ဘက်စုံသုံး သိဒ္ဓိ အမွေအနှစ်
Vol. 17 Ch. 243
"............."
ဓမ္မရာဂျာက သူ့ခေါင်းကို နံရံတစ်ခုနှင့် အမှန်တကယ် ပစ်ဆောင့်ချင်လာသည်။
[သခင်မာက ဘာကြီးလဲ]
သူက ဤစီနီယာကြီးများ၏ အတွေးကို မလိုက်မီနိုင်တော့ပေ။
[ကျင့်ကြံမှု မှာ အရည်အချင်းတွေနဲ့တင် မလုံလောက်ဘဲ စိတ်ကူးယဉ်ဖို့ပါ လိုအပ်နေပြီလား]
ဓမ္မရာဂျာက ဤကိစ္စနှင့် ပတ်သက်၍ လေးလေးနက်နက် တွေးတောမှု ပျောက်ဆုံးသွားခဲ့သည်။
အမှန်တကယ်တွင် ဝမ်လင်းက ဝမ်မိသားစု အိမ်ငယ်လေးမှ ပစ္စည်းများစွာကို အသွင်ပြောင်းထားခဲ့သည်။
သခင်မာအပြင် သခင်ပေါင်လည်း ရှိသေးသည်။
သို့သော် ဤသခင်ပေါင်က လူသားပုံစံကို မခံယူနိုင်သောကြောင့် ခဲဖျက်က သူ့ကို မသိစိတ်ကနေ လျစ်လျူရှုခဲ့သည်။
သခင်ပေါင်၏ မူရင်းပုံစံမှာမူ LV လက်ကိုင်အိတ် ၁ လုံးဖြစ်သည်။
ဤလက်ကိုင်အိတ်ကို ဖေဖေဝမ်က မေမေဝမ်နှင့် နှစ်၂၀မြောက် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်ဖြင့် ပေးခဲ့ခြင်း ဖြစ်၏။
မေမေဝမ် စျေးဝယ်ထွက်လျှင် ပစ္စည်းများများ ထည့်နိုင်စေရန် ဖေဖေဝမ် ဝယ်ပေးခဲ့သည့် LV လက်ကိုင်အိတ်ကို ဝမ်လင်းက ကောင်းချီးပေးခဲ့ခြင်းသာ။
သခင်ပေါင်သည်လည်း ထူးခြားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။
၎င်းက မေမေဝမ်ကို ပစ္စည်းများစွာ သယ်ဆောင်နိုင်စေရန် ကူညီပေးသည်။
ထို့အပြင် မေမေဝမ် အပြင်ထွက်စဉ် မမျှော်လင့်ထားသည့် အရာ တစ်ခုခု ဖြစ်လာပါကလည်း သခင်ပေါင်၏ သိုလှောင်ခန်း၌ တိုက်ရိုက် ပုန်းအောင်းနေနိုင်ပေသည်။
အတိုချုပ်ပြောရလျှင် သခင်ပေါင်၏ နေရာလွတ်က စက်ရုပ်ကြောင်များထက် ပို၍ လက်တွေ့ကျပြီး သူ၏ "အရေပြား"ကလည်း အသားကပ် ဘောင်းဘီရှည်(လုံကျွင့်) ထက် ပို၍ အကြမ်းခံ၏။
......................
ဝမ်မိသားစု အိမ်ငယ်လေးတွင် ထူးထူးဆန်းဆန်း အရာမျိုးစုံကို တွေ့မြင်ရပြီးနောက် ဓမ္မရာဂျာက ဘဝ၏ အဓိပ္ပာယ်ကို တွေးတောနေဆဲ အချိန်တွင် အလင်းတန်း တစ်ခုက အိမ်ငယ်လေး ဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ခဏအကြာတွင် ချောမောသော ဆံပင်ဖြူ ၀တ်စုံနှင့် အမျိုးသားတစ်ဦးက ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။
ထိုသူမှာ ဗုံးပစ်စီနီယာ အင်မော်တယ်ပင် ဖြစ်သည်။
သူ့နောက်ကျောတွင် အင်မော်တယ် ဓားတစ်ချောင်းကို ချိတ်ဆွဲထားပြီး အလွန်အန္တရာယ် များသည့် မီးခိုးရောင်လက်ပစ်ဗုံးများကို သူ့ခါး၌ ချိတ်ဆွဲထား၏။
ယင်းက သူ အပြင်သွားတိုင်း မြင်ရလေ့ရှိသည့် စတိုင်လည်း ဖြစ်သည်။
သို့သော် ထိုပုံစံဖြင့် မြေအောက်ရထားကို စီးနင်းမိပါက ရဲများက သူ့ကို သေချာပေါက် ဖမ်းဆီးပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ပေါ်တွင် လက်ပစ်ဗုံးများကို ချိတ်ဆွဲထား၍ ဖြစ်သည်။
ထိုလက်ပစ်ဗုံးများမှာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျိုးနွယ်စုပိုင် လျှို့ဝှက်လက်နက် ဖြစ်သည်။
ထိုလက်ပစ်ဗုံးများ၏ အစွမ်းကို မြင်ဖူးသူတိုင်းမှာ သေကြေပျက်စီးကာ တမလွန်သို့ ရောက်သွားကြပြီ ဖြစ်သည်။
ထို့အပြင် ၎င်းက ဖျက်ဆီးခြင်းဆိုင်ရာ လျှို့ဝှက်လက်နက်များ စာရင်းတွင်ပင် ပထမအဆင့်ရှိသော လျှို့ဝှက်လက်နက် တစ်ခုဖြစ်ပြီး စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများကိုပင် ဒဏ်ရာရစေနိုင်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် "အို.. အားလုံးပဲမင်္ဂလာပါ"
"စီနီယာဗုံးပစ်အင်မော်တယ်"
ဘောပင် နှင့် ခဲဖျက်က သူ့ကို နှုတ်ဆက်ဖို့ မတ်တပ်ရပ်လိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်"ကောင်မလေး.. မင်းက ဘာလို့ အရောင်မှေးမှိန်သွားရတာလဲ.. နောက်တစ်ခေါက် ကျရင် မင်းရဲ့ ခန္ဓာကိုယ်ကို ငါဖယောင်းသုတ်လိမ်းပေးမယ်"
"ဝေးးး"
ကလေးမလေးက ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
အိမ်ငယ်လေး ထဲသို့ ဝင်ပြီးသည်နှင့် ဘောပင် ၊ ခဲဖျက် နှင့် သုံးဘီးဆိုင်ကယ် တို့ကို နွေးထွေးသောအပြုံးဖြင့် နှုတ်ဆက်ခဲ့သော်လည်း နံဘေးမှ ဓမ္မရာဂျာကို မြင်လိုက်သော အခါတွင် သူ၏ အပြုံးက အေးစက်သွားခဲ့သည်။
ထို့နောက် သူက ဓမ္မရာဂျာကို လျစ်လျူရှုရန် ရွေးချယ်လိုက်ပြီး ဘရိုကိုလီအိတ် များစွာကို သယ်ဆောင်ကာ မီးဖိုချောင်ထဲရှိ အဖိုးဝမ်နှင့် မေမေဝမ်တို့ထံ သွားခဲ့သည်။
နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ခန့် နှုတ်ဆက်ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က မီးဖိုချောင်မှ ထွက်လာ၏။
သူ၏ အမူအရာက ပိုပြီး သက်တောင့်သက်သာ ရှိလာပုံရသည်။
"စီနီယာ အင်မော်တယ်"
ဓမ္မရာဂျာက ဗုံးပစ်စီနီယာ အင်မော်တယ်ကို နှုတ်ဆက်ရန် သူ့လက်ကို ကမ်းလိုက်သည်။
သို့သော် တစ်ဖက်လူက လျစ်လျူရှုခဲ့၍ သူ အနည်းငယ် ရှက်သွားခဲ့သည်။
"မင်း.."
ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်စံအိမ်မှလူကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဓမ္မရာဇာဘက်သို့ လှည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"မင်းက နတ်မိုးကြိုး အမွေအနှစ်ကို ဆက်ခံသူအနေနဲ့ လုံ့လဝီရိယ မစိုက်ထုတ်ဘဲ ရှောင်မျိုးနွယ်စု ပန်းခြံမှာ နေ့တိုင်း လျှောက်လည်နေပြီး အချိန်ဖြုန်းတယ်..မင်းက မိုးကြိုးအမွေအနှစ်ကိုရထားလည်း ဘာအသုံးကျလဲ.. အခုတော့ ရှုံးသွားပြီ မဟုတ်လား.. ဒါက မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ကို ရောင့်ရဲနေတဲ့ အကျိုးဆက်ကြောင့်ပဲ"
ဓမ္မရာဂျာက စကားပင် ပြန်မပြောနိုင်ဘဲ ချက်ချင်း ငြိမ်သက်သွားသည်။
အဘယ်ကြောင့်ဆိုသော် စီနီယာ အင်မော်တယ်၏ စကားက အမှန်တရား ဖြစ်နေသောကြောင့်ပင်။
သူက ရှေးကျသော မျိုးနွယ်စု ဆယ့်နှစ်စု၏ မျိုးဆက်များ အနက်မှ မိုးကြိုးမျိုးနွယ်စု၏ နောက်ဆုံးလက်ကျန် မျိုးဆက် ဖြစ်ပြီး မျိုးနွယ်စု၏ မြင့်မြတ်သော အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်။
အဆုံးသတ်တွင် နတ်မိုးကြိုး အမွေအနှစ်သည် ဝိညာဉ်စွမ်းအင်ကို အားကိုးသည့် မဟာတိုက်ပွဲဝင် ချီခေတ်ကို ကျော်လွန်၍ လုံးလုံးလျားလျား ပြောင်းလဲသွားသည့် တစ်ခုတည်းသော အမွေအနှစ် ဖြစ်သည်။
ဓမ္မရာဂျာက မိမိတစ်ဦးတည်း အစွမ်းဖြင့် မိုးကြိုးမျိုးနွယ်စု၏ ယခင် ဘုန်းကျက်သရေကို ပြန်မရနိုင်တော့ကြောင်း အမြဲတွေးမိခဲ့သည်။
ထို့ကြောင့် ဤနှစ်များ တစ်လျှောက်လုံးတွင် ကျင့်ကြံရန်ထက် မိုးကြိုးမျိုးနွယ်စု၏ အမည်ကို အခွင့်ကောင်းယူကာ အသက်မွေးဝမ်းကြောင်းပြုရန် နတ်မိုးကြိုး အမွေအနှစ်ကို အသုံးပြုခဲ့သည်။
ကျင့်ကြံခြင်း မပြုလျှင်ပင် ဤသန့်စင် မွန်မြတ်သော အစွမ်းဖြင့် ဂုဏ်ယူစွာ ရပ်တည်နိုင်မည်ဟု အစက တွေးထင်ခဲ့သည်။
သို့သော် ဝမ်မိသားစု အိမ်ငယ်လေးကို လည်ပတ်ပြီးနောက် သူ့ကိုယ်သူ ရေတွင်းထဲက ဖားတစ်ကောင်သာ ဖြစ်ကြောင်း ဓမ္မရာဂျာက သဘောပေါက် လာခဲ့သည်။
သူက တကယ်ကို အရေးမပါလှပေ။
"ငါ ထပ်မပြောတော့ဘူး.. အခုကစပြီး မင်းက ကျင့်ကြံခြင်းမှာ ပိုအားစိုက်ထုတ်ရမယ်"
ဓမ္မရာဂျာက သူ့အပြစ်သူ ဆင်ခြင်တွေးတောကာ ခေါင်းငုံ့ထားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အခြားဘာမှ ထပ်မပြောတော့သလို ဓမ္မရာဂျာကိုလည်း နှောင့်ယှက်ခြင်း မရှိပေ။
သူက ဒေါသထွက်နေသည့် အချိန်မို့သာ ဂရုကို စွန့်ခွာရန် ဓမ္မရာဂျာကို ပြောမိခဲ့၏။
နောက်ဆုံးတွင် ဂရုထဲရှိလူတိုင်းမှာ ညီအကိုမောင်နှမများ ဖြစ်ကြပြီး ရှင်းပြဖို့ မလိုသည့် ရင်းနှီးမှုမျိုး ရှိကြသည်။
ပြဿနာကို ထောက်ပြရုံနဲ့တင် လုံလောက်နေပြီ မဟုတ်လော။
ဂရုထဲမှ လူအများစုမှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် ရှိကြပြီး ဟင်းလင်းပြင်မွမ်းမံခြင်း အဆင့်သို့ ရောက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
"စီနီယာအင်မော်တယ်က အချိန်မီ ရောက်လာတာပဲ.. ဒီလူက ငါတို့ ဖမ်းထားတဲ့ အင်မော်တယ်စံအိမ်က လူတစ်ယောက်ပဲ.. သူက အဲဒီ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ငယ် တောင်မှ ဖြစ်နိုင်တယ်.. ကျင့်ခယ်က သူ့သွေးကြောမှတ်တွေကို စည်းတံဆိပ် ခတ်ထားပြီးပြီ"
ကလေးမလေး မြင်းလုပ်စီးနေသောလူကို ခဲဖျက်က ညွှန်ပြလိုက်သည်။
"ဒီတစ်ခါတော့ မင်းတို့တွေ ပင်ပန်းသွားရပြီ.. အင်မော်တယ်စံအိမ်က ဒုက္ခပေးလာမှာကို စီနီယာလင်းက ကြိုတွက်ထားလို့သာပေါ့"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ အပြုံးက တောက်ပနေသည်။
"တကယ်တော့ ဒီနေ့မှာ ဒီလူကို ဖမ်းမမိရင်တောင်မှ အင်မော်တယ်စံအိမ်ရဲ့ အသိုက်ကို ခြေရာခံဖို့ နောက်ထပ် နည်းလမ်းတစ်ခုကို ရှာတွေ့တော့မှာပါ.. အဲဒီနေ့က တွင်းနက်ရှောင်တိမ်းခြင်းဓားထဲ စောင့်ကြည့်ရေးချစ်ပ်ပြား တစ်ခု ထည့်ထားခဲ့တယ်.. အဲဒါက အင်မော်တယ်စံအိမ်က ဆံပင်နီ ချာတိတ်ရဲ့ တည်နေရာကို အချိန်မရွေး ခြေရာခံနိုင်ပါလိမ့်မယ်"
ဘောပင်နှင့်ခဲဖျက်က ထိုကိစ္စကို သိပြီးသားမို့ နှုတ်ဆိတ်နေခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤလူ၏ အကျိုးအတွက် တမင်တကာ ပြောနေခြင်း ဖြစ်သည်။
ထို့နောက် သူက ထိုလူကို လက်ညိုးညွှန်ကာ လျှာကြောကို တိုက်ရိုက် ဖွင့်ပေးလိုက်သည်။
"မင်းမှာ ပြောစရာတွေ ရှိလား"
အင်မော်တယ်စံအိမ်မှ ထန်လေးက နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် စေ့ထားလိုက်၏။
"ငါ့မှာ ဘာမှပြောစရာမရှိဘူး.. မင်းကို ပြောပြဖို့လည်း မမျှော်လင့်နဲ့.. ငါတို့ အင်မော်တယ်စံအိမ်က လူတွေအားလုံးကို စံအိမ် သခင်က စည်းခတ်ထားတယ်.. ငါ့ရဲ့မှတ်ဉာဏ်ကို မဖတ်ဖို့ ငါအကြံပေးချင်တယ်.. အတင်းအကျပ် လုပ်ရင် ပေါက်ကွဲမှုဖြစ်လာပြီး မင်းတို့အားလုံးလည်း သေကြလိမ့်မယ်"
"ပေါက်ကွဲမယ် ဟုတ်လား.. ဟေ့လူ.. မင်း ငါတို့ကို ခြိမ်းခြောက်နေတာလား"
ဘောပင်က ဤလူကို သင်ခန်းစာတစ်ခု ပေးချင်နေခဲ့သည်။
သို့ရာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူမလုပ်ခင် တားဆီးလိုက်၏။
ထို့နောက် သူက ထန်လေး၏ ဆံပင်ကိုလှန်ကာ လည်ကုပ်ကို သေချာစစ်ဆေးပြီးနောက် သက်ပြင်းချလိုက်သည်။
"သူအမှန်အတိုင်း ပြောနေပုံရတယ်.. သူ့လည်ပင်းနောက်ဘက်မှာ အမှတ်တံဆိပ်တစ်ခုရဲ့ သဲလွန်စတွေ ရှိနေတယ်"
ဓမ္မရာဂျာက မျက်ခုံးပင့်လိုက်သည်။
"စီနီယာ အင်မော်တယ်.. ငါတို့ အခု ဘာလုပ်သင့်လဲ"
"သူ ဖွင့်ပြောဖို့ အဆင်သင့်ဖြစ်ချိန် အထိ ငါတို့စောင့်ရမယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က မြေပြင်ပေါ်ရှိ လူကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"အင်မော်တယ်စံအိမ်က လူတွေက သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ကို မှော်လက်နက်အဖြစ် ပြုပြင် လေ့ကျင့်ကြတယ်.. ဒီလူက သူ့ရဲ့မျက်လုံး စွမ်းအားကို အတော်လေး ယုံကြည်ပုံရတယ်.. မျက်လုံးကို မှော်လက်နက်အဖြစ် လေ့ကျင့်ထားတဲ့ပုံပဲ"
ခဲဖျက်က ခေါင်းညိတ်လိုက်သည်။
"သူက တကယ်ကို စွမ်းအားကြီးတယ်.. စီနီယာ ဓမ္မရာဂျာ ဘာမှ မလုပ်နိုင်ခင်မှာ သူက စီနီယာဓမ္မရာဂျာရဲ့ မျက်လုံးကို သွေးထွက်အောင် လုပ်ပြီးသားပဲ"
ဓမ္မရာဂျာက ရင်ဝကို နောက်ထပ် မြှားတစ်စင်း စိုက်ဝင်လာသလို ခံစားခဲ့ရသည်။
".............."
[ဒီကိစ္စကို မပြောလို့မရဘူးလား.. အရမ်းရှက်စရာကောင်းတယ်]
"အရမ်းကောင်းတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က အားပါးတရ ရယ်မောကာ မတ်တပ်ရပ်၍ ဓမ္မရာဇာ၏ ပခုံးကို ပုတ်လိုက်သည်။
"ဓမ္မရာဂျာ.. မင်းကိုယ်တိုင် ရွေးချယ်ရမယ့် အချိန်ရောက်လာပြီ"
ဓမ္မရာဂျာ "...???..."
ဗုံးပစ်စီနီယာအင်မော်တယ် "ဒီလူရဲ့ မျက်ခွံတွေ ဖွင့်လာအောင် တစ်ယောက်က မျက်လုံးကို အတင်းချဲထား.. ပြီးရင် ဓမ္မရာဂျာ.. မင်းက မင်းရဲ့ နတ်မိုးကြိုး အမွေအနှစ်နဲ့ သူဝန်မခံမချင်း သူရဲ့ ချီးမျက်လုံးတွေကို ကန်းအောင် လုပ်ပစ်လိုက်"