သခင်ကျင့်ခယ်က အပြတ်အသတ် မိုက်လွန်းတယ်
Vol. 18 Ch. 256
ဟွာရှို့နိုင်ငံထဲရှိ သန်း ရာနှင့်ချီသော လူများသည် မိစ္ဆာအင်ပါယာ ကွာဖီ၏ တရားရင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် တိုက်ရိုက် ထုတ်လွှင့်မှုကို အာရုံစူးစိုက်နေကြသည်။
၎င်းတို့ထဲက တစ်ယောက်မှာ ဖက်တီးလော ဖြစ်သည်။
သူ၏ သတ္တုပစ္စည်းဆိုင်မှာ ရှေးခေတ်ကတည်းက စ၍ မျိုးရိုးအစဥ်အဆက် ဆက်ခံလာခြင်း ဖြစ်ပြီး ဗီရိုများကိုပင် ရှေးသစ်သားများဖြင့် ပြုလုပ်ထား၏။
သူက သတင်းဖတ်သည့် အလေ့အထ မရှိသလို တီဗီကြည့်ရသည်ကိုလည်း သိပ်မနှစ်သက်ပေ။
သူ့ဆီ မှော်လက်နက် ဝန်ဆောင်မှု ယူရန် ရောက်လာသည့် ဖောက်သည်များ အပြင် ညီအကို မောင်နှမတွေ ဆီကနေ သူက သတင်းအားလုံးကို ရရှိခဲ့သည်။
ထိုနေ့ နံနက်တွင် ဖက်တီးလောမှာ မထင်မှတ်ဘဲ ကွာဖီ၏ တရားရင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် တိုက်ရိုက် ထုတ်လွှင့်မှုကို စိတ်ဝင်စားနေခဲ့သည်။
သူ့ဆိုင်တွင် တီဗီမရှိပေ။
ထို့ကြောင့် တီဗီ နှင့် လုပ်ဆောင်ချက် တူသည့် မှော်ရတနာ တစ်ခုကိုသာ အသုံးပြုနိုင်ခဲ့သည်။
ထိုနေ့ နံနက်ပိုင်းတွင် ဆိုင်ထဲကို တစ်စုံတစ်ယောက် ရောက်လာသည်။
'ဖက်တီးလော'က အဖြူရောင် အောက်ခံအင်္ကျီကို ဝတ်ဆင်ကာ ပေါ့စတိုင် ဆံပင်ကေကို ဖြီးသင်နေရင်း မှန်ကို စူးစိုက်ကြည့်နေသည်။
'ဖက်တီးလော'က သူ့ကိုယ်သူ ချီးကျူးခြင်း မဟုတ်ပေ။
သူက နိုင်ငံ့အရေးကို အလေးထားသောသူ ဖြစ်သည်။
"မင်္ဂလာ နံနက်ခင်းလေးပါ"
ထိုခဏတွင် အဖြူရောင် ၀တ်စုံနှင့် အမျိုးသား တစ်ဦးက ရုတ်တရက် ဆိုင်တံခါးကို ဖြတ်ကျော် ဝင်ရောက်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။
'ဖက်တီးလော'က သတင်းကြည့်ရင်း မော့ကြည့်လိုက်ရာ ဗုံးပစ်စီနီယာ အင်မော်တယ်ကို တွေ့လိုက်ရသည်။
"ဘာလို့ ဒီလောက် အစောကြီးလာတာလဲ"
"နေ့လည်ခင်းမှာ လုပ်စရာတွေ ရှိသေးတာမို့ ဓားကို ကြိုပြီး လာယူတာလေ.. ကြယ်ခုနစ်ပွင့်ဓားကို မင်းကို လေ့လာဖို့ ငါးရက်လောက် ဌားပေးရင် မင်းငါ့ဓားကို ဆားဗစ်အပြည့် ပေးမယ်လို့ ကတိပေးခဲ့တာကို မေ့သွားတယ်လို့တော့ မပြောနဲ့နော်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဗီရို တစ်လုံး နှင့် ဆန့်ကျင်ဘက်တွင် ရပ်ကာ ပြုံး၍ ပြောလိုက်သည်။
"အော် မဟုတ်ပါဘူး.. အဲဒါကို ကျနော် ဝန်ဆောင်မှု အပြည့် ပေးပြီးပါပြီ.. အချိန် သိပ်မယူလိုက်ရသလို အကုန်အကျလည်း မများပါဘူး"
'ဖက်တီးလော'က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ညာဘက်ဗီရိုကို ညွှန်ပြလိုက်သည်။
"ဓားက ညာဘက်ဗီရိုရဲ့ နံပါတ် 24 မှာပါ...မင်းဘာသာပဲ ယူလိုက်တော့"
ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဖက်တီးလောကို လုံးဝ မယုံနိုင်လောက်အောင် အံ့သြသွားသည်။
ဆိုရလျှင် ကြယ်ခုနစ်ပွင့်ဓားကို ပထမဆုံးအကြိမ် သူ့ထံ တောင်းခံစဥ်က ဖက်တီးလော၏ သဘောထားမှာ ထိုသို့ မဟုတ်ကြောင်း သူသတိရမိသည်။
ထိုအချိန်က ဖက်တီးလောမှာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပေါင်ကို ဖက်ထားရန် ဒူးထောက်လုနီးပါးပင်။
"အရင်က အင်မော်တယ် ကျန်းရွမ်ရဲ့ ကျော်ကြားမှုကို ငါကြားဖူးတယ်.. ဒါကြောင့် ကြယ်ခုနှစ်ပွင့်ဓားကို အတော်လေး မျှော်လင့်ထားမိတယ်.. ဒါပေမဲ့ မင်းဆီက ရလာပြီး နာရီအနည်းငယ် အကြာမှာ ဒီဓားက ငါ့စိတ်ကူးထဲမှာ နေရာမယူနိုင်တော့ဘူး"
'ဖက်တီးလော'က သူ့လက်ထဲမှ မှန်ကိုချလိုက်ပြီး ခေါင်းကိုဖြည်းညှင်းစွာ မော့ကာ အလေးအနက် ပြောလိုက်သည်။
"ကြယ်ခုနှစ်ပွင့်ဓားက ပေါ့သေးသေး မဟုတ်ပါဘူး.. ဒီဓားက အရမ်း အထင်ကြီးစရာ ကောင်းပါတယ်.. ဒါပေမဲ့ အားနည်းချက် ကြီးကြီးမားမားလည်း ရှိနေတယ်.. ဒီဓားက အဆင့်တူ ဝိညာဥ်ဓားတွေနဲ့ ယှဥ်ရင် ဝိညာဉ်စွမ်းအင် ပမာဏ လေးဆနီးပါး သုံးစွဲရတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "မင်းပြောချင်တဲ့ အဓိကအချက်က ဘာလဲ"
"ကြယ်ခုနှစ်ပွင့်ဓားက ဓားတွေစာရင်းမှာ အမြင့်ဆုံး ဖြစ်နေပေမဲ့ ဒီဓားက လက်တွေ့ မကျသလို လူတိုင်းအတွက်လည်း မသင့်တော်ဘူး.. မွေးရာပါ ဝိညာဉ်စွမ်းအင်၊ အခြေခံစွမ်းအင် ကြွယ်ဝတဲ့ ကျင့်ကြံသူတွေ နဲ့ပဲ သင့်တော်တယ်.. ထူးခြားတဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့သူတွေပေါ့.. တစ်နည်းပြောရရင် ကောင်းကင်သားတော်လို့ ခေါ်နိုင်တဲ့ ကျင့်ကြံသူတွေအတွက်ပဲ သင့်လျော်ပါတယ်"
ဖက်တီးလောက ပခုံးတွန့်လိုက်သည်။
"မင်း ငါ့ကို အဆင့် သတ်မှတ်ခိုင်းရင်တော့ ကြယ်ခုနှစ်ပွင့်ဓားက ထိပ်တန်းဆယ်လက် စာရင်းတောင် ဝင်မှာ မဟုတ်ဘူး"
"...???..."
ထိုစကားကိုကြားပြီးနောက်တွင် ထိုစကားက လွန်ခဲ့သော ရက်အနည်းငယ်က ဖက်တီးလော ပြောခဲ့သော စကားမျိုး မဟုတ်၍ အံ့ဩသွားသည်။
"ဒီကြယ်ခုနစ်ပွင့်ဓားကို အလွန် လက်ရာမြောက်ပြီး အပြစ်အနာအဆာကင်းတဲ့ နတ်ဓားတစ်လက်လို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ မင်းပြောခဲ့တာ မဟုတ်လား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မှင်တက်နေသည်။
"အဲဒီတုန်းက အဲဒီတုန်းက.. အခုက အခုပဲ"
'ဖက်တီးလော'က ရှင်းပြလိုက်သည်။
"ဝိညာဉ်ဓားတွေ အများကြီးကို ငါတွေ့ဖူးတယ်.. ငါမမြင်ဖူးတဲ့နာမည်ကျော်ဓားက မရှိသလောက်ပဲ.. ဒါပေမယ့် မကြာသေးခင်က လင်းကျန်းရဲ့ ကျင့်ခယ်ကို မြင်လိုက်ချိန်မှာ ငါ့ကိုယ်ငါ ရေတွင်းထဲက ဖားတစ်ကောင်ပဲ ဆိုတာ သိလိုက်ရတယ်"
ဗုံးပစ်စီနီယာအင်မော်တယ်
"သေချာရဲ့လား.. မင်း ချဲ့ကားပြောနေတာလား"
"မင်း နားမလည်ပါဘူး"
'ဖက်တီးလော'က ဆက်ပြောလိုက်သည်။
"အဖျားကနေ အရင်းထိ သခင်ကျင့်ခယ်က အပြစ်ကင်းစင်တယ်.. နှမြောဖို့ ကောင်းတာက သူ့မှာ ဓားအိမ်မရှိတာပဲ.. အခုခေတ်မှာ သခင်ကျင့်ခယ်လိုမျိုး ဓားတွေ တော်တော် နည်းသွားပြီ.. ဓားက အလွန် အစွမ်းထက်ပြီး မျက်စိ ပသာဒလည်း ရှိတဲ့ အပြင် စွမ်းအင်သုံးစွဲရတာလည်း သက်သာတယ်.."
ဖက်တီးလောက ဤအချက်အထိ ပြောသောအခါ မျက်လုံးများ တောက်ပလာသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က တွေ့လိုက်ရသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် "............"
'ဖက်တီးလော'က ကွာဖီ၏ တရားစီရင်မှုကို တိုက်ရိုက်ထုတ်လွှင့်နေသေးသည့် မှန်ကို ကြည့်လိုက်သည်။
သူ့မျက်လုံးထဲတွင် လေးနက်သော အမူအရာတစ်ခု ရှိနေသည်။
"ဒါကိုကြည့်ပါ.. မင်းဟာမင်း ဘယ်သူပဲ ဖြစ်ပါစေ.. တစ်ချိန်က ကမ္ဘာကို လှုပ်ခတ်ခဲ့ဖူးတဲ့ နာမည်ဆိုး တစ်ခု ရှိနေရင်တောင် အဆုံးသတ်ကျရင် မင်းက ကြယ်ခုနစ်ပွင့်ဓားလိုပဲ ဒိတ်အောက်သွားမလား မပြောနိုင်ဘူး.. ဓားစာရင်းမှာ မပါဝင်တဲ့ သခင်ကျင့်ခယ်လို သာမန် ဝိညာဉ်ဓားတစ်လက်ကမှ စစ်မှန်တဲ့ အထွတ်အထိပ် နတ်ဓားလို့ ဆိုရမယ်"
"..........."
"ဟုတ်ပါတယ်.. မင်းရဲ့ ကြယ်ခုနစ်ပွင့်ဓားကို ငါ တမင် ပစ်မှတ်ထားပြီး နှိမ်ပြောနေတာ မဟုတ်ပါဘူး.. သခင်ကျင့်ခယ်ကို မြင်ကတည်းက ငါသဘောပေါက်လာခဲ့တယ်"
ဖက်တီးလောက မျက်စိ မှေးကြည့်ရင်း ပြုံးလိုက်သည်။
"သခင် ကျင့်ခယ်နဲ့ ယှဥ်ရင် အခြား ဝိညာဉ်ဓားတွေ အားလုံးက အမှိုက်တွေပဲ"
"............"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤဖက်တီးလောမှာ လင်းကျန်းရန်၏ ပရိသတ် ဖြစ်လာကြောင်း လုံးလုံး ပြောနိုင်နေပြီ ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ငါမင်းကို စုံစမ်းခိုင်းထားတဲ့ နေရာနဲ့ ပတ်သတ်ပြီး တိုးတက်မှု ရှိသေးလား"
'ဖက်တီးလော'က သူ၏ ကိစ္စကို ပြန်သတိရလာပြီး ရုတ်တရက် ခေါင်းမော့ကာ ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်၍ မေးလိုက်သည်။
သူက ဗုံးပစ်စီနီယာ အင်မော်တယ်ကို မိစ္ဆာတောင်ကြားဟု ခေါ်သော လျှို့ဝှက်နေရာတစ်ခုအား ရှာဖွေပေးရန် တောင်းဆိုခဲ့ဖူးသည်။
ထိုနေရာက ရာစုနှစ်တိုင်းတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည့် လျှို့ဝှက်နေရာတစ်ခု ဖြစ်သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသည်။
မိစ္ဆာတောင်ကြား ဟူသော အမည်အရ ဆိုးရွားသော နေရာတစ်ခုဟု ထင်ရသော်လည်း သမိုင်းမှတ်တမ်းများ အရမူ အမှတ်တရ ဓာတ်ပုံများ ဝေဝေဆာဆာ ရိုက်ကူးနိုင်သည့် ရှုခင်းများ ရှိ၏။
ထိုထက်ပို၍ အရေးကြီးဆုံးမှာ မိစ္ဆာတောင်ကြားက သမိုင်းထဲတွင် ပျောက်ကွယ်နေသည့် ရှားပါးပစ္စည်းများ ထွက်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းပင်။
"ဒီမတိုင်မီမှာ ဘလက်လေးကို ငါမေးခဲ့တယ်..မိစ္ဆာတောင်ကြားရဲ့ အော်ရာအတက်အကျကို သူရှာတွေ့ခဲ့ပြီလို့ ပြောတယ်.. အင်း တွက်ချက်ကြည့်လိုက်ရင် ဒီနှစ်က တောင်ကြား ပြန်ပွင့်မဲ့နှစ် ဖြစ်ပုံပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ် စိတ်ဝင်တစား မေးခွန်းထုတ်လိုက်သည်။
"ဒါပေမယ့် ငါသိချင်သေးတယ်.. မင်းဘာလို့ အဲဒီကိုသွားချင်တာလဲ"
"ငါတစ်ခုခုလုပ်ချင်တယ်.. ငါရည်ရွယ်ချက်သာ အောင်မြင်ရင် ငါ့ဘဝတစ်ခုလုံးရဲ့ ဂုဏ််အယူရဆုံး လုပ်ရပ် ဖြစ်လာမှာပါ"
'ဖက်တီးလော'က အပြုံးတွေ ဝေဆာနေသည့် မျက်နှာဖြင့် ဂုဏ်ယူစွာ ပြောခဲ့သည်။
"ဓားတစ်ချောင်း လုပ်ချင်လို့လား"
"အဲဒါက ငါ့ရဲ့ အရင်ကပန်းတိုင်ပါ.. အရင်က ငါ့ဆိုင်မှာရှိတဲ့ ချပ်ဝတ်တန်ဆာ အားလုံးကို အလွယ်တကူ ဖျက်စီးနိုင်မဲ့ ဝိညာဉ်ဓားတစ်ချောင်းကို ဖန်တီးချင်ခဲ့ဖူးတယ်. ဒါပေမယ့် သခင်ကျင့်ခယ်ကို တွေ့လိုက်ရပြီးနောက်မှာ ဒီမျှော်မှန်းချက်က ဒီဘဝမှာ အောင်မြင်နိုင်တဲ့အရာ မဟုတ်ဘူးလို့ ငါခံစားခဲ့ရတယ်"
'ဖက်တီးလော'က နောင်တ အနည်းငယ်ရဟန်ဖြင့် သက်ပြင်းချလိုက်ပြီး မျှော်လင့်ချက် ပြည့်ဝနေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"အဲဒီအစား ငါသခင်ကျင့်ခယ် အတွက် အန္တိမ ဓားအိမ်တစ်ခု လုပ်ဖို့ ဆုံးဖြတ်ထားတယ်
"ဒါက မိစ္ဆာတောင်ကြားကို သွားချင်တဲ့ တကယ့် အကြောင်းရင်းလား"
ဗုံးပစ်စီနီယာအင်မော်တယ်က မျက်ခုံးပင့်လိုက်သည်။
"ဟုတ်ပါတယ်"
ဖက်တီးလောက ပြုံး၍ ပြန်ဖြေလိုက်သည်။
"ငါ့ရဲ့ မူလအစီအစဉ်က မိစ္ဆာတောင်ကြားက အထူး ထောက်ပံရေး ပစ္စည်းဖြစ်တဲ့ ခြောက်သွေ့ အရိုးခြောက်တစ်ထောင်ပဲ"
"ခြောက်သွေ့ အရိုးခြောက် တစ်ထောင်လား.. အဲဒါက တောင်ကြားထဲမှာတောင် အတော် ရှားပါးလိမ့်မယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
ဖက်တီးလော ပြောနေသည့် ခြောက်သွေ့ အရိုးခြောက်တစ်ထောင်မှာ ရှေးခတ်မှ အထောက်အပံ့ ပစ္စည်းတစ်မျိုး ဖြစ်ပြီး အသက်ဓာတ် ပြန်လည် ရရှိရန်အတွက် ဆေးဝါးထဲတွင် ပါဝင်ပစ္စည်းအဖြစ် ပေါင်းထည့်နိုင်သည့် အပြင် သိဒ္ဓိ လက်နက်များ ထုလုပ်ရာတွင် တည်ငြိမ်စေရန် အတွက်လည်း အသုံးဝင်၏။
ကံမကောင်းစွာဖြင့် အလွန်အကျွံ ရိတ်သိမ်းခြင်းများကြောင့် မျိုးသုဉ်း ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။
မိစ္ဆာတောင်ကြား၌ တကယ်ရှိခဲ့လျှင်ပင် အများကြီး ရှိမည် မဟုတ်ပေ။
ထိုအချက်ကို 'ဖက်တီးလော' ကောင်းကောင်းသိနေမှန်း ထင်ရှား၏။
"မိစ္ဆာတောင်ကြားမှာ ခြောက်သွေ့ အရိုးခြောက်တစ်ထောင် ရှိရင်တောင် များများစားစား ရှိမှာ မဟုတ်တာ ငါသိပါတယ်..နတ်ဓားထုလုပ်ဖို့ ဆိုရင် ဒီပမာဏက လုံလောက်မှာမဟုတ်ပေမဲ့ အကယ်၍ ငါ ဒီပစ္စည်းကို အန္တိမ ဓားအိမ်ပြုလုပ်ဖို့ အတွက် သုံးမယ် ဆိုရင်တောာ့ သေချာပေါက် လုံလောက်လိမ့်မယ်"
ထိုစကားကိုပြောရင်း ဖက်တီးလောက ရူးသွပ်စွာ ပြုံးလိုက်တယ်။
"............."
ထိုအပြုံးကို မြင်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။