← Chapters

မီတာလေးဆယ်ရှည်သော ဓားမြှောင်ကို နေရာပြန်ထား၍မရပါ

Vol. 18 Ch. 260

မီတာလေးဆယ်ရှည်သော ဓားမြှောင်ကို နေရာပြန်ထား၍မရပါ

Vol. 18 Ch. 260

မီတာလေးဆယ် ရှည်လျားသော သံမဏိဓားမြှောင်က အားကစားကွင်း၏ ဗဟိုချက်ကို နေရာ ကြီးကြီးမားမား ယူထားသည်။

အပြာရောင် ဓားမျက်နှာပြင်က နေအလင်းရောင်ကို ရောင်ပြန်ဟပ်နေသေးသည်။

"ဒါ ဘယ်လို ဓားအမျိုးအစားလဲ"

၎င်းက ရှေးနတ်ဆိုး နတ်ဘုရား လူ့လောကတွင် ချန်ရစ်ခဲ့သော လက်နက်တစ်ခုနှင့် တူပြီး တစ်ချက် တစ်ချက်တွင် အလွန်လေးလံသော လေထုကို ထုတ်လွှတ်ပေးနေ၏။

လူတိုင်း တိတ်ဆိတ်နေချိန်တွင် ဆရာယဲ့ဟန်က အသက်ခပ်ပြင်းပြင်း ရှူ၍ ပြောလိုက်သည်။

"ကျောင်းသားဖန့်... မင်းရဲ့ ဓားမှာ ကျုံ့နိုင်စွမ်း မရှိဘူးလား"

ကြီးမားသော လက်နက် အမျိုးအစားများစွာကို ထုတ်လုပ်ရာတွင်"ကျုံ့စေသော အစီအရင်"ကို ထည့်သွင်း ထားလေ့ ရှိကြသည်။

ထိုဘုံသဘောကို အခြေခံ၍ ဤမီတာလေးဆယ်ကျော်သောဓားမြှောင်သည် ကျုံ့နိုင်ဆန့်နိုင်မည် ဖြစ်သည်။

ကံဆိုးစွာနဲ့ပဲ ဖန့်ရှင်းက ခေါင်းခါယမ်းလိုက်သည်။

"ဒါက ကျတော့်အဖေ ထားခဲ့တဲ့ အမွေအနှစ်တစ်ခုပါ.. အဲဒါကို ထုလုပ်စဥ်က ပန်းပဲဖိုက ဝမ်းနည်းကြေကွဲမှုကို ခံစားခဲ့ရပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အထိ စိတ်ကျရောဂါကို အဆက်မပြတ် ခံစားခဲ့ရတယ်.. ဒါကြောင့် ဓားကို ထုလုပ်ရာမှာ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အစီအရင်ကို မထည့်သွင်းလိုက်မိဘူး"

လူတိုင်း "..............."

ဖန့်ရှင်း၏ အတွေ့အကြုံက သူနှင့် အလွန်ဆင်တူသည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။

မှတ်ဉာဏ်ချို့ယွင်း ရောဂါဖြစ်နေခဲ့သည့် ဖိုးဖိုးဝမ်ကို ကုသရန် မည်မျှကြိုးစားခဲ့ရသည်ကို သူသတိရမိသွားသည်။

ဆရာယဲ့ဟန်က ချွေးများ စိုရွှဲစွာ ထွက်လာသည်။

"ဒါဆိုလည်း ကျောင်းသားဖန့်ရှင်းက ဒီတစ်ခေါက်မှာ သင်ကြားရေး ဝိညာဥ်ဓားကို အသုံးပြုနိုင်ပါတယ်.. ဒါပေမဲ့ ကျောင်းရဲ့ ကာယအတန်းကို ဘေးမသီရန်မခစေဖို့ အတွက် ကျောင်းသား ဖန့်ရှင်း အတွက် ဝိညာဥ်ဓားတစ်လက် ဒါမှမဟုတ် သာမန် ဝိညာဥ် ဓားတစ်လက်ကို ကိုင်ဆောင်တာကပဲ အကောင်းဆုံး ဖြစ်စေမယ်လို့ ဆရာထင်တယ်"

"ဟုတ်ကဲ့ပါ ဆရာ"

ဖန့်ရှင်းက ခေါင်းညိတ်လိုက်ပြီး ထိုအကြံဉာဏ်ကို ကျေနပ်စွာ လက်ခံလိုက်သည်။

"ဒါဆို.. ဆရာ.. ကျနော့် အတွက် ဒီဓားကို သိုလှောင်အိတ်ထဲ ပြန်ရွှေ့ပေးလို့ရမလား"

ဆရာယဲ့ဟန်က ပါးစပ်ရွဲ့သွားသည်။

"မင်းကိုယ်တိုင် ပြန်ထားလို့မရဘူးလား"

ဖန့်ရှင်း သက်ပြင်းချလိုက်သည်။

"ဒီဓားက ဆွဲထုတ်ပြီးရင် ပြန်ထားရတာ အရမ်းခက်တယ်.. ပုံမှန်အချိန်တွေမှာဆို ဆွဲထုတ်လေ့မရှိဘူး.. ဆရာက ဆွဲထုတ်ခိုင်းလို့သာ ဆွဲထုတ်လိုက်တာပါ"

ဆရာယဲ့ဟန် တစ်ယောက် ငိုချင်စိတ် ပေါက်လာသော်လည်း မျက်ရည်တော့ မကျခဲ့ပေ။

".............."

ဓားက ဂျင်ခြောက်ထောင် အလေးချိန် အပြည့်ရှိသည်။

သူက ဓားကိုပင့်ကြည့်သောအခါ ဟန်ချက်ကို မထိန်းနိုင်ခဲ့ပေ။

သိုလှောင်အိတ်ရှိ ဝိညာဥ် အလင်းရောင်တွင် အလိုအလျောက် လက်ခံနိုင်သော လုပ်ဆောင်ချက်တစ်ခု ပါရှိသည်။

ပစ္စည်းတစ်ခု၏ အစိတ်အပိုင်း တစ်ခုသည် သိုလှောင်အိတ်ထဲသို့ ဝင်သွားသရွေ့ ပစ္စည်းကို အထဲမှ အလိုအလျောက် မှတ်မိပြီး လက်ခံမည် ဖြစ်သည်။

မီတာလေးဆယ် ရှည်လျားသည့် ဓားမြှောင်၏ ကိုယ်ထည်က အလွန် ကြီးမားသောကြောင့် ၎င်း၏ ဓားရိုးက မြေပြင်ကနေ လေထဲရှိ နှစ်မီတာအကွာ၌ ဆိုင်းငံနေ၏။

အဆုံးသတ်တွင် ဆရာယဲ့ဟန်က ရုံးမှ ကာယဆရာ တစ်ဦးကို ခေါ်ကာ ဓားကို အတူတကွ ကိုင်ဆောင်၍ ဖန့်ရှင်း၏ သိုလှောင်အိတ် ထဲသို့ ဖြည်းညှင်းစွာ ပြန်လည် ထည့်ပေးလိုက်သည်။

မြင်ကွင်းက အနည်းငယ် ထူးဆန်းနေပုံရသော်လည်း ဖန့်ရှင်းက တစ်စုံတစ်ရာကို ဖုံးကွယ်ထားပုံရသည်ဟု ဝမ်လင်း ခံစားရသည်။

ဖန့်ရှင်း၏ သိုလှောင်အိတ်ထဲသို့ ဓားကို ပြန်ထည့်လိုက်သောအခါတွင် ဝမ်လင်းက သူ့လက်ထဲရှိ ကျင့်ခယ် အနည်းငယ် တုန်ခါသွားသည်ကို သိသိသာသာပင် သတိပြုမိလိုက်သည်။

..............

ဤကိစ္စကြောင့် ကာယအတန်းက နှောင့်နှေးခဲ့ရပြီး တရားဝင် သင်ခန်းစာ မစမီ ပြုလုပ်သည့် သွေးပူလေ့ကျင့်ခန်းမှာ ဆယ့်ငါးမိနစ်မျှ ကြာသွားခဲ့သည်။

အမှတ် 60 အထက်တန်းကျောင်း၏ အားကစားကွင်းမှာ သေးငယ်ပြီး ကွင်းတစ်ခုလုံး၏ အကျယ်မှာ မီတာလေးရာမျှသာ ရှိသည်။

သွေးပူလုပ်ချိန် အတွင်း ဆရာယဲ့ဟန်က ကျောင်းသားများအား ဓားများကို ထိန်းချုပ်ကာ မီတာလေးထောင်ကို လေးမိနစ်အတွင်း ပြေးခိုင်းလေ့ရှိသည်။

ဆိုလိုသည်မှာ ကွင်းဆယ်ပတ် ပြေးခိုင်းခြင်းပင်။

သို့သော် အစောပိုင်းတွင် ကြန့်ကြာနေသောကြောင့် ဆရာယဲ့ဟန်က ယောက်ျားလေး ကျောင်းသားများကို နှစ်မိနစ်ခန့်သာ အချိန်ပေးပြီး အမျိုးသမီး ကျောင်းသူများကို သုံးမိနစ် အချိန်ပေးခဲ့သည်။

ပြေးရင်းလွှားရင်း ဓားကို တစ်ချိန်တည်းတွင် ထိန်းချုပ်ဖို့ ဆိုသည်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

ယခုဆိုလျှင် မိန်းကလေး အုပ်စုထက် လုပ်ဆောင်ရန် အချိန်ပိုနည်း၍ ယောက်ျားလေး အုပ်စုက မကျေမနပ် ဖြစ်နေကြသည်။

ဝမ်လင်းက မျဉ်း၏ အလယ်တွင် ဖြည်းဖြည်းနှင့် မှန်မှန် ပြေးလွှားနေသည်။

ဤအခြေခံ တည်ဆောက်ခြင်း အဆင့်၏ အခြေခံလေ့ကျင့်မှုက သူ့ကို များများစားစား မခံစားစေခဲ့ပေ။

သူက သူ့ကိုယ်သူသာ လေ့ကျင့်ဖော်အဖြစ် သတ်မှတ်ခဲ့သည်။

ထို့အပြင် ကျင့်ခယ်တွင် ကိုယ်ပိုင်အသိစိတ် ရှိသောကြောင့် သူ့အနေဖြင့် လုံးဝ ထိန်းချုပ်ရန် မလိုအပ်ပေ။

ချန်းချောင်က အမျိုးသား ကျောင်းသားများကို ဦးဆောင်ကာ စီတန်း၍ ပြေးရာတွင် ဦးဆောင်ခဲ့သည်။

သူက မောပန်းနွမ်းနယ်နေပုံ ရသော်လည်း ဆက်လက် ပြေးနိုင်သေးမှန်း သိသာနေ၏။

ချန်းချောင်က အမှတ် 60 အထက်တန်းကျောင်းသို့ မဝင်မီကတည်းက အားကစားကို ဦးစားပေးသည့် ကျောင်းသားတစ်ဦး ဖြစ်ရာ ဤနေရာရှိ လူအများစုထက် ကြံ့ခိုင်မှု ပိုမို ကောင်းမွန်သည်။

ဆန့်ကျင်ဘက်အနေဖြင့် လေးပတ်မြောက်တွင် ကော်ဟောက်၏ ဦးခေါင်းတစ်ခုလုံးက ချွေးများ စိုရွှဲနေပြီး လဲကျတော့မည့်ပုံ ရနေသည်။

ဖြည်းဖြည်းနှင့်မှန်မှန် ပြေးခြင်းက အခြေခံ တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အတွက် ပြဿနာ မဟုတ်သော်လည်း ဓားတစ်လက်ကို တစ်ချိန်တည်းတွင် ထိန်းချုပ်ရန်မှာမူ ပို၍ ခက်ခဲသည်။

သွေးပူလေ့ကျင့်ခန်း အတွင်း သင်ကြားရေး ဝိညာဉ်ဓားကို အသုံးပြုစဥ်က ကော်ဟောက်အတွက် အတော်လေး စိန်ခေါ်မှု ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ ပြေးနေစဥ် သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ဓားများကိုသာ ထိန်းကျောင်းရန် လိုအပ်ရာ သူတို့၏ ဝိညာဉ်စွမ်းအင် သုံးစွဲမှုက ယခင်ထက် သိသိသာသာပင် တိုးလာခဲ့သည်။

ကော်ဟောက်၏ အနောက်တွင်ရှိသော ဝမ်လင်းကမူ အတွေးဖြင့်ပင် ယခုထက် ပိုမို လွယ်ကူစွာ ပြေးနိုင်မည် ဖြစ်သည်။

သို့သော် ထိုသို့လုပ်ခဲ့လျှင် တခြားသူများကို ထိခိုက်စေနိုင်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်၏ အခြေခံ လေ့ကျင့်ခန်းများသည် အလွန်အရေးကြီး၏။

ယခု ကျောင်းသား ကျောင်းသူများ တည်ဆောက်ခဲ့သည့် အခြေခံ အုတ်မြစ်များသည် ၎င်းတို့၏ အနာဂတ် နယ်ပယ် အဆင့်၏ အထက်ပိုင်း ကန့်သတ်ချက်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။

ထို့ကြောင့် ဝမ်လင်းက သွေးပူလေ့ကျင့်ခန်း တစ်လျှောက်လုံး ဘာမျှ အားစိုက်၍ မလုပ်ခဲ့ပေ။

၇ပတ်မြောက်တွင် ဝမ်လင်းက သူ့ပတ်ဝန်းကျင်ရှိ ကျောင်းသားများ ချွေးများရွှဲနစ်နေသည်ကို သတိပြုမိသောကြောင့် သူက ချွေးအနည်းငယ် ထွက်နေသည့်ပုံ ပေါ်စေရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အရေပြားပေါ်ကနေ ချွေးများကို ချက်ချင်း စွန့်ထုတ်ခဲ့သည်။

ထိုသို့ မဟုတ်ဘဲ သူက ချွေးတစ်စက်မှ ထွက်မနေဘဲ တခြားလူတွေ အားလုံးက ချွေးမတရား ထွက်နေလျှင် ထူးဆန်းနေလိမ့်မည် မဟုတ်ပါလား။

နှစ်မိနစ်ခန့် ပြေးပြီးနောက် ကော်ဟောက်က အသက်ရှူကြပ်လာပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ချန်းချောင်က ကော်ဟောက်၏ ခြေထောက်ကို ကန်ထည့်လိုက်ပြီး အမြန်ထ၍ လမ်းလျှောက်ရန် ခိုင်းစေလိုက်သည်။

ထို့နောက်တွင် မိန်းကလေး အုပ်စု၏ သွေးပူလေ့ကျင့်ခန်းများလည်း ပြီးဆုံးသွားခဲ့သည်။

စွန်းရုံက လွဲလျှင် ကျန်ရှိသည့် သူများ၏ အခြေအနေက သိပ်အကောင်းကြီး မဟုတ်ပေ။

ဝမ်လင်းက အနည်းငယ် ငြီးငွေ့လာသဖြင့် ထိုင်ချကာ အနားယူလိုက်သည်။

အားကစားကွင်းထဲမှ လူအများစုမှာ သူနဲ့ ဖန့်ရှင်းက လွဲလျှင် ပင်ပန်းနွမ်းနယ်၍ သေသွားတော့မည့်ပုံ ရသည်။

ဖန့်ရှင်းက ဆယ်ကြိမ် ကွင်းပတ်ပြီးသော်လည်း မျက်နှာ နီမြန်းခြင်းမရှိသလို အသက်ရှုမဝပုံလည်း မပေါ်ပေ။

ယင်းက ဆရာယဲ့ဟန်ကို အံ့အားသင့်စေခဲ့သည်။

[ဒီအပြောင်းအရွှေ့ ကျောင်းသားရဲ့ ကာယကြံ့ခိုင်မှုက အရမ်းကောင်းတာပဲ]

သူက သင်ကြားရေး ဝိညာဉ်ဓားဖြင့် ပြေးလွှားနေသည်ဖြစ်ရာ ဤမျှ မလွယ်ကူခဲ့သင့်ပေ။

အရေးကြီးဆုံးမှာ သူက အမျိုးသား ကျောင်းသားများကို အချိန်ကန့်သတ်ချက် ပေးထားခြင်းပင်။

"ကျောင်းသားဖန့်က ကြံ့ခိုင်မှု အားကောင်းလွန်းတယ်...ဆရာ မချီးကျူးဘဲ မနေနိုင်တဲ့အထိပဲ"

ဖန့်ရှင်းက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို ပွတ်သပ်၍ ပြောလိုက်သည်။

"ကျနော့်ရဲ့ ကျောင်းဟောင်းမှာ ကျောင်းအဆောက်အဦးက တောင်ပေါ်မှာ ဆိုတော့ နေ့တိုင်း အတန်းတက်ဖို့ လှေကားထစ်နှစ်သောင်းလောက် တက်ရတယ်.. အဲဒီအချိန်တုန်းက မထင်မှတ်ဘဲ လေ့ကျင့်မိခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်"

"အဲဒါကြောင့်ကိုး"

ဆရာယဲ့ဟန်က ခေါင်းညိတ်သည်။

ကျင့်ဟွာမြို့ရှိ ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းတွင် အတင်းကြပ်ဆုံး ဆွေကြီးမျိုးကြီးကျောင်း ဖြစ်သည့် ဖန့်ရှင်း၏ ကျောင်းကို သူကြားဖူးသည်။

"မင်းရဲ့ စံချိန်က ထူးထူးခြားခြားပဲ"

ဆရာယဲ့ဟန်က သူ့လက်ထဲမှ အပြာရောင် မှတ်စုစာအုပ်နှင့် အချိန်မှတ်နာရီကို ကြည့်လိုက်သည်။

သူက အချိန်များကို မှတ်တမ်းတင်ထားခဲ့သည်။

နောက်ဆုံးသုံးပတ်တွင် ဖန့်ရှင်းက လျင်မြန်သော အရှိန်အဟုန်ဖြင့် ခေါင်းဆောင် ချန်းချောင်ကို တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့သည်မှာ ထင်ရှားသည်။

သူက သွေးပူလေ့ကျင့်ခန်းကို ပထမဆုံး အပြီးသတ်နိုင်ခဲ့ပြီး အလုံးစုံပြီးမြောက်ရန် တစ်မိနစ်ခွဲခန့်သာ အချိန်ယူခဲ့ရသလို ချန်းချောင်ထက်လည်း ပိုမြန်ခဲ့သည်။

"ခရိုင်အားကစား အစည်းအဝေးကို နှစ်ပတ်အတွင်း ကျင်းပတော့မှာဆိုတော့ မင်းနဲ့ ချန်းချောင်ကို ငါတို့ကျောင်းရဲ့ ကိုယ်စားလှယ်တွေ အဖြစ် ဓားထိန်းချုပ်ရေး အပြေးပြိုင်ပွဲမှာ ပါဝင်စေချင်တယ်"

ဆရာယဲ့ဟန်က ဖန့်ရှင်းအား စိုက်ကြည့်၍ တောင်းဆိုလိုက်သည်။

မမျှော်လင့်ဘဲ ဖန့်ရှင်းက ချက်ချင်း သဘောတူလိုက်သည်။

"ကိစ္စမရှိပါဘူး ဆရာယဲ့"

"သာမန်ဝိညာဥ်ဓားနဲ့ အပြေးလေ့ကျင့်ရင် မင်းမှာ ဝိညာဉ်စွမ်းအင် လုံလုံလောက်လောက် ရှိမယ်လို့ မင်းထင်လား.. မင်း အနားယူပြီးရင် ငါတို့ အဲဒါကို စမ်းကြည့်ကြမလား"

ဆရာယဲ့က မေးလိုက်သည်။

"ကောင်းပါပြီ ဆရာ"

ဖန့်ရှင်းက အဆင်သင့် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဆရာ မင်းကို ဝိညာဥ်ဓားတစ်ချောင်း ဌားပေးမယ်"

ဆရာယဲ့ လှည့်ကြည့်လိုက်သည်။

"ကျောင်းသားဖန့်ရှင်းကို ဝိညာဉ်ဓား ငှားလိုတဲ့သူ ရှိလား"

"မလိုပါဘူး ဆရာ.. ကျွန်တော် ကိုယ်တိုင်ပဲ ငှားလိုက်ပါ့မယ် "

ဖန့်ရှင်းက ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက်တွင် ဝမ်လင်းက ထိုလူ သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။

All Chapters