← Chapters

ဉာဏ်အလင်းရ ပစ္စည်းများ၏ ဇွတ်ဗျင်းချက်များ

Vol. 17 Ch. 242

ဉာဏ်အလင်းရ ပစ္စည်းများ၏ ဇွတ်ဗျင်းချက်များ

Vol. 17 Ch. 242

ဓမ္မရာဂျာသာ သူ့မျက်စိနှင့် ကိုယ်တိုင် မမြင်ခဲ့လျှင် ဝမ်မိသားစု အိမ်ငယ်လေးထဲ၌ စီနီယာသုံးယောက်က လွဲ၍ ပုန်းနေသော မွန်းစတားတွေ အများကြီးရှိမည်ဟု သူသေချာပေါက် ထင်မိမည် မဟုတ်ပေ။

ပန်းရောင်အသားလုံး ပုံသဏ္ဍာန် ဆံပင်ကေ နှင့် မီးခိုးရောင်ဂျာကင် အင်္ကျီ ဝတ်ထားသော ကလေးမလေးမှာ ရိုးရိုးရှင်းရှင်းနှင့် ကြောက်စရာကောင်းလှသည်။

သူမ၏ ရွေ့လျားမှုက အလင်းထက်ပင် မြန်ဆန်နေ၏။

Ultraman Tiga ပင် လိုက်မီနိုင်မည် မဟုတ်ပေ။

(Ultranman = စိတ်ကူးယဉ် ဂျပန် ဟီးရိုးဇာတ်ကောင်)

ထို့နောက် သူမ ဘေးမှ လူထွားကြီးနှစ်ယောက် ရှိသေးသည်။

အမျိုးသားတစ်ဦးက ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး ကျန်တစ်ဦးက ချပ်ဝတ်တန်ဆာကို ၀တ်ထားသည်။

၎င်းတို့က အားကြီးသော တောင်တန်းများနှင့် တူပြီး ၎င်းတို့ရှေ့တွင် ရှိနေလျှင် ပြင်းထန်သော ဖိအားကို ခံစားရစေသည်။

ဓမ္မရာဂျာက နောက်လှည့်၍ သူ့ဘေးနားမှ ဖိုးဖိုးဝမ်ကို မေးခွန်းထုတ်လိုက်သည်။

"စီနီယာဝမ် မေးလို့ရမလား.. ဒီစီနီယာသုံးယောက်က ဘယ်သူတွေလဲ"

"အိုး.. မင်းက သူတို့ကို ဆိုလိုချင်တာလား"

ဖိုးဖိုးဝမ်က ခေါင်းကုတ်လိုက်သည်။

"ဒီအရာတွေက လင်းလင်း အသွင်ပြောင်းပေးထားတဲ့ အရာတွေပါ.. ကောက်ရိုးဦးထုပ်နဲ့ အမျိုးသားရဲ့ မူလဘဝက ခဲဖျက်ပဲ.. ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့သူရဲ့ မူလဘဝကတော့ ဘောပင်.. အဲဒီကလေးမလေးကတော့ မူလက ကုန်တင်သုံးဘီးဆိုင်ကယ်ပဲ.. ဟိုတလောကပဲ လဲ့လဲ့က သူ့ကို ဖယောင်းသုတ် ပေးခဲ့သေးတယ်"

ဓမ္မရာဂျာ အံသြသွားသည်။

"............"

[ဒီလို အသွင်ပြောင်း လုပ်ငန်းစဥ်မျိုး တကယ်ပဲရှိနေတာလား]

ကလေးမလေးက လက်ထဲတွင် တာယာတစ်လုံးကို တစ်ချိန်လုံး ကိုင်ထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ဓမ္မရာဂျာ တစ်ယောက် အဖိုးဝမ်နှင့် စကားပြောနေချိန်တွင် ကလေးမလေးက အင်မော်တယ်စံအိမ်မှ လူကို အိမ်ငယ်လေး၏ အိမ်ရှေ့တံခါး ဆီသို့ ဆွဲခေါ်လာခဲ့သည်။

ကျင့်ခယ်၏ သွေးကြောပိတ်ဆို့မှုကို ခံရပြီးနောက် ထိုလူက သာမန်လူနှင့် မခြားတော့ပေ။

ရှင်းလင်းစွာ ပြောရလျှင် မေမေဝမ် ကဲ့သို့ သက်လတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦးကိုပင် အနိုင်ယူနိုင်မည် မဟုတ်တော့ပေ။

ထိုလူကို တံခါးကနေ ဆွဲခေါ်လာသော အခိုက်တွင် ဓမ္မရာဂျာကို ကြက်သီးထစေသော အသံများ ထွက်ပေါ်လာသည်။

"သူ့ရဲ့အရေးပါတဲ့ သွေးကြောတွေကို စည်းတံဆိပ် ခတ်ထားပြီးပြီ"

"အိုး.. ငါလည်း စကားပြောမရအောင် သူ့လျှာကြောကို ပိတ်ထားတယ် "

ခဲဖျက်က ပြောလိုက်သည်။

"စစ်ဆေးမေးမြန်းတာကိုတော့ စီနီယာအင်မော်တယ်ကိုပဲ လွှဲလိုက်သင့်သည်။

"မင်းတို့တွေ စီနီယာ အင်မော်တယ်ကို ခေါ်ထားတာလား"

ဓမ္မရာဂျာက မေးခွန်းထုတ်လိုက်သည်။

"ဟုတ်တယ်.. အင်မော်တယ်စံအိမ်က လာစုံစမ်းမယ်လို့ သခင်လေးလင်းက အစောကတည်းက ငါတို့ကို အသိပေးပြီးသားပဲ.. ပြဿနာ တစ်စုံတစ်ရာတက်ရင် စီနီယာ အင်မော်တယ်ဆီ ဆက်သွယ်ဖို့လည်း မှာထားခဲ့တယ်"

"ငါနားလည်ပြီ.."

ဓမ္မရာဂျာက ခေါင်းညိတ်လိုက်သည်။

သူ့စိတ်ထဲတွင် ဝမ်လင်ကို လေးစားမှု ပိုမို တိုးလာခဲ့သည်။

လင်းကျန်းရန်က ဤကဲ့သို့ ဖြစ်လာမည်ဟုပင် ကြိုတွေးနိုင်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း လင်းကျန်းရန်၏ အမြော်အမြင်မှာ နတ်ဘုရားလို ဖြစ်နေ၏။

"အင်း ဒါနဲ့ စီနီယာ အင်မော်တယ်က တခြားဘာတွေ ပြောသေးလဲ"

ထိုစကားကို ကြားလျှင် ဘောပင်တို့ သုံးယောက်က ပြုံးလိုက်သည်။

ဓမ္မရာဂျာက သူ့အချိန်မီ ရောက်လာသည့် အတွက် စီနီယာ အင်မော်တယ် သူ့ကို ချီးကျူးမည်ဟု ထင်နေခဲ့သည်။

ခဲဖျက် ခဏ တိတ်ဆိတ်သွားသည်။

ဖုန်းထဲတွင် စီနီယာအင်မော်တယ် နောက်ပြောင် ပြောနေမှန်း သိသောကြောင့် အစတွင် သူက ဘာမှ မပြောရန် ဆုံးဖြတ်ခဲ့သေးသည်။

သို့သော် တခဏမျှ စဥ်းစားပြီးနောက် ခဲဖျက်က ဓမ္မရာဂျာကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။

"စီနီယာအင်မော်တယ်က မင်းကို ဂရုထဲက ထွက်သွားသင့်တယ်လို့ ပြောခဲ့တယ်.. တိုက်တောင် မတိုက်ရဘဲ အော်ရာတုံ့ပြန်မှုဒဏ်ကို ခံရတာက ရှက်စရာ ကောင်းလွန်းတယ်တဲ့"

ဓမ္မရာဂျာ၏ ပါးပြင်တွင် မျက်ရည်များ စီးကျလာသည်။

[စီနီယာအင်မော်တယ်က သူ့ကို မုန်းသွားပြီလား]

ခဲဖျက် ပြောပြီးနောက်တွင် အင်မော်တယ်စံအိမ်မှ ထန်လေးကို မြင်းလုပ်၍ စီးနေသော ကလေးမလေးက ထူးဆန်းသောအကြည့်ဖြင့် ဓမ္မရာဂျာကို ကြည့်လိုက်သည်။

[တစ်စုံတစ်ရာ ကွဲအက်သံကို သူမ ကြားလိုက်ရသလိုပဲ]

[ဒီလူကြီးက အသည်းကွဲသွားတာလား]

..................

အနောက်ဘက်ရှိ မီးဖိုချောင်မှ ကြော်လှော်နေသော အသံများ ထွက်ပေါ်လာသည်။

ယင်းမှာ ဖိုးဖိုးဝမ်နှင့် မေမေဝမ် ချက်ပြုတ်နေခြင်းပင်။

ဗုံးပစ်စီနီယာအင်မော်တယ် အလည်လာမည်ကို သိလျှင် ဖိုးဖိုစဝမ်က ဘရိုကိုလီကို ပြုတ်လိုက်သည်။

ဝမ်မိသားစု အိမ်ငယ်လေး၏ ဧည့်ခန်းထဲတွင် လူအနည်းငယ် ထိုင်နေသည်။

ဘောပင် နှင့် ခဲဖျက်က ၎င်းတို့၏ တာဝန်ကို ပြီးမြောက်ပြီးနောက် ၎င်းတို့၏ မူလပုံစံသို့ ပြန်သွားရန် ကနဦး စီစဉ်ထားသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ် မလာမချင်း လုံးဝ ပြီးမြောက်သည်ဟု မယူဆနိုင်ပေ။

ထို့ကြောင့် ကိစ္စမပြီးသေးခင် အတွင်း လူသားအသွင်ဖြင့် ရှိနေခဲ့သည်။

ဖိုးဖိုးဝမ်က ဝမ်လင်း ဉာဏ်အလင်းပေးထားသော ဤ "မှင်စာ" များကို လူသားများ အဖြစ် တစ်ခါမျှ မဆက်ဆံဖူးသောကြောင့် ၎င်းတို့ကိုပါ နေ့လည်စာ အတူတူစားရန် နွေးထွေးစွာ ဖိတ်ကြားခဲ့သည်။

ထို့ကြောင့် ဝမ်မိသားစု ဧည့်ခန်းရှိ လေထုမှာ နေ့ခင်းဘက်တွင် အလွန် သက်ဝင် လှုပ်ရှားနေခဲ့သည်။

သက်ရှိကူရှင်ကဲ့သို့ ထန်လေး၏ ကိုယ်ပေါ်တွင် ကလေးမလေးက ဇိမ်ယူ၍ ထိုင်နေချိန်တွင် ခဲဖျက်၊ ဘောပင်နှင့် ဓမ္မရာဂျာတို့က ကတ်ဂိမ်းကို ကစားနေကြသည်။

"မင်းတို့သုံးယောက် အပြင် ဒီအိမ်ထဲမှာ လင်းကျန်းရန် ဉာဏ်အလင်းပေးခဲ့တဲ့ တခြားစီနီယာတွေ ရှိသေးတယ် မဟုတ်လား"

ဓမ္မရာဂျာက ကတ်ဂိမ်း ကစားရင်း မေးခွန်းထုတ်လိုက်သည်။

"ငါတို့က ကိုယ့်ကိုကိုယ် စီနီယာတွေလို့ မယူဆရဲဘူး.. ငါတို့က ဆရာလေးလင်း ရဲ့ အသွင်ပြောင်း မှင်စာလေးတွေပါပဲ.. ငါတို့က လူတွေလို ကျင့်ကြံလို့ မရဘူး.. ဒါကြောင့် ငါတို့ရဲ့ နယ်ပယ်က ငါတို့ရဲ့ အရှင်သခင် အပေါ် လုံးလုံးလျားလျား မှီခိုနေရတယ်.. ဓမ္မရာဂျာ.. မင်းကတော့ ဒီလိုအဆင့်ကို ရောက်ဖို့ မင်းကိုယ်တိုင် ကြိုးစားခဲ့ရတယ်.. ကြိုးစားအားထုတ်မှုနဲ့ တိုင်းတာရင် မင်းက ငါတို့ရဲ့ စီနီယာပါပဲ"

ခဲဖျက်က ရယ်မောပြီး နှိမ့်ချစွာ ပြောလိုက်သည်။

"ဟုတ်တယ်.. ဒီအိမ်ထဲမှ ဉာဏ်အလင်းရထားတာ ငါတို့သုံးယောက်ထဲ မဟုတ်ပေမယ့် ငါတို့ကလွဲရင် တခြားလူတွေက လူ့အသွင်ကို ဆောင်နိုင်ကြတယ်.. သူတို့က သခင် စုတ်တံအင်မော်တယ်နဲ့ သခင်မာတို့ပဲ"

"ဒီနှစ်ယောက်က.."

ဓမ္မရာဂျာက မေးလိုက်သည်။

"သူတို့ရဲ့ အရည်အချင်းတွေက နည်းနည်းတော့ ကွဲပြားတယ်.. သခင်စုတ်တံအင်မော်တယ်က လူတွေကို ဘယ်နေရာကိုမဆို ခေါ်ဆောင်သွားနိုင်တဲ့ မှော်စက်ဝိုင်းတွေကို ဆွဲနိုင်ပေမယ့် အဲဒါက ကမ္ဘာပေါ်မှာ လူသိများပြီး ရှိပြီးသား နေရာတစ်ခုလည်း ဖြစ်ရမယ်.. သခင်မာ ကျတော့ အန္တရာယ်များတဲ့ နေရာတွေနဲ့ သူ့ကိုယ်သူ ချိတ်ဆက်ထားတယ်.. သူ တစ်ခုခုကို စုပ်ယူလိုက်တာနဲ့ အဲဒီအရာကို ဘယ်တော့မှ ပြန်မရယူနိုင်တော့ဘူး"

ခဲဖျက်က ရှင်းပြခဲ့သည်။

ထိုစကားကို ကြားလျှင် ဓမ္မရာဂျာရဲ့ လောကအပေါ် အမြင်က သစ်ဆန်းသွားသည်။

လင်းကျန်းရန်က အမှန်တကယ် နတ်ဘုရားတစ်ပါးပင်။

သူကျပန်း ဉာဏ်အလင်းပေးခဲ့သော မှော်ရတနာများကပင် အလွန် အစွမ်းထက်သော အစွမ်းအစများ ရှိနေသည်။

"နောက်တစ်ခု မေးစရာရှိသေးတယ်..."

ဓမ္မရာဂျာက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူက သိချင်စိတ် ပြင်းပြသော အတွင်းစိတ်ဆန္ဒကို မထိန်းထားနိုင်ခဲ့ပေ။

"သခင် ကျင့်ခယ်ရဲ့ဇာစ်မြစ်ကို မင်းသိလား"

"အိုး.. စီနီယာက သခင်ကျင့်ခယ် အကြောင်းကို သိချင်တာလား.. ကျနော်က စီနီယာဓမ္မရာဂျာ ထူးဆန်းတာ တစ်ခုခု မေးတော့မယ် ထင်နေတာ..."

ခဲဖျက်က ရယ်လိုက်သည်။

ကျင့်ခယ်၏ မူလအစမှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ဗုံးပစ်စီနီယာအင်မော်တယ် အိမ်အလည် ရောက်လာသောအခိုက်တွင် ဖိုးဖိုးဝမ်က ကျင့်ခယ်၏ မူလအစကို ဆယ်စက္ကန့်အတွင်း တိုတိုတုတ်တုတ် ရှင်းပြခဲ့ဖူးသည်။

"သခင်လေးလင်း ရဲ့အဖေက ပန်းဌက် ဈေးကနေ သခင်ကျင့်ခယ်ကို ဝယ်ခဲ့တာပဲ"

ခဲဖျက်က တိုတိုတုတ်တုတ် ဖြေလိုက်သည်။

ဓမ္မရာဂျာ "ဒါပဲလား"

"အင်း.. ဒါပဲ"

ခဲဖျက်က ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

"ဒါ့အပြင် ဒါက စျေးနှုန်းနဲ့ပါ"

"............"

ဓမ္မရာဂျာက သူ့စိတ်ကို တည်ငြိမ်အောင် ထားရန် လိုအပ်သည်ဟု တွေးလိုက်မိသည်။

......................

ခဏအကြာတွင် မေမေဝမ်နှင့် အဖိုးဝမ်က နေ့လယ်စာ ပြင်ဆင်မှု ပြီးသွားသည်။

အချိန်ကိုကြည့်လိုက်ရာ မကြာမီ အိမ်ငယ်လေးသို့ စီနီယာအင်မော်တယ် ရောက်ရှိလာလိမ့်မည်ဟု ဓမ္မရာဂျာက မျှော်လင့်ထားသည်။

သူက လှေကားထစ်ကို မျှော်ကြည့်လိုက်သည်။

"သခင်စုတ်တံအင်မော်တယ် နဲ့ သခင်မာ တို့ကို မခေါ်တော့ဘူးလား"

"အိုး.. အဲဒါက မလိုအပ်ပါဘူး"

ခဲဖျက်က ခေါင်းခါယမ်းလိုက်သည်။

"သခင်စုတ်တံအင်မော်တယ် ရဲ့ ပြဿနာက အိပ်စက်ခြင်းကို စွဲလန်းနေတာပဲ.. ဒါကြောင့် သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ"

ဓမ္မရာဂျာ "ဒါဆို သခင်မာကရော ဘာလို့လဲ"

ထိုစကားကိုကြားလျှင် ဘောပင်၊ ခဲဖျက်နှင့် ကလေးမလေးတို့၏ မျက်နှာပေါ်၌ အနည်းငယ် ထိတ်လန့်သော အမူအရာများ ထွက်ပေါ်လာသည်။

"စီနီယာ ဓမ္မရာဂျာ မင်းတကယ်ပဲ အိမ်သာ တစ်လုံးနဲ့ အတူတူ စားမလို့လား"

ဓမ္မရာဂျာ "............."

All Chapters