← Chapters

စုန့်ချိုက် စိတ်ဓာတ်ကျခြင်း

Vol. 16 Ch. 237

စုန့်ချိုက် စိတ်ဓာတ်ကျခြင်း

Vol. 16 Ch. 237

ကျောင်းတိုင်း သို့မဟုတ် အတန်းတိုင်းတွင် သတင်းအချက်အလက်နှင့် အတင်းအဖျင်းများကို ဒိုင်ခံပြောတတ်သူတစ်ယောက် အမြဲရှိသည်။

အမှတ် 60 အထက်တန်းကျောင်း၏ ကော်ဟောက်က ၎င်းတို့ထဲမှ တစ်ဦးဖြစ်ပြီး အမှတ် 59 အထက်တန်းကျောင်း၏ စုန့်ချိုက်က နောက်ထပ် တစ်ယောက် ဖြစ်၏။

စုန့်ချိုက်က နက္ခတ်ဗေဒင်ပညာကို အားကိုးပြီး ငွေအမြောက်အမြား ရှာနိုင်ခဲ့သလို ကျောင်းတွင် သူငယ်ချင်းများစွာလည်း ရှိခဲ့သည်။

သူက ဗေဒင်ဟောကိန်း တစ်ခုစီအတွက် ယွမ်တစ်ထောင် ကောက်ခံလေ့ ရှိ၏။

ထိုက်ချီချူကန်ကျီ မျိုးနွယ်စု၏ ဆယ်သုံးဆက်မြောက် မျိုးဆက် အမွေဆက်ခံသူ အနေဖြင့် သူ၏ နက္ခတ်ဗေဒင် ဟောကိန်းများကို အမြဲ ယုံကြည်ခဲ့သည်။

သို့ရာတွင် သူ၏ ဗေဒင်ဟောချက်များ၏ တိကျမှုကို မကြာသေးခင်ကစပြီး သံသယ ဝင်လာခဲ့သည်။

ကျောင်းထဲတွင် စုန့်ချိုက်၏ ဗေဒင် ဖောက်သည် များစွာ ရှိသည့်အပြင် အွန်လိုင်း၌လည်း ဗေဒင်မေးလေ့ ရှိသည့် ဖောက်သည်များ ရှိသည်။

သူ၏ အွန်လိုင်းမှ ဖောက်သည်တစ်ယောက်က မဝေးတော့သည့် အနာဂတ်မှ ကံကြမ္မာကို အနိုင်ရရန် အတွက် တောင်းဆိုခဲ့သည်ကို သတိရမိသည်။

သူက ဗေဒင်မေးသူ၏ ရာသီခွင် လက္ခဏာနှင့် မွေးသက္ကရာဇ် အတိအကျကို ရရှိပြီးနောက် တွေးတောဆင်ခြင်ကာ ဆုတောင်းနေချိန်တွင် ခရစ္စတယ် ဖန်လုံးက နောက်ဆုံး သတ်မှတ်ချက် အဟောကို ထုတ်ပေးလေ့ ရှိသည်။

ထိုနေ့က သူ တစ်ခါမှ မမြင်ဖူးသော အရာတစ်ခု ပေါ်လာသည်ကို စုန့်ချိုက်က သတိရမိလိုက်သည်။

ခရစ္စတယ်ဖန်လုံးက ခါတိုင်းလိုမပြဘဲ စာလုံးသုံးလုံးသာ ပြခဲ့၏။

GCM

ဗေဒင်ဟောသည့် ရလဒ်အရ ဤလျှို့ဝှက်ဆန်းကြယ် အင်္ဂလိပ်အက္ခရာ သုံးလုံးကိုသာ ဖော်ပြခဲ့သည်။

စုန့်ချက် ရူးသွပ်မလိုပင် ဖြစ်သွားခဲ့ရသည်။

ထိုအရာက ဘာကိုဆိုလိုသလဲ ဆိုသည်ကို မည်သူက သူ့ကို ပြောပြနိုင်မည်နည်း။

.............

ထို့ကြောင့် ဟဲပီဖုန်းက နက္ခတ်ဗေဒင်ပညာကို ပြောပြပြီး အခြားသူများနှင့် စုန့်ချိုက်ကို မိတ်ဆက်ပေးသောအခါ သူ၏ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။

"အတန်းဖော် စုန့်ချိုက်.. မင်းရဲ့ ခန့်မှန်းချက်တွေက အမြဲတမ်း မှန်ကန်တယ် ဆိုတော့ နတ်ဘုရားဒဏ်ခတ်ခြင်းစက်ဝန်း ဘယ်နေရာမှာ ပေါ်လာမလဲဆိုတာကို မင်း တွက်ချက် ပေးနိုင်မလား"

ဟဲပီဖုန်းက မေးလိုက်သည်။

ရွှေရောင်မျက်မှန် တပ်ထားသည့် ဆယ်ကျော်သက်က ဒူးနှစ်ဖက်ကို ထောင်ကာ လက်ဖြင့် ဖက်ထားပြီး ထောင့်တစ်နေရာတွင် ငုတ်တုပ်လေး ထိုင်နေ၏။

သူ့မျက်နှာက ငိုချင်နေပုံရသော်လည်း မျက်ရည်တော့ မကျခဲ့ပေ။

"စီနီယာ.. ငါ့ရဲ့ ဗေဒင်က အလုပ်မဖြစ်လောက်ဘူး ထင်တယ်."

"မကြိုးစားရင် ဘယ်လိုသိမှာလဲ"

ဟဲပီဖုန်းက စုန့်ချိုက်၏ ပုခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ အားပေးလိုက်သည်။

စုန့်ချိုက်က ခေါင်းကို မော့လိုက်သည်။

သူ့မျက်လုံးများက မျက်ရည်စများ ကြား၌ တလက်လက်တောက်ပနေ၏။

လူတစ်ယောက်၏ ဘဝတွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့လာသည့် အချိန်မျိုးတွင် အရေးကြီးဆုံးအရာမှာ တခြားသူများ၏ အားပေးမှု ဖြစ်သည်။

ဟဲပီဖုန်း၏ အားပေးမှုက အမှန်တကယ် အရေးပါကြောင်း စုန့်ချိုက်က သက်သေပြနိုင်ခဲ့သည်။

စုန့်ချိုက်က အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ကျောင်းသားများ၏ မျက်နှာပေါ်ရှိ သူ့အပေါ် မျှော်လင့်ချက် ထားရှိသော အမူအရာများကို အကဲခတ် ကြည့်လိုက်သည်။

အဆုံးတွင် သူက တိတ်တဆိတ် မတ်တပ်ထရပ်ကာ လူအုပ်အား ကြည့်၍ ပြောလိုကိသည်။

"ဒါဆို အနီးအနားမှာ ခဲလုံးတစ်လုံး ရှိမရှိ ကူရှာပေးပါဦး.. မှန်ထည်တွေဆိုလည်း အလုပ်ဖြစ်နိုင်ပါတယ်"

နက္ခတ်ဗေဒင်ပညာတွင် အရင်းအမြစ် အဖြစ် အများဆုံးသုံးစွဲသည့်အရာမှာ သလင်းကျောက် ဖြစ်သည်။

အကြောင်းမှာ ဗေဒင်ဟောကိန်း တစ်ခုစီတိုင်းတွင် သလင်းကျောက်တစ်လုံး၌ အက်ရာတစ်ခုစီ ပေါ်လာလေ့ရှိသည်။

အက်ကွဲနေသော သလင်းကျောက် တစ်လုံးက ဗေဒင်ဟောကိန်းကို အကျိုးသက်ရောက်မှု ကြီးကြီးမားမား ထိခိုက်စေနိုင်သောကြောင့် အများဆုံး လေးကြိမ်သာ အသုံးပြုနိုင်၏။

"ဒါဆို မှန်ထည်တွေကို အစားထိုး သုံးလို့ရတယ်ပေါ့"

တစ်စုံတစ်ယောက်က မေးလိုက်သည်။

"ဟုတ်တယ်"

စုန့်ချိုက်က ခေါင်းညိတ်လိုက်သည်။

သို့သော် ပုံမှန် ခရစ္စတယ်ဖန်လုံး နှင့် မတူသည့် အခြားဖန်ထည်များကို အသုံးပြုလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်။

ဗေဒင်ဟောကိန်း၏ တိကျမှုကလည်း ပုံမှန် ခရစ္စတယ် ဖန်လုံးထက် တစ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ရာခိုင်နှုန်းခန့် နိမ့်ကျသည်။

ယေဘုယျအားဖြင့် ဆိုလျှင် ၎င်းက ကွာဟချက် ကြီးကြီးမားမား မဟုတ်ပေ။

"အိုး..ဒီလိုကိုး"

သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားများက ဉာဏ်အလင်းပွင့်ကြသည်။

သတင်းကောင်းမှာ ၎င်းတို့၏ အခြေစိုက်စခန်းက ကြီးမားသော စူပါမားကတ် တစ်ခုတွင် ဖြစ်နေသောကြောင့် ရွေးချယ်ရန် ဖန်ထည်ပစ္စည်း အများအပြား ရှိနေသည်။

နောက်ဆုံးတွင် စုန့်ချိုက်က မြေပဲလေး ရှာဖွေခဲ့သော လျှပ်စစ်မီးသီးကို ကောက်ယူလိုက်သည်။

"ဒါကိုပဲ ငါသုံးလိုက်မယ်"

"နောက်ထပ် ဘာလိုအပ်သေးလဲ"

ဟဲပီဖုန်းက မေးလိုက်သည်။

စုန့်ချိုက်က ၎င်းတို့ကို ဝေ့ကြည့်၍ ပြောလိုက်သည်။

"ဗေဒင်တွက်ဖို့ ဒီမီးသီးကို ငါကိုင်ထားမယ်.. မင်းတို့က ငါ့ပတ်ပတ်လည်မှာ လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံ ဝိုင်းထားဖို့ လိုအပ်တယ်.. ဒါက ဟောကိန်းရဲ့ တိကျမှုကို တိုးတက်စေလိမ့်မယ်"

လူတိုင်းနီးပါးက လိင်တူချင်း လက်တွဲရန် သတ္တိမရှိကြသော်လည်း အောင်ပွဲအတွက်မို့ စုန့်ချိုက် ညွှန်ကြားထားသည့်အတိုင်း လုပ်ခဲ့ကြသည်။

လက်ချင်းချိတ်ကာ အတူတကွ ဆုတောင်းခြင်းသည် နက္ခတ်ဗေဒင်ပညာ၏ တိကျမှုကို တိုးတက်စေမည့် အခြေခံ အကျဆုံး နည်းလမ်း ဖြစ်သည်။

ဆုတောင်းမှု ပြီးဆုံးပြီးနောက် စုန့်ချိုက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူက မီးသီးကို လက်ထဲမှာ ကိုင်ထားရင်း စက်ဝိုင်းအလယ်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

အသက် ခပ်ပြင်းပြင်းရှူပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပြီး မီးလုံးထဲသို့ ထည့်ပေးလိုက်ရာ မီးသီးက ထွန်းတောက်လာခဲ့သည်။

"ခွမ်း"

ခဏအကြာတွင် မီးသီးက စုန့်ချိုက်၏ လက်ထဲ၌ တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။

သူ့ကို ဝိုင်းရံထားသည့် ကျောင်းသားများက လန့်သွားသည်။

"ပျက်သွားတာလား"

"မဟုတ်ဘူး.. အဆင်ပြေပါတယ်..."

စုန့်ချိုက်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ အပေါ်ကို မော့ကြည့်လိုက်သည်။

"ဆယ်စက္ကန့်ကြာရင် ဗေဒင်ဟောကိန်းကို လေထဲမှာ ဖော်ပြလိမ့်မယ်"

ကျောင်းသားအားလုံးက စိတ်လှုပ်ရှားသော မျက်ဝန်းများဖြင့် လေထဲကို စိုက်ကြည့်ခဲ့ကြသည်။

ဆယ်စက္ကန့် အကြာတွင်မူ နက္ခတ်ဗေဒင် ဟောကိန်းက လေထဲ၌ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

စုန့်ချိုက် မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် အင်္ဂလိပ်စာလုံးကြီးသုံးလုံးကို တွေ့လိုက်ရပြန်သည်။

စုန့်ချက် "............"

"မေမေရေ.. သားတော့ ဗေဒင်ဟောစားလို့ မရတော့ဘူး"

"GCMလား.. အဲဒါက ဘာကိုဆိုလိုတာလဲ"

စူပါမားကတ်မှ လူတိုင်းက စာလုံးသုံးလုံးကို ကြည့်ပြီး အတွေးနက်နေကြသည်။

"အလင်းကြောင့် ဓာတုဗေဒတုံ့ပြန်မှု အရှိန်အဟုန်လား.. အလယ်အလတ်ကံကြမ္မာကို ပြောတာလား.. စက်မှု ဂိတ်တံခါးလား"

ဟဲပီဖုန်းက သူ့ထင်ကြေး အနည်းငယ်ကို ဆက်တိုက် ပြောဆိုပြီးနောက် မျက်လုံးများ တောက်ပလာသည်။

"ဒါက... အထွတ်အထိပ် ကံကြမ္မာကို ပြောချင်တာများ ဖြစ်နေမလား"

လူတိုင်း "............."

...................

ဗိုလ်ချုပ်ရီက ကမ္ဘာငယ်လေး၏ အရင်းအမြစ်ကို သူနဲ့အတူထားခဲ့မည်ဟု ဝမ်လင်း ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

ဤအရာက အဖိုးတန် လက်ဆောင်တစ်ခု ဖြစ်၏။

ဗိုလ်ချုပ်ရီက သူ့ကို တမင်တကာ ချန်ထားပေးခဲ့သည်။

ဆိုရလျှင် မှော်ကျောက်တုံးကို အားကိုးပြီး ပြိုင်ပွဲ၌အနိုင်ရရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လက်ထဲတွင် မှော်ကျောက်တုံးကို ကိုင်ထားလျှင် ကမ္ဘာငယ်လေး၏ စွမ်းအား အရင်းအမြစ်ကိုပါ စုပ်ယူနိုင်၏။

ဝမ်လင်းက မှော်ကျောက်တုံးကြောင့် ခေါင်းကိုက်နေခဲ့သည်။

သူက အာရုံစူးစိုက်မှု၏ ဗဟိုချက် မဖြစ်ချင်ပေ။

သူသာ ဤပြိုင်ပွဲကို အနိုင်ရခဲ့မည် ဆိုလျှင် အားလုံးက သူ့ကို သေချာပေါက် အာရုံစိုက်ကြတော့မည် ဖြစ်သည်။

"စီနီယာလင်းက မှော်ကျောက်တုံးကြောင့် သောကရောက်နေတာလား"

အင်မော်တယ်ထုန်ရာက မှော်ကျောက်တုံးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ဝမ်လင်းက သူ့လက်ထဲရှိ မှော်ကျောက်တုံးကို ဖိလိုက်ပြီးနောက် သူ့လက်ထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။

အင်မော်တယ်ထုန်ရာက မှော်ကျောက်တုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ရှေးခေတ် လဲလှယ်ရေး အစီအရင်သည် ဝမ်လင်း သင်ယူခဲ့သည့် မဟာတာအို သုံးထောင်ထဲမှ တစ်ခုဖြစ်သည့် ပစ္စည်းချင်းဖလှယ်သည့် စွမ်းရည်ကို ပြန်ပြောင်း အမှတ်ရစေသည်။

သူက ပစ္စည်းလဲလှယ်ရန် အမှန်တကယ် စိတ်အားထက်သန်နေခဲ့၏။

၎င်းက ရှေးခေတ် လဲလှယ်မှု အစီအရင်နှင့် အလွန်ဆင်တူပြီး အကန့်အသတ် အကွာအဝေး အတွင်းရှိ အလိုရှိသော အရာတစ်ခုကို လဲလှယ်နိုင်သည်။

.................

စူပါမားကတ်ကြီးထဲတွင် ကော်ဟောက်က ထုံးစံအတိုင်း ဗိုက်ကို နှိပ်၍ အိမ်သာတက်နေသည်။

အိမ်သာကို ရောက်မှ အိမ်သာသုံးစက္ကူ မရှိသည်ကို သူ သိလိုက်ရသည်။

သူ့သိုလှောင်အိတ်ထဲတွင်လည်း ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်မှ လွဲ၍ တခြားပစ္စည်း မရှိသည်ကို သိလိုက်ရသောအခါ ကြေကွဲသွားခဲ့သည်။

သို့သော် ကော်ဟောက်က ကော်ဟောက်သာလျှင် ဖြစ်သည်။

သူက သရေစာ လက်ဆောင်ထုပ် အဖြစ် ခေါက်ဆွဲအကြွပ်ကြော်ထဲတွင် စုဆောင်းမှု ကတ်တစ်ခု ပါရှိသည်ကို သတိရမိလိုက်သည်။

သူက အိမ်သာသုံး စက္ကူနေရာတွင် ဤကတ်ကို သုံးနိုင်သည် မဟုတ်ပါလား။

ထိုကဲ့သို့ တွေးပြီး ခေါက်ဆွဲခြောက်ထုပ်ကို စိတ်လှုပ်ရှားစွာဖြင့် အမြန်ထုတ်လိုက်၏။

သို့သော် သူထုတ်ယူလိုက်သည့် အခိုက်မှာပင် ကြွပ်ကြွပ်ရွရွခေါက်ဆွဲခြောက်ထုပ်က သူ့လက်ထဲတွင် ဝိညာဉ်အလင်းရောင်များ လင်းလက်သွားခဲ့ပြီး ပင်လယ်ခရုခွံနှင့်တူသော ကျောက်တုံး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters