← Chapters

တိရစ္ဆာန်များနှင့်အတူ လူသားများ သဟဇာတဖြစ်အောင် နေထိုင်ရန် နည်းလမ်း

Vol. 15 Ch. 222

တိရစ္ဆာန်များနှင့်အတူ လူသားများ သဟဇာတဖြစ်အောင် နေထိုင်ရန် နည်းလမ်း

Vol. 15 Ch. 222

အစည်းအဝေးခန်းထဲတွင် ကျောင်းအုပ်ကြီး ချန်းနှင့် ကျောင်းအုပ်ကြီးကျင်းက လွဲ၍ တခြားသော ကျောင်းအုပ်ကြီးများမှာ အံ့သြသော အမူအရာများ ဖြစ်ကုန်ကြသည်။

"ဘာလို့ ခွေးတစ်ကောင် ရှိနေရတာလဲ"

အရှေ့တွင် ထိုင်နေသော အတွင်းရေးမှူး တာခန်းက မှိတ်တုတ်မှိတ်တုတ် ပြနေသော ဖန်သားပြင်ကို စိတ်ဝင်စားသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ငါ ဒီခွေးကို မှတ်မိပါတယ်.. ဒီခွေးနဲ့ ပတ်သက်ပြီး အမှတ် ၆၀ အထက်တန်းကျောင်းက ဆရာမ တစ်ယောက်က အထက်လူကြီးတွေကို လျောက်ထားလို့ ငါကိုယ်တိုင် အတည်ပြုပေးလိုက်တာပဲ.. ဒီကိစ္စက အထူး အလေးထားပြီး ဆွေးနွေးစရာ မလိုဘူးလို့ ငါထင်တယ်"

"ဒါပေမယ့် အတွင်းရေးမှူးစွန်း.. ဒါက ခွေးတစ်ကောင်ပဲ ဆိုတာတော့ သိထားသင့်တယ်.. ဒီခွေးက ငါတို့ရဲ့ အဓိကမြှင့်တင်ခြင်းကျောင်းက ကျောင်းသားတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဟုန်က အနည်းငယ် စိတ်မချမ်းသာ ဖြစ်နေပုံရသည်။

"အမှတ် 59 အထက်တန်းကျောင်းနဲ့ အမှတ် 60 အထက်တန်းကျောင်းတွေက ကျန်တဲ့ကျောင်းတွေနဲ့ ယှဥ်ရင် ကျောင်းသား အရေအတွက် အားနည်းချက် ရှိတယ်.. ဒါပေမဲ့ဒီခွေးရဲ့ဝင်ခွင့်က ဒီအားနည်းချက်ကို ဖာထေးပြီးသား ဖြစ်လိမ့်မယ်"

အတွင်းရေးမှူးတာခန်းက ကျောင်းအုပ်ကြီးတွေကို လှည့်ကြည့်လိုက်သည်။

"ဒါ့အပြင် မင်းတို့ မသိသေးတာ ရှိသေးတယ်.. အမှတ် ၆၀ အထက်တန်းကျောင်းမှာ ဒီခွေးက ကုသိုလ်ကောင်းမှု တစ်ခု လုပ်ခဲ့တယ်.. အမှတ်၆၀ အထက်တန်း ကျောင်းကို အရိပ်အဖွဲ့က လူသတ်သမားတွေ ကျူးကျော်ဝင်ရောက်လာတဲ့ အခါမှာ ဒီခွေးက ကျောင်းသားတွေကို အန္တရာယ်ဖြစ်စေတဲ့ လူသတ်သမားကို သူ့ဘာသာသူ သတ်ပစ်လိုက်တယ်"

အတွင်းရေးမှူး တာခန်း၏ စကားကိုကြားလျှင် ကျောင်းအုပ်ကြီးများက ချက်ချင်းပင် ပြောစရာစကား မရှိတော့ပေ။

"ဒီရှင်သန်ခြင်းပြိုင်ပွဲမှာ အနိုင်ရဖို့က တစ်စိတ်တစ်ပိုင်းပဲ အရေးပါတယ်.. ဒါပေမယ့် ငါတို့ရဲ့ လုပ်ရပ်ကနေ တဆင့် ပညာရေးကိုလည်း အာရုံစိုက်ဖို့ လိုပါတယ်.. ဗိုလ်ချုပ်ရီက ဘာကြောင့် ထူးဆန်းတဲ့ မှော်ရတနာတွေ အများကြီးကို တီထွင်ဖန်တီးခဲ့တာလို့ ထင်လဲ"

အတွင်းရေးမှူး တာခန်း သူ့မျက်နှာကို ပဟေဠိဆန်သော အမူအရာဖြင့် ပွတ်သပ်လိုက်သည်။

"လူ နှင့် တိရစ္ဆာန်တွေ ကြားမှာ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို တွန်းအားပေးဖို့ကလည်း အရေးကြီးတယ်လို့ ငါယုံကြည်တယ်"

ကျောင်းအုပ်ကြီးများ "............"

အတွင်းရေးမှူးတာခန်း "ဟုတ်ပါတယ်.. ဗိုလ်ချုပ်ရီကလည်း ဒါကို စဉ်းစားထားပြီးသားပါ.. ဒါကြောင့် ကျောင်းသားတွေနဲ့ တိရိစ္ဆာန်တွေကြား ဆက်ဆံရေးကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်ဖို့ အတွက် မြေပုံပေါ်က တစ်နေရာမှာ အထူးဒီဇိုင်းထုတ်ထားတဲ့ မှော်ရတနာတစ်ခုကို ဝှက်ထားခဲ့တယ်"

လူနှင့်တိရိစ္ဆာန်များကြား သဟဇာတ ယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ပေးနိုင်သည့် မှော်ရတနာတစ်ခု..

တစ်ဖက်တွင်လည်း ကျိုးရီက မေးစေ့ကို ပွတ်သပ်၍ လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

ဤရှင်သန်ခြင်းပြိုင်ပွဲ နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ရီက မှော်ရတနာများစွာကို အမှန်တကယ် ဒီဇိုင်းထုတ်ခဲ့သည်။

ယင်းကို ကျိုးရီက စာရင်းထဲတွင် အများကြီးတွေ့ခဲ့ပြီးပြီ ဖြစ်သည်။

"ဒါက ဘယ်လိုမှော်ရတနာမျိုးလဲ"

ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

မေးခွန်းထုတ်လိုက်သူမှာ တံခါးပိတ်ကျင့်ကြံခြင်းကို ရူးသွပ်သည့် မှီခိုရာ ကျောင်းအုပ်ကြီး ဖြစ်သည်။

ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်သည်။

"ဗိုလ်ချုပ်ရီရဲ့ မှော်ရတနာ ထုတ်လုပ်ရေးမှာ စိတ်အားထက်သန်မှုကို ငါ အမြဲတမ်း လေးစားမိပါတယ်.. အဲဒီတုန်းက ဗိုလ်ချုပ်ရီသာ ကြယ်ခုနစ်ပွင့်ဓားအတွက် အခြေခံအသေးစိတ် ပုံစံကို မဖန်တီးခဲ့ဘူးဆိုရင် အင်မော်တယ်ကျန်းရွမ်က ပြုပြင်မွမ်းမံမှု ပြုလုပ်ဖို့ အခြေခံအဖြစ်တောင် အသုံးပြုနိုင်မှာ မဟုတ်ဘူး...တောင်တွေကို ရွှေ့နိုင်တယ်လို့ စွမ်းအားကြီးတဲ့ ဒဏ္ဍာရီလာ ကြယ်ခုနစ်ပွင့်ဓားကလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး"

"ဒီဒဏ္ဍာရီက ကြားရတာ ဘယ်နှစ်ကြိမ်ပဲရှိရှိ ဗိုလ်ချုပ်ရီက အရမ်းအံ့သြစရာ ကောင်းတယ်လို့ အမြဲခံစားရတယ်..."

ကျောင်းအုပ်ကြီးချမ်းက ကူကယ်ရာမဲ့စွာဖြင့် ချီးကျူးစကားဆိုလိုက်သည်။

ဗိုလ်ချုပ်ရီက တကယ်ကို ထူးခြားသော လူတစ်ယောက်ဖြစ်သည်။

သူက တစ်ချိန်က ဒဏ္ဍာရီလာ မိစ္ဆာအင်ပါယာကွာဖီကို တိုက်ခိုက်ခဲ့ဖူးသော နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

သူက ဟွာရှို့နိုင်ငံရှိ အကြီးမားဆုံး မှော်ရတနာများ ထုတ်လုပ်သည့် စက်ရုံကို ထိန်းချုပ်ထားသော မှော်လက်နက် ကျွမ်းကျင်ပညာရှင်လည်း ဖြစ်သည်။

မှော်ရတနာများ ဖန်တီးရာတွင် ထူးဆန်းသော စိတ်ကူးစိတ်သန်းများ ရှိခဲ့ဖူးသည့် အပြင် သူ၏ အစွမ်းအစ အရ မှော်ရတနာ နယ်ပယ်တွင် သမိုင်းဝင် ပစ္စည်းများ နှင့် ပတ်သက်လာသောအခါ၌ ဒုတိယနေရာတွင် လုံးဝ ရှိမနေသည်မှာ သေချာသည်။

"ကျောင်းအုပ်ကြီးတို့.. ကျေးဇူးပြုပြီး ဆွေးနွေးမှုကို ခဏလောက် ရပ်ပေးကြပါ.. လူသားနဲ့ တိရိစ္ဆာန်တွေကြား သဟဇာတဖြစ်မှုကို မြှင့်တင်ပေးနိုင်တဲ့ မှော်ရတနာနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးရဲ့ ရှင်းပြမှုကို နားထောင်ကြည့်ရအောင်"

ကျောင်းအုပ်ကြီးများက ဗိုလ်ချုပ်ရီ၏ အကြောင်းကို ဆက်လက် မဆွေးနွေးမီ ကျိုးရီက ပြောလိုက်သည်။

တကယ်တမ်းသာ ဗိုလ်ချုပ်ရီ ဖန်တီးထားသည့် လက်နက်အကြောင်း ပြောရလျှင် သုံးရက်သုံးည တိုင်တိုင် ပြောလျှင်ပင် ပြီးဆုံးမည် မဟုတ်ပေ။

အတွင်းရေးမှူး တာခန်းက အားလုံ ငြိမ်သက်သွားသည် အထိ ခဏလောက် စောင့်ပြီးမှ စကားပြောခဲ့သည်။

"ဒီအစွမ်းထက်တဲ့ထီးကို ပင့်ကူမျှင်နဲ့ ပြုလုပ်ထားတယ်.. ဝံပုလွေဖြူရဲ့ ချွန်ထက်တဲ့ သွားတွေ အပြင် မှော်ရတနာကို ထုတ်လုပ်ဖို့ အတွက် ရှုပ်ထွေးတဲ့ ဖော်မြူလာတွေ အများကြီးကို ပေါင်းစပ်ထားတယ်.. ထီးကို ဝိညာဉ်စွမ်းအင် ဖြည့်သွင်းပြီး ဖွင့်ထားသရွေ့ ကောင်းကင်ကနေ ဝိညာဉ် ကြက်ပေါင်း တစ်ထောင်ကို ဆင့်ခေါ်နိုင်တယ်...အဲဒီ ကြက်တွေက မြို့စွန်က ကြက်စက်ရုံကနေ တိုက်ရိုက် တင်သွင်းလာတဲ့ ကြက်ဖြူတွေဖြစ်ပြီး တစ်ကောင်ချင်းစီက ဝဖြိုးပြီး အဆီတွေ မတရားရွှဲတယ်"

"............"

"ဒါက လူနှင့် တိရိစ္ဆာန်များကြား သဟဇာတဖြစ်အောင် မြှင့်တင်ခြင်းလား.. သောက်တလွဲပဲ"

"ဘာကြောင့် ဝဖြိုးပြီး အဆီရွှမ်းတဲ့ ကြက်ဖြူ တစ်ထောင် ဖြစ်ရတာလဲ"

လူသားများနှင့် တိရိစ္ဆာန်များကြား စည်းလုံးညီညွတ်မှုကို ရည်ရွယ်သည့် မှော်လက်နက်ဟု ဆိုပြီး လူသားများက တိရစ္ဆာန်များကို စားသောက်ခြင်းအား တွန်းလှန်နိုင်ခြင်း မရှိသ၍ လူသားများနှင့် တိရိစ္ဆာန်များကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်မည် မဟုတ်ပေ။

ထိုမေးခွန်းကိုကြားပြီးနောက် ကျိုးရီက အော်ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။

သူက ဤမှော်ရတနာနှင့် ပတ်သက်ပြီး နားလည်သွားခဲ့သည်။

ဗိုလ်ချုပ်ရီ၏ ဦးနှောက်ထဲမှ ထွက်လာသည့် စိတ်ကူးက အပျော်သဘောသက်သက်သာ ဖြစ်ကြောင်း ထင်ရှားနေသည် မဟုတ်လော။

မျှော်လင့်ထားသည့်အတိုင်းပင် ယနေ့ခေတ် ခေါင်းဆောင်အကြီးအမှူးများမှာ အေးအေးလူလူ နေထိုင်ခြင်း မရှိခဲ့ကြပေ။

၎င်းတို့အားလုံးက အဘယ်ကြောင့် ယခုလို ထူးဆန်းသည့်အရာများကို စူးစမ်းလေ့လာချင်ကြသလဲ သူ မသိတော့ချေ။

ဗိုလ်ချုပ်ရီက မှော်ရတနာတွေကို ဖန်တီးရတာ ကြိုက်သည်။

အတွင်းရေးမှူးတာခန်းက လမ်းမပေါ်တွင် ဆိုင်ကယ်စီးရသည်ကို ကြိုက်သည်။

အစည်းအဝေး မစခင်တွင် ကျိုးရီ၏ အချိန်အတော်ကြာ တိုက်တွန်းမှုကြောင့်သာ အတွင်းရေးမှူး တာခန်းက ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပစ်လိုက်ခြင်း ဖြစ်၏။

သို့မဟုတ်လျှင် ဆိုင်ကယ်ဦးထုပ်ကို ဆောင်းပြီး အစည်းအဝေး လုပ်နေလောက်သည်။

သူတို့က ဟွာရှို့နိုင်ငံ၏ ကြီးကျယ်ခမ်းနားသော စတင်တည်ထောင်သူ ဗိုလ်ချုပ်ကြီးဆယ်ဦး ဖြစ်ကြသော်လည်း သူတို့တစ်ဦးစီမှာ "ချစ်စရာကောင်းသော" ဝါသနာများ ကိုယ်စီရှိကြသည်။

"ဒါတွေက ဘယ်လိုဝါသနာမျိုးပါလိမ့်"

ကျိုးရီက နာကျင်စွာ ညီးညူလိုက်သည်။

ခေါင်းဆောင်များ၏ ချစ်စရာကောင်းသော ဝါသနာများက သူ့နှလုံးသားကို ကြေကွဲစေခဲ့သည်။

တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးမှာ ဟွာရှို့နိုင်ငံ အတွက် ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း လူတိုင်းသိသည်။

သူတို့ထဲက တော်တော်များများမှာ အချစ်ကိုပင် စတေးခဲ့ကြဖူးသည်။

သူတို့က အသက်အရွယ် ကြီးရင့်လာသော်လည်း ယခုအချိန်ထိ ဆယ်ယောက်စလုံး လက်မထပ်ရသေးပေ။

ကျိုးရီက နောင်တစ်ချိန်တွင် (If You Are The One) ရှိုးတွင် ပါဝင်ရန် ဤခေါင်းဆောင်များကို စည်းရုံးသင့်သည်ဟု ခံစားခဲ့ရသည်။

အမွေဆက်ခံသူ မရှိခြင်းကလည်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်နေနိုင်သည်။

သူတို့တွင် သားသမီးရှိမည် ဆိုလျှင် ဤထူးဆန်းသော ဝါသနာများကို လုပ်ဆောင်ရန် ခွန်အားရှိနေဦးမည်လား မပြောတတ်ပေ။

သို့သော် အတွင်းရေးမှူး တာခန်းက ပြဿနာ၏ အဓိကအကြောင်းအရင်းကို မသိမှန်း ထင်ရှားနေသည်။

"ကြက်ဖြူတစ်ထောင်ကို ချက်ချင်း ဆင့်ခေါ်နိုင်တဲ့ ဒီထီးနာမည်ကို မင်းတို့အားလုံး သိချင်နေကြတယ် မဟုတ်လား"

မှီခိုရာကျောင်းအုပ်ကြီး "ဒါဆို ဒီထီးကို ဘယ်လိုခေါ်လဲ"

"ကြက်တစ်ထောင်ထီး"

အတွင်းရေးမှုး တာခန်းက ပြန်ဖြေလိုက်သည်။

"............"

ကျိုးရီကမူ စကားမပြောနိုင်တော့ဘဲ ဆွံ့အသွားမိသည်။

...................

လမ်းပေါ်တွင် ထွင်ထျန်းဟာက ကူကယ်ရာမဲ့စွာဖြင့် နှာချေနေသည်။

လူနှင့်တိရိစ္ဆာန်များကြား သဟဇာတဖြစ်မှု ဟူသော ခေါင်းစဉ်မှာ အမှန်တကယ်တွင် သူ့အတွက် ပျော်ရွှင်စရာ မဟုတ်ပေ။

အဆုံးသတ်တွင် သူက နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးကြောင်း သူသာသိသည် မဟုတ်လော။

သို့သော် သူက နတ်ဆိုးဘုရင်ဘဝကို ပြည်ဖုံးကာချပြီး ယခုအခါတွင် ဆရာလေး လင်း၏ လမ်းညွှန်မှုအောက်၌ ရှိနေခဲ့ပြီ ဖြစ်သည်။

"နတ်ဆိုးဘုရင် နှလုံးသားကျင့်စဥ်"ကိုပင် ဆရာလေး လင်းက ချို့ယွင်းချက်မရှိ ပြုပြင် ပြောင်းလဲပေးခဲ့သောကြောင့် နတ်ဆိုးချီ အရင်းအမြစ် နေရာတွင် ဝိညာဉ်ချီကို အစားထိုး အသုံးပြု၍ ကျင့်နိုင်ခဲ့သည်။

ထို့ကြောင့် သီအိုရီအရ ပြောရလျှင် ထွင်ထျန်းဟာမှာ ၎င်း၏ ယခင် ဝိသေသလက္ခဏာ ဖြစ်သည့် နတ်ဆိုးဘုရင် အဖြစ်မှ လုံးဝ သွေဖီသွားခဲ့ပြီ ဖြစ်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်ရှိ ကျောင်းသားအချို့ထက်ပင် ၎င်း၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်မှာ အလွန် သန့်စင်နေသည်။

ယင်းမှာ အတွင်းရေးမှူးတာခန်းက ဤရှင်သန်ခြင်း ပြိုင်ပွဲကို ဝင်ခွင့်ပေးခဲ့သည့် အကြောင်းရင်းလည်း ဖြစ်၏။

သူ့ခန္ဓာကိုယ်ထဲတွင်သာ နတ်ဆိုးချီ အရိပ်အမြွက် နည်းနည်းလေးမျှ ရှိနေခဲ့လျှင် အတွင်းရေးမှူး တာခန်းက ပြိုင်ပွဲတွင် ပါဝင်ခွင့်မပြုဘဲ တစ်ချက်ထဲဖြင့် သတ်ပစ်လိမ့်မည်ဟု ထွင်ထျန်းဟာက ယုံကြည်ခဲ့သည်။

ဟုတ်ပါသည်.. ထွင်ထျန်းဟာက နံနက်ခင်းတွင် ကျောင်းသွားပြီး စာရင်းသွင်းလိုက်သည့် အတွက် ရှင်သန်ခြင်း ပြိုင်ပွဲတွင် ပါဝင်နေသည်ကို ဝမ်လင်း တစ်ယောက် လုံးဝ မသိခဲ့ပေ။

အမှတ် 60 အထက်တန်းကျောင်းက ဝမ်မိသားစုဆီကနေ ထွင်ထျန်းဟာကို ခေါ်ဆောင်ရန် ဝမ်မိသားစု အိမ်ငယ်လေးဆီ တစ်စုံတစ်ယောက်ကို အထူး စေလွှတ်ခဲ့သည်။

အမှတ် 60 အထက်တန်းကျောင်းက ပေးပို့လိုက်သည့် အထူးကားထဲတွင် ထိုင်နေချိန်၌ ထွင်ထျန်းဟာက ဆရာလေးလင်း၏ ကံကြမ္မာကို မျှဝေခံစားနိုင်မည်ဟု ယူဆခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခု သူလုပ်ရမည့် အရေးကြီးဆုံး အရာမှာဆရာလေး လင်းကို အရင်ဆုံး ရှာဖွေရန်သာ ဖြစ်၏။

ထွင်ထျန်းဟာက ၎င်း၏ အနံ့ခံအာရုံကို ချဲ့ထွင်လိုက်သည်။

နောက်ဆုံးတွင် ၎င်း၏ အကြည့်များက ကမ္ဘာငယ်လေး၏ သဲကန္တာရဆီသို့ ဦးတည်သွားခဲ့သည်။

All Chapters