← Chapters

အခန်း (၂၅၇)

Vol. 23 Ch. 257

အခန်း (၂၅၇)

Vol. 23 Ch. 257

လုချောင်းချောင်းကို တစ္ဆေမျိုးနွယ်များမှ ခေါ်သွားပြီးသည့်နောက်တွင် လီဟမ်ရှန်းက တစ္ဆေမျိုးနွယ်များက လုချောင်းချောင်းထံမှ မည်သည့်အရာကို လိုချင်သောကြောင့် ခေါ်သွားခဲ့ခြင်းကို တွေးမရခဲ့ပါချေ။

ထို့ကြောင့် လီဟမ်ရှန်းက အကြောင်းအရာအတိအကျကို သိလိုခဲ့ပါသည်။

လုချောင်းချောင်းက ရွှဲ့ယီဟုတ်မဟုတ်ကို သူက ကျိုးကျွင်းနှင့် လောရှောင်ချွမ်တို့၏ ပြောစကားကို မယုံကြည်လိုပဲ၊ သူ၏ အမြင်နှင့်သာ သေချာဆုံးဖြတ်မည်ဟုတွေးထားခဲ့ပါသည်။

“ဘာလို့လဲဆိုတော့” ရှမူဟိုင်က သက်ပြင်းတချက်ကို ချလိုက်ပါသည်။

“ချီရှန်းအမိန့်ပြားကြောင့်ပဲ”

“လုချောင်းချောင်းက ချီရှန်းအမိန့်အပြားကို မတော်တဆနှိုးထခဲ့လိုက်မိလို့ တစ္ဆေမျိုးနွယ်တွေက သူမကို လာခေါ်သွားကြတာပဲ”

ရှမူဟိုင်က လီဟမ်ရှန်းကို ချီရှန်းအမိန့်ပြားနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းပြလိုက်ပါသည်။

လီဟမ်ရှန်းမှာ ထိုအကြောင်းအရာကို ကြားသိပြီးသော် ထိတ်လန့်သွားခဲ့ပါ၏။

“ချီရှန်းအမိန့်ပြားဆိုတာက ဟို သံပြားပိစိလေးကို ပြောတာလား။ အဲ့ဒါဆိုရင်အဲ့ဒီ့သံပြားအသေးလေးက ကျွန်တော့်အဖေဆီကို ရောက်နေရတာလဲ”

လီဟမ်ရှန်းက မယုံသင်္ကာစွာ မေးလိုက်ပါသည်။

“ဆရာပြောတော့ အဲ့ဒီ့အချိန်တုန်းက ယန်ဒေါင်ချန်ကို ဆရာက အနောက်ကလိုက်ဖမ်းနေခဲ့တာဆို၊ ယန်ဒေါင်ချန်မှာ ချီရှန်းအမိန့်ပြားရှိနေတာကနေ ဘယ်လိုဖြစ်ပြီး ကျွန်တော့်အဖေရဲ့ လက်ထဲကို ရောက်သွားခဲ့ရတာလဲ”

လီဟမ်ရှန်း၏ မေးခွန်းကြောင့် ရှမူဟိုင်က ဇာတ်လမ်းကို အလျင်အမြန်ပင် ပြန်ပြောပြလိုက်ရသည်။

“ယန်ဒေါင်ချန်က ငါ့လက်ချက်နဲ့ သေမင်းတံခါးဝကို ရောက်နေခဲ့တာ။ ချန်ထင်မြို့ကို သူထွက်ပြေးတဲ့အချိန်တုန်းက သူက သေခါနီးနေပြီ။ ယန်ဒေါင်ချန်ရဲ့အလောင်းကို ရှာတွေ့တုန်းက ချန်ချင်းပန်းချီဆိုင်မှာပဲ။ ဒါပေမယ့် သူ့ကိုယ်ပေါ်မှာတော့ ချီရှန်းအမိန့်ပြားကိုတော့ ရှာမတွေ့ခဲ့ဘူး။

ငါထင်တာကတော့ မင်းအဖေက ယန်ဒေါင်ချန်ရဲ့ ကိုယ်ပေါ်က ချီရှန်းအမိန့်ပြားကော၊ ငွေလက်မှတ်တွေကော အကုန်လုံးကို ယူပစ်လိုက်တာပဲ ဖြစ်ရမယ်”

“ဒီလိုလား”

ထိုရှင်းပြချက်မှာ အနည်းငယ်အဓိပ္ပာယ်ရှိသည်ဟု လီဟမ်ရှန်းက တွေးနေခဲ့မိသည်။

သို့သော် တစုံတခုကတော့ မူမမှန်နေခဲ့ပေ။

ကျိုးကျွင်း၏ အဆိုအရတော့ ယန်ဒေါင်ချန်မှာ နဂိုကတည်းက စီစဉ်ထားသည့် ကျားစေ့တစေ့သာဖြစ်သည်။ ထိုအဖြစ်အပျက်ကြီးတခုလုံးမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ပြင်ဆင်ထားသည့် အကွက်ချထားမှုကြီးတခုသာ ဖြစ်၏။

ပို၍ဖြစ်နိုင်ခြေရှိသည်မှာ ချီရှန်းအမိန့်ပြားကို ရထားခဲ့သည့် ယန်ဒေါင်ချန်မှာ ယင်တန်မျှော်စင်သို့ မပြန်နိုင်ပဲ အသတ်ခံရမည်ဟု ကြိုစီစဉ်ထားသည့်ပုံပင်။ သူက အသက်ရှင်ရက်ပြန်လာနိုင်မည်ဆိုရင်တောင် ယင်တန်မျှော်စင်၌လည်း ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လွှတ်ထားသည့် သူလျိုရှီဦးမည့်ပုံပင်၊ ထိုသူလျိုက ပြန်လာမည့် ယန်ဒေါင်ချန်ကို ရှင်းပစ်နိုင်ပေသေးသည်။

ထိုသူလျိုက ချီရှန်းအမိန့်ပြားကို လုချောင်းချောင်းထံသို့ လျို့ဝှက်ပြီး ပို့နိုင်ပေသေးသည်။ သူမက ထိုအချိန်တွင် အမိန့်ပြားကို နှိုးထပြီး တစ္ဆေမျိုးနွယ်များကို အုံကြွလာကာ ရှာဖွေအောင် လုပ်နိုင်ပေသေးသည်။

ရည်ရွယ်ချက်မှာ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ အင်အားစုများကို မျှားခေါ်ရန်အတွက်ဖြစ်ပါသည်။

အဓိပ္ပာယ်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကို ပြစ်မှတ်ထားနေသည့်သဘောပင် ဖြစ်သည်။

သူတို့က ထာဝရရှင်သန်ခြင်းဂိုဏ်းမှ သူလျိုလုချောင်းချောင်းကို သူတော်စင်မအဖြစ် ခေါ်ယူမိမည်ဟု ထင်ထားကြလိမ့်မည် မဟုတ်ပါချေ။

ဒါပေမယ့် အဓိပ္ပာယ်မရှိတာ ရှိနေသေးပေသည်။ လုချောင်းချောင်းက လုမိသားစုမှ သာမန်မိန်းကလေးတစ်ယောက်သာဖြစ်ပါသည်။ သူမ၏ ကျင့်ကြံမှုမှာလည်း အလွန်တရာမှကို နိမ့်ပါးလွန်းလှပါ၏။ သူမက ဘယ်လိုဖြစ်ပြီးတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ အဆက်အသွယ်ရသွားခဲ့ရတာလဲ။

ဘာလို့ထာဝရရှင်သန်ခြင်းဂိုဏ်းက လုချောင်းချောင်းလို သာမန်မိန်းကလေးကို ဂိုဏ်းဝင်အဖြစ်နဲ့ လက်ခံခဲ့ရတာလဲ။ လုချောင်းချောင်းကကော ထာဝရရှင်သန်ခြင်းဂိုဏ်းကို ဝင်ရောက်ရတဲ့ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။

ထိုအရာများအားလုံးမှာ လီဟမ်ရှန်းအတွက် အဖြေမရှိသောမေးခွန်းများသာ ဖြစ်ပါသည်။ လီဟမ်ရှန်းအဖို့တော့ လက်ရှိအခြေအနေမှာ ထွက်ရခက်သည့် ဝင်္ကဘာထဲသို့ ရောက်နေသည့်အလားပင်။

ယခုအချိန်တွင် လုချောင်းချောင်းက သူ့အရှေ့တွင် ပေါ်လာပြီး သူနားမလည်သည့်ကိစ္စရပ်များကို ရှင်းပြပေးရန်အတွက် မျှော်လင့်နေခဲ့ပါသည်။

သူမက ရွှဲ့ယီမဟုတ်ကြောင်းကို ရှင်းပြပေးစေချင်ခဲ့သည်။

သူမက သူချစ်ရသော ဂျူနီယာညီမလေးလု ဖြစ်နေသေးကြောင်းကို ပြောပြစေလိုခဲ့သည်။

သူမက သူ့အပေါ်ချစ်တဲ့အချစ်တွေကကော ကြိုတင်အကွက်ချကြံစည်မှုလား?

ဖြစ်နိုင်တာက သူမက သူ့အပေါ်ကို ဘယ်တုန်းကမှ မချစ်ခဲ့တာများလား

All Chapters