← Chapters

သင်ယူခြင်းကသာ ပျော်ရွှင်မှုကို ပြုလုပ်ပေးနိုင်တာလား

Vol. 18 Ch. 265

သင်ယူခြင်းကသာ ပျော်ရွှင်မှုကို ပြုလုပ်ပေးနိုင်တာလား

Vol. 18 Ch. 265

လေထဲတွင် နီရဲတောက်ပနေသည့် စကားလုံးများကို ပုံဖော်ထားသည်။

ဝမ်လင်းက ထိုစာသားထံမှ သွေးရနံ့ အစစ်အမှန်ကိုပင် ရရှိနေ၏။

ယင်းက ဂိမ်း၏ အထူးပြုလုပ်ချက်သာ ဖြစ်လျှင် ၎င်းက အမှန်တကယ် လက်တွေ့ဆန်လွန်းသည်ဟု ဆိုရမည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်လေးသော ခံစားချက်များ ခပ်ရေးရေး ဖြစ်ပေါ်နေသည်။

ဆန့်ကျင်ဘက်အားဖြင့် လဲ့မုန့်မုန့်ကမူ ဂိမ်း၏ တကယ့် အရည်အသွေးက သူထင်ထားသည်ထက် များစွာ ကျော်လွန်နေသောကြောင့် အလွန် စိတ်လှုပ်ရှားနေသည်။

ပရိုဂျက်တာများကို တိုက်ရိုက်ဖန်တီးရန် USB တစ်လုံးကို ကွန်ပျူတာစခရင်နှင့် ချိတ်ဆက်ပေးသည့် နည်းပညာမြင့် ဟိုလိုဂရပ်ဖစ် နည်းပညာမျိုးက ယနေ့ခေတ်တွင် လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲသောအရာ မဟုတ်တော့ပေ။

ဤမျှ လက်တွေ့ကျမှုကို ရရှိရန် ပုံရိပ်ယောင် အစီအရင်ကို နည်းပညာတွင် ထည့်သွင်းထားရမည်ဟု လဲ့မုန့်မုန့်က မှန်းဆမိခဲ့သည်။

ပိုမိုလက်တွေ့ကျစေရန် ပုံရိပ်ယောင် အစီအရင် ထည့်သွင်းထားသော ဂိမ်းမျိုးကို ယေဘုယျအားဖြင့် သာမန်လူများ ကစားနိုင်မည် မဟုတ်ပေ။

သို့သော်"လွတ်မြောက်ခြင်း" ဂိမ်းကတော့ မတူပေ။

လွန်ခဲ့သည့်လက ထွက်ပေါ်ခဲ့သည့် အစမ်း မိတ်ဆက်ပွဲမှ သတင်းအရ ၎င်းက လက်ရှိတွင် ကမ္ဘာပေါ်၌ အကန့်အသတ်မရှိ ပါဝင်မှုကို ခွင့်ပြုနိုင်သည့် တစ်ခုတည်းသော MMORPG ဂိမ်း ဖြစ်သည်။

စာသားများ အောက်တွင် ရွေးချယ်စရာ နှစ်ခုရှိသည်။

"yes" နှင့် "No"

လဲ့မုန့်မုန့်က "Yes"ကိုရွေးချယ်လိုက်ရာ ဂိမ်း၏ စခရင်က လျင်မြန်စွာပင် စတင်ခဲ့သည်။

လေထဲတွင် စကားလုံးများ ပေါ်လာပြန်သည်။

"သင်ယူခြင်းကသာ မင်းကို ပျော်ရွှင်စေတယ်လို့ မင်းထင်လား"

"နေ့စဥ်လေ့လာရုံနဲ့ စိတ်ချမ်းသာမယ်လို့ရော မင်းထင်လား"

"တစ်နေ့တာ စာမသင်ရရင် တော်တော် စိတ်မကောင်းဖြစ်မယ်လို့ မင်းထင်လား"

"ဒါတွေက လုံးဝကို မှားယွင်းနေတယ်ဆိုရင်တောင် ဂိမ်းဆော့တာကတော့ ဘာမှ မမှားယွင်းဘူး"

"အလွန်အကျွံ မဖြစ်ဘူးဆိုရင် ဂိမ်းက မင်းရဲ့မှတ်ဉာဏ်ကိုကောင်းစေတယ်.. ဂိမ်းကို စွဲလန်းသွားမယ် ဆိုရင်တော့ မင်းရဲ့ဦးနှောက်ကို ထိခိုက်စေတယ်"

"............."

ဂိမ်းစွဲခြင်းနှင့် ပတ်သက်သည့် သတိပေးချက်များကို စိုက်ကြည့်ရင်း ဝမ်လင်း၏ ပါးစပ်ထောင့်များသည် ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားခဲ့သည်။

ထို့နောက်တွင် နောက်ဆုံး တင်ပေးသောပုံဖြစ်သည့် ပုဆိန်နှစ်ချောင်း လိုဂိုကို သူတွေ့လိုက်ရသည်။

အောက်ဘက်တွင် စာသားတစ်ခု ရှိသည်။

"ပုဆိန်သစ် နည်းပညာကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ်"

၎င်းကို မြင်လိုက်ရလျှင် လဲ့မုန့်မုန့်က အနည်းငယ်ထူးဆန်းသည်ဟု တွေးမိခဲ့သည်။

သူသိသလောက် "လွတ်မြောက်ခြင်း"ဂိမ်းကို ထုတ်လုပ်သည်မှာ ဤကုမ္ပဏီ မဟုတ်ပေ။

သို့ရာတွင် ဂိမ်းစတင်သည်နှင့် သူက ဤပြဿနာကို လုံးဝမေ့သွားခဲ့သည်။

ဂိမ်း၏ ဇာတ်ကွက်အရ ဝမ်လင်း နှင့် လဲ့မုန့်မုန့်က စိတ္တဇဆေးရုံသို့ သွားသော လမ်းကြောင်းပေါ်ရှိ လူနာတင်ယာဉ် ထဲတွင် ပေါ်လာသည်။

"မင်းတို့က ဒီကမ္ဘာကို စာမေးပွဲဖြေဖို့ စေလွှတ်လိုက်တဲ့ ဒုတိယအသုတ် ဖြစ်သလို အထူးချွန်ဆုံး အုပ်စုလည်း ဖြစ်တယ်"

ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ဝမ်လင်းက ခေါင်းလှည့်၍ ကြည့်လိုက်ရာ အင်္ကျီဖြူဝတ်ထားသည့် အဖိုးအို တစ်ယောက်က သူ့တို့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အဖိုးအိုက ခန္ဓာကိုယ်ပိန်လှီပြီး အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ် ဝန်းကျင် ရှိပုံရသည်။

၎င်းက မျက်မှန်တပ်ထားပြီး ခါးပတ်ပတ်လည်တွင် ဆေးထိုးအပ်များကို ကြိုးဖြင့်သီ၍ ချိတ်ဆွဲထား၏။

ဤအရာက Frankenstein အမျိုးအစားတစ်ခု ဖြစ်ကြောင်း လဲ့မုန့်မုန့် သိသည်။

(Frankenstein= မွန်းစတား သို့မဟုတ် ဖျက်ဆီးရေးသံတမန်)

ဤသည်မှာ holographic ပတ်ဝန်းကျင်တွင် NPC ကို ပထမဆုံးအကြိမ် တွေ့ခြင်းဖြစ်၍ လဲ့မုန့်မုန့်က အဖိုးအို၏ မျက်နှာကို စမ်းသပ် ကိုင်ကြည့်လိုက်သည်။

[ဂိမ်းက လက်တွေ့ဆန်လွန်းပြီး သော-က်ရမ်းမိုက်လွန်းပါလား]

"မစ်ရှင်ကို ငါရှင်းမပြခင်..."

အဖိုးအို၏ ပါးစပ်ထောင့်က ရွဲ့သွားသည်။

သူက ကူကယ်ရာမဲ့စွာဖြင့် လဲ့မုန့်မုန့်ကို ကြည့်လိုက်သည်။

"ကျေးဇူးပြုပြီး နည်းနည်းလောက် အလေးအနက် ထားလို့ရမလား.. မင်း ငါ့မျက်နှာကို လက်သည်းနဲ့ ဆိတ်နေတာ ရပ်နိုင်မလား"

"အိုး.. ဝမ်းနည်းပါတယ်"

လဲ့မုန့်မုန့်က သူ့လက်ကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။

"............."

အဘိုးအိုက သူတို့နှစ်ယောက်ကို ကြည့်ရင်း ခဏတာ ငြိမ်သက်သွားသည်။

"မင်းတို့က အလွန် အားကောင်းတဲ့ ပုံရိပ်ယောင်စွမ်းရည် အောက်မှာ ရှိနေတယ်ဆိုတာ သဘောပေါက်ထားရမယ်.. ငါက မင်းတို့တွေကို စိတ္တဇဆေးရုံဆီ လိုက်ပို့နေတာ.. နတ်ဘုရားသခင်ရဲ့ မစ်ရှင် မပြီးမချင်း ဒီပုံရိပ်ယောင်ရဲ့ အကျိုးဆက်တွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး.. မင်းတို့ရဲ့ တာဝန်က အခြားအဖွဲ့တွေနဲ့ အတူတူ တိုက်ခိုက်ဖို့ပဲ.. သူတို့ကလည်း စိတ္တဇဆေးရုံကို ရောက်လာပြီး အဲဒီနေရာကနေ ထွက်ပြေးကြလိမ့်မယ်"

"အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ ပုံရိပ်ယောင် အစီအရင်လား"

လဲ့မုန့်မုန့် အနည်းငယ် အံ့သြသွားသည်။

"လွတ်မြောက်ခြင်း" ဂိမ်းက အမှန်တကယ် ပိုမို လက်တွေ့ကျစေရန် အတွက် ပုံရိပ်ယောင် အစီအရင် ထည့်သွင်းထားသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော MMORPG ဂိမ်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် မစ်ရှင် မပြီးဆုံးမချင်း ထွက်သွားလို့ မရသည့် ဂိမ်းတစ်ခု ရှိမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

"နောက်တစ်မျိုး ပြောရရင် မစ်ရှင် မပြီးမချင်း ဂိမ်းကနေ ထွက်သွားလို့ မရဘူးပေါ့.. အဲဒီလို ဟုတ်တယ်မလား"

အဖိုးအိုကို ကြည့်ရင်း လဲ့မုန့်မုန့် မေးလိုက်သည်။

"ဟုတ်တယ်"

အဘိုးအိုက ယုတ်မာတော့မည့် အပြုံးမျိုး သူတို့ကို ပြုံးပြလိုက်သကဲ့သို့ သူ့အမူအရာကလည်း ပဟေဠိ ဆန်နေသည်။

"ဘာဟုတ်တာလဲ.. မင်းအမေက မင်းကို ထမင်းစားဖို့ လာခေါ်ရင် ဘယ်လိုလုပ်မလဲ"

လဲ့မုန့်မုန့်က ကူကယ်ရာမဲ့စွာ သရော်လိုက်သည်။

ဝမ်လင်း "..........."

အဖိုးအို"............"

"အိမ်စာမပြီးသေးရင်ရော ဘယ်လိုလုပ်မလဲ"

အဖိုးအို "..........."

"တစ်စုံတစ်ယောက်က စစ်ဆေးရေးဂိတ်ကို မဖြတ်နိုင်ရင် ဂိမ်းထဲမှာ ငါတို့ကို အတင်းအကြပ် သိမ်းထားမှာလား.. ဒါဆို ဒီယန္တရားက သိပ္ပံနည်းမကျဘူးပေါ့"

"............"

အဖိုးအိုက ချွေးများထွက်လာသည်။

သူ့မျက်နှာပေါ်ရှိ အမူအရာက ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားသည်။

"ဂိမ်းက ဂိမ်းပါပဲ.. ဒါပေမဲ့ မပြီးဘဲနဲ့တော့ ထွက်သွားဖို့ မစဉ်းစားနဲ့လို့ ငါပြောချင်တယ်.. ဒီပုံရိပ်ယောင်အတွင်းမှာ မင်း နာကျင်မှုကို ခံစားရနိုင်တယ်.. အခန့်မသင့်ရင် သေတောင် သေသွားနိုင်တယ်..."

"သေမှာလား"

လဲ့မုန့်မုန့်က ထိုစကားကို ကြားသောအခါ အဆုံးသတ်တွင် အံ့အားသင့်သွားခဲ့သည်။

အဖိုးအိုက ရယ်မောလိုက်သည်။

"ဘယ်လိုလဲ.. အခုမှ ကြောက်နေပြီလား"

လဲ့မုန့်မုန့်၏ နောက်ဆက်တွဲစကားက အဘိုးအိုကို သွေးအန်လုမတတ် ဖြစ်သွားစေသည်။

"မကြောက်ပါဘူး.. ဒီဂိမ်းထဲမှာ ပြန်လည်နိုးထလာစေတဲ့ တိုကင် ယန္တရားတွေ ရှိသားပဲဟာ"

အဖိုးအိုက ရူးသွပ်သွားတော့မလို ခံစားလိုက်ရသည်။

"............"

ရုတ်တရက် သူက ဆေးထိုးအပ် တစ်ချောင်းကို ဆွဲထုတ်ကာ လဲ့မုန့်မုန့်၏ လက်ကို ခပ်ပြင်းပြင်း ထိုးစိုက်လိုက်သည်။

လဲ့မုန့်မုန့်၏ အရေပြားထဲသို့ အေးစိမ့်စိမ့် အပ်တစ်ချောင်းက ထိုးဖောက် ဝင်ရောက်သွားပြီးနောက် နာကျင်ကိုက်ခဲသော ဝေဒနာ တစ်ခုကို ခံစားရသဖြင့် လဲ့မုန့်မုန့်က အော်ဟစ်လိုက်သည်။

"နာတယ်.. အား.. နာလိုက်တာ.."

သူ့လက်က တကယ် သွေးထွက်နေသည်ကို သူသဘောပေါက်လိုက်သည်။

လဲ့မုန့်မုန့် သွေးထွက်နေပြီး နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်ကို ကြည့်ပြီး ဝမ်လင်းက နောက်ဆုံးတွင် ဤဂိမ်း၌ သံသယဖြစ်ဖွယ် အရာတစ်ခု ရှိနေသည်ကို သိလိုက်ရသည်။

ဤပုံရိပ်ယောင် အစီအရင်က အလွန်ထူးခြားနေသည်။

ယေဘုယျအားဖြင့် လူတစ်ဦးက နာကျင်မှုကို ခံစားရသောအခါတွင် ပုံရိပ်ယောင်က အလိုအလျောက် ကျိုးပဲ့သွားပေလိမ့်မည်။

သို့သော် ဤပုံရိပ်ယောင် အစီအရင်ကမူ ပိုမိုအဆင့်မြင့်ပြီး လူတစ်ဦး၏ အသိစိတ်ထဲထိ နက်နဲစွာ ထိုးဖောက် ဝင်ရောက်နိုင်သော အမျိုးအစား ဖြစ်သည်။

ဤ"လွတ်မြောက်ခြင်း" ဂိမ်းက လဲ့မုန့်မုန့် ကြားဖူးနားဝ မရှိသည့် ဂိမ်းမဟုတ်ကြောင်း ဝမ်လင်း တစ်ယောက် ရှင်းရှင်းလင်းလင်း သိနေသော်လည်း ၎င်းမှာ ဂိမ်းတစ်ခုအဖြစ် အသွင်ယူထားသော သေမင်းတမန် ပြိုင်ပွဲတစ်ခု ဖြစ်နေသည်။

ကြည့်ရသည်မှာ USB ကြောင့် ဤဂိမ်းကို လက်ခံရရှိသူတိုင်းသည် ဤထင်ယောင်ထင်မှား ဖြစ်မှုကို စိတ်ဝိညာဥ် ထဲသို့ အလိုအလျောက် ထည့်သွင်းမိသွားပုံ ရသည်။

[ဒါက နောက်ပြောင်မှုတစ်ခုလား]

ဝမ်လင်း၏ မျက်လုံးများက ရုတ်တရက် လေးနက်လာသည်။

တခဏအတွင်းမှာပင် သူက ပုံရိပ်ယောင် အစီအရင်ကို ချိုးဖျက်ပြီး ဘာပြဿနာမှမရှိဘဲ ထွက်သွားနိုင်မည့် နည်းလမ်းကို စဥ်းစားမိလိုက်သည်။

သို့သော် ဤနည်းလမ်းက ဂိမ်းထဲတွင် ပိတ်မိနေသော အခြားမည်သူ့ကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း ပြုနိုင်မည် မဟုတ်ချေ။

သူက လဲ့မုန့်မုန့် တစ်ယောက် ပုံရိပ်ယောင် လှည့်စားမှုမှ ဖြတ်ကျော်နိုင်မည့် နည်းလမ်းကို ရှာဖွေနေခဲ့သည်။

သို့သော် ကံမကောင်းစွာပဲ လဲ့မုန့်မုန့်က အခြေအနေ မည်မျှဆိုးရွား ပြင်းထန်နေသည်ကို လုံးဝ မသိခဲ့ပေ။

သူက အဘိုးအို သူ့ကို အပ်ဖြင့် ထိုးထားသည့်နေရာကို ပွတ်ရင်း မေးလိုက်၏။

"မင်းငါ့ကို ဘာဆေးထိုးလိုက်တာလဲ"

"ဟားဟား နာကျင်သွားလား"

အဘိုးအိုက ရယ်မောလိုက်ပြီး

"ငါထိုးလိုက်တာက နှစ်ဆယ့်လေးနာရီ အတွင်း ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားစေမဲ့ အဆိပ်ပဲ.. နောက်ဆုံး စစ်ဆေးရေးဂိတ်ကို ရောက်ရင်တော့ အဆိပ်ဖြေဆေး အကြောင်းကို အရိပ်အမြွက် ရပါလိမ့်မယ်"

ဝမ်လင်းက မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

သူမျှော်လင့်ထားသလိုပင်.. ဤအဆိပ်က တကယ်ပဲ ကြောက်မက်ဖွယ် ကောင်းနေ၏။

သူက လဲ့မုန့်မုန့်၏ လက်မှတဆင့် အာရုံကြောနှင့် သက်ဆိုင်သည့် သွေးကြောများ ထိခိုက်ထားသည့် သဲလွန်စများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

"ဟားဟား.. မင်းအလှည့်ပဲ"

အဖိုးအိုက နောက်ဆုံးတွင် ဝမ်လင်းအား လှည့်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဆေးထိုးအပ်ကို ဝမ်လင်း၏ လက်သို့ ရက်စက်စွာ ထိုးထည့်လိုက်သည်။

"နာတယ် မဟုတ်လား.. အော်စမ်း.. ကောင်လေး"

သို့သော် သူက အလွန်လျင်မြန်စွာပင် ပြဿနာကြီး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

သူ့အပ်က ဝမ်လင်း၏ အရေပြားကို လုံးဝ မထိုးဖောက်နိုင်မှန်း သူသိသွားခဲ့သည်။

မြင်ကွင်းက ရှက်စရာမြင်ကွင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters