← Chapters

ကူရိုကိုနှင့် တူသော လဲ့မုန့်မုန့်

Vol. 18 Ch. 263

ကူရိုကိုနှင့် တူသော လဲ့မုန့်မုန့်

Vol. 18 Ch. 263

ဖန့်ရှင်း ပေါ်ထွက်လာခြင်းက တိုက်ဆိုင်မှု ဟုတ်မဟုတ် သူ မသိသော်လည်း သူ့ဘဝတွင် ဤမျှကြီးမားသော ဂယက်များကို မည်သူမျှ မဖန်တီးဖူးကြောင်း ဝန်ခံထားရမည် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ကျောင်းဆင်းပြီးနောက် ဖိုးဖိုးဝမ်က ဖန့်ရှင်း နှင့် စကားအနည်းငယ်သာ ဖလှယ်ခဲ့သော်လည်း မိတ်ဆွေကောင်းများ အမှန်တကယ် ဖြစ်လာသည်။

ထို့ကြောင့် ဝမ်လင်းက အဖိုးအို၏ မြေးအစစ်အမှန်က မည်သူလဲ ဆိုသည်ကိုပင် လေးလေးနက်နက် တွေးနေမိသည်။

အစားအသောက်က လူတွေကို ပိုရင်းနှီးစေသည်ဟု အမြဲပြောလေ့ရှိကြသည်။

ထိုအရာက ငြင်းခုံရမည့်ကိစ္စ ဖြစ်သည်ဟု ဝမ်လင်း အမြဲလိုလို ခံစားမိခဲ့သည်။

နို့အားလုံးက အဆင့်အတန်းမြင့်နို့ မဟုတ်သလို အစားအသောက် အားလုံးကလည်း မဟုတ်ပေ။

ဝမ်လင်းက အထူးသဖြင့် ဖန့်ရှင်း၏ ရှေ့တွင် အလွန် တည်ငြိမ်အေးဆေးသော အမူအရာမျိုးကို ထိန်းသိမ်းထား၏။

ခေါက်ဆွဲကြွပ်ကြော် အကြောင်းကို ကြားလျှင် သကြားအုပ်ထားသလို ဖြစ်တတ်သည့် သူ့မျက်နှာက ပထမဆုံးသောအကြိမ်အနေဖြင့် တည်ငြိမ် အေးဆေးနေသည်။

..................

ဖိုးဖိုးဝမ်က ပိတ်ရက်ဖြစ်သည့် ဇွန်25ရက်နေ့တွင် နံနက်အစောကြီး ထွက်သွားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံပြီးနောက် ဖန့်ရှင်း နှင့် ဖိုးဖိုးဝမ် တို့က ဆက်သွယ်ရမည့် အချက်အလက်များကို ဖလှယ်ခဲ့ကြသည်။

ဖန့်ရှင်းက ဖိုးဖိုးဝမ်ကို ချက်ပြုတ်ခြင်းဆိုင်ရာ မှတ်စုများကို သီအိုရီ ရှုထောင့်ကနေ သုံးသပ်ပေးရန် နှင့် ဟင်းချက်ခြင်း အနုပညာကို ဆွေးနွေးရန်အတွက် ပိတ်ရက်တွင် သူတို့မိသားစုဆိုင်သို့ လာရောက်ရန် နွေးထွေးစွာ ဖိတ်ခေါ်ခဲ့သည်။

အဘိုးအို၏ အဆိုအရ ဖန့်ရှင်း၏ မိဘများက ခေါက်ဆွဲဆိုင်ကို လည်ပတ် လုပ်ကိုင်ကြသော်လည်း ဖန့်ရှင်းက အပတ်စဥ် ပိတ်ရက်များတွင် သူတို့ဆိုင်မှ ခေါက်ဆွဲကျွမ်းကျင်သူကို လက်လုပ်ခေါက်ဆွဲ လုပ်ရာ၌ ကူညီပေးလေ့ရှိသည်။

အိမ်မှ ထွက်သွားခါနီးတွင် ဖိုးဖိုးဝမ်က ဝမ်လင်းကိုပါ ခေါ်လိုသော ရည်ရွယ်ချက်ဖြင့် ဝမ်လင်း၏ အခန်းသို့ အထူးလာရောက်ခဲ့သော်လည်း ဝမ်လင်းက ဖန့်ရှင်း နှင့် အလွန်အကျွံ မဆက်ဆံချင်သဖြင့် အသေကောင်လို အိပ်ဟန်ဆောင်နေရန် ရွေးချယ်ခဲ့သည်။

ဖိုးဖိုးဝမ်က တံခါးကို အချိန်အတော်ကြာ ခေါက်ခဲ့သော်လည်း အထဲမှ တုံ့ပြန်မှု မရှိသဖြင့် အဆုံးသတ်တွင် သူ့ဘာသာသူ ထွက်သွားခဲ့တော့သည်။

ဝမ်လင်းက ဖိုးဖိုးဝမ် သုံးဘီးဖြင့် ထွက်ခွာသွားသည်နှင့် လုံခြုံရေး အတွက် ထွင်ထျန်းဟာကို ဖိုးဖိုးဝမ်၏ နောက်သို့ လိုက်သွားစေသည်။

ဟုတ်ပါသည်.. ဝမ်လင်းက ထွင်ထျန်းဟာကို စေလွှတ်ရသည့် နောက်ထပ် အကြောင်းရင်း တစ်ခုရှိသေးသည်။

ယင်းမှာ ဖန့်ရှင်း၏ အော်ရာကို အာရုံခံစားဖို့ ဖြစ်၏။

မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသူများသည် များသောအားဖြင့် မိစ္ဆာအော်ရာ အရိပ်အယောင်များ ရှိကြသည်။

တစ်ချိန်က နတ်ဆိုးဘုရင်ဖြစ်ခဲ့ဖူးသော ထွင်ထျန်းဟာက ဤကဲ့သို့သော အော်ရာကို ကောင်းမွန်စွာ အာရုံခံနိုင်၏။

ဆိုင်ကယ်ပေါ်မှ ဖိုးဖိုးဝမ်၏ မြင်ကွင်း ပျောက်ကွယ်သွားပြီးနောက်တွင် ဝမ်လင်းက နောက်ဆုံး၌ သက်ပြင်းကို ညင်သာစွာ

ချလိုက်သည်။

သူက သူ့အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် လဲ့မုန့်မုန့် နှင့် ထိပ်တိုက် တိုးမိခဲ့သည်။

လဲ့မုန့်မုန့် နှင့် ဖေဖေဝမ်က စာမူနှင့် ပတ်သက်၍ ဆွေးနွေးပြီးမှန်း သိသာ ထင်ရှားနေ၏။

ယခုအခါတွင် ဖေဖေဝမ်က သူ၏စာအုပ်အသစ် ဖြစ်သော "အင်မော်တယ်ဘုရင်၏ တိုက်ရိုက်ထုတ်လွှင့်မှုဘဝ"ဝတ္ထုစီးရီးတွင် ပါဝင်သည့် စကားလုံးသုံးသိန်း၏ နောက်ဆုံး တည်းဖြတ်မှုကို တစ်ပတ်အတွင်း စစ်ဆေးပြီးလျှင် အွန်လိုင်းမှ တိုက်ရိုက်ထွက်ရှိတော့မည် ဖြစ်သည်။

ထိုကိစ္စပြီးလျှင် ဂုရုကြီးက သတင်းစာရှင်းလင်းပွဲ လုပ်ဦးမည် ဖြစ်၏။

လဲ့မုန့်မုန့်က လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ဝမ်မိသားစု အိမ်ငယ်လေးထဲသို့ အဆက်မပြတ် ဝင်ထွက်ခဲ့ပြီး စာမူကို မမောမပန်း ဖတ်ရှုကာ ဖေဖေဝမ် နှင့် အတူ ဝတ္ထုသစ် အကြောင်း ဆွေးနွေးရင်း အချိန်အများစုကို ကုန်ဆုံးခဲ့သည်။

ဝမ်လင်းက သူ့ကို အိမ်၏ တခြားနေရာများတွင်ပင် မတွေ့ခဲ့ရပေ။

ထမင်းစားချိန် ရောက်လျှင်ပင် လူနှစ်ယောက်စာ အတွက် ပြင်ဆင်ပြီး မေမေဝမ်က စာဖတ်ခန်းသို့ ပို့ဆောင်ပေးခဲ့ရသည်။

ရိုးရိုးသားသား ပြောရလျှင် လဲ့မုန့်မုန့်၏ ခန္ဓာကိုယ်တည်ဆောက်ပုံက အလွန် အားနည်းလွန်းသည်။

တစ်နည်းတစ်ဖုံအားဖြင့် သူက ကူရိုကို နှင့် တူသည်။

(ကူရိုကို=Kuroko's Basketball အမည်ရှိ ဂျပန်ရုပ်ပြစီးရီးမှ အရည်အချင်းရှိသော်လည်း ခန္ဓာကိုယ်အားနည်းသောMC)

လဲ့မုန့်မုန့်၏ မျက်ကွင်းများက ညိုနေပြီး ဆံပင်များက ရှုပ်ပွနေသည်။

အဘယ်ကြောင့်ဆိုသော် မနေ့ညက အလွန်ညဉ့်နက်သည် အထိ စာမူကိုဖတ်ပြီး စာဖတ်ခန်းရှိ ဆိုဖာပေါ်တွင် တိုက်ရိုက် အိပ်ပျော်သွားသောကြောင့် ဖြစ်သည်။

သူက နိုးခါစသာ ရှိသေးချိန်တွင် တံခါးဖွင့်နေသည့် ဝမ်လင်းနှင့် ကြုံလိုက်ရသည်။

"ဝါးးး... ဝမ်လင်း.. မင်္ဂလာ နံနက်ခင်းပါ"

လဲ့မုန့်မုန့် သမ်းဝေလိုက်သည်။

သူက အရပ် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ ဝန်းကျင်ရှိပြီး ပိန်ပိန်ပါးပါး ပုံစံရှိသည်။

ထို့အပြင် သူက ဖေဖေဝမ် နှင့် ရက်ပေါင်းများစွာ ညဥ့်နက်သည်အထိ ဆက်တိုက် အလုပ်လုပ်ခဲ့ရာ ဤလူက အချိန်မရွေး ဆုံးပါးသွားတော့မည်လားဟုပင် ဝမ်လင်းကို အံ့သြသွားစေခဲ့သည်။

"စုန့်လေး နိုးပြီလား"

မေမေဝမ်က လဲ့မုန့်မုန့်၏ အသံကိုကြားပြီးနောက် အောက်ထပ်ကနေ လှမ်းခေါ်လိုက်သည်။

"နင်လည်း ပင်ပန်းနေပြီ.. ဆင်းလာပြီး ထမင်းအရင်လာစားဦး.. ဗိုက်ဆာနေလိမ့်မယ်"

"ကောင်းပြီ.. ငါ ခဏနေ ဆင်းလာခဲ့မယ်.. အမကြီး ငါ မင်းကို တကယ် ဒုက္ခပေးမိနေပြီ"

လဲ့မုန့်မုန့်က မေမေဝမ်ကို နှုတ်ဆက်ရန် အောက်ထပ်သို့ ဆင်းသွားကာ တောင်းပန်စကားဆိုလိုက်သည်။

ဤအိမ်ကို ပထမဆုံး ရောက်ဖူးသည့် အချိန်က ကဲ့သို့ သူမကို မြင်လျှင် ရှက်ကိုးရှက်ကန်း ဖြစ်ကာ ထပ်ခါတလဲလဲ ဦးညွှတ်နေခဲ့သည်။

"ဝတ္ထုရဲ့ အခြေအနေက ဘယ်လိုလဲ"

မေမေဝမ်က ဖက်ထုပ်ပန်းကန်ကို ကိုင်ကာ ထွက်လာပြီး လဲ့မုန့်မုန့် ရှေ့တွင် ချပေးလိုက်သည်။

ဝတ္ထုအကြောင်းနှင့် ပတ်သက်၍ မေးလာလျှင် လဲ့မုန့်မုန့်က ချက်ချင်းပင် ပြန်လည် လန်းဆန်းသွားသည်။

"အစ်ကိုစစ်ထူ ရဲ့ ဒီတစ်ခေါက် စာအုပ်က အရမ်းမိုက်တယ်.. ထွက်လာပြီးတာနဲ့ ဂယက် ကြီးကြီးမားမား ဖြစ်မှာ သေချာတယ်.. အရင်ဝတ္ထုကို ကျော်ဖို့က လုံးဝ ခက်ခဲမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"

သူက သူ့ရှေ့မှ ဖက်ထုပ်တွေကိုပင် လျစ်လျူရှုခဲ့ပြီး ရယ်မော၍ ပြောလိုက်သည်။

"ဒီဝတ္ထုစီးရီးမှာ အလွန်အကျွံ တင်စားတဲ့ ဇာတ်ဝင်ခန်းတွေ ပါပေမဲ့လည်း ပေါ့ပေါ့ပါးပါးနဲ့ နားလည်ရ လွယ်ကူတဲ့ အဓိကအကြောင်းအရာ တစ်ခုအနေနဲ့ ရှိနေဆဲပဲ.. အကိုစစ်ထူက နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္ထုနဲ့ အတွေ့အကြုံများစွာကို စုဆောင်းထားပြီးပြီ.. ဒါကြောင့် အခု စာအုပ်အသစ်ကို ဖန်တီးရေးသားတဲ့နေရာမှာ ပိုကျွမ်းကျင်လာပါပြီ.. ဝတ္ထုက ဟာသဇာတ်ကွက်တွေ အများကြီး ပါဝင်တဲ့အပြင် အရမ်း အံ့သြဖို့လည်း ကောင်းတယ်.. ဝတ္ထုက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတဲ့ အထက်တန်း ကျောင်းသားတစ်ဦးရဲ့ နေ့စဉ်ဘဝအကြောင်းလည်း ဖြစ်တယ်"

ဝမ်လင်း "............"

"နိမ့်ကျတဲ့ ကိုယ်ရေးအကျဥ်းကို ထိန်းသိမ်းဖို့ ဇာတ်လိုက်က ရိုးရိုးသာမန် အထက်တန်းကျောင်းကို ရွေးချယ်ခဲ့တယ်.. ဒါပေမယ့် မထင်မှတ်ထားတဲ့ အချက်တွေကြောင့် လက်ရွေးစင် အခန်းထဲကို မတော်တဆ ရောက်သွားခဲ့တယ်.. ဇာတ်လိုက်က သူနှိမ်နင်းထားတဲ့ နတ်ဆိုးဘုရင်ကို သူ့အိမ်မွေးတိရိစ္ဆာန် အဖြစ် မထင်မှတ်ဘဲ ဆင့်ခေါ်မိခဲ့တယ်.. အခုနေ ပြန်တွေးကြည့်ရင်တောင် ဇာတ်ကွက်တွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းနေသေးတယ်"

လဲ့မုန့်မုန့်က ဝမ်းသာအားရ ရယ်မောလိုက်သည်။

"ဒါ့အပြင် အကိုစစ်ထူနဲ့ ဆွေးနွေးပြီးတဲ့အခါ.. ပြိုင်ဘက်ကင်း စာအုပ်စီးရီးတွဲ တစ်ခုကို ထုတ်ဖို့ ဒီဝတ္ထုကို အခြေခံပြီး အသုံးချနိုင်မယ်လို့ ခံစားရတယ်.. အနာဂတ်ကျရင် သူနောက်ထပ် စာအုပ်တွေကို ရေးတဲ့အခါ ဇာတ်ကောင် တစ်ယောက်ချင်းစီမှာ မယုံနိုင်စရာကောင်းတဲ့ စွမ်းရည်တွေ ရှိလိမ့်မယ်.. သူက ဇာတ်လမ်း တစ်ခုချင်းစီးကို အသေးစိတ်ရေးပြီး အဆုံးသတ်ကျရင် ဒီဇာတ်ကောင်တွေ အားလုံးကို စုစည်းထားတဲ့ နောက်ဆုံးစာအုပ်ကို ရေးရမယ်.. ဇာတ်ကောင်တွေက အောင်မြင်ဖို့ ခက်ခဲတဲ့ အရာတစ်ခုခုကို အားပြိုင်ကြရင်းနဲ့ပေါ့"

ဝမ်လင်း"..........."

လဲ့မုန့်မုန့် ပြောနေသည့် ရင်းနှီးသော ဇာတ်ကွက်က မေမေဝမ်ကို အားပါးတရ ရယ်မောစေခဲ့သည်။

[အမေတို့ နှစ်ယောက် ပျော်နေတာလား]

ဝမ်လင်းက ဤအခြေအနေကို ပြက်ရယ်ပြုရန် အင်အားမရှိတော့ပေ။

"..........."

သားတစ်ယောက်ကို သေသေချာချာ ရောင်းစားသည်အား သူပထမဆုံး အကြိမ် မြင်ဖူးခြင်းပင်။

.......................

မေမေဝမ်က အိုးထဲတွင် ဖက်ထုပ်ပေါင်း လေးဆယ်ကို ထည့်ထားသော်လည်း လီမုန့်မုန့်၏ အစာအိမ်က ယနေ့တွင် ထူးထူးခြားခြား ကျုံ့နေပုံရသည်။

ဖက်ထုပ် ဆယ်လုံးလောက် စားပြီးသည်နှင့် သူက သူ့ဗိုက်ကို ပွတ်လိုက်ပြီး ဗိုက်ပြည့်သလို ခံစားလာရသည်။

သူက မေမေဝမ်ကို ကြည့်လိုက်သည်။

"အစ်မ.. ထမင်းစားဖို့ အစ်ကိုစစ်ထူကို နိုးလိုက်ရမလား.. စောစောက ဆင်းတုန်းကတော့ သူက အိပ်ပျော်နေတုန်းပဲ..."

မေမေဝမ် သက်ပြင်းချလိုက်သည်။

"အိပ်ပါစေ.. ဒီနှစ်ရက်လုံး သူအတော် ပင်ပန်းခဲ့ပုံပဲ.. ငါ အခု ကြက်စွပ်ပြုတ်ကို စပြုတ်နေပြီ.. သူနိုးလာတဲ့အချိန်ဆို နင်တို့ နှစ်ယောက်လုံး စားလို့ရပြီ"

"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် အစ်မ"

လဲ့မုန့်မုန့်က ဖြူဖွေးနေသော သူ့သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။

"မနေ့ညက မင်းအလုပ်များသွားတဲ့ပုံပဲ.. နင်ရေချိုးချင်လား"

လဲ့မုန့်မုန့်၏ ရှုပ်ပွနေသော ဆံပင်ကို ကြည့်ရင်း မေမေဝမ်က မေးလိုက်သည်။

"အိုး.. ငါဒီထက်ပိုပြီး အခွင့်အရေးယူလို့ မဖြစ်တော့ဘူးထင်တယ်"

"နင်က ဒီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးပြီ.. ဘာလို့ အပျိုဖြန်းလေး တစ်ယောက်လို အရှက်သည်းနေတာလဲ

မေမေဝမ်က ခါးထောက်ကာ အနည်းငယ် ကူကယ်ရာမဲ့စွာ ပြုံး၍ ပြောလိုက်သည်။

"ဒုတိယထပ် ရေချိုးခန်းရဲ့ ရေချိုးခန်း ဗီရိုထဲမှာ သွားတိုက်တံနဲ့ ရေခွက်အသစ်တွေ ရှိတယ်.. အခုပဲ သွားချိုးလိုက်တော့.. မင်းနဲ့ မင်းရဲ့ အစ်ကိုစစ်ထူက ခန္ဓာကိုယ်ချင်း သိပ်မကွာတော့ ရေချိုးပြီးရင် ဝတ်ဖို့ ငါသူ့အဝတ်အစား ရှာထားပေးမယ်.."

လဲ့မုန့်မုန့် ထူပူသွားသည်။

"ဒါဆိုလဲ ကျေးဇူးအများကြီးတင်ပါတယ် အစ်မ"

"ရပါတယ်"

မေမေဝမ်က လက်ဝှေ့ယမ်းလိုက်သည်။

"အခုက ရာသီဥတု အေးလာပြီ.. ငါ နင့်အတွက် အသားကပ်ဝတ်စုံ တစ်စုံ ပေးမယ်.. ဝတ်ထားဖို့ မမေ့နဲ့"

လဲ့မုန့်မုန့် ".........."

ဝမ်လင်း ".........."

All Chapters