← Chapters

အဖြူရောင်ညစွမ်းရည်

Vol. 18 Ch. 259

အဖြူရောင်ညစွမ်းရည်

Vol. 18 Ch. 259

ရှေးဟောင်းစာအုပ်ကြီး၏ စကားများက ဟာသတစ်ခုဟု ထင်ရသော်လည်း သူ့မျက်လုံးများက ထူးထူးခြားခြား လေးနက်နေသည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် မည်ကဲ့သို့ ဖြေဆိုရမည်နှင့် ပတ်သက်၍ သူ၏ အတိတ်မှ ခန့်မှန်းချက်များက မှန်ကန်ခဲ့သည်။

ထို့ကြောင့် အမှတ်60 အထက်တန်းကျောင်းသည် သမိုင်း စာမေးပွဲ အတွက် အတန်းတွင်း ရမှတ်များတွင် ဤနှစ်များတစ်လျောက်လုံး ခရိုင်တွင် အစဥ်အမြဲ နံပါတ်တစ်ရခဲ့သည်။

"အဖြူရောင်ညစွမ်းရည်"သည် အင်မော်တယ်ရှဲဖီ၏ ထူးခြားချက် ဖြစ်သည်။

သို့သော် လူအများစုက ၎င်းကို တစ်ခါမျှ မကြားဖူးကြပေ။

အဘယ်ကြောင့်ဆိုသော် ဤအထူးစွမ်းရည် အများစုမှာ အသုံးပြုသူများ ကိုယ်တိုင် ဖန်တီးထားသောကြောင့်ဖြစ်သည်။

အင်မော်တယ် ရှဲဖီ၏ ကျော်ကြားသော အထွတ်အထိပ် စွမ်းရည်အကြောင်းကို ရှင်းပြပြီးနောက် နောက်ဆက်တွဲ အနေဖြင့် ဆရာဝမ်က စိတ်ဝင်စားစရာ ကောင်းသော အရာတစ်ခုကို ပြန်လည် အမှတ်ရသွားသည်။

"လွန်ခဲ့တဲ့ တစ်လလောက်က ကွာဖီစစ်ပွဲနဲ့ ပတ်သက်ပြီး သင်ခဲ့တဲ့ သင်ခန်းစာကို မှတ်မိသေးလား"

ဤသင်ခန်းစာက လူတိုင်း၏ စိတ်ထဲတွင် အသစ်အဆန်းဖြစ်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ထိုသင်ခန်းစာတွင် ဆရာဝမ်က အင်မော်တယ်ရှဲဖီ အသတ်မခံရမီတွင် ကိုယ်ဝန် ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး ကလေးတစ်ဦး ကျန်ရစ်ခဲ့သည့် အတင်းအဖျင်းများကို မျှဝေခဲ့သောကြောင့်ပင်။

"နံနက်ပိုင်း ရုံးတင်စစ်ဆေးစဉ်မှာ ကွာဖီက အင်မော်တယ်ရှဲဖီ ဖမ်းမမိခင် ကျောက်သရဲမျက်နှာဖုံးထဲမှာ တံဆိပ်ခတ်ခံထားခဲ့ရတာကြောင့် အဲဒီနောက်ပိုင်း အခြေအနေတွေကို လုံးလုံးမသိခဲ့ဘူးလို့ ဖြေခဲ့တယ်"

ဆရာဝမ်က ခေါင်းခါယမ်းပြလိုက်သည်။

"ငါ့အမြင်အရတော့ အင်မော်တယ်ရှဲဖီသာ ရှိနေသေးရင် သူက ကွာဖီထက် အများကြီး ဆက်ဆံရ ပိုခက်မှာကို ငါကြောက်မိတယ်.. အတိတ်ကိုပြန်ကောက်ရရင် အဲဒီတုန်းက မိစ္ဆာအင်ပါယာ ကွာဖီ လူသိများခဲ့တဲ့ ဖရဲသီးခွံကို တကယ်တော့ အင်မော်တယ်ရှဲဖီ ဖန်တီးခဲ့တာပဲ.. ရှဲဖီက မူးယစ်ဆေးဝါးနှင့် လက်နက်ဆိုင်ရာ သုတေသနပြုမှုတွေမှာ ငါတို့ထက် နှစ်ပေါင်းများစွာ စောရောက်နေခဲ့တယ်.. တစ်နည်းပြောရရင် သူက အဲဒီခေတ်ကတည်းက သိပ္ပံနဲ့ နည်းပညာရဲ့ အဆီအနှစ်တွေကို ဆရာကျကျ ကျွမ်းကျင်နေခဲ့ပြီ"

ထိုအချက်ကို ပြောရင်း ရှေးဟောင်းစာအုပ်ကြီးက နောင်တအနည်းငယ်နှင့်အတူ သက်ပြင်းချလိုက်သည်။

"ကံမကောင်းစွာနဲ့ပဲ သူက သူ့ရဲ့ အသိပညာကို လမ်းလွဲအသုံးပြုပြီး လမ်းမှန်ကနေ သွေဖယ်သွားခဲ့တယ်"

လူတိုင်း "..........."

.................

ဆရာယဲ့ဟန်၏ ကာယအတန်းသည် နေ့ခင်းဘက် ဖြစ်သည်။

သူက ကျောင်းဆရာများ၏ အဆင့်တွင် ရေပန်းစား၏။

ရုပ်ရည်မလုံလောက်လျှင် အရပ်အမောင်း ရှိသေးသည် ဟူသော ဆိုရိုးစကားရှိသည်။

ဆရာယဲ့ဟန်က သဘာဝကျသော ရွှေရောင်ဆံပင် အကောက်ကို ပိုင်ဆိုင်သည့် အပြင် အရပ်ရှည်ပြီး ရင်အုပ်ကျယ်၏။

ထို့ကြောင့် မိန်းကလေးများ ကြားတွင် ရေပန်းစားသူ ဆိုလည်းမမှားပေ။

ကာယ သင်ခန်းစာ မစခင်တိုင်းတွင် သူ့ပတ်ဝန်းကျင်၌ မိန်းကလေးများ ဝိုင်းအုံနေတတ်ပြီး မေးခွန်းများ မေးလေ့ရှိကြသည်။

"ဝိတ်ဘယ်လို ကျအောင် လုပ်ရမလဲ"

"အကြောပြတ်ရာတွေကို မလိုချင်ရင် ဘယ်လိုဖယ်ရှားနိုင်မလဲ"

"ခန္ဓာကိုယ်ရဲ့ ဘယ်လို အစိတ်အပိုင်းတွေကို ပစ်မှတ်ထားပြီး ဘယ်လိုလေ့ကျင့်ခန်းတွေကို လုပ်ရမလဲ"

ထိုကဲ့သို့ မေးခွန်းများကို ဆရာယဲ့ဟန်က စိတ်ရှည်ရှည်နှင့် ဖြေပေးခဲ့သည်။

ယနေ့တွင်မူ ဆရာယဲ့ဟန် ပုံစံက အနည်းငယ် အထီးကျန်ဆန်နေပုံရသည်။

လက်ရွေးစင် အတန်းနှစ်ခုစလုံးသည် ကာယ သင်ခန်းစာကို အတူတူ လုပ်လေ့ရှိကြသည်။

ယခုတစ်ကြိမ် သင်ခန်းစာအတွက် အခန်းနှစ် နှင့် အခန်းသုံးမှ ကျောင်းသားများ အတူတကွ ရောက်ရှိလာသော အခါတွင် မိန်းကလေးများ၏ အာရုံစူးစိုက်မှုမှာ အပြောင်းအရွှေ့ ကျောင်းသားသစ် အပေါ်တွင် ကျရောက်သွားခဲ့သည်။

ဖန့်ရှင်းက ကျောင်းအဆောက်အဦး ထဲမှ ထွက်လာလျှင် မိန်းကလေးအုပ်စုက စောင့်ကြပ်၍ လိုက်ပါလာသည်။

ဤလူအုပ်က ခေါင်းလောင်းသံကိုပင် မကြားရတော့ဘဲ စကားပြောရင်း ရယ်မောနေကြသည်။

ဆရာယဲ့ဟန်က သူတို့ကို ဒေါသတကြီး နှစ်ကြိမ်ခန့် အော်လိုက်သောအခါမှ မိန်းကလေးများက မကျေမနပ်ဖြစ်ကာ နာခံမှု ရှိစွာဖြင့် တန်းစီလိုက်ကြသည်။

ဤသည်မှာ အမှတ် 60 အထက်တန်းကျောင်းကို ရောက်ပြီးနောက် ဖန့်ရှင်း၏ ပထမဆုံး ကာယ သင်ခန်းစာ ဖြစ်ပြီး ဆရာယဲ့ဟန် နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ဖန့်ရှင်း ပတ်ဝန်းကျင်တွင် မိန်းကလေးများ ရှဲသွားပြီးနောက် ဆရာယဲ့ဟန်က အပြောင်းအရွှေ့ ကျောင်းသားအသစ်ကို အထက်အောက် စိုက်ကြည့်၍ အကဲခတ်လိုက်သည်။

[အင်း... သူ့မှာ ခြေတံရှည်ကြီးတွေ ရှိသားပဲ]

တူဝိညာဥ်က ဖန့်ရှင်း၏ ခြေတံရှည်ထက် ပိုပြီး ကောင်းမွန်သော လုံလောက်သည့် ဖော်ပြမှု မဟုတ်ဟု ဆရာယဲ့ဟန်က ခံစားမိသည်။

ထို့ပြင် ဆရာယဲ့ဟန်က ဖန့်ရှင်းထံ၌ စိတ်ဓာတ်ခိုင်ကြည်မှုကိုပါ မြင်နေရသည်။

ကျောင်းသားများက အရပ်အမြင့် အလိုက် တန်းစီနေကြ၏။

ဖန့်ရှင်းက အရပ် 188 စင်တီမီတာရှိ၍ ယောက်ျားလေးတန်း၏ နောက်ဆုံးတွင် ရှိနေခဲ့သည်။

ဆရာယဲ့ဟန်က သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလျှင် သူက ခပ်မြန်မြန်ပင် အနီးကပ် ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဆရာယဲ့.. ကျနော်က ဖန့်ရှင်းပါ"

သူ့အသံက မှင်တက်စေ သကဲ့သို့ ဆရာယဲ့ဟန်ကို အနည်းငယ် ဖမ်းစားသွားသည်။

အချိန်အတော်ကြာမှသာ ဆရာယဲ့ဟန်က ပြန်လည် တုံ့ပြန်ခဲ့သည်။

"သြော် ကျောင်းသားဖန်.. မင်္ဂလာပါ"

ရိုးရိုးသားသား ပြောရလျှင် သူက အနည်းငယ် ကသိကအောက် သလို ခံစားနေရသည်။

အမှတ် 60 အထက်တန်းကျောင်းတွင် နှစ်အတော်ကြာအောင် နေခဲ့ရသော်လည်း အဘယ်ကြောင့် ဤသို့သော ကျောင်းသားမျိုးကို သူ မတွေ့ခဲ့ရပါသနည်း။

အပြောင်းအရွှေ့ ကျောင်းသား တစ်ယောက်၏ ဆွဲဆောင်မှုကြောင့် သူက သုံးစက္ကန့်ကြာအောင် အမှန်တကယ် မှင်တက် သွားခဲ့ရသည်။

ကျောင်းသား ဖန်ရှင်း တစ်ယောက် မိန်းကလေးများ ကြားတွင် အလွန် ရေပန်းစားနေသည်မှာ အံ့သြစရာ မရှိတော့ပေ။

ဆရာယဲ့ဟန်က ဝမ်းနည်းမှုနှင့်အတူ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းင အနည်းငယ် ချလိုက်သည်။

[လူငယ်ဘဝက ဘယ်လိုတောင် ကြည်နူးဖို့ကောင်းလိုက်လဲ ]

[ဟူး.. ပြန်ငယ်ချင်လို့မှ မရတော့တာ]

သူက ခဏမျှ ငြိမ်သက်ပြီးနောက် အရှေ့တွင်ရပ်ကာ လက်ခုပ်တီးလိုက်သည်။

"ကောင်းပြီ.. ထုံးစံအတိုင်းပဲ.. အားလုံး အရင် သွေးပူအောင်လုပ်ကြမယ်.. ငါတို့ပြေးကြရင် အားလုံး ငါ့နောက်က လိုက်လာခဲ့ကြ.. မင်းတို့ရဲ့ အရှိန်နဲ့ သက်လုံကို ထိန်းချုပ်ထား.. ပြေးနေတဲ့အချိန်မှာ ညီညာမှုလည်း ရှိရမယ်.. မဟုတ်ရင် မင်းတို့အားလုံး နောက်တစ်ချီ ထပ်လုပ်ရမယ်"

ဝမ်လင်းက ကော်ဟောက်၏ ဘေးတွင် ရှိနေသည်။

သူ၏နှလုံးသားက အတော်လေး တည်ငြိမ်နေသည်။

ဤအကျွမ်းဝင်သော ဖြည်းဖြည်းနှင့်မှန်မှန် ပြေးရသည့် လေ့ကျင့်ခန်းသည် ခါတိုင်းကဲ့သို့ပင် ဒုက္ခပေးသည်။

ဖြည်းဖြည်း နှင့် မှန်မှန် ပြေးရသည့် လေ့ကျင့်ခန်းကို ခံနိုင်ရည် ရှိသော်လည်း ကျင့်ကြံရေး အထက်တန်းကျောင်းများ၏ အပြေးလေ့ကျင့်သည့် ပုံစံမှာ သာမန်ကျောင်းများနှင့် နှိုင်းယှဉ်လျှင် ကွဲပြားသည်။

ကျင့်ကြံခြင်း အထက်တန်းကျောင်းများ၏ အပြေးလေ့ကျင့်မှုကမူ ခံနိုင်ရည်ကို မြှင့်တင်ရုံသာမက အာရုံစူးစိုက်မှုကိုလည်း တိုးစေသည်။

လူတိုင်းက ပြေးလွှားရင်းဖြင့် သူတို့၏ ဦးခေါင်းပေါ်တွင် ဝိညာဥ်ဓားများ လွင့်မျောနေအောင် ထိန်းသိမ်းကြရသည်။

ဤသည်မှာ မြို့တော် အားကစားဌာနမှ ကျွမ်းကျင်သူများ ကျင့်သုံးသည့် အထူး လေ့ကျင့်ခန်းလည်း ဖြစ်သည်။

သာမန် ဖြည်းဖြည်း မှန်မှန်ပြေးခြင်းက ကျင့်ကြံသူများ၏ ခံနိုင်ရည်အပေါ် များစွာ သက်ရောက်မှု မရှိပေ။

အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူပင်လျှင် ၎င်းတို့၏ ဝိညာဉ်စွမ်းအင် မကုန်သရွေ့ နေ့ရောညပါ ပြေးလွှားနိုင်မည် ဖြစ်သည်။

သို့သော် တစ်ချိန်တည်းတွင် ဓားတစ်ချောင်းကိုပါ ထိန်းချုပ်ရန် လိုအပ်မှုကမူ စိတ်စွမ်းအင် ကြံခိုင်ခြင်းကို စစ်ဆေးသည့် စစ်ဆေးရေး တစ်ခုလို ဖြစ်နေ၏။

ဖြေဖြေးမှန်မှန် ပြေးခြင်း နှင့် ဓားထိန်းချုပ်ခြင်းတို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းမှာ ကျောင်းသားများကို ခွန်အား ပိုမိုသုံးစွဲစေသည်။

ယင်းက ကျောင်းသားများကို ပို၍ အကြမ်းခံနိုင်စေ၏။

"ဒီလေ့ကျင့်ခန်းက မင်းတို့အတွက် အရမ်း ပြင်းထန်သွားမှာကို ငါစိုးရိမ်ခဲ့တယ်.. ဒါကြောင့် မင်းတို့ကို စွမ်းအားနည်းနည်းပဲ ထုတ်သုံးရတဲ့ သင်ကြားရေးဓားတွေကို အသုံးပြုခွင့်ပေးခဲ့တာပဲ"

ဆရာယဲ့ဟန်က ပြုံးလိုက်သည်။

"ဒီတစ်ခါတော့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ ကိုယ်ပိုင်ဝိညာဉ်ဓားတွေကို ထုတ်လိုက်ပါ.. သင်ကြားရေး ဝိညာဉ်ဓားတွေနဲ့ ယှဉ်လိုက်ရင် မင်းတို့ရဲ့ ကိုယ်ပိုင် ဝိညာဥ်ဓားတွေက ပုံမှန်နှုန်းနဲ့ပဲ စွမ်းအင် စားသုံးတယ်.. ဒါ့အပြင် ဓားကို ထိန်းချုပ်ပြီး အတူတူ ပြေးခြင်းကလည်း မင်းတို့ရဲ့ ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ဓားဝိညာဥ်ကို အမြန်ဆုံး ရှင်သန်စေလိမ့်မယ်"

စာသင်နှစ်အစ နှင့် နှိုင်းယှဥ်လျှင် ဝမ်လင်းက ကျင့်ခယ်ကို လူရှေ့သူရှေ့တွင် ပွဲထုတ်ရာ၌ ယခင်ကလောက် အဆင်မပြေ မဖြစ်တော့ပေ။

အမှတ် 59 အထက်တန်းကျောင်းတွင် ကျင်းပသည့် ဝိညာဥ်ဓားဖလှယ်ခြင်း ပြိုင်ပွဲကနေ ပြန်လာပြီးနောက် အမှတ် 60 အထက်တန်းကျောင်းမှ လူတိုင်းက မက်မွန်သစ်သားဓားကို သူ သုံးကြောင်း သိခဲ့ကြသည့် အတွက် အထူးအဆန်း မဟုတ်တော့ပေ။

ထို့ကြောင့် ဆရာယဲ့၏ တောင်းဆိုမှုကို ကြားသောအခါ ဝမ်လင်းက ကျင့်ခယ်ကို ဆင့်ခေါ်၍ သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။

တကယ်တမ်းတွင် သူ၏ အာရုံက ဖန့်ရှင်း အပေါ်မှာသာ ရှိနေသည်။

"အတန်းဖော် ဖန့်ရှင်းရဲ့ ဝိညာဥ်ဓားက ဘယ်လိုဓားမျိုးလဲ ဆိုတာ ငါသိချင်တယ်"

ထိုခဏတွင် မိန်းကလေး များစွာက ဖန့်ရှင်းကို စူးစမ်းချင်စိတ် ပြင်းပြနေကြသည်။

ဖန့်ရှင်းက ဆရာယဲ့ဟန်ကို အသနားခံသော အကြည့်ဖြင့် ကြည့်နေသည်။

ဆရာယဲ့ဟန်ကို ကြည့်နေသည့် သူ့မျက်နှာပေါ်တွင် ရှက်ရွံမှုအချို့ ရှိနေသည်။

"ဆရာယု.. ကျွန်တော် ဓားမြှောင် သုံးချင်တယ်"

"အိုး.. အရင်ကျောင်းမှာတုန်းက ဓားနည်းစနစ်ကို အဓိကထားခဲ့တာလား"

ဆရာယဲ့ဟန်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

"ကောင်းပါတယ်.. ဓားမြှောင် နဲ့ ဓားရှည် နည်းစနစ်တွေရဲ့ နောက်ကွယ်က သီအိုရီက အတော်လေး အတူတူပါပဲ.. ယေဘုယျအားဖြင့် ပြောရရင် ဓားမြှောင်ကို ထိန်းချုပ်နိုင်ရင် ဓားရှည်ကိုလည်း ထိန်းချုပ်နိုင်မှာပဲ.. ကျောင်းသား ဖန့်ရှင်းက အရမ်းထူးချွန်တယ် ဆိုတော့ ဓားရှည်ကို သုံးရင်လည်း ဘာပြဿနာမှ မရှိတာ သေချာပါတယ်"

"ဒါပေမယ့် လူတိုင်းက ဓားရှည်ကို သုံးနေကြတာဆိုတော့... ကျနော်က ဓားမြှောင်ကို သုံးလိုက်မယ် ဆိုရင် ထူးဆန်းမနေဘူးလား"

ဖန့်ရှင်းက မေးလိုက်သည်။

ဆရာယဲ့ဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကျောင်းသားဖန့်ရှင်း စိတ်မပူပါနဲ့.. မင်း အမှတ် 60 အထက်တန်းကျောင်းကို ရောက်ကတည်းက မင်းက ငါတို့ထဲက တစ်ယောက်ပဲဟာ.. မင်းကို ဘယ်သူမှ လှောင်မှာ မဟုတ်ဘူး"

"ဒါပေမယ့် ဆရာရေ... ကျနော့် ဓားက နည်းနည်းကြီးတယ်နော်"

ဖန့်ရှင်းက သူ့ကိုယ်သူ စိုးရိမ်ပူပန်မှုများ ရှိနေသေး၏။

"အဆင်ပြေပါတယ်.. ကျောင်းသားဖန့်"

ဆရာယဲ့ဟန်က တည်ငြိမ်သော အကြည့်ဖြင့် ကြည့်ရင်း ဖန့်ရှင်း ၏ ပုခုံးကို ပုတ်လိုက်သည်။

"ဒါဆိုလည်း ကောင်းပါပြီ"

လူတိုင်း၏ အကြည့်များ အောက်တွင်..

ဖန့်ရှင်းက နောက်ဆုံးတွင် သူ၏ ကျောင်းဝတ်စုံ အိတ်ကပ်ထဲမှ ကြီးမားသော ဓားမြှောင် တစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထို့နောက် လူတိုင်း၏ ကြောက်ရွံ့သော အကြည့်များအောက်မှာပင် မီတာလေးဆယ် ရှည်လျားသော သံမဏိဓားမြှောင် တစ်ချောင်းက အားကစားကွင်း၏ အလယ်ဗဟို၌ ပေါ်လာသည်။

ဆရာယဲ့ဟန် "..........."

လူတိုင်း "............"

All Chapters