မင်းရဲ့ ခံနိုင်ရည်က အားနည်းတယ်
Vol. 17 Ch. 249
ထွင်ထျန်းဟာက ၎င်း၏ အိမ်မက်နိမိတ်သည် ရွှေကောက်နှံပင်အိပ်မက် နှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားမိသည်။
သို့သော် ခြားနားချက်မှာ ဒဏ္ဍာရီဆန်သော ရွှေကောက်နှံပင် အိပ်မက်တွင် တစ်စုံတစ်ယောက်သည် အိပ်မက်ထဲတွင် တစ်သက်စာ စိတ်ချမ်းသာမှုကို ခံစားခဲ့ရသည်။
သို့ရာတွင် နိုးလာပြီးနောက် ကောက်နှံ ချက်မပြီးသေးသည်ကို တွေ့ရှိခဲ့သည်။
ထွင်ထျန်းဟာကမူ သူ၏ ကိုယ်ပိုင်အိပ်မက်က မည်သည့်အရာကို ဆိုလိုမှန်း စဥ်းစား၍မရခဲ့ပေ။
ထွင်ထျန်းဟာက အိပ်မက်ထဲမှ ရူးသွပ်စွာ ရယ်မောနေသော အနီရောင်ဝတ် ကျင့်ကြံသူကို မသိသလို နှလုံးသားကို ဓားဖြင့် အထိုးခံရသော ဖက်တီးကိုလည်း မသိပေ။
ထို့အပြင် ထွင်ထျန်းဟာက ၎င်းတို့၏ မျက်နှာများ ပို၍ပို၍ မှုန်ဝါးလာသည်ကို သဘောပေါက်လာသည်။
အိပ်မက်အတွင်း အလွန်ကြည်လင်ပြတ်သားသည့် HD အင်္ဂါရပ်များသည် တိုတောင်းသော တခဏအတွင်း စိတ်ထဲတွင် အရိပ်များ ဖြစ်လာသည်။
ထွင်ထျန်းဟာက ၎င်း၏ ခွေးခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် တုန်လှုပ်နေခဲ့သည်။
အိပ်မက်အကြောင်းကို ဆရာလေးလင်းကို ပြောပြချင်သော်လည်း ဆရာလေးလင်းက လက်ရှိတွင် အလုပ်များနေပြီး သူ့အတွက် အချိန်မရှိပေ။
၎င်းကို တွေးမိပြီးနောက် ထွင်ထျန်းဟာက သူ၏ အိပ်မက်ကို မမေ့မီ သူ၏ ဒိုင်ယာရီတွင် မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။
ဝမ််လင်းက ကျင့်ခယ်ကို သန့်ရှင်းရေး လုပ်ပြီးသော အခါတွင် ထွင်ထျန်းဟာက ကုတင်ခြေရင်း၌ အိပ်ပျော်သွားသည်ကို သူ သတိပြုမိသည်။
သူက သူ၏ လေ့လာရေး ပစ္စည်းများကို လှန်ကြည့်ကာ ၎င်းတို့ကို နှစ်မိနစ်ခန့် ပြန်လည် သုံးသပ်လိုက်သည်။
ထို့နောက် အနားယူရန် အဆင်သင့် မဖြစ်မီ နောက်ထပ် သင်ခန်းစာအတွက် ပြင်ဆင်ချိန် သုံးမိနစ်ခန့် ကြာမြင့်ခဲ့၏။
စစ်ရေးလေ့ကျင့်မှု အပြီးတွင် ဘဝက တစ်ဖန် နှေးကွေးသွားပြီး ဝမ်လင်း၏ သဘောအကျဆုံး နှင့် အရင်းနှီးဆုံး ဖြစ်သည့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားခဲ့၏။
လူ့အဖွဲ့အစည်း၏ ဘဝက သူ့အတွက် အဆင်မပြေဟု အမြဲခံစားခဲ့ရသော်လည်း ယခုအခါတွင် သူတွေးထင်ထားသလောက် ကြောက်စရာကောင်းသည်ဟု မထင်တော့ချေ။
ဘဝ၏ အရှိန်အဟုန်က နှေးကွေးသွားသော်လည်း အာရုံစူးစိုက်ရန် လိုအပ်သည့် ကိစ္စများမှာ လျော့ကျသွားခြင်း မရှိပေ။
သူဌေးထန် နှင့် အဖြစ်အပျက်ကို သူသိထားပြီးသား ဖြစ်သည်။
အင်မော်တယ် စံအိမ်၏ ဝိသေသ လက္ခဏာက မရိုးရှင်းကြောင်း သူအမြဲ ခံစားခဲ့ရသည်။
အနည်းဆုံးတော့ စံအိမ်သခင်က ဝမ်လင်း ကြုံတွေ့ခဲ့ရဖူးသမျှတွင် အခက်ခဲဆုံးလူ ဖြစ်ပြီး ကွာဖီ ထက်ပင် ဒုက္ခပိုပေးနိုင်ပုံရသည်။
ဗိုလ်ချုပ်ရီက ဤတစ်ကြိမ်တွင် ကွာဖီကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။
ကွာဖီက ၎င်း၏ အထွတ်အထိပ် ခွန်အားကို ပြန်လည်ရယူနိုင်ခြင်း မရှိသေးပေ။
အကြောင်းရင်းမှာ မိစ္ဆာအင်ပါယာ ကွာဖီက ပါးပါးနပ်နပ် မလုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။
ကွာဖီနှင့်ယှဥ်လျှင် အင်မော်တယ်စံအိမ်၏ သခင်က အဆပေါင်း များစွာ ပါးနပ်၏။
ဟော်သွန်းအပင်အောက်တွင် အင်မော်တယ်စံအိမ်မှ လူငယ်ပေါ်လာသောအခါ လူငယ်၏ တွင်းနက်ရှောင်တိမ်းခြင်း ဓားပေါ်တွင် ဝမ်လင်းက သူ၏ စိတ်ဝိညာဥ်စွမ်းအင်ကို သဲလွန်စတစ်ခု အဖြစ် ချန်ခဲ့သော်လည်း ယခုအချိန်အထိ ယင်းထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိသေးပေ။
ဆိုရလျှင် ဤသဲလွန်စကို အင်မော်တယ်စံအိမ်က ရှာတွေ့ခဲ့သည်လား မသိတော့ချေ။
အမှောင်အင်အားစုများ အတွက် အဆိုးဆုံးပြစ်ချက်မှာ ၎င်းတို့ဂိုဏ်း၏ တည်နေရာကို ဖော်ထုတ်ခြင်းပင် ဖြစ်သည်။
ထိုအချက်ကို အင်မော်တယ်စံအိမ်၏ သခင်က မလွဲမသွေ သတိထားမည်မှာ သေချာသည်။
လက်ရှိအခြေအနေဖြင့် ဆိုလျှင် သူဌေးထန်၏ညီ ထန်ချမ့်ထံမှ သတင်းကို စောင့်မျှော်ရုံသာ ရှိတော့သည်။
ဝမ်လင်းက ရုတ်တရက် ကျင့်ခယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
မြင့်မြတ်သော ဓားတစ်လက်ကို ဖန်တီးရန်က အင်မော်တယ်စံအိမ် သခင်၏ အဆုံးစွန်သော ရည်ရွယ်ချက် အမှန်ပင်လော။
သို့သော် သူ့အနေဖြင့် သေချာတာ တစ်ခုတော့ ရှိသည်။
ထိုအရာမှာ..
.......................
ဇွန်လ 21 ရက်နေ့၊ အင်္ဂါနေ့သည် စာသင်နှစ်၏ ကိုးပတ်မြောက် ဖြစ်၏။
အမှတ် 60 အထက်တန်းကျောင်းဘေးရှိ လမ်းကြား တစ်ခုတွင် ကလေးမလေးက နံရံကို မှီပြီး ဝမ်လင်းကို စောင့်နေသည်။
အစောပိုင်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူမကို ဖယောင်းသုတ်ပေးရန် စီစဥ်ခဲ့သော်လည်း အစားအသောက်ပို့ဆောင်သူများ၏ ခန္ဓာကိုယ်များကို ပြန်လည် တည်ဆောက်ရန် ကူညီရမည် ဖြစ်သောကြောင့် ဝမ်လင်းက ၎င်းကိုယ်စား ခေါ်သွားပေးခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဆားဗစ်ပေးသည့် လိပ်စာကို ဝမ်လင်းအား ပေးခဲ့သည်။
ဆိုင်ပိုင်ရှင်မှာ "လော"ဟု အမည်ရပြီး လက်ရာကောင်းသော ဆရာတစ်ဦး ဖြစ်သည်။
သူက ကလေးမလေးကို ပြုပြင်ထိန်းသိမ်းမှု တစ်ကြိမ် ပြုလုပ်ပြီးပြီ ဖြစ်၍ အရာအားလုံးက သူ့အတွက် အလွန် လွယ်ကူချောမွေ့မည်မှာ သေချာသည်။
အနည်းဆုံးတော့ ၎င်း၏ ကျွမ်းကျင်မှုနှင့် ပတ်သက်၍ စိတ်ပူစရာ မလိုအပ်ပေ။
ထို့အပြင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ သူငယ်ချင်းထဲတွင် သူဌေးလော သည်လည်း ပါဝင်ခဲ့သည်။
သူဌေးလောက အွန်လိုင်းတွင် ချက်တင် ထိုင်ရသည်ကို သဘောမကျသလို ချက်ဂရု သို့လည်း မ၀င်ခဲ့ပေ။
သူက အင်မော်တယ်ထုန်ရာ မီးဖို ပေါက်ကွဲသည့် အခါတိုင်း ပြုပြင်ပေးသူလည်း ဖြစ်သည်။
ဝမ်လင်းက ကျောင်းဂိတ်တံခါးမှ ထွက်လာသည်နှင့် ကလေးမလေး၏ အခြေအနေကို ကောင်းစွာ ခံစားမိနေပြီ ဖြစ်သည်။
လမ်းကြားလေးထဲသို့ ကွေ့ဝင်လိုက်သည်နှင့် လမ်းသရဲလို ဝတ်စားထားသော ဆိုးသွမ်းလူငယ် တစ်စုက ကလေးမလေးအား ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။
ထိုအထဲမှ အချို့မှာ လည်ပင်းတွင် ရွှေဆွဲကြိုးကြီးများပါ ၀တ်ဆင်ထားသည်။
အခြေအနေကို မသိသည့်သူတိုင်းမှာ ၎င်းတို့ကို"The Rap of China" အစီအစဉ်မှာ ပါသည့် ရက်ပ်ပါများဟု ထင်ကောင်းထင်မိလိမ့်မည်။
ကလေးမလေးက တစ်ရာ့လေးဆယ် စင်တီမီတာသာ ရှိပြီး ကျင့်ခယ်ထက် အရပ်ပုသည်။
ယခုအခါတွင်မူ ဤဆိုးသွမ်းသူများက သူမကို ဝိုင်းရံထားသည်။
ကလေးမလေးက မီးခိုးရောင် ကုတ်အင်္ကျီလေးကို ၀တ်ဆင်ထားခဲ့သည်။
သူမ၏ ဖြူဝင်းသော မျက်နှာသေးသေးလေးက ချစ်ဖို့ အလွန် ကောင်းသောကြောင့် မြင်သူတိုင်းက ချစ်ကြမည်မှာ သေချာ၏။
ထိုအချိန်တွင် သူမက ဆိုးသွမ်းလူငယ်များကို မျက်နှာမူ၍ နံရံကို မီနေသည်။
"အစ်ကိုကြီး.. သူ့ကို ကြည့်ရတာ ကလေးပဲ ရှိသေးတယ်"
" ခန္ဓာကိုယ်ကသာ ကလေး.. နှလုံးသားက ပင်လယ်ကြီး ဆိုတဲ့ စကားကို မင်းမကြားဖူးဘူးလား.. ဒီလို ကလေးတွေနဲ့ ကစားရတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်"
လည်ပင်းတစ်ဝိုက်တွင် ရွှေဆွဲကြိုးနှစ်ကြိုး ဆွဲထားပြီး တက်တူးထိုးထားသော အမျိုးသားတစ်ဦးက စိတ်လှုပ်ရှားသောမျက်လုံးဖြင့် ကလေးမလေး၏ တစ်ကိုယ်လုံးကို တပ်မက်စွာကြည့်လိုက်သည်။
"သူငယ်ချင်းမလေး.. မင်း လမ်းပျောက်နေတာလား"
"အကိုကြီးနဲ့သာ လိုက်လာခဲ့.. မင်းကို စုပ်ပြားတစ်ချောင်း ဝယ်ကျွေးပြီး ဆော့ကစားဖို့ ခေါ်သွားပေးမယ်"
ထိုမြင်ကွင်းကို အဝေးကနေ လှမ်းကြည့်ရင်း ဝမ်လင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
သူက ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ဤဆိုးသွမ်းသူများက တစ်လက်မလောက် သည်းခံလျှင် တစ်မိုင်လောက် အခွင့်အရေး ယူတတ်သည်။
ရွှေဆွဲကြိုးများ ဆွဲထားပြီး တက်တူးထိုးထားသည့် အမျိုးသားက တိုက်ရိုက် မလှုပ်ရှားမီ စကားလုံးများစွာဖြင့် ကလေးမလေးကို စည်းရုံးလိုက်သည်။
ထို့နောက် သူက ကလေးမလေး၏ ဆံပင်ကို စိုက်ကြည့်ရင်း သူ့လက်ကို ဆန့်တန်းလိုက်သည်။
ကလေးမလေး၏ ဆံနွှယ်လေးများက ချစ်ဖို့ကောင်း၍ မည်သူမှ မပွတ်ဘဲ နေနိုင်မည် မဟုတ်ပေ။
ကံဆိုးစွာပင် ရွှေဆွဲကြိုးဝတ်ထားသည့် သူက လေကိုသာ ဖမ်းဆုပ်မိလိုက်၏။
ကလေးမလေးက ဘေးဘက်ကို ရှောင်လိုက်၍ သူလက်လှမ်းမမှီခဲ့ခြင်း ဖြစ်သည်။
"ဟဲဟဲ.. ညလေးက အရမ်းသွက်သားပဲ"
ကလေးမလေးက ဤမျှမြန်ဆန်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကလေးမလေးက ဒေါသတကြီးဖြင့် ပါးပြင်များ နီရဲတက်လာသည်ကို ဆိုးသွမ်းလူငယ်က မြင်လိုက်ရသည်။
"ဒီလိုဒေါသထွက်နေတဲ့ ပုံစံလေးက ငါ့အကြိုက်ပဲ"
ဆိုးသွမ်းလူငယ်က ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ကလေးမလေးကို ဖမ်းရန် သူ့လက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
သို့သော် ကလေးမလေး၏ လှုပ်ရှားမှုများက လေကဲ့သို့ အလွန်တရာ မြန်ဆန်လွန်းနေ၏။
သူမက ဘယ်ညာကိုသာ ယိမ်း၍ ရှောင်နေမှန်း ရှင်းရှင်းလင်းလင်း သိသာ ထင်ရှားသော်လည်း မြန်ဆန်လွန်း၍ ပုံရိပ်ယောင် တစ်ခုလို ဖြစ်နေသည်။
၎င်းကိုမြင်လျှင် ဆိုးသွမ်းလူငယ်က ထိတ်လန့် တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သေချာသည်မှာ ယင်းက ပုံမှန် လူသားတစ်ယောက်၏ အရှိန် မဟုတ်တော့ပေ။
ဤကလေးမ၏ လှုပ်ရှားမှုများက တကယ်ကို မြန်ဆန်လွန်းပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
သူမက ကျင့်ကြံသူ တစ်ယောက်မှန်း ထင်ရှားနေ၏။
သို့ရာတွင် သူမက ကလေးလေး ဆိုတာလည်း သိသာထင်ရှားနေသည် မဟုတ်လော။
ဆိုးသွမ်းလူငယ် တစ်စုက ကိုယ့်မျက်စိကိုယ် မယုံကြည်နိုင် ဖြစ်နေကြသည်။
လူငယ်တစ်စုလုံး ဝိုင်းဝန်း ဖမ်းခဲ့သော်လည်း အကြိမ်တိုင်း သူမက လွတ်သွားခဲ့သည်။
ကလေးမလေးက လှုပ်ရှားမှု အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။
ငါးမိနစ်လောက် အကြာတွင် ခေါင်းဆောင်ဖြစ်သည့် ရွှေဆွဲကြိုးဝတ် လူငယ်က အလွန်ပင်ပန်းသွား၍ ဆက်မဖမ်းနိုင်တော့ချေ။
သူက အသက်ကို မနည်းဝအောင် ရှုနေရသည်။
ချွေးစက်များက သူ့နဖူးကနေ မြေပြင်ပေါ်သို့ စီးကျလာသည်။
သူက ချွေးများကို သုတ်ပြီးနောက် ကလေးမလေးကို လုံးဝ လက်လျှော့လိုက်တော့သည်။
"မင်း.. မင်း.. သွားလို့ရပြီ.. ဒီတစ်ခေါက်တော့ မင်းရဲ့ကံတရားကို ကျေးဇူးတင်.."
ဆိုးသွမ်းလူငယ်က အရှက်ပြေ ပြောလိုက်သည်။
ကလေးမလေးက မျက်ခုံးပင့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက် သူမက ဤဆိုးသွမ်းလူငယ် အုပ်စုကြားမှ ထွက်လာခဲ့သည်။
သူမက ထွက်မသွားခင် ရွှေဆွဲကြိုးဝတ် ဆိုးသွမ်းလူငယ်ကို ကြည့်ကာ ခနဲ့လိုက်သည်။
"နင်က ငါးမိနစ်လောက်တောင် လုပ်နိုင်မှာမဟုတ်ဘူး.. နင့်ရဲ့ ကိုယ်ခံအားက အားနည်းလွန်းတယ်"
ထို့နောက် သူမက နောက်သို့ ပြန်လှည့်မကြည့်ဘဲ ဝမ်လင်း ဆီသို့ လျှောက်လာသည်။
လမ်းကြား၏ ထိပ်တွင် ရပ်နေသည့် ဝမ်လင်းက ဆိုးသွမ်းလူငယ်၏ နှလုံးကွဲကြေသံကို အဝေးကနေ ကြားနေရသည်။