← Chapters

စည်းမျဥ်းဖောက်ဖျက်သူများ

Vol. 18 Ch. 266

စည်းမျဥ်းဖောက်ဖျက်သူများ

Vol. 18 Ch. 266

ရှက်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

အဘိုးအိုက ဆေးထိုးအပ်ကို ပြန်ဆွဲထုတ်လိုက်သည့်အခါ အပ်က ကွေးနေသည်ကို တွေ့လိုက်ရ၏။

သူ့မျက်နှာက ရှာလကာရည်စိမ်ထားသော ဟင်းသီးဟင်းရွက်ချဥ်တွေလို မည်းနက်သွားသည်။

ခြုံ၍ပြောရလျှင် သူက NPC တစ်ယောက်သာ ဖြစ်ပြီး သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားသည့် ကိစ္စများကို မစဉ်းစားနိုင်ခဲ့ပေ။

ဂိမ်းရဲ့ဇာတ်ညွှန်းအရ သူက လူနာတင်ကားပေါ်တွင် ရှိနေစဥ် ဂိမ်းလောကထဲ ဝင်ရောက်လာသူတိုင်းကို အဆိပ်ဆေး ထိုးပေးကာ ဖုတ်ကောင်များစွာ၏ လိုက်ဖမ်းခြင်းနှင့် နှောင့်ယှက်ခြင်းမှ လွတ်မြောက်ရန် နည်းလမ်းရှာရမည့် ဆေးထိုးခံရသည့် လူများကို စိတ္တဇဆေးရုံ တစ်ခုတွင် လွှတ်ချရန် ဖြစ်သည်။

နောက်ဆုံးတွင် ကုသနည်းကို ရှာတွေ့ရန် အတွက် ဖုတ်ကောင်လိုက်ဖမ်းသည့် အတားအဆီးမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်သည်။

"............."

အဖိုးအိုက ဇာတ်ညွှန်းအတိုင်း ဝမ်လင်း၏လက်ကို ဆေးထိုးအပ်ဖြင့် ဆက်လက်၍ ထိုးနေခဲ့သည်။

အဆုံးသတ်တွင် အဖိုးအိုက သူ၏ ဆေးထိုးအပ် အားလုံးကို အသုံးပြုပြီး သွားခဲ့သည်။

ဝမ်လင်း "..........."

လဲ့မုန့်မုန့် "..........."

......................

ငါးမိနစ်ကြာတွင် လူနာတင်ယာဉ်က စိတ္တဇဆေးရုံ၏ သံဂိတ်တံခါးကို ဖြတ်၍ ဖြည်းညင်းစွာ မောင်းဝင်လာခဲ့သည်။

ယခုအခါ ဂိမ်းထဲတွင် ညရောက်နေပြီး ပတ်ပတ်လည်ရှိသစ်ပင်အရိပ်များ၊ ထူးဆန်းသော အသံဗလံများနှင့်အတူ ဂိမ်းတစ်ခုလုံးက ပိုမို ကြောက်စရာကောင်းသည့် အငွေ့အသက်များကို ပေးစွမ်းနေသည်။

လူနာတင်ယာဉ်က သံဂိတ်တံခါးကို ဖြတ်မောင်းသွားပြီးနောက် ဝမ်လင်းနှင့် လဲ့မုန့်မုန့် တို့က စိတ္တဇဆေးရုံ ခြံဝင်း အလယ်ခေါင်ရှိ ရေကန်ဘေးတွင် ပြန့်ကျဲနေသော သတင်းစာဟောင်းများကို သတိပြုမိသည်။

ပုံမှန် ဂိမ်းလုပ်ရိုးလုပ်စဉ်ကို အခြေခံ၍ ဤသတင်းစာဟောင်းတွင် ဇာတ်ကွက်နှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသည်။

ပုံမှန်အားဖြင့် အဖိုးအိုက ဆေးထိုးပြီးနောက်တွင် ဤအရာနှင့်ပတ်သက်သည့် အသေးစိတ်ကို ရှင်းပြပေးမည် ဖြစ်သည်။

သို့သော် ဝမ်လင်းကို ဆေးမထိုးနိုင်၍ လူနာတင်ယာဉ်ထဲက အဖိုးအိုမှာ လဲကျသွားခဲ့သည်။

ဤအချိန်တွင် လဲ့မုန့်မုန့်က အလွန်အမင်း အံ့သြသွား၏။

ဤဂိမ်းတွင် ထူးဆန်းသည့် ချို့ယွင်းချက် ရှိမည်ဟု သူ မထင်ထားခဲ့ပေ။

လဲ့မုန့်မုန့်က သတင်းစာကို ကောက်ကိုင်လိုက်ပြီး အသုံးဝင်သော အချက်အလက် အချို့ကို စုဆောင်းနိုင်ခဲ့သည်။

"ဇာတ်ကွက်က အဓိက ခေါင်းစီးနဲ့ အတူတူပဲ.. ဒီနေရာကလူတွေကို ဇီဝဓာတုဗေဒ အဆိပ်တစ်ခုက ကူးစက်ပြီး လူနာအားလုံးက မွန်းစတားတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်...ငါတို့ လုပ်ရမှာက အဆိပ်ဖြေဆေးနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ သဲလွန်စတွေကို စုဆောင်းပြီး တတ်နိုင်သမျှ ရှောင်တိမ်းဖို့ပဲ.. နောက်ဆုံးကျရင် ငါတို့ကို လိုက်ဖမ်းတဲ့ မွန်းစတားတွေကို ရှောင်ရှားပြီး စိတ္တဇဆေးရုံကနေ ထွက်ပြေးရမယ်"

လဲ့မုန့်မုန့်က စိတ္တဇဆေးရုံ၏ အဓိကဝင်ပေါက်ကို ညွှန်ပြလိုက်သည်၊

"ငါတို့ ဒီထဲဝင်ပြီးရင် ညကြည့် ကင်မရာနဲ့ ဘက်ထရီအချို့ကို ရှာတွေ့လိမ့်မယ်.. နတ်ဘုရားသခင်ရဲ့ မစ်ရှင်ကို အတိုချုပ် ပြောရရင် အလုပ်တစ်ခုစီပြီးတိုင်းမှာ ဘက်ထရီကို အားသွင်းနိုင်ဖို့အတွက် လဲလှယ်နိုင်တဲ့ အမှတ်တွေကို ရရှိမယ်"

ထိုစကားကိုကြားလျှင် ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

တကယ်တမ်းတွင် ယင်းက သာမန်ဂိမ်းဇာတ်ညွှန်း တစ်ခုသာ ဖြစ်သည်။

သို့သော် ဤဂိမ်းတွင်မူ သာမန်ဂိမ်း တစ်ခုလို မဟုတ်ဘဲ ကစားသမားများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများပင် ဖြစ်နိုင်သည်။

ထို့ကြောင့် အခြားသူများအပေါ် သက်ရောက်နေသော ပုံရိပ်ယောင် အစီအရင်ကို ချိုးဖျက်ရန် သော့ချက်မှာ ဂိမ်းကို အုပ်စိုးသော နတ်ဘုရားသခင်ကို ရှာဖွေရန် ဖြစ်သည်။

ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်ရာ ဂိမ်းလောကတွင် ပေါင်းစပ်ထည့်သွင်းထားသည့် ရှင်းပြရန်ပင် ခက်ခဲသော စည်းမျဉ်း အမျိုးမျိုးကို တွေ့လိုက်ရသည်။

ဤဂိမ်းကို အနန္တတန်ခိုးရှင်က ဖန်တီးထားသည်မှာ ထင်ရှား၏။

စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ထက်တွင် ကောင်းကင်ဘုံတက်ခြင်း နှင့် ဟင်းလင်းပြင်မွမ်းမံခြင်း အဆင့်များ ရှိကြပြီး ထိုနယ်ပယ် အထက်မှ လူများကို ခြေသလုံးအိမ်တိုင် အင်မော်တယ် နှင့် ပကတိ အင်မော်တယ် ဟူသော ပြီးပြည့်စုံသည့် ဘွဲ့အမည်များ ပေးခဲ့ကြသည်။

ဤဂိမ်းကမ္ဘာကြီးကို ခြေသလုံးအိမ်တိုင် အင်မော်တယ်မှ ဖန်ဆင်းထားခြင်း ဖြစ်သည်။

သူတို့က ဗိုလ်ချုပ်ရီလို အဆင့်တွင် မရှိသော်လည်း လျှော့တွက်၍ မရပေ။

နတ်ဘုရားသခင်အတွက်မူ ဝမ်လင်းကို ကောက်သင်းရိတ်သလို သတ်ပစ်ရန်အတွက် စည်းမျဥ်း မလိုအပ်ပေ။

ဂိမ်းထဲတွင် ကိုယ်ယောင်ဖျောက်နေသော နတ်ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို ချုပ်ကိုင်ရန်မှာ အလွန်ပင် ခက်ခဲ၏။

ဝမ်လင်းက တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။

ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နတ်ဘုရားသခင် ကိုယ်ထင်ပြလာမည့်အချိန်ကို စောင့်ဆိုင်းရန် ဖြစ်သည်။

သူအတွေးနက်နေစဥ်မှာပင် နောက်ထပ် လူနာတင်ယာဉ် တစ်စီးက သံဂိတ်တံခါးကနေ ဖြတ်ဝင်လာသည်။

ဤသည်မှာ လူနာတင်ယာဉ်ထဲရှိ အဖိုးအို ယခင်က ပြောပြခဲ့သည့် အခြားအဖွဲ့ တစ်ဖွဲ့ ဖြစ်နိုင်၏။

"လဲ့မို့ရမ်.. ဒါကဘယ်နေရာလဲ"

ဝမ်လင်းက လူနာတင်ကားပေါ်မှ ဆူညံစွာဆင်းလာသော ဖက်တီးတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုဖက်တီး၏ အနောက်တွင် အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ဝမ်လင်းက ထိုလူနှစ်ယောက်ကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

ဤအဖွဲ့က ဖက်တီးလောနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့ဖြင့် ဖွဲ့စည်းထားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"အာ.. အကိုလင်း နဲ့ အစ်ကိုစုန့်က ဘာလို့ ဒီကို ရောက်နေတာလဲ"

အဖြူရောင်ဝတ် လူငယ်က ဝမ်လင်း နှင့် လဲ့မုန့်မုန့်ကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် မှင်တက်စွာ ကြည့်နေမိသည်။

ယခင်က ဝမ်မိသားစုကို အကြိမ်များစွာ လည်ပတ်ဖူးသောကြောင့် လဲ့မုန့်မုန့် နှင့် သူက အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။

လဲ့မုန့်မုန့်၏ နာမည်ရင်းက စုန့်ကျီခိုင် ဖြစ်ပြီး ဖေဖေဝမ်၏ တာဝန်ခံ အယ်ဒီတာလည်း ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်(ဝါ)လဲ့မို့ရမ်က သူ့ကို မေ့ဖို့ မဖြစ်နိုင်ပေ။

ဤနှစ်ယောက်က သူငယ်ချင်းတစ်ဝက် ဖြစ်နေပြီ ဆိုသည်မှာ ထင်ရှားသည်။

သူတို့က စကားအများကြီး မဖလှယ်ခဲ့ကြသော်လည်း ဝမ်မိသားစု အိမ်ငယ်လေးတွင် တစ်ဦးနှင့် တစ်ဦး ရန်ဖြစ်လေ့ ရှိသည်။

"မင်းဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

လဲ့မုန့်မုန့်က စပ်စုလိုက်သည်။

"မနက်က ငါဖက်တီးလောရဲ့ ဆိုင်မှာရှိနေတုန်း သူက ရုတ်တရက် ပါဆယ်ထုပ်တစ်ထုပ် ရခဲ့တယ်.. အဲဒီထဲက USBကို ဖွင့်ကြည့်လိုက်တာနဲ့ ဒီကို ငါတို့တွေ ရောက်လာတာပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းကုတ်၍ ပြုံးကာ ပြောလိုက်သည်။

"ဒီကိုရောက်လာတော့ အဘိုးကြီး တစ်ယောက်က ငါတို့ကို လူနာတင်ကားထဲမှာ တစ်ခုခုထိုးဖို့ ကြိုးစားခဲ့တယ်.. ငါတို့က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သူ့ကို နည်းနည်းတော့ ပညာပြန်ပေးလိုက်တယ်..."

"............"

ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ် စီးနင်းလာသော လူနာတင်ယာဉ်ကို သတိပြုမိသည်။

လူနာတင်ယာဉ် အနောက်ဘက်တွင် အဘိုးအိုက လဲကျနေသည်ကို သူမြင်လိုက်ရသည်။

ထို့အပြင် အဘိုးအို၏ ခန္ဓာကိုယ်က အပ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဝမ်လင်း".............."

...................

ဇာတ်ညွှန်းက ပုံမှန်ပုံစံအတိုင်း ဖြစ်ပေါ်လာရမည် ဆိုလျှင် လဲ့မုန့်မုန့် ပြောခဲ့သည့် အတိုင်း လူနာတင်ယာဉ်ပေါ်ရှိ NPC အဘိုးအိုက ၎င်းတို့ကို အဆိပ်ဆေး ထိုးသွင်းပြီး စိတ္တဇဆေးရုံသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

ထို့နောက် ဇာတ်ညွှန်းက ရှေ့သို့ ဆက်လက် ရွေ့လျားသွားမည် ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် NPC အဘိုးအိုက ဂိမ်းမပြီးသေးခင် လဲကျသွားပြီ ဖြစ်သည်။

စိတ္တဇဆေးရုံ၏တံခါးရှေ့တွင် ဖက်တီးလောက ပတ်ဝန်းကျင်အခြေအနေကို ကြည့်ကာ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေသည်။

ဖက်တီးလောနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က ဂိမ်းထဲသို့ ရောက်လာသည်နှင့် ပုံမှန်မဟုတ်မှန်း သိထားကြသည်။

ဤဂိမ်းက မူရင်း "လွတ်မြောက်ခြင်း" ဂိမ်း၏ အခြေခံသဘောတရားများကို အသုံးပြု၍ ပြန်လည် ဆန်းသစ်ထားသည်။

ဂိမ်းဖန်တီးသူများပင် မတူညီကြပေ။

"မင်းတို့ကို ပတ်သက်စေမိလို့ စိတ်မကောင်းပါဘူး.. ဒါက ငါ့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်နိုင်တယ်"

ဖက်တီးလော၏ အမူအရာက အနည်းငယ် ညှိုးငယ်သွားသည်။

"ဘာလို့ 'ညီနောင်လော'က အရမ်းသေချာနေရတာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ်က အနည်းငယ်ထူးဆန်းသည်ဟု ထင်၍ မေးခွန်းထုတ်လိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ရက်က ငါ ခြိမ်းခြောက်စာ တစ်စောင် ရခဲ့တယ်.. ဒါပေမဲ့ အဲဒီတုန်းကတော့ အလေးအနက် မထားခဲ့မိဘူး"

'ဖက်တီးလော'က အနည်းငယ် ရယ်မောလိုက်သည်။

"ဒါပေမယ့် ဒီလူတွေက ငါ့ကို ဒီကိုလာဖို့ ဒီလိုနည်းမျိုးကို အတင်းအကြပ် သုံးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး.. ငါတို့ လေးယောက်ကလွဲရင် ဒီမှာ တခြားလူတွေရှိဦးမယ်လို့ ငါထင်တယ်"

"တစ်ဖက်သားရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ ငါမသိဘူး.. ဒါပေမယ့် သေချာတာ တစ်ခုကတော့ ပန်းပဲဆရာတွေကို သူတို့ရှာနေတာပဲ.. သိဒ္ဓိလက်နက် ထုလုပ်တဲ့ ပန်းပဲဆရာတွေကို ဒီထဲမှာ သူတို့ ဖမ်းထားပြီးလောက်ပြီ.. အရင်က ငါ့ကို လာခြိမ်းခြောက်တာလည်း ဒီအတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်"

ဖက်တီးလောက မျက်စိမှေး၍ ပြောလိုက်သည်။

"ဒီပုံရိပ်ယောင် အစီအရင်က အရမ်း အစွမ်းထက်တယ်.. ငါတို့ ခွန်အား တစ်ခုတည်းနဲ့ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် အခုလောလောဆယ်မှာတော့ ဂိမ်းရဲ့ ဇာတ်ညွှန်းအလိုက် မီးစင်ကြည့်ကပြီး လှုပ်ရှားရမှာပဲ

ဗုံးပစ်စီနီယာ အင်မော်တယ်က လဲ့မုန့်မုန့်ကို လေးနက်စွာ ကြည့်လိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကိုစုန့်.. ငါတို့ မင်းကို ကာကွယ်ပေးမယ်"

သို့သော် လဲ့မုန့်မုန့်က အန္တရာယ်ကို သတိမထားမိပုံရသည်။

သူက ဝင်ပေါက်မှာရပ်ကာ စိတ္တဇဆေးရုံ၏ တံခါးများကို စူးစိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"ဒါဆို ငါတို့ ဘယ်လိုဝင်ကြမလဲ.. ဇာတ်ညွှန်းအရဆိုရင် အဘိုးအိုက လူနာတင်ယာဉ်ကို မောင်းပြီး တံခါးကို ချိုးဖျက်ရမှာလေ"

"အာ... ဒါက ဇာတ်ကွက်ကို ရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းများလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို ပွတ်သက်လိုက်သည်။

"သီအိုရီအရတော့ ဟုတ်တယ်"

လဲ့မုန့်မုန့်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

ထိုစကားကိုကြားလျှင် ဝမ်လင်းက စိတ်သက်သာရာရသွားသည်။

တကယ်လည်း ဤနည်းလမ်းကသာ အကောင်းဆုံး ဖြစ်ပေမည်။

လဲ့မုန့်မုန့်က ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူတို့နောက်မှ လူနာတင်ယာဉ်များ ဆီသို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။

ဝမ်လင်းက လက်တစ်ဖက်ဖြင့် လူနာတင်ယာဥ် တစ်စီးကို ကောက်ကိုင်လိုက်ပြီး ဘေ့စ်ဘောပစ် သကဲ့သို့ ပင်မဝင်ပေါက် တံခါးဆီသို့ ပစ်ထည့်လိုက်ရာ လူနာတင်ယာဥ်က တံခါးဆီသို့ တန်းတန်းမတ်မတ် ပစ်ဝင်သွားသည်ကို မြင်လိုက်ရသည်။

"ဒုန်းးး"

စိတ္တဇဆေးရုံ၏ တံခါးများက ပွင့်ထွက်သွားခဲ့သည်။

လဲ့မုန့်မုန့်က သူ့စိတ်အထင် သက်သက်လား မသိသော်လည်း လေထဲတွင် တစ်စုံတစ်ယောက်က "MMP" ဟု ဖျတ်ခနဲ ပြောသံကို ကြားလိုက်ရသည်။

(MMP သည် ဂိမ်း၏ လှုံ့ဆောင်မှု စွမ်းဆောင်ရည်ကို ခြေရာခံရန်အတွက် တိုင်းတာမှု တစ်ခု ဖြစ်သည်)

All Chapters