← Chapters

ရှေးဟောင်းစာအုပ်ကြီး၏ အတင်းအဖျင်းအချိန်

Vol. 18 Ch. 258

ရှေးဟောင်းစာအုပ်ကြီး၏ အတင်းအဖျင်းအချိန်

Vol. 18 Ch. 258

မျိုးနွယ်စုခေါင်းဆောင်ယွီကို နှိမ်နှင်းပြီး ဆရာဝမ်၏ မြေဖြူခဲအပိုင်းအစကို ဖမ်းမိသည်ကပင် အပြောင်းအရွှေ့ကျောင်းသား၏ သတင်းက လှုပ်လှုပ်ရှားရှား ဖြစ်စေရန် လုံလောက်နေပြီ ဖြစ်သည်။

မလုံလောက်သေးလျှင် အမေကျွမ့်၏ "ကောင်းကင်နတ်ခရုပေါင်း" စားသုံးခြင်းကိုပါ ပေါင်းထည့်နိုင်၏။

ဖန့်ရှင်းက အမှတ် 60 အထက်တန်းကျောင်း၏ သမိုင်းတွင် အသန်မာဆုံးသော အပြောင်းအရွှေ့ ကျောင်းသားအဖြစ် သူ၏ အဆင့်အတန်းကို ခိုင်ခံ့စေပြီဟု ဆိုနိုင်သည်။

"ကောင်းကင် နတ်ခရုပေါင်း"ဟင်းလျာသည့"ဖန်ပင်းပင်း"နှင့် အတူ အမေကျွမ့် တီထွင်ခဲ့သော ဟင်းလျာအသစ် ဖြစ်သည်။

ကော်ဟောက် သိထားသော အချက်အလက်အရ ကောင်းကင်နတ်ခရုပေါင်းကို အိုးထဲမှ ယူထုတ်ရန် အဖုံးဖွင့်လိုက်သောအခါတွင် အိုးထဲမှ ထွက်လာသော ရေနွေးငွေ့က ကန်တင်း အတွင်းရှိ လတ်ဆတ်သော ပါဝင်ပစ္စည်းအားလုံးကို တခဏအတွင်း ညစ်နွမ်းသွားစေသည်။

အမေကျွမ့်၏ အဆိုအရ ဤဟင်းပွဲ၏ ထူးခြားသော ဝိသေသလက္ခဏာမှာ လျှာကဝေများကို ဆွဲဆောင်နိုင်သည့် အရသာရှိသော ခရုဆန်ခေါက်ဆွဲကြောင့် ဖြစ်သည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် ဤဟင်းက ဒဏ္ဍာရီလာ ပုပ်စော်နံ့ နံသော်လည်း အရသာရှိသည်။

အစာစားပြီး၍ ဝမ်းပျက်သွားစေကာမူ ခန္ဓာကိုယ်ကို အဆိပ်ထုတ်ပေးနိုင်ပြီး အသားအရေကိုလည်း အာဟာရဖြစ်စေသည်။

ခန္ဓာကိုယ် အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ချင်လျှင် ဟင်းရည်ကို များများ သောက်သင့်သည်ဟု ဆိုကြ၏။

ဟုတ်ပါသည်.. ဤအရာတွေ အားလုံးမှာ အမေကျွမ့်၏ တစ်ဖက်သတ် အမွှမ်းတင်ပြောဆိုခြင်းများသာ ဖြစ်၏။

ကော်ဟောက်က "ဖန်ပင်ပင်း"ကို စားသုံး၍ စံနမူနာပြထားသောကြောင့် ကျောင်းတွင် သူမ၏ ဟင်းလျာအသစ်ကို ယုံစားဝံ့သူမရှိပေ။

သို့သော် ချီးကျူးသင့်သည်ကိုတော့ ချီးကျူးရပေမည်။

ကော်ဟောက်က အမေကျွမ့်၏ ဖန်ပင်ပင်းကို စားပြီးနောက်ဆေးရုံတင်ခဲ့ရ၏။

ဆေးရုံမှ ဆင်းပြီးနောက်တွင်မူ သူ၏ ကိုယ်ခံစွမ်းအားက အနည်းငယ် တိုးတက်လာသည်ဟု ခံစားခဲ့ရသည်။

သူ့ကိုယ်ထဲမှ ပိတ်ဆို့နေသော သွေးကြောအချို့ပင် သိသိသာသာ ပွင့်သွားခဲ့သည်။

ယင်းက ဒဏ္ဍာရီလာ "အသစ်ကို ဖန်တီးဖို့ အဟောင်းကို ချိုးဖျက်ခြင်း"မျိုး ဖြစ်နိုင်ချေ ရှိပါသလော။

ကော်ဟောက်က ဤကိစ္စကို နှလုံးသားထဲတွင်သာ တိတ်တဆိတ် သိမ်းဆည်းထားပြီး မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

.......................

အားလုံးကို ခြုံငုံ၍ကြည့်လျှင် ကျောင်းသားသစ် တစ်ယောက် အနေဖြင့် ဖန့်ရှင်း၏ အနေအထားမှာ အမှတ် 60 အထက်တန်းကျောင်း၏ အလှဘုရင်မ ဖြစ်သည့် စွန်းရုံ၏ လွှမ်းမိုးမှုထက် မနည်းလှပေ။

ထျန်းရှစ် အင်ပါယာ အထက်တန်းကျောင်းသည် ကျင့်ဟွာ မြို့ရှိ အထက်တန်းကျောင်းများ၏ အော်စကာဆုနှင့် တူသည်။

ကျောင်းသို့ ဝင်ရောက်နိုင်သူများသည် ချမ်းသာပြီး လေးစားဖွယ်ကောင်းသော အဆင့်အတန်းမျိုး ရှိကြ၏။

သို့သော် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းအကြောင်း သိသူမှာ အလွန် နည်းပါးလှသည်။

တစ်ကမ္ဘာလုံး ပြန့်နှံ့နေသော ကော်ဟောက်၏ ဦးလေးများကြောင့်သာ မဟုတ်လျှင် ထိုအမည်ကို မည်သူမျှ ကြားဖူးမည် မဟုတ်ပေ။

အတန်းပြီးဆုံးပြီး ဆယ်မိနစ်အကြာတွင် ကော်ဟောက်က အပြောင်းအရွှေ့ ကျောင်းသားအသစ်နှင့် ပတ်သက်သည့် အတင်းအဖျင်း အားလုံးကို လူတိုင်းနှင့် မျှဝေလိုက်သည်။

ဒုတိယမြောက် အတန်းချိန် မစခင်တွင် စွန်းရုံ နှင့် လင်းရှောင်ယုတို့က အပြောင်းအရွှေ့ ကျောင်းသားအသစ်ကို သွားရှိုးပြီးနောက် လက်တွဲ၍ ပြန်လာခဲ့သည်။

မိန်းကလေး အချင်းချင်း လက်တွဲ၍ သွားလာလေ့ ရှိသည်မှာ သာမန်သာ ဖြစ်သည်။

အတန်းပြီးသွားသော အခါမျိုးတွင် လက်တွဲ၍ သန့်စင်ခန်းကိုသွားလေ့ ရှိကြသည် မဟုတ်လော။

ဤနေရာတွင် အဓိကအချက်မှာ စွန်းရုံ နှင့် လင်းရှောင်ယုတို့ လက်တွဲပြီး ပြန်လာကြခြင်း ဖြစ်သည်။

"............."

ဤမြင်ကွင်းက Greade 1 အခန်းသုံးရှိ လူအားလုံးကို အံ့အားသင့်စေသည်။

ကော်ဟောက်က လုံးဝကို မှင်တက်နေမိသည်။

လင်းရှောင်ယုလို ဖူဂျီရှီ အတွက် မိန်းကလေးတစ်ယောက်ကို လက်ကိုင်ထားသည်က ပုံမှန်သာ ဖြစ်၏။

သို့ရာတွင် စွန်းရုံက သူမ နောက်သို့ အဘယ်ကြောင့် လိုက်သွားရပါသနည်း။

"အတန်းဖော် ဖန့်ရှင်းက အရမ်းမိုက်တာပဲ.. ဟုတ်တယ်မလား.. ဟုတ်တယ်မလား စွန်းရုံ"

လင်းရှောင်ယုက စွန်းရုံကို တံတောင်ဖြင့်တွတ်တာ ဖန်ဂဲလ် (fan girl) အမူအရာဖြင့် ထပ်ခါတလဲလဲ မေးလိုက်သည်။

"သူက အတော်လေး ချောတယ်လို့ ငါထင်တယ်"

စွန်းရုံက အနည်းငယ် ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။

"နင်တို့ ဘာသွားလုပ်တာလဲ.. ဒီကောင့်ရဲ့ အားကောင်းတဲ့အချက်က ဘာလဲဆိုတာ သိလား"

ချန်းချောင်က အနည်းငယ် စပ်စုလိုက်သည်။

ထိုစကားကို ကြားလျှင် လင်းရှောင်ယုက ခဏလောက် စဉ်းစားပြီး ဖူဂျိုရှီ အမြင်ဖြင့် အချက်လေးချက်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မျက်နှာဖြူ.. ခြေတံရှည်... တူဝိညာဉ်.. ထာဝရအသက်.."

လူတိုင်း "............."

"အာ.. သူက အရမ်းချောတာပဲ သိတယ်.. သူ့ရဲ့ သန်မာမှုက ဘာလဲဆိုတာ ငါလည်းမသိဘူး"

ထိုစကားကို ပြောပြီးနောက် လင်းရှောင်ယုက အရေးကြီးသောအရာတစ်ခုကို ပြန်သတိရသွားပုံရပြီး ရုတ်တရက်

"အား.."

ဟု အော်လိုက်သည်။

"ဘာဖြစ်လို့လဲ"

သူမ မျက်နှာတွင် ရှက်သွေးဖြာသော အမူအရာ ဖြစ်ပေါ်လာသည်။

"ငါ သူနဲ့ ဆယ်လ်ဖီလ် ရိုက်ဖို့ မေ့လာတယ်"

လူတိုင်း "............"

လင်းရှောင်ယု "အတန်းဖော်စွန်းရုံ ငါနဲ့အဖော် လိုက်ခဲ့ပါလား"

စွန်းရုံ "..........."

ထိုစကားကို ပြောပြီးနောက် လင်းရှောင်ယုက စွန်းရုံ၏ လက်ကိုဆွဲကာ ဘေးခန်းသို့ စိတ်အားထက်သန်စွာ ပြေးသွားပြန်သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကော်ဟောက်က လက်ပိုက်ကာ သက်ပြင်းချလိုက်သည်။

"ပြီးသွားပြီ.. အားလုံးပြီးသွားပြီ"

ကော်ဟောက် တစ်ယောက်တည်းတင် မဟုတ်ပေ။

အပြောင်းအရွှေ့ ကျောင်းသား၏ ဆွဲဆောင်မှုတွင် အတန်းဖော် စွန်းရုံတောင်မှ ကျသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားမိပေ။

..................

အမှတ် 60 အထက်တန်းကျောင်းက ဤကဲ့သို့ အချိန်အခါမျိုးတွင် အတော်အတန် ကောင်းမွန်သော အပြောင်းအရွှေ့ကျောင်းသားနှစ်ဦးကို နှစ်စဥ် ရရှိခဲ့သော်လည်း ဤကဲ့သို့ လှုပ်ခတ်မှုမျိုးကို ပထမဆုံး ဖန်တီးခဲ့သူမှာ ဖန့်ရှင်း ဖြစ်သည်။

သူ၏ အသွင်အပြင်က လူတိုင်းကို ရုတ်ခြည်း ဆွဲဆောင်နိုင်၏။

သူက အမှတ် 60 အထက်တန်းကျောင်းသို့ ရောက်ပြီးနောက် တောက်ပစွာ ပြောင်လက်သွားသည့် လက်ဝတ်ရတနာ နှင့်တူသည်။

တစ်စိတ်တပိုင်းအားဖြင့် ဝမ်လင်း ထံမှ အာရုံစိုက်မှုများစွာကို ဆွဲထုတ်ရန် ကူညီပေးခဲ့သည်။

သို့သော် ဤလူက အန္တရာယ်ရှိသည်ဟု ဝမ်လင်းက ခံယူထား၏။

နံရံတစ်ဖက်မှ Grade 1 အခန်းနှစ်သို့ လှမ်းကြည့်လိုက်ရာ လူအုပ်ကြီးက ဖန့်ရှင်းကို ဝန်းရံထားသည်အား တွေ့လိုက်ရသည်။

ဖန့်ရှင်းက လူပေါကြော့ တစ်ယောက်နှင့်ပင် တူနေသည်။

ကျောင်းဝတ်စုံကို ၀တ်ထားဆဲ ဖြစ်၍ တီရှပ်အဖြူနဲ့ အပြာရောင် အဖြူအစင်း ဘောင်းဘီတစ်ထည်ကို ၀တ်ထားသည်။

သူ့ပတ်ဝန်းကျင်မှ လူတွေနှင့် စကားစမြည်ပြောရင်း သူ့သွားတွေက ဖြူဖွေးတောက်ပနေ၏။

ဝမ်လင်းက တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အကြာကြီး အကဲခတ်မနေဘဲ ချက်ချင်း ပြန်ထွက်သွားခဲ့သည်။

သူ အထင် မှားသွားခြင်း ဖြစ်နိုင်သော်လည်း သူ့အကြည့်တွေကို ရုတ်သိမ်းလိုက်သည့် အခိုက်တွင်ဖန့်ရှင်းက မျက်လုံးထောင့်ကနေ အနောက်သို့ ကြည့်ရန်ခေါင်းကိုစောင်းငဲ့ထားသည်ကို သတိပြုမိလိုက်၏။

...................

ရှေးဟောင်း စာအုပ်ကြီး ဆရာဝမ်၏ အတန်းသည် ဗုဒ္ဓဟူးနေ့ဖြစ်သည်။

နံနက်ပိုင်းတွင် ကွာဖီကို တရားစီရင်သည့် တိုက်ရိုက် ထုတ်လွှင့်မှု နောက်ဆက်တွဲ အနေဖြင့် ဆရာဝမ်က အတန်းထဲတွင် ခေတ်သစ်သမိုင်းမှ ဆက်စပ် ဗဟုသုတများကို မျှဝေခဲ့၏။

ထို့နောက် အစမ်းစာမေးပွဲသည် နှစ်ဝက် စာမေးပွဲတွင် အရေးပါသော စာမေးပွဲအမှတ် ဖြစ်လာမည်ဟု တိုက်ရိုက်ကြေငြာခဲ့သည်။

"ဒီနံနက်ပိုင်း တိုက်ရိုက် ထုတ်လွှင့်မှုက အချက်အလက်တွေကို နှစ်သစ်မတိုင်မီ အစောဆုံးဖြစ်တဲ့ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ကျောင်းသုံးစာအုပ်ထဲ ထည့်သွင်းမယ်လို့ ပညာရေးဦးစီးဌာနရဲ့ ကြေညာချက် တစ်စောင်ကို လက်ခံရရှိထားတယ်.. လာမဲ့ နှစ်နှစ် အတွင်းမှာ အဲဒါက အရေးပါတဲ့ စာမေးပွဲ မေးခွန်းတွေ ဖြစ်လာဖို့ရှိတယ်"

ဆရာဝမ်က စားပွဲခုံပေါ်တွင် လက်တင်ထားရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

"Grade 3မှာ သမိုင်းယူဖို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားတွေအနေနဲ့ ဒီအချက်ကို အထူးသတိပြုသင့်တယ်"

"............."

"ထိပ်တန်းရာဇ၀တ်သား တစ်ဦးနဲ့ ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွှင်တဲ့ တရားခွင်ဆိုင်ရာ မေးမြန်းမှုတွေလို အဓိကအရာတွေကနေ ကွာဖီနဲ့ ဗိုလ်ချုပ်ရီတို့ရဲ့ သမိုင်းမှာ ကျော်ကြားတဲ့ စွမ်းရည်တွေလို အသေးစိတ် အရာတွေ အထိ အရာအားလုံးက စာမေးပွဲမေးခွန်းတွေပဲ"

ဆရာဝမ်က ပြောလိုက်သည်။

"ဆရာ... ဒါတွေကို မေးခွန်းထုတ်ဖို့ ဖြစ်နိုင်လို့လား"

တစ်စုံတစ်ယောက်က မေးလိုက်သည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ"

ဆရာဝမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ငါသာဆိုရင် မင်းကို ဓားလက်ဝါးရဲ့ မူလအစ၊ တိကျတဲ့ သုတေသန လုပ်ထုံးလုပ်နည်းနဲ့ သမိုင်းထဲက ဓားတိုက်ပွဲတွေရဲ့ သမိုင်းဆိုင်ရာ သက်ရောက်မှုတွေကို မင်းကို မေးခွန်းထုတ်မယ်.. လူတစ်ဦးစီမှာ ကိုယ်ပိုင်ကျွမ်းကျင်မှု ရှိတယ်.. အဲဒါနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရင် မရေမတွက်နိုင်အောင် မေးခွန်းတွေ ထုတ်လို့ရတယ်.. သမိုင်းထဲက အင်မော်တယ်ကျန်းရွမ်ရဲ့ မဟာအစီအရင်၊ နတ်ဆိုးသတ်ဖြတ်ခြင်း မျက်စောင်း.. စသဖြင့်ပေါ့"

လူတိုင်း ".............."

"ဟုတ်ပါတယ်.. စာမေးပွဲမေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် မိစ္ဆာအင်ပါယာ ကွာဖီရဲ့တပည့် အင်မော်တယ်ရှဲဖီရဲ့ အကြောင်းကို စာမေးပွဲမေးခွန်း အဖြစ် ဒီတစ်ခေါက် စာမေးပွဲမှာ မေးလာလိမ့်မယ်လို့ ငါထင်တယ်"

ဆရာဝမ်က ကျောင်သားများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"အင်မော်တယ်ရှဲဖီရဲ့ ထူးခြားချက်ဖြစ်တဲ့ အဖြူရောင်ည စွမ်းရည်ရဲ့ မူလဇစ်မြစ်ကို ဘယ်သူသိလဲ"

"အဲဒါက ဘာလဲ ဆရာ"

"မင်းတို့ တော်တော်များများက အဲဒါကို မကြားဖူးကြပေမယ့် အဖြူရောင်ည စွမ်းရည်က ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို သံချပ်ကာအဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ.. ဝိညာဉ်စွမ်းအင်တွေ ရှိနေသရွေ့တော့ သံချပ်ကာက ပျက်စီးသွားမှာ မဟုတ်ဘူး.. သံချပ်ကာက အမျိုးအစား နှစ်မျိုး ရှိတယ်.. တစ်ခုကို အလင်းသမိုင်းလို့ ခေါ်ပြီး နောက်တစ်ခုကိုတော့ အမှောင်သမိုင်းလို့ ခေါ်တယ်"

ဆရာဝမ်က ပြောလိုက်သည်။

လူတိုင်း: "............."

All Chapters