ငါ့ဆီက အာရုံစိုက်မှုကို ရယူဖို့ကြိုးစားတာ မင်း အောင်မြင်ခဲ့ပြီ
Vol. 16 Ch. 230
ဗိုလ်ချုပ်ရီ၏အမည်ကို ခန့်မှန်းရန်မှာ ခက်ခဲသည်မဟုတ်ပေ။
ဗိုလ်ချုပ်ရီကသာ သာမန်ကျောင်းသား တစ်ဦးကို တပည့်အဖြစ် လက်ခံမည်ဟု တိုက်ရိုက်ပြောခဲ့လျှင် ရင်တွေခုန်နေမည်မှာ သေချာသည်။
ဝမ်လင်းအနေဖြင့်မူ လုံးဝ သဘောမတူချင်ခဲ့ချေ။
ထို့ကြောင့် လက်ရှိအချိန်တွင် သူလုပ်နိုင်သည့် အကောင်းဆုံးအရာမှာ နှုတ်ဆိတ်နေခြင်းပင် ဖြစ်သည်။
အမှန်တကယ်တွင်သူ၏ ကိုယ်ရေး အချက်အလက်ကို ဖုံးကွယ်ရန် ဆရာရှာဖွေခြင်းမှာ သင့်လျော်သော အကြံအစည်ဖြစ်၏။
သို့ရာတွင် ဗိုလ်ချုပ်ရီမှာ ကျင့်ကြံခြင်းလောက၏ စီနီယာကြီးတစ်ဦးဖြစ်ပြီး ဟွာရှို့နိုင်ငံကို စတင်တည်ထောင်သူ ဆယ်ဦးထဲမှတစ်ဦး ဖြစ်နေသည်။
ဤကဲ့သို့သောသူမျိုး သူ့ဘေးနားတွင် ရှိနေသည်က လူအများ၏အာရုံကို ဖမ်းစားလွန်းမည်မှာ သေချာ၏။
ခြုံပြောရလျှင် ဗိုလ်ချုပ်ရီနှင့် ယခုတစ်ကြိမ် တွေ့ဆုံခြင်းသည် အမှားတစ်ခု ဖြစ်ကြောင်း ဝမ်လင်း ကောက်ချက်ချခဲ့သည်။
ထို့အပြင် ဤစီနီယာကြီး ရှိနေသဖြင့် မိစ္ဆာအင်ပါယာကွာဖီကိုရှာဖွေမည့်သူ၏ အကြံအစည်မှာ လုံး၀ ပျက်ပြားသွားခဲ့၏။
မည်သို့ပင်ဖြစ်စေ သူ၏ စစ်မှန်သည့် ခွန်အားကို ဤစီနီယာရှေ့တွင် ထုတ်ပြ၍ မဖြစ်ပေ။
လောလောဆယ်တွင် ဗိုလ်ချုပ်ရီ၏ နောက်ထပ် ခြေလှမ်းက မည်သည့်ခြေလှမ်း ဖြစ်သည်ကို သူစောင့်ကြည့်ရပေမည်။
သူက စိတ်ထဲကနေ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်မိသည်။
သူ၏ တိတ်ဆိတ်မှုက ဤလူကြီးကို စိတ်ဓာတ်ကျအောင် မခံစားစေခဲ့ပုံရပြီး ပို၍ပင် စိတ်ဝင်စားလာစေသည်။
ဝမ်လင်းကို စိုက်ကြည့်နေသော ဗိုလ်ချုပ်ရီ၏ မျက်လုံးများမှာ အလင်းရောင်များ တောက်ပနေ၏။
"ငါတကယ် လူရွေးမမှားဘူးပဲ.. သာမန်ကျောင်းသား တစ်ယောက်သာ ဆိုရင် ငါတပည့်အဖြစ် လက်ခံမယ်လို့ ပြောလိုက်တာနဲ့ ရင်တွေခုန်နေသင့်တာ မဟုတ်လား"
ဝမ်လင်း "............."
ဗိုလ်ချုပ်ရီ "ကောင်လေး မင်းအရမ်းတော်တယ်.. မင်း ငါ့အာရုံကို ဖမ်းစားဖို့ ကြိုးစားတာ အောင်မြင်သွားပြီ"
"................."
ဝမ်လင်းက ဗိုလ်ချုပ်ရီကို တုံ့ပြန်ရန် ခွန်အားပင် မရှိခဲ့ပေ။
ဗိုလ်ချုပ်ရီက ရှေ့သို့တိုးလာပြီး ဝမ်လင်း၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
"မင်းငါ့အကြောင်းကို အများကြီး သိမယ်လို့တော့ ငါမထင်ဘူး.. ငါတို့ရဲ့ဆက်ဆံရေးကို တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးပြ စိတ်မပူပါနဲ့.. ဒီရှင်သန်ခြင်းပြိုင်ပွဲမှာ မင်းရဲ့ပါဝင်မှုကို မထိန်းထားနိုင်လည်း ကိစ္စမရှိဘူး.. ငါမင်းကို သဘောကျတယ်.. မင်းငါ့နောက်ကို လိုက်ဖို့ဆန္ဒရှိသရွေ့ မင်းအတွက် 'winner winner chicken dinner''ဖြစ်လာမယ်လို့ ငါအာမခံတယ်.. မင်းအနေနဲ့ဆို အချိန်အများကြီးယူရမှာ မဟုတ်ဘူး"
ဝမ်လင်းက နှုတ်ဆိတ်နေရန်ကိုသာ ထပ်မံရွေးချယ်လိုက်သည်။
"............."
[အခုငါ့မှာ တခြားရွေးချယ်စရာတွေ ရှိသေးလို့လား]
ဗိုလ်ချုပ်ရီက သိပ်အရပ်မရှည်ပေ။
သူ့အရပ်က ကျင့်ခယ်လောက်သာ ရှိသည်။
သူ့လက်ကို ဝမ်လင်း၏ ပခုံးပေါ် တင်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးက လေထဲသို့ ပျံတက်သွားခဲ့သည်။
ဝမ်လင်းက မှော်အတတ်များကို အသုံးမပြုဘဲ လေထဲတွင် ပျံနိုင်သည်ကို အံ့အားသင့်သွားသည်။
ဤသည်မှာ စစ်မှန်သော အင်မော်တယ် အဆင့်ဖြစ်သည်။
"ရန်သူဟောင်းကို သွားဖမ်းမယ်.. ဒီတစ်ခါတော့ သူ့ကို ကိုယ်တိုင် လက်ရဖမ်းဆီးရမယ်”
ထိုစကားကိုပြောရင်း ဗိုလ်ချုပ်ရီက တစ်ဖက်ကိုကြည့်ကာ မေးလိုက်သည်။
"သူပုန်းနေတဲ့နေရာကို မင်း ခန့်မှန်းလို့ရလား"
................
ဗိုလ်ချုပ်ရီက မိစ္ဆာအင်ပါယာ ကွာဖီ၏ ရန်သူဟောင်း ဖြစ်သောကြောင့် ကွာဖီ၏ အကြောင်းကို နားလည်သဘောပေါက်ထားသော အရာတွင် ဝမ်လင်း စိတ်ကူးထားသည်ထက် လုံးဝ ကျော်လွန်သွားသည်ဟု ဆိုနိုင်သည်။
"အဲဒီလူရဲ့ ဉာဏ်များတဲ့ အကျင့်စရိုက်ကို ငါသိတယ်.. ကမ္ဘာငယ်လေးရဲ့ မျက်နှာပြင်ပေါ်မှာ သူ့ကို အာရုံခံစားလို့ မရရင် တခြား ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့တယ်..."
ဗိုလ်ချုပ်ရီက သူ့ခြေဖဝါးအောက်မှ မြေပြင်ကို စေ့စေ့ ကြည့်လိုက်သည်။
သုံးမိနစ်လောက် အကြာတွင် သူက လက်ဗလာဖြင့် အနည်းဆုံး လူသုံးယောက်စာ အကျယ်ရှိသည့် အပေါက်တစ်ခုကို တူးလိုက်သည်။
ဗိုလ်ချုပ်ရီ "သူ သေချာပေါက် မြေအောက်မှာ ရှိနေတယ်လို့ ငါ ထင်တယ်.. ပြီးတော့ သူ့ရဲ့ အော်ရာကို ဖုံးကွယ်ဖို့ မှော်ရတနာ အကာအကွယ်ကို အသုံးပြုနေတယ်"
"............"
ဝမ်လင်းက သူ့ခြေရင်းအောက်ရှိ အပေါက်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် အံသြစွာ ကြည့်လိုက်သည်။
"ဒါကို ဘာလို့ လက်ဗလာနဲ့ လုပ်ရတာလဲ"
"ဒီကောင်က အရမ်းသတိကြီးတယ်.. မင်းသာ မြေကြီးတူးဖို့ အစီအရင် စွမ်းအားကို သုံးမိလိုက်ရင် အော်ရာ အတက်အကျ အနည်းငယ်ကတောင် သူ့အာရုံကို ဆွဲဆောင်နိုင်တယ်.. ဒါကြောင့် ဒီအချိန်မှာ အကောင်းဆုံးနည်းလမ်းက လက်ဗလာနဲ့ လုပ်လိုက်တာပဲ"
ထိုစကားကိုပြောရင်း ပေါ့ပေါ့တန်တန် ခုန်ဆင်းလိုက်ပြီး တွင်းအပြင်ဘက်မှ ဝမ်လင်းကို လက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။
"လာလေ.. မင်းမလာရင် ငါ မင်းကို ခေါ်ပြီး ဘယ်လိုပျံသန်းရမှာလဲ"
ဝမ်လင်းက တွင်းနက်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခုန်ဆင်းသွားခဲ့သည်။
အဆုံးသတ်တွင် ၎င်းမှာ အကြီးအကဲ တစ်ဦးထံမှ ဖိတ်ခေါ်မှုဖြစ်ပြီး ငြင်းဆိုရန်မှာ မယဥ်ကျေးသော အပြုအမူ ဖြစ်၏။
ဗိုလ်ချုပ်ရီက အလွန် ကျော်ကြားသူ ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် ဝမ်လင်းက အလွန် စိတ်လှုပ်ရှားနေမိသည်။
ယခု သူ့အတွက် အရေးကြီးဆုံးအရာမှာ ဤအခြေအနေကို ထိန်းထားပြီး အတတ်နိုင်ဆုံး ဂျူနီယာ တစ်ယောက်လို သဘာဝကျကျ ပြုမူနေထိုင်ဖို့ဟု သူခံစားမိသည်။
သူက လက်ရှိအနေအထားကို "အဆုံးစွန်အခြေအနေ"သို့ မရောက်ဘဲ ဖျက်ဆီးပစ်မည် မဟုတ်ပေ။
ထို့ပြင် ဗိုလ်ချုပ်ရီ၏ မှတ်ဉာဏ်ကို အတင်းအကျပ် ဖျက်ပစ်ဖို့ လည်း သူတကယ် မလိုလားချေ။
သူသာ တကယ်လုပ်လျှင် ဤစီနီယာက ကျင့်ကြံခြင်း နယ်ပယ်ကို စွန့်လွှတ်ရမည်မှာ သေချာသည် မဟုတ်လော။
..................
ဗိုလ်ချုပ်ရီနှင့်အတူ ဝမ်လင်းက လိုက်ဆင်းလာခဲ့သည်။
ဝမ်လင်းက ဤစီနီယာကြီး ဘာဆက်လုပ်မည်ကို အလွန်သိချင်နေသည်။
ဗိုလ်ချုပ်ရီက စိတ်ဝိညာဉ်စွမ်းအင်၏ အလင်းအော်ရာကို ထုတ်လွှတ်လိုက်ပြီး ခန္ဓာကိုယ်ကို အကာအကွယ် အင်မော်တယ် အလင်းတန်းများ ဖုံးလွှမ်းကာ အမှောင်ထုကို ကောင်းစွာ တောက်ပစေလိုက်သည်။
သူက ကွာဖီ၏ အော်ရာကို ဂရုတစိုက် အာရုံခံစားကြည့်ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။
"ငါမျှော်လင့်ထားသလိုပဲ.. ဒီကောင်က မြေအောက်မှာ ရှိနေတယ်.. ဒါ့ပြင် သူက အခု ဒီမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေရဲ့ အသက်ဓာတ်ကို စုပ်ယူပြီး သူ့ကိုယ်သူ ပြန်လည်နိုးထလာဖို့ အတွက် အရိုးစုကနေ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတယ်"
ဝမ်လင်း အနည်းငယ် အံ့သြသွားသည်။
ဤအရာက ကွာဖီ၏ သီးသန့်အစီအစဉ် ဖြစ်သော်လည်း ဗိုလ်ချုပ်ရီက ဤအကြောင်းကို အမှန်တကယ် သိနေခဲ့ပါသလော။
"ဒါကို ငါဘာလို့ သိနေတာလဲ သိချင်နေတာလား"
ဗိုလ်ချုပ်ရီက ရယ်လိုက်သည်။
"အဲဒီတုန်းက သူ့ကို ဖမ်းဆီးဖို့ နိုင်ငံတော်ရဲ့ အစွမ်းထက်ဆုံး အားထုတ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပေမဲ့ ဒီမိစ္ဆာက ကျောက်သရဲမျက်နှာဖုံးမှာ သူ့ကိုယ်သူ ချိတ်ပိတ်ခဲ့တယ်.. ထူးဆန်းတဲ့ အချက်တချို့ကြောင့် လွတ်မြောက်ဖို့အတွက် မျက်နှာဖုံးကို အသုံးပြုနိုင်ခဲ့တယ်"
"ဒါပေမယ့် ငါသူ့ကို ဓားလက်ဝါးနဲ့ နောက်ဆုံး တိုက်ခိုက်လိုက်တဲ့ အချိန်မှာ သူ့စိတ်ဝိညာဉ်ထဲကို ထောက်လှမ်းရေး ချစ်ပ်ပြားတစ်ချပ် စိုက်ထားလိုက်တယ်.. အဲဒီကနေ သူ့ရဲ့ လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာကြာအောင် စူးစမ်းနေခဲ့တယ်... “
ဝမ်လင်း"............."
"ဒါပေမယ့် ကံမကောင်းစွာပဲ ဒီမိစ္ဆာက အစားအစာ ပို့ဆောင်သူ အယောက်နှစ်ဆယ်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့အတွက် သူ့ကို ဖမ်းဆီးဖို့ အဆိုပြုထားတဲ့ အစီအစဉ်ကို အရှေ့ တိုးလိုက်ပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာပဲ"
၎င်းက ဆက်လက်၍ ပြောလိုက်သည်။
"ဒီမိစ္ဆာကောင် ပြင်ဆင်နေတဲ့ အသက်ဓာတ် စုပ်ယူနိုင်တဲ့ အစီအရင်က ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူး"
"အသက်ဓာတ်ကို စုပ်ယူပြီး ခန္ဓာကိုယ် ပြန်လည်တည်ဆောက်မဲ့ အစီအရင်ရဲ့ အဓိက သော့ချက်က အရိုးစုပဲ.. တကယ်တော့ အဲဒီ ရှေးခေတ် အနန္တတန်ခိုးရှင်ရဲ့ အရိုးစုက အတုကြီးပါ"
ဝမ်လင်း"............."
ဗိုလ်ချုပ်ရီ "ငါတို့တွေ ဟွာရှို့နိုင်ငံကို စတင် တည်ထောင်ခဲ့တုန်းက အရည်အသွေး ပြည့်မီတဲ့ ပစ္စည်းအတုတွေကို အဓိက ထုတ်လုပ်ခဲ့တယ်"
ဝမ်လင်း "............."
"ဆိုရရင် အဲဒီအဘိုးကြီး ရှာတွေ့ခဲ့တဲ့ အရိုးစုက တကယ်တော့ သူ့အတွက် အထူးပြင်ဆင်ထားတဲ့ အရည်အသွေး မဆိုးတဲ့ အရိုးစု အတုပါပဲ... အဲဒီတုန်းက အသုံးပြုဖို့ ထုတ်ယူလိုက်တဲ့အခါ ငါအတော်လေး ဝေဖန်ခံရလုနီးပါး ဖြစ်ခဲ့ရတယ်"
ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
"ဟွာရှို့ အမျိုးသားနန်းတော်မှာ ရှိတဲ့ ကျောက်ခေါင်းတလားတွေကို မင်းသိတယ် မဟုတ်လား.. နှစ်စဉ်နှစ်တိုင်းမှာ စာသင်ကျောင်းတွေက အထက်တန်း ကျောင်းသားတွေကို သွားရောက်လေ့လာဖို့ စီစဉ်ပေးလေ့ရှိတယ်... တကယ်တော့အဲဒါတွေက အရည်အသွေးမဆိုးတဲ့ အတုတွေပါပဲ"
"ကျောက်ခေါင်းတလားတွေတောင် အတုတဲ့လား"
ဝမ်လင်း "............"
ထိုသလင်းကျောက် ခေါင်းတလားရှိ အရိုးစုမှာ ဟွာရှို့နိုင်ငံကို တည်ထောင်သူမှ ပိုင်ဆိုင်သည်။
ဗိုလ်ချုပ်ရီ "မင်းရဲ့အမူအရာကို ကြည့်ရတာ မင်း ခန့်မှန်းပြီးသားဖြစ်မယ်လို့ ငါထင်တယ်.. မှန်တယ်... အဲဒီလူကြီး အခုသုံးနေတာ ကျောက်ခေါင်းတလား အတုထဲက အရိုးစုအတုပဲ"
ဝမ်လင်း လုံးဝ အံ့အားသင့်သွားသည်။
"............."