← Chapters

အမေ့ရဲ့ သားလေး ဉာဏ်အလင်းရသွားပြီ

Vol. 17 Ch. 255

အမေ့ရဲ့ သားလေး ဉာဏ်အလင်းရသွားပြီ

Vol. 17 Ch. 255

မီဒီယာပညာရှင်များ၏ ခွဲခြမ်းစိတ်ဖြာချက်အရ ကနဦး တိုက်ရိုက် တင်ဆက်သော သတင်းမှာ မကြာသေးမီ နှစ်များအတွင်း ဟွာရှို့နိုင်ငံ၏ အစဥ်အလာတွင် စံနမူနာယူဖွယ်ရှိသည့် ပထမဆုံးသော ကြီးမားသည့် လုပ်ဆောင်မှု တစ်ခု ဖြစ်သည်။

နိုင်ငံတော်၏ အခြေခံ ဥပဒေများကို နိုင်ငံသားများ သိရှိနားလည်စေခြင်းအပြင် တရားခွင်၏ တိုက်ရိုက်သတင်းမှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော ရာဇဝတ်ကောင်များကိုပါ အကြီးအကျယ် ခြိမ်းခြောက်နိုင်ပြီး မကောင်းသော အင်အားစုများ၏ မောက်မာမှုများကို နှိမ်နှင်းနိုင်မည် ဖြစ်သည်။

ထိုနေ့နံနက်တွင် ဝမ်လင်းက ပေါင်မုန့်ကို ဝါးနေရင်း ကြည့်ရှုနေ၏။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး ဆယ်မိနစ် မပြည့်မီတွင် အွန်လိုင်းမှ တိုက်ရိုက် ကြည့်ရှုသူဦးရေမှာ သိသိသာသာပင် လျင်မြန်စွာ တက်လာပြီး အရေအတွက် သန်းတစ်ရာကိုပင် ကျော်သွားခဲ့သည်။

ထို့နောက်..

ဝမ်လင်းက ဆာဗာပျက်ကျသည်ကို မြင်လိုက်ရပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ထပ်မံ ဖွင့်ရန် ကြိုးစားလိုက်သော အခါတွင် "404"စာတန်းသာ ထွက်ပေါ်လာ၏။

ဝမ်လင်း "............"

ဖိုးဖိုးဝမ်က မိုဘိုင်းလ်ဖုန်းပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်မှုကို ဘယ်လို ကြည့်ရမလဲ မသိခဲ့ပေ။

သူက ဝမ်လင်းထံရောက်လာသောအခါတွင်ဝမ်လင်း၏ ဝဘ်

စာမျက်နှာက 404 သို့ ပြောင်းသွားသည်ကို သတိပြုမိလိုက်သည်။

သူက တိုက်ရိုက် သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါအမြဲပြောဖူးတယ် မဟုတ်လား.. အဆင့်မြင့် နည်းပညာတွေက တစ်ခါတလေ စိတ်မချရပါဘူးလို့... စိတ်မပူပါနဲ့.. TV မှာလည်း တိုက်ရိုက်ကြည့်လို့ ရပါတယ်"

ထိုစကားကိုပြောပြီး ဖိုးဖိုးဝမ်က တီဗွီကိုဖွင့်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။

TVကနေ တိုက်ရိုက်ကြည့်ရှုမှုက တည်ငြိမ်သည်။

ထို့အပြင် TVဖန်သားပြင်ပေါ်တွင် မက်ဆေ့ချ်များ ရွေ့လျားခြင်း မရှိပေ။

မဟုတ်လျှင် စီနီယာကြီးများက လက်ဆောင်တွေကနေ တစ်ဆင့် သူတို့၏ ကြွယ်ဝမှုများကို အပြန်အလှန် လှစ်ဟပြနေသည်မှာ အံဩတုန်လှုပ်စရာပင်။

အမှန်တကယ်တွင် ကွာဖီ နှင့် ပတ်သက်၍ တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ဝင်စားသူမှာ အမျိုးအစား သုံးမျိုးသာ ရှိသည်။

ပထမ အမျိုးအစားမှာ လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး အခြေအနေ တိုးတက်မှုကို စိတ်ရင်းမှန်ဖြင့် ပူပန်ခဲ့ကြသည်။

၎င်းတို့က ကွာဖီ၏ နောက်ဆုံး စီရင်ချက်အား အလေးအနက် အာရုံစိုက်နေကြ၏။

ဒုတိယ အမျိုးအစားမှာ လူငယ်များဖြစ်ပြီး အများစုမှာ ဤအဖြစ်အပျက်က လူ့အဖွဲ့အစည်း အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိပြီး ၎င်းတို့၏ အနာဂတ် အလုပ်အကိုင် အလားအလာများအား ထိခိုက်စေမည်ကို စိုးရိမ်နေကြသည်။

မီဒီယာများ၏ အဆိုအရ အချို့သော စွန့်ဦးတီထွင် လူငယ်များသည် "မိစ္ဆာအို" နှင့် "မိစ္တာအင်ပါယာ ကွာဖီ" အမည်များကို ထုတ်ကုန်၏ အမှတ်တံဆိပ် အဖြစ် မှတ်ပုံတင်ထားပြီ ဖြစ်သည်။

တတိယအမျိုးအစားမှာ ဆယ်ကျော်သက်များ ဖြစ်၏။

၎င်းတို့က တွေးခေါ်ပုံတွင် ရိုးစင်းပြီး အများစုမှာ တင်ဆက်မှုကို နှစ်သက်သဘောကျ၍ ကြည့်ရုံသာ ဖြစ်သည်။

ထို့အပြင် သူတို့က ဤအဖြစ်အပျက်အတွက် စိတ်မပူခဲ့ကြပေ။

သူတို့က မက်ဆေ့ချ် ဖတ်ရသည်ကို ကြိုက်သည်။

မက်ဆေ့ချ်ထဲတွင် လက်ဆောင်များကို တမင်တကာ ပေးကမ်းတတ်သည့် ကျင့်ကြံခြင်း လောကထဲမှ နာမည်ကျော်များ၏ အလှူအတန်း ရက်ရောပုံများကိုလည်း တွေ့လိုက်ရ၏။

ဝမ်လင်းက ဤအမျိုးအစား ခွဲခြားမှုတွင် မည်သည့် အမျိုးအစားမှ သူနှင့် မသက်ဆိုင်ကြောင်း ခံစားခဲ့ရသည်။

ဖိုးဖိုးဝမ်က ခြေချိတ်၍ထိုင်ရင်း TVကို ကြည့်နေ၏။

လောလောဆယ်တွင် ကွာဖီက သူ၏ပြစ်မှုများကို တိုက်ရိုက်သတင်းတွင် ဝန်ခံနေသည်။

ကုလားထိုင်ပေါ်တွင် ထိုင်နေသော ကွာဖီက ဝမ်းနည်းပူဆွေးသော မျက်နှာ အမူအရာဖြင့် ဝန်ခံနေသည်ကို သူမြင်လိုက်ရ၏။

ဖိုးဖိုးဝမ်၏ အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။

ထို့နောက်တွင် ဝမ်လင်းကို မေးခွန်းထုတ်လိုက်သည်။

"လင်း.. မင်း ဒီအကြောင်းကို တစ်ခုခု သိထားသေးလား"

ဝမ်လင်းက ခေါင်းငုံ့၍ ပြန်မဖြေခဲ့ပေ။

ကွာဖီ အဖမ်းခံရချိန်တွင် သူက အခင်းဖြစ်ပွားရာ နေရာ၌ ရှိနေသော်လည်း ဖြစ်ပျက်ခဲ့သမျှကို ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း အင်မော်တယ်ထုန်ရာ နှင့် ဗိုလ်ချုပ်ရီကို ကတိပေးထားခဲ့သည်။

ဖိုးဖိုးဝမ်က တီဗီကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

ရုပ်မြင်သံကြားတွင် မျက်ရည်ကျစ ပြုလာသော ကွာဖီကို သူမြင်ရသောအခါ တီဗွီကို ရိုးရှင်းစွာ ပိတ်ချလိုက်သည်။

"ဒီမိစ္ဆာကောင်က မျက်ရည်ကျတာနဲ့ ပတ်သက်ပြီး ဘယ်လိုသရုပ်ဆောင်ရမယ် ဆိုတာကို မသိတဲ့ပုံပဲ"

အဘိုးအိုက ဝမ်လင်းကို လှမ်းပြောလိုက်သည်။

စားဖိုမှူးတစ်ဦး အနေဖြင့် သူက မရေမတွက်နိုင်သော ဒင်နာစားသူများနှင့် ကြုံတွေ့ခဲ့ရပြီး အမူအရာ အမျိုးမျိုးကို မြင်တွေ့ခဲ့ရဖူး၏။

ကွာဖီ၏ အမူအရာကို တစ်ချက်ကြည့်ရုံဖြင့် အလိမ်အညာမှန်း သူ ကောင်းစွာ မြင်နိုင်သည်။

"ဒါကိုဘယ်လိုခေါ်ရမလဲ.."

ဖိုးဖိုးဝမ်က မေးစေ့ကို ပွတ်သပ်ကာ စဥ်းစားရင်း နောက်ဆုံးတွင် ကွာဖီ၏ လက်ရှိ အခြေအနေနှင့် လုံးဝလိုက်ဖက်သော မှတ်ချက်ကို တွေးမိလိုက်သည်။

"မျက်နှာပေါ်မှာတော့ မျက်ရည်.. နှလုံးသားထဲမှာတော့ ကြည့်ရှုနှုန်း"

ဝမ်လင်း "............"

....................

နောက်တစ်နေ့ ဝမ်လင်း ကျောင်းသွားစဥ် နံနက်စောစောတွင် ဆွေးနွေးမည့် အကြောင်းအရာမှာ မျှော်လင့်ထားသည့်အတိုင်း တိုက်ရိုက် ထုတ်လွှင့်မှုသတင်း အကြောင်းပင် ဖြစ်သည်။

တကယ်တမ်းတွင် ကွာဖီ အဖမ်းခံရချိန်၌ ထိုအချိန်က စစ်သင်တန်း တက်နေသည့် ကျောင်းခြောက်ကျောင်းမှ ကျောင်းသားများမှာ ထိုမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရ၏။

သို့သော် အခင်းဖြစ်ပွားရာ နေရာ နှင့် အနီးစပ်ဆုံးဖြစ်သည့် ဝမ်လင်းမှ လွဲ၍ ကမ္ဘာငယ်လေးပေါ်တွင် ဖြစ်ပျက်ခဲ့သည်များကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြပေ။

ကျောင်းသားအများစုမှာ ကြီးကျယ်ခမ်းနားသော ဒြပ်စင်ငါးပါး အစီအရင်ကိုသာ မြင်ဖူးလိုက်ကြသည်။

နတ်ဆိုးအကျဥ်းထောင်ကို စည်းတံဆိပ် ခတ်ထားလေ့ ရှိသည့် ဝိညာဥ်ငါးပါးစွမ်းအား ကဲ့သို့ပင် ဒြပ်စင်ငါးပါး အစီအရင် အလင်းရောင်က ၎င်းတို့၏ မျက်လုံးများကို မဖွင့်နိုင်လောက်သည်အထိ ကျိန်းစပ်စေပြီး အလွန်တရာကို တောက်ပနေခဲ့သည်။

၎င်းတို့မျက်လုံး ပြန်ဖွင့်နိုင်သော အခါတွင် ကွာဖီကို ဖမ်းမိနေပြီဖြစ်သည်။

ကွာဖီ အဖမ်းခံရသည့် ဖြစ်စဥ်တွင် အခင်းဖြစ်ပွားရာ နေရာရှိ လျှို့ဝှက်စစ်ဆင်ရေးမှာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမွေ့ခဲ့သည်။

ဤဒဏ္ဍာရီလာ မိစ္ဆာအင်ပါယာ၏ အသွင်အပြင် အစစ်အမှန်ကို သွားကြည့်၍ စူးစမ်းလေ့လာလိုသော ကျောင်းသားအများအပြားကို သင်တန်းဆရာများက ဟန့်တား ထားခဲ့ရသည်။

အားလုံးကို ခြုံငုံ၍ ပြောရလျှင် ရှင်သန်ခြင်းပြိုင်ပွဲ၌ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပွားခဲ့၏။

ထို့ကြောင့် နံနက်ပိုင်း စာလေ့လာချိန် အတွင်း ကွာဖီ၏ တိုက်ရိုက်သတင်းကို ဆွေးနွေးခဲ့ကြပြီးနောက် ထိုနေ့၏ အသေးစိတ် အချက်အလက်များကို ပြန်ပြောင်း အမှတ်ရသွားပြီး အချို့သော ကျောင်းသားများမှာ ဝမ်းနည်းသလို ခံစားခဲ့ရသည်။

"ကွာဖီကို ဖမ်းမိတဲ့ အခင်းဖြစ်ပွားရာ အနီးတဝိုက်မှာ သက်သေတွေ ရှိနေမလားလို့ ငါတွေးမိတယ်.. အဲဒီတုန်းက ကြီးကျယ်ခမ်းနားတဲ့ ဒြပ်စင်ငါးပါး အစီအရင်က ကွာဖီကို ဖမ်းဆီဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာလို့ လုံးဝ မမျှော်လင့်ထားမိဘူး"

"ဒါက လျှို့ဝှက်မစ်ရှင် တစ်ခုပါ.. ဒါနဲ့ပတ်သက်လို့ ငါတို့တွေ သိဖို့ မဖြစ်နိုင်ဘူး"

ချန်းချောင်က သက်ပြင်းချ၍ ပြောလိုက်သည်။

"အခု သေသေချာချာ စဉ်းစားလိုက်တော့လည်း စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ဆဲလ်ဖုန်းတွေ ယူခွင့်မပေးရတဲ့ အကြောင်းရင်းက ဓာတ်ပုံရိုက်မှာစိုးလို့ ဆိုတာ ဖြစ်နိုင်ခြေများတယ်"

"တကယ်တော့ ဒီတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုမှာ ထူးဆန်းတာတွေ အများကြီး ဖြစ်ခဲ့တာကို သတိထားမိလား"

တစ်စုံတစ်ယောက် "ဘာကိုဆိုလိုတာလဲ"

"စစ်ရေး လေ့ကျင့်မှုမှာ ကော်ဟောက်နဲ့ ငါက အတန်းဖော် ဝမ်လင်း နဲ့ အတူ အုပ်စုဖွဲ့ ပူးပေါင်းခဲ့ကြပေမယ့် ရှင်သန်ခြင်းပြိုင်ပွဲအစမှာ ကော်ဟောက်က ဗိုက်နာလာတဲ့ အတွက် ငါတို့နဲ့ ကွဲကွာသွားတယ်.. ဒါပေမဲ့ အတန်းဖော် ဝမ်လင်းနဲ့ အတူ ကော်ဟောက်ကို ကမ္ဘာငယ်လေးရဲ့ သဲကန္တာရမှာ ပြန်တွေ့ခဲ့ရတယ်"

"ဒါက ထူးဆန်းတယ်"

ချန်းချောင် မျက်မှောင်ကြုတ်လိုက်သည်။

"အဲဒီကိစ္စတွေကြားထဲမှာ ငါရုတ်တရက် သေဆုံးသွားသလိုပဲ သတိမေ့သွားတယ်.. ငါနိုးလာတဲ့အခါ ထွင်ထျန်းဟာက ငါ့ဘေးမှာ ရှိနေတယ်.. ဒါပေမယ့် အတန်းဖော် ဝမ်လင်းကတော့ ရုတ်တရက် ပျောက်သွားတယ်.. အဲဒီတုန်းက ကမ္ဘာငယ်လေးက အမည်မသိ သတ္တဝါတွေရဲ့ ပြန်ပေးဆွဲခံနေရမလား ဆိုပြီး အလေးအနက် တွေးနေမိတယ်“

လူတိုင်း "..............."

ဝမ်လင်း."............."

ချန်းချောင်က ဤဖြစ်ရပ်များနှင့် ပတ်သက်၍ တုန်လှုပ်ချောက်ခြားစရာ တစ်စုံတစ်ရာ ရှိသည်ဟု ခံစားခဲ့ရသည့် အကြောင်းရင်းမှာ အမှန်တကယ်တွင် ဝမ်လင်း၏ အပြစ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲအပြီးတွင် ဝမ်လင်းက ဝမ်မင်၏ တောင်းဆိုချက်အရ ဝမ်မင် နှင့် ပတ်သက်သည့် ချန်းချောင်၏ မှတ်ဉာဏ် အားလုံးကို ဖျက်ပစ်လိုက်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ချန်းချောင်က ရှင်သန်ခြင်း ပြိုင်ပွဲနှင့် ပတ်သက်၍ ထူးဆန်းသည့် အရာတစ်ခုရှိနေကြောင်း ခံစားခဲ့ရသည်။

ဟုတ်ပါသည်...ယင်းက ကြောက်စရာ အကောင်းဆုံး အရာတော့ မဟုတ်ပေ။

ဝမ်လင်းက ချန်းချောင်၏ မှတ်ဉာဏ်များကို ဖျက်ပြီးနောက်တွင် အမှားတစ်ခုကို သတိပြုမိခဲ့သည်။

သူက ဝမ်မင် နှင့်ပတ်သက်သည့် အပိုင်းများကို ဖျက်လိုက်သော်လည်း အသေးစိတ် အချက်အလက် အချို့ကိုမူ ကောင်းစွာ မဖျက်မိကြောင်း ဝမ်လင်း သဘောပေါက်သွားသည်။

ချန်းချောင် နှင့် ကော်ဟောက်ကို ဝမ်မင် သင်ပေးခဲ့သော ဟိတ်ဟန်မဲ့လှိုင်း ကျင့်စဥ်ကို ဖျက်ရန် သူမေ့သွားခဲ့သည်။

ဟုတ်ပါသည်.. ချန်းချောင်ရော ကော်ဟောက်ပါ ထိုအကြောင်းကို ဘာမှ မပြောခဲ့ပေ။

ယင်းအချိန်တွင် သူတို့နှစ်ဦး၏ မျက်နှာပေါ်၌ အလွန် အတွေးနက်နေသော အမူအရာမျိုး ရှိနေသည်။

အဆုံးသတ်တွင် ဇာတ်ဆောင် တစ်ယောက်က ကျင့်စဥ်တစ်ခုကို ရုတ်တရက် ဉာဏ်အလင်းရသွားသည်မှာ သာမန်လူများလုံးဝ နားလည်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။

"အမေ.. အမေ့ရဲ့သားလေး ဉာဏ်အလင်းရသွားပြီ"

ထိုအခိုက်တွင် ချန်းချောင်၏ ခံစားချက်များက ရှုပ်ထွေးနေသည်။

သူက မယုံနိုင်စွာဖြင့် သူ့လက်များကို စူးစိုက်ကြည့်ရင်း ပြောမပြနိုင်လောက်အောင် စိတ်လှုပ်ရှားလာသည်။

ဝမ်လင်းက ချန်းချောင်၏ လက်များ အနည်းငယ် တုန်ရီလာသည်ကို မြင်လိုက်ရသည်။

ဝမ်လင်း "............"

All Chapters