမ်းဖျင်းအားဖြင့် လူရာဂဏန်းခန့်ကို ဖယ်ထုတ်ပြီးသွားပြီ ဖြစ်သည်။

နယ်နိမိတ် အားသာချက်ရှိသော တောင်တန်း၏ အထက်တွင် ကျန်ရှိနေသော လူအရေအတွက်ကို ရှင်းရှင်းလင်းလင်း ပြသထားသည်။

အရေအတွက်က အချိန်နှင့်အမျှ ဆက်လက် ကျဆင်းနေသည်။

သဲကန္တာရ၏ အခြားတစ်ဖက်တွင်မူ လှုပ်ရှားမှု အနည်းငယ်မျှပင် မရှိပေ။

ဝမ်လင်းကသာ ဤလူတွေ၏ အော်ရာကို အာရုံ မခံစားနိုင်ခဲ့လျှင် သို့မဟုတ် ဝမ်မင်က သူတို့၏ အချက်ပြမှုများကို ရေဒါထဲတွင် မမြင်နိုင်ခဲ့လျှင် ဤနေရာ၌ လူတစ်ရာကျော် ရှိနေမည်ဟု မည်သူမှ ထင်မိမည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ဤနေရာက သဲကန္တာရ ဖြစ်သည်။

ကမ္ဘာငယ်လေး တစ်ခုလုံးတွင် အဆိုးဝါးဆုံး ပတ်ဝန်းကျင် ဆိုလည်းမမှားပေ။

တစ်နာရီခန့် အကြာတွင် ဝမ်လင်းက ခေါင်းကို မော့လိုက်သည်။

လေက သဲကန္တာရကို ဖြတ်ပြီး တိုက်ခတ်နေ၍.သဲများက လေထဲတွင် လွင့်နေသည်။

သူ့ ဦးခေါင်းထက်တွင် တိမ်တိုက်များ ရှိနေသော်လည်း မျက်စိဖြင့် မြင်နိုင်သလောက် ပြောရလျှင် သူ၏ ပတ်ပတ်လည်၌ ပုရွက်ဆိတ်တောင် ရှိမနေခဲ့ပေ။

မျှော်လင့်မထားသော ဤငြိမ်သက်မှုကြောင့် ဝမ်မင်က အလိုလို သံသယဝင်လာပြီး ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ပတ်ဝန်းကျင် အခြေအနေက အလွန်ပင် ငြိမ်သက်လွန်းလှသည် မဟုတ်လော။

All Chapters