← Chapters

ဝမ်မိသားစုအိမ်လေးတွင် ဆရာကြီး များ ပြည့်နှက်နေသည်

Vol. 17 Ch. 241

ဝမ်မိသားစုအိမ်လေးတွင် ဆရာကြီး များ ပြည့်နှက်နေသည်

Vol. 17 Ch. 241

ဤအခိုက်အတန့်တွင် အင်မော်တယ်စံအိမ်၏ ကိုယ်ပိုင်ဌာနခွဲမှလူက ဤတိုက်ပွဲမှာ အဓိပ္ပါယ်မဲ့တိုက်ပွဲ ဖြစ်သည်ဟု ခံစားခဲ့ရသည်။

အစကတည်းကပင် သူ့အတွက် အနိုင်ရရန် အခွင့်အရေး အနည်းငယ်မျှ မရှိခဲ့ပေ။

"မင်းက အင်မော်တယ် စံအိမ်ကလား"

ထိုအချိန်တွင် ဘေးမှ ကြမ်းတမ်းသောအသံဖြင့် မေးသော မေးခွန်းတစ်ခုကို သူကြားလိုက်ရပြီး ကြီးမားသော အရိပ်နှစ်ခုက သူ့အပေါ် ပြင်းထန်စွာ ဖိနှိပ်လိုသော ခံစားချက်ဖြင့် ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ရှေ့၌ သူ့ထက် လူကောင် ပိုကြီးပြီး

ကျင့်ဟွာ ဝက်ပေါင်ခြောက် ကဲ့သို့ သန်မာသော ကြွက်သားကိုပိုင်ဆိုင်ထားသည့် အမျိုးသားနှစ်ယောက်ကို တွေ့လိုက်ရ၏။

[ဒီကမ္ဘာမြေကြီးပေါ် သူတို့ဘယ်ကနေ ရောက်လာတာလဲ]

[မဟုတ်သေးဘူး]

[တတိယလူရှိသေးတယ်ဟ]

ထန်လေးက မော့ကြည့်လိုက်ရာ လန့်ဖျပ်သွားသည်။

ထိုလူထွားကြီးနှစ်ယောက်အပြင် ပန်းရောင်အသားလုံးပုံသဏ္ဍာန် ဆံပင်ညှပ်ထားပြီး မီးခိုးရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ကလေးမလေး တစ်ယောက် ရှိနေသည်။

ကလေးမလေးက လူထွားကြီးတစ်ဦး၏ ပုခုံးပေါ်တွင် ထိုင်နေသည်။

လူထွားကြီးနှစ်ဦးက ကလေးမလေးကို ခေါင်းညိတ်ပြလိုက်သည်။

ထန်လေးက လုံးလုံးလျားလျား တုန်လှုပ်နေပြီ ဖြစ်၏။

ဤဓားဝိညာဥ်တင် မဟုတ်ဘဲ ဘယ်ကနေ ထွက်လာမှန်း မသိရသည့် ဤလူသုံးယောက်ကပင် သူ့ထက် ပို၍ သန်မာနေသည်။

သူ့မှာသာ အခွင့်အရေးရှိလျှင် သူ့ခေါင်းဆောင်ကို ချက်ချင်း ဖုန်းဆက်ပြီး ပြောချင်သည်။

[အကြီးအကဲ.. ကျနော် နောက်ထပ် မကစားချင်တော့ဘူး]

၎င်းတို့နှင့် သူကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ ကိစ္စမဟုတ်သော်လည်း သူ လုံးဝ မကစားနိုင်ခဲ့ပေ။

"တခြားနည်းလမ်းတွေ မရှိတော့ဘူးလား"

အင်မော်တယ်စံအိမ်မှ မှ ထွားကျိုင်းသော လူငယ်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

အခြေအနေက သူ့ထင်ထားသည်ထက် ပို၍ ကြီးကျယ်လာပြီး သူ့ထိန်းချုပ်မှုအောက်တွင် လုံးဝ မရှိတော့ချေ။

ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ လွတ်မြောက်ရန် အကောင်းဆုံးနည်းလမ်းကို တွေးတောခြင်းပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူဒီကို မလာခင်၌ လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများကို အသေအချာ ပြင်ဆင်ထားခဲ့၏။

ထိုအထဲတွင် "မြေအောက်လွတ်မြောက်ခြင်း အဆောင်"လည်း ပါသည်။

ဤအဆောင်ကို အောင်မြင်စွာ အသက်သွင်းနိုင်သရွေ့ ဤလူတွေ၏ ကျင့်ကြံခြင်း နယ်ပယ်က သူ့ထက် ပိုမြင့်နေလျှင်ပင် လွတ်မြောက်ဖို့ အခွင့်အရေး ရမည် ဖြစ်သည်။

သူ့စိတ်ထဲ၌ တခဏ အတွင်း အတွေးပေါင်း များစွာ ဖြစ်ပေါ်နေသည်။

ဤကြောက်စရာကောင်းသော ဓားဝိညာဉ်နှင့် နောက်ထပ် ထွက်ပေါ်လာသည့် လူသုံးယောက်က သူ့ကို လုံးလုံးလျားလျား အဖွဲ့လိုက် မတိုက်ခိုက်ခင် အခွင့်ကောင်းယူ၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

သူက လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ပြီး စည်းတံဆိပ်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူပြင်ဆင်ထားသော မြေအောက် လွတ်မြောက်ရေး အဆောင်ကို အသက်သွင်းလိုက်သည်။

တခဏအတွင်း သူ၏ ခြေရင်းအောက်ရှိ မြေပြင်က ရုတ်တရက် သဲများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့တစ်ကိုယ်လုံးက မြေကြီးထဲသို့ ပြုတ်ကျသွား၏။

သူက အဖမ်းမခံရစေရန် အတွက် ပို၍ သေချာအောင် "နတ်ဘုရား ရွေ့လျားမှု"ကျင့်စဥ်ကိုပင် အသုံးပြုခဲ့သည်။

ဤသည်က အဆင့်မြင့် ကောင်းကင်ဝိညာဉ်ရေး ကျင့်စဥ် တစ်ခုဖြစ်ပြီး လှုပ်ရှားမှု အရှိန်အဟုန် မြှင့်ရန်အတွက် အင်မော်တယ်စံအိမ်၏ လျှို့ဝှက်ကျင့်စဥ် တစ်ခုလည်း ဖြစ်သည်။

ဤ လျှို့ဝှက်နည်းစနစ်ဖြင့် အမြန်နှုန်းကို မြှင့်တင်ခြင်းဖြင့် သူ၏ အခြေခံ ထွက်ပြေးနှုန်းမှာ ငါးဆခန့် ပိုမို မြန်ဆန်သွားခဲ့၏။

သူ၏ လက်ရှိအရှိန်ဖြင့် ဆိုလျှင် သူနှင့် ထိုလူလေးယောက်ကြား အကွာအဝေးကို ပိုမို ဝေးကွာအောင် လုပ်နိုင်မည်ဟု သူခံစားမိသည်။

သူက မြေအောက်လွတ်မြောက်ခြင်း အဆောင်၏ မှော်အလင်းထဲတွင် ပျောက်ကွယ်သွားသည်။

ယင်းအချိန်တွင် ကျင့်ခယ်က ထိုလူကို သဲနုန်းက လျင်မြန်စွာ စုပ်ယူသွားသည်အား တွေ့လိုက်ရသည်။

သူ၏အဆောင်လက်ဖွဲ့ အလုပ် ဖြစ်သည်ကိုမြင်လျှင် ထန်လေးက သက်ပြင်းတစ်ချက် ချလိုက်သည်။

သို့ရာတွင် အဆောင်လက်ဖွဲ့က လမ်းတစ်ဝက် အရောက်မှာပင် အလုပ်မလုပ်တော့ပေ။

ဥမင်လိုဏ်ခေါင်း ထဲတွင် ကလေးမလေး၏ မျက်နှာ ပေါ်လာသည်။

ကလေးမလေးက သူ့ကို စိုက်ကြည့်ရင်း သူ့လက်လေးများဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက် ဆွဲထုတ်လိုက်သည်။

.........................

ထိုလူက အဆောင်လက်ဖွဲ့ကို အသုံးပြုပြီး မြေအောက်မှထွက်ပြေးခဲ့သော်လည်း ဆယ်စက္ကန့် မပြည့်မီမှာပင် ကလေးမလေး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ကျင့်ခယ် ကလေးမလေး၏ လက်ကလေး ထဲတွင် ခွေးကျောင်းသည့် ကြိုးရှည်ကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။

ထိုခွေးကျောင်းသည့် ကြိုးရှည်က ထိုလူ၏ လည်ပင်းတစ်ဝိုက်တွင် တပ်ဆင်ထားသည့် ကြိုးကွင်းနှင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။

မွန်းစတားဘောပင် နှင့် မှင်စာခဲဖျက်တို့ နှစ်ဦးစလုံးက လန့်ဖျပ်သွားသည်။

ဖေဖေဝမ်က ထွင်ထျန်းဟာ အတွက် ဤခွေးကျောင်းသည့်ကြိုးရှည်ကို ဝယ်ထားခဲ့သော်လည်း ၎င်းက ဝတ်ရန် ဆန္ဒမရှိသောကြောင့် ထပ်ခိုးတွင် ဝှက်ထားခဲ့သည်။

ထိုခွေးကျောင်းသည့် ကြိုးရှည်က ကလေးမလေး၏ အချုပ်အနှောင် ပစ္စည်းတစ်ခု ဖြစ်လာမည်ဟု မည်သူသိနိုင်မည်နည်း။

ကလေးမလေးက ထိုလူကို အသားညိုသော လူထွားကြီးနှစ်ဦးရှေ့တွင် ပစ်ချလိုက်ပြီး ထိုလူအပေါ်တွင် မြင်းစီးသလို တက်ထိုင်နေလိုက်သည်။

"အားနည်းလွန်းတယ်.. သူက ဖြည်းဖြည်းလေး ပြေးနေတော့လည်း မတတ်နိုင်ဘူးလေ.. သူ့ကို ခွေးကြိုးနဲ့ ဖမ်းဖို့ အေးအေးဆေးဆေး လာတာတောင် သူက အဝေးကြီးကို မရောက်သေးဘူး"

".............."

ထန်လေးက ငိုချင်လာသည်။

ဤအိမ်ငယ်လေးတွင် မွန်းစတားများ အစုလိုက်အပြုံလိုက် ရှိနေသည်ကို သူ သတိမမူမိခဲ့ပေ။

ကျင့်ခယ်က ငုတ်တုတ်ထိုင်ကာ ထိုလူ၏နဖူးကို ထိရန် လက်တစ်ဖက်ကို ဆန့်လိုက်သည်။

အသတ်ခံရတော့မည်ဟု ခံစားရသဖြင့် ချက်ချင်းပင် ထိုလူက ချွေးများရွှဲနစ်သွားသည်။

ဓားဝိညာဥ် နှင့် ပတ်သက်သော ဝိညာဉ်ရေးဖိအားကို အနည်းငယ်မျှပင် သဲသဲကွဲကွဲ မတွေ့ခဲ့ရသော်လည်း ဓားဝိညာဥ် ထုတ်လွှတ်လိုက်သော ဖိနှိပ်မှုမှာ ကြီးမားလှသည်။

သူ့အကြည့်တစ်ချက်ကပင် သေမင်းက စိုက်ကြည့်နေသလို ခံစားရစေသည်။

ကျင့်ခယ်က ယခင် ထိပ်တိုက်ရင်ဆိုင်မှုတွင် တစ်ဖက်လူ၏ အော်ရာကို ခံစားခဲ့ရသော်လည်း မည်သည့်အဖွဲ့အစည်းမှဟု သေချာမသိခဲ့ပေ။

ယခု သေသေချာချာ စဉ်းစားပြီးနောက်တွင် ဤလူက အင်မော်တယ်စံအိမ် မှဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုလူ၏ ဝိညာဉ်စွမ်းအင်မှာ ထိုအချိန်က ဗုံးပစ်စီနီယာအင်မော်တယ်၏ နေရာတွင် ကွာဖီကို တိုက်ခိုက်ခဲ့သော တွင်းနက်ရှောင်တိမ်းခြင်းဓားကို ကိုင်ဆောင်ခဲ့သည့် ဆံပင် အနီရောင်လူငယ်နှင့် အတူတူပင်။

ထို့နောက် ကျင့်ခယ်က သူ့လက်ကို မြှောက်လိုက်သည်။

အညိုရောင်ဓားချီ များစွာက သူ့လက်ချောင်းများ တစ်ဝိုက်တွင် အစုလိုက်အပြုံလိုက် ရှိနေ၏။

ယင်းနောက်တွင် ကျင့်ခယ်က ထိုလူ၏ ခေါင်းပေါ်သို့ ဓားချီဖြင့် ရိုက်ချလိုက်သည်။

သူက ဓားချီကို အသုံးပြု၍ ထိုလူ၏ သွေးကြောမှတ်များကို စည်းတံဆိပ် ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ထိုလူက အချိန်အတော်ကြာသည်အထိ ဝိညာဉ်စွမ်းအင်ကို အသုံးချနိုင်တော့မည် မဟုတ်ပေ။

"သခင် ကျင့်ခယ်.. ငါတို့ ဘာဆက်လုပ်ရမလဲ"

မွန်းစတား ဘောပင်နှင့် မှင်စာခဲဖျက်တို့ နှစ်ယောက်က ကျင့်ခယ်ကို ကြည့်လိုက်သည်။

"သခင်လေးလင်းက ပြဿနာကို သဘောမကျဘူး"

ကျင့်ခယ်က မြေပြင်ပေါ်ရှိလူကို ကြည့်လိုက်ပြီး

"မင်းတို့ သူ့ကို ထိန်းသိမ်းထားလိုက်.. ငါ ကောင်းကောင်း အနားယူချင်တယ်"

သူတို့က ထိုလူကို ဖမ်းမိခဲ့ပြီး ဝိညာဉ်စွမ်းအင်ကိုလည်း စည်းတံဆိပ်ခတ်ထား ပြီးပြီ ဖြစ်သည်။

ကျင့်ခယ်က ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် စိတ်မ၀င်စားပေ။

ကျန်ရှိသည့်အလုပ်ကို တခြားသူတွေ ကိုင်တွယ်ဖို့ ထားလိုက်သည်က အကောင်းဆုံးပင် ဖြစ်သည် မဟုတ်လော။

သူသမ်းဝေနေစဉ် သူ့အရေပြားပေါ်၌ ဓားအလင်းများ တောက်ပလာပြီး နောက်ဆုံးတွင် ဓားတစ်ချောင်းအဖြစ်သို့ ပြန်ပြောင်းသွားကာ အနီးနားရှိ မွန်းစတား ဘောပင်၏ လက်ထဲသို့ ရောက်ရှိသွားသည်။

"ငါ့ကို အိပ်ယာထဲမှာ ပြန်ထားပေး"

ဘောပင်နှင့် ခဲဖျက် "..........."

ထန်လေးက မျက်လုံးများကို ပွတ်သပ်လိုက်သည်။

ကျင့်ခယ်က မူလပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်ကို မြင်သောအခါ သူ့အမြင်ကို သူကိုယ်တိုင် သံသယဝင်လာသည်။

အဆုံးသတ်တွင် ရုန့်ရင်းသော ဓားဝိညာဉ်၏ ခန္ဓာကိုယ်အစစ်အမှန်မှာ မက်မွန် သစ်သားဓားတစ်ချောင်း ဖြစ်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ဖူးပေ။

"ငါတို့ဘာလုပ်ရမှာလဲ.. သူ့ကို အိမ်သာထဲ ပစ်ချလိုက်ရင် ကောင်းမလား"

ဘောပင်က ကျင့်ခယ်ကို သူ့လက်ထဲတွင် ကိုင်ထားရင်း မြေပြင်ပေါ်မှ လူကို ကြည့်ကာ သက်ပြင်းချရင်း မေးလိုက်သည်။

"ဒါက အကြံကောင်း မဟုတ်ဘူး"

ခဲဖျက်က ခေါင်းခါယမ်းလိုက်သည်။

"ဒီအင်မော်တယ်စံအိမ်က ငါတို့ကို ဒုက္ခပေးဖို့ ကြံစည်နေတယ်.. သူတို့ထဲက တစ်ယောက်ကို ဖမ်းနိုင်ခဲ့တဲ့ အတွက် သူတို့ရဲ့ သတင်းအချက်အလက်ကို စစ်ဆေး မေးမြန်းရမယ်"

မွန်းစတားဘောပင် "ဒါပေမယ့် သခင်လေးက အခု အိမ်မှာ မရှိသေးဘူးလေ"

"အဆင်ပြေပါတယ်.. ငါ့မှာ ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ ဖုန်းနံပါတ်ရှိတယ်.. သခင်လေးလင်းက အကြောင်းကိစ္စရှိရင် စီနီယာ အင်မော်တယ်ဆီ ဖုန်းဆက်ဖို့ မှာထားတယ်.. ဒီကိစ္စကို သူစိတ်ဝင်စားမှာ သေချာပါတယ်"

ထိုစကားကိုပြောရင်း မှင်စာခဲဖျက်က ဆဲလ်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။

မကြာမီမှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ သံလိုက်ဓာတ်ပါသော အသံက ထွက်ပေါ်လာသည်။

"ဟယ်လို.. ငါက ဗုံးပစ်စီနီယာ အင်မော်တယ်ပါ.. ဘာကိစ္စရှိပါသလဲ"

"စီနီယာအင်မော်တယ် မဟုတ်လား.. ကျနော်က လင်းကျန်းရန်ရဲ့ မှင်စာခဲဖျက်ပါ.. ဝမ်မိသားစု အိမ်လေးထဲကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အင်မော်တယ်စံအိမ် ထဲက တစ်စုံတစ်ယောက်ကို ငါတို့တွေ ဖမ်းမိထားတယ်"

"သြော် မင်းကိုး.. ငါ မင်းကို သိပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မော၍ ပြောလိုက်သည်။

"ဒါနဲ့ ဒီနေ့ ဓမ္မရာဂျာက မင်းတို့ဆီ ဓားအပ်ဖို့ မလာဘူးလား.. သူက ဘာလို့ မတိုက်တာလဲ"

အမှန်အတိုင်းပြောဖို့ မဆုံးဖြတ်ခင် မှင်စာခဲဖျက်က တခဏမျှ တိတ်ဆိတ်သွားသည်။

"အင်မော်တယ်စံအိမ်က လွှတ်လိုက်တဲ့ ပုဂ္ဂိုလ်က အရမ်း အားကောင်းတယ်.. စီနီယာ ဓမ္မရာဂျာက မတိုက်ခိုက်ခင်မှာ တစ်ဖက်လူရဲ့ အော်ရာ တုံ့ပြန်မှုကနေ ရှုံးနိမ့်ခဲ့ရတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "သူက မတိုက်ခင်မှာပဲ ရှုံးနိမ့်သွားတာလား"

"ဝမ်းနည်းစရာ ဆိုပေမဲ့ အဲဒါက အမှန်တရားပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ခပ်ပြင်းပြင်းရှု၍ ပြောလိုက်သည်။

"ဒီကောင့်ကို ဂရုထဲက ထုတ်ပစ်ရမယ်.. ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ"

"............"

All Chapters