ဒါကဒဏ္ဍာရီလာ ကိုယ့်ကိုယ့်ကိုယ် ကာကွယ်တဲ့ဓားချီလား
Vol. 17 Ch. 252
အနုတ်စုတ်ကုပ်စုတ် အသွင်အပြင်၊ နူးညံ့သောနှလုံးသား၊
စိတ်အားထက်သန်မှု နှင့် ဉာဏ်ရည်ထက်မြက်မှု တို့အပြင် စူးစမ်းလေ့လာနိုင်မှု စွမ်းရည်တို့မှာ ဝမ်လင်းအပေါ် ဖက်တီးလော၏ ပထမဆုံးသော ဆွဲဆောင်မှု ဖြစ်သည်။
ရိုးသားစွာ ပြောရလျှင် အံဆွဲထဲတွင် ခေါက်ဆွဲကြွပ်ကြော်ကို တွေ့လိုက်သောအခါ သူအံ့အားသင့်သွားသည်။
'ဖက်တီးလော'က ချက်ဂရုတွင် မပါဝင်သော်လည်း ဝမ်လင်း၏ အကြိုက်ဆုံး အစားအစာကိုပင် သိရှိနေသည်မှာ အဖွဲ့ဝင်များထံမှ သတင်းရရှိခြင်းကြောင့် ဖြစ်ကြောင်း သူနားလည်ထားသည်။
ထိုထက် အရေးကြီးဆုံးမှာ ဖက်တီးလော၏ ခွန်အားက အလွန် ကြောက်စရာကောင်းနေခြင်းပင်။
ဝမ်လင်းက ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ထိုအချက်ကို တန်းသိခဲ့သည်။
'ဖက်တီးလော'က သူ၏ အော်ရာကို လျှို့ဝှက်စွာ ဖုံးကွယ်ထားသော်လည်း ပညာရှင်တစ်ယောက် ဖြစ်သည့် ဝမ်လင်း၏ မျက်စိအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ပညာရှင်အစစ် ဆိုသည်မှာ တစ်ဖက်လူ၏ နယ်ပယ် အဆင့် မည်မျှရှိသည်ကို သိချင်ပါက ထိုလူထံမှ ထွက်ပေါ်လာသော အော်ရာအပေါ် အခြေခံ၍ အကဲဖြတ်မည် မဟုတ်ပေ။
ထိုအစား ထွက်ပေါ်လာသော အော်ရာကို ဖော်မြူလာများဖြင့် တွက်ချက် ပေါင်းစပ်ပြီးမှ နယ်ပယ်အဆင့်ကို အတိအကျ ဆုံးဖြတ်လေ့ရှိ၏။
'ဖက်တီးလော'က ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်း အလွန်ထင်ရှားနေသည်။
ဓမ္မရာဂျာ၏ နတ်မိုးကြိုး အမွေအနှစ်ကို အတိုင်းအတာ အဖြစ် အသုံးပြုမည် ဆိုလျှင် ဖက်တီးလော၏ စွမ်းပကားမှာ မိုးကြိုးအမွေအနှစ်၏ ထက်ဝက်စွမ်းအား နှင့် တူညီလုနီးပါး ဖြစ်သည်။
.......................
ဝမ်လင်းက အချိန်အကြာကြီး မစောင့်လိုက်ရပေ။
ဝန်ဆောင်မှုဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ပြုပြင်မှုများ ဆက်တိုက် လုပ်ဆောင်ပြီးနောက် ကလေးမလေး၏ ပန်းရောင်ဆံပင်များမှာ အရင်ကထက် ပိုတောက်ပလာသည်။
သူမ၏ ခေါင်းပေါ်ရှိ ဆံစ အထုံးလေးနှစ်ခုက ပူတင်းလို ဖြစ်နေ၏။
"ဒီတစ်ခါတော့ သူမကို ပိုကြာရှည်ခံတဲ့ သုတ်ဆေးနဲ့ လုပ်ပေးထားတယ်.. အရင်တစ်ခါထက် အရည်အသွေး ပိုကောင်းတဲ့ပစ္စည်းတွေကို သုံးပေးထားတာကြောင့် ပိုကြာကြာခံမယ်လို့ ယုံကြည်ပါတယ်"
လောချွမ့်က ပြောလိုက်သည်။
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
"စီနီယာအင်မော်တယ်က ဒီပြုပြင်ထိန်းသိမ်းမှု အတွက် သူပိုက်ဆံပေးမယ်လို့ ဖုန်းဆက် ပြောထားတယ်.. ဒါပေမဲ့ ငါတို့က ညီနောင်တွေ ဖြစ်တဲ့အပြင် လင်းကျန်းရန်နဲ့လည်း ဒီတစ်ခေါက်က ပထမဆုံးတွေ့တာ ဆိုတော့ အခမဲ့ပဲ ဝန်ဆောင်မှုပေးလိုက်ပါ့မယ်.. ငါ့ရဲ့ ဆေးသုတ်၊ ဖယောင်းသုတ်တဲ့ အလုပ်တွေက စျေးမကြီးပါဘူး.. ဒါကြောင့် လင်းကျန်းရန် အားမနာပါနဲ့"
ဖက်တီးလောက ပန်ကာလေကို ခံရင်း ပြုံးလိုက်သည်။
"လင်းကျန်းရန် အနေနဲ့ ဒီကိုလာဖို့ဆိုတာ မလွယ်ဘူး.. ဒါကြောင့် အပြစ်မမြင်ဘူးဆိုရင် ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်"
ထိုစကားကို ကြားလျှင် ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"ပြောပါ"
အစကတည်းက ဤမျှလောက် မရိုးရှင်းမှန်း သိထားသော်လည်း သူ့ အမူအရာက အလွန် တည်ငြိမ်နေသည်။
ဤဖက်တီးက အန္တရာယ်ကင်းပုံ ပေါက်သော်လည်း တကယ်တမ်းတွင် အလွန်သန်မာသော ကျင့်ကြံသူ ဖြစ်၏။
'ဖက်တီးလော'က ရယ်မောလိုက်ရာ သူ့မျက်နှာပေါ်ရှိ ပြည့်ဖြိုးသော အသားများက ရှုံ့တွန့်သွားသည်။
"ဒီသတ္တုပစ္စည်းဆိုင်ကို ငါ့ဘိုးဘေးတွေ လက်ထက်ကတည်းက လုပ်လာခဲ့တာပဲ.. ဒီဆိုင်မှာ မှော်လက်နက်တွေကို ပြုပြင်ထိန်းသိမ်းတာတွေ အဓိက လုပ်တယ်.. လင်းကျန်းရန်အနေနဲ့ ငါ့ရဲ့ ပန်းပဲသမား ဆိုတဲ့ နောက်ထပ် ဝိသေသလက္ခဏာကို ကြားဖူးမယ်လို့ ထင်ပါတယ်"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ် သူ့ကို ယခင်က မပြောခဲ့လျှင်ပင်သူက 'ဖက်တီးလော'ကို ပန်းပဲဆရာ တစ်ယောက်မှန်း ကောင်းစွာသိသည်။
နှစ်ရှည်လများ သတ္တုစပ် လက်နက်များကို ထုလုပ်ခဲ့သည့် ပန်းပဲသမားတစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် သန်မာ၏။
ဖက်တီးလောက အပေါ်ယံတွင် အဆီပြင် ရှိသော်လည်း တကယ်တမ်း သူ၏ အင်္ကျီဖြူအောက်တွင် ကြွက်သားထု အစိုင်အခဲများ ရှိနေသည်။
"ငါက နှစ်ပေါင်း ရာနဲ့ချီ ပန်းပဲဆရာ လုပ်ခဲ့တယ်.. ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒက တစ်နေ့နေ့မှာ ကိုယ်ပိုင် မှော်လက်နက် ထုလုပ်ပြီး အမွေအနှစ် တစ်ခု အဖြစ် ဖန်တီးဖို့ပဲ"
'ဖက်တီးလော'က ဝမ်လင်းကို လက်သီးဆုပ်၍ အလေးပြုလိုက်သည်။
"လင်းကျန်းရန်မှာ ဓားတစ်ချောင်း ရှိတယ်လို့ ငါကြားနေတာ ကြာပြီ.. အဲဒါကို ငါအရမ်း တွေ့ချင်မိတယ်.. လင်းကျန်းရန် ငါ့ကို ကြည့်ခွင့်လေးများ ပေးနိုင်မလား"
[အိုး... သူက ကျင့်ခယ်ကို ကြည့်ချင်နေခဲ့တာလား]
ဝမ်လင်း၏ လက်ထဲတွင် ဝိညာဉ် အလင်းတန်းများ တိုက်ရိုက်လင်းလက်လာပြီးနောက် 'ဖက်တီးလော'က ဝမ်လင်း၏ လက်ဖဝါးမှ အရှည် တစ်မီတာ သို့မဟုတ် နှစ်မီတာ ရှိသော မက်မွန် သစ်သားဓား တစ်လက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
စင်စစ် တစ်စုံတစ်ယောက်ကို မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ဓားအား ကြည့်ရှုခွင့်ပေးလိုက်ခြင်းမှာ အတော်လေး ပုဂ္ဂိုလ်ရေးဆန်၏။
ယခုက လင်းကျန်းရန် နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမို့ လင်းကျန်းရန် တစ်ယောက် ငြင်းလိုက်မည်ဟု တွေးထားသော်လည်း လင်းကျန်းရန်၏ သဘောထားကြောင့် သူ အတော်လေးကို အံ့အားသင့်သွားသည်။
ထို့နောက်တွင် 'ဖက်တီးလော'က ကျင့်ခယ်ကို စိုက်ကြည့်ကာ အံသြသွားသည်။
သူ့မျက်လုံးများက သစ်သားဓားဆီမှ မခွာနိုင်သလို ခံစားရသည်။
၎င်းက မက်မွန်သစ်သား ဓားတစ်လက်မျှသာ ဖြစ်သော်လည်း အသေးစိတ်ကအစ လုံးဝ လက်ရာမြောက်လွန်းနေ၏။
'ဖက်တီးလော'က လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကျင့်ခယ်ကို မထိမီတွင် သစ်သားဓား၏ ကိုယ်ထည်ကို ဝန်းရံထားသည့် မမြင်နိုင်သော ဓားချီများကို ခံစားမိလိုက်သည်။
"ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ ဓားချီလား"
ဖန်တီးလော တုန်လှုပ် ခြောက်ခြားသွားသည်။
သူသည် မရေမတွက်နိုင်သော ဝိညာဉ်ဓားများနှင့် ထိတွေ့ခဲ့ရသော်လည်း သခင်၏ ဝိညာဉ်စွမ်းအင် မပါရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သော ဓားချီကို မည်သည့်အခါမျှ မတွေ့ခဲ့ဖူးပေ။
"ဒါက ဒဏ္ဍာရီလာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ဓားချီလား"
ဖက်တီးလော၏ လက်က လေထဲတွင် အေးခဲသွားသလို ခံစားခဲ့ရသည်။
ထိုအချိန်တွင် သူ့မျက်နှာပေါ်ရှိ ပြည့်ဖြိုးသော အသားများက တုန်ခါနေပြီး နှလုံးသားထဲတွင်လည်း မကြုံစဖူးသော နှလုံးခုန်သံကို ခံစားလိုက်ရသည်။
"လင်းကျန်းရန်.. ဒီဓားကို ကောင်တာပေါ်က ဓားဗန်းပေါ် ထားပေးလို့ ရမလား"
ဖက်တီးလောက သူ့မျက်ရည်များကို သုတ်လိုက်သည်။
သူက ဝမ်လင်းကို တောင်းဆိုမှု လုပ်ပြီးနောက် ထိန်းချုပ်၍ မရလောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ကျင့်ခယ်ကို ဗန်းပေါ်တင်ပေးလိုက်သည်။
'ဖက်တီးလော'က အကာအကွယ် ဓားချီကို တိုက်ရိုက် ထိဝံ့ခြင်းမရှိပေ။
သူက ပန်ကာကို စားပွဲပေါ်ချလိုက်ပြီး လက်အိတ်အဖြူတစ်ထည်ကို ဝတ်ဆင်ပြီးနောက် နံဘေးတွင် အမွှေးတိုင် တစ်တိုင်ကိုပါ ထွန်းထားလိုက်သည်။
"ဒီအမွှေးတိုင်က ဓားဝိညာဉ်ကို သက်သာစေတဲ့ အာနိသင်ရှိတယ်.. ငါ့ရဲ့ ကူမျိုးရိုး သူငယ်ချင်း တစ်ယောက်ရဲ့ မျိုးနွယ်စုက အမွှေးတိုင်တွေကို မျိုးရိုးအစဥ်အဆက် ထုတ်လုပ်ခဲ့တာလေ.. နောက်တစ်ခါ အခွင့်အရေးရှိရင် လင်းကျန်းရန်ကို သူနဲ့ မိတ်ဆက်ပေးမယ်.. ဘာပဲဖြစ်ဖြစ် ဒီအခွင့်အရေးကို ပေးတဲ့အတွက် လင်းကျန်းရန်ကို အရမ်း ကျေးဇူးတင်ပါတယ်"
'ဖက်တီးလော'က ဝမ်လင်းကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူက ကျင့်ခယ်၏ ရှေ့တွင် ရပ်ကာ ဓားကို တလေးတစား ဦးညွှတ်လိုက်သည်။
"ငါ့အပြစ်ကို ခွင့်လွှတ်ပါ သခင် ကျင့်ခယ်"
'ဖက်တီးလော'က ကျင့်ခယ်ကို ထိရန် သူ့လက်များကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ဖက်တီးလော အလွန်တရာ စိတ်လှုပ်ရှားနေသည်။
ဤကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော ဝိညာဉ်ဓားများနှင့် မှော်လက်နက်များကို သူတွေ့မြင်ခဲ့ရသော်လည်း ဤနှစ်ပေါင်းရာချီအတွင်း သူ့ကို အသက်ရှူဖို့ပင် မေ့လျော့စေသော ဝိညာဉ်ဓားတစ်လက်ကို ပထမဆုံး အကြိမ် တွေ့မြင်ခဲ့ရခြင်းပင်။
"ဓားက ကောင်းလိုက်တာ"
လောချွမ့်က ကျင့်ခယ်ကို လက်ထဲမှာ ကိုင်ထားရင်း ချီးမွမ်းခန်းဖွင့်လိုက်သည်။
သူ့လက် အရမ်းကြီး တုန်မနေအောင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရ၏။
သူက လက်ထဲတွင် မှန်ဘီလူး သေးသေးလေးကို ကိုင်ထားပြီး အလှတရားကို ဆန်းစစ်နေသကဲ့သို့ ဓားကို ထိပ်ဖျားမှ လက်ကိုင် အထိ အချိန်အတော်ကြာအောင် စစ်ဆေးခဲ့သည်။
ငါးမိနစ်ကြာအောင် ကြည့်ပြီးနောက် သူက ကျင့်ခယ်ကို ဓားဗန်းထဲသို့ပြန်ထည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ကောလဟာလတွေ ကြားထားသလိုပဲ.. သခင်ကျင့်ခယ်ရဲ့ ခန္ဓာကိုယ်က ပြီးပြည့်စုံပြီး အပြစ်အနာအဆာက မရှိသလောက်ပဲ.. လင်းကျန်းရန်ရဲ့ နာမည်နဲ့ ဆိုရင် ဒါက သေးငယ်တဲ့ ကိစ္စလေးပါပဲလေ.."
"ဒါနဲ့ လင်းကျန်းရန်.. သခင် ကျင့်ခယ်မှာ ဓားအိမ်ရှိလား"
'ဖက်တီးလော'က သူ၏ လက်အိတ်ဖြူများကို ချွတ်လိုက်ပြီး ၎င်း၏ ပန်ကာအသေးလေးကို ပြန်လည် ကောက်ယူကာ ပန်ကာလေကို ခံရင်း မေးလိုက်သည်။
"ဓားတစ်လက်ရဲ့ ထူးချွန်မှုက သူ့ခန္ဓာကိုယ်နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘူး.. သူ့ရဲ့ ဓားအိမ် ကလည်း အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် အရေးပါတယ်"
"ဓားကိုယ်ထည်က စိတ်ဝိညာဉ် ဆိုရင် ဓားသွားက အသွေးအသားပဲလေ.. သခင်ကျင့်ခယ် ရဲ့ ခန္ဓာကိုယ်မှာ အမြဲတမ်း အကာအကွယ် ဓားချီ အလွှာတစ်ခု ရှိတယ် ဆိုပေမယ့်လည်း ဓားအိမ် မပါပဲထားရင် အားနည်းချက်တွေက အနာဂတ်မှာ ပေါ်ပေါက်လာလိမ့်မယ်"
"ဓားအိမ်လား"
တကယ်တော့ ဖေဖေဝမ် ကျင့်ခယ်ကို ဝယ်စဥ်က ဓားအိမ်တစ်ခု ရှိခဲ့သည်။
သို့သော် ထိုဓားအိမ်မှာ ကလေးအရွယ် ဝမ်လင်း၏ လက်ချက်ဖြင့် တိုက်ရိုက် ကြေမွသွားခဲ့သည်။
ထို့ကြောင့် ထိုအချိန်ကတည်းကပင် ကျင့်ခယ်မှာ ဓားအိမ်မပါဘဲ ရှင်သန်ခဲ့ရ၏။