← Chapters

အမဲသားလုံးကို လက်တစ်ဖက်ထဲဖြင့် ညှစ်ချေလိုက်သလို

Vol. 18 Ch. 268

အမဲသားလုံးကို လက်တစ်ဖက်ထဲဖြင့် ညှစ်ချေလိုက်သလို

Vol. 18 Ch. 268

"သေခြင်းတရားကြေငြာချက်က ဘာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ထိုနာမည်နှင့် အနည်းငယ် ရင်းနှီးသလို ခံစားခဲ့ရသည်။

"အဲဒါက ကီးဘုတ်လို ပုံသဏ္ဍာန်ရှိတဲ့ ခေတ်မီ မှော်ရတနာ အမျိုးအစားလို့ လူသိများပါတယ်"

'ဖက်တီးလော'က ထိုမှော်ရတနာ အကြောင်း ကြားဖူးပုံရသည်။

"အဲဒါက တစ်စုံတစ်ခုကို အဆက်မပြတ် ထုရိုက်နေရင်းနဲ့ မင်းရဲ့ဒေါသပမာဏကို အဆင့်မြှင့်နိုင်တယ်"

".............."

ဝမ်လင်းက ဤဇာတ်ကွက်ကို လှောင်ပြောင်ရန် ခွန်အား မရှိတော့ပေ။

သို့သော် ဂိမ်း၏ဇာတ်ကွက်က မည်သို့ပင်ဖြစ်ပါစေ၊ ဂိမ်း၏ နတ်ဘုရားသခင်က သူ့သဘာဝအမှန်ကို မထုတ်ဖော်မီတွင်၊ အခြားတစ်ဖက်က ဂိမ်းကစားနည်းမျှသာ ရှိသေးသည့်အချိန်တွင် ဝမ်လင်းထံ၌ နတ်ဘုရားသခင်၏ မူလခန္ဓာကိုယ်ကို တိုက်ရိုက် ခြေရာခံရန် နည်းလမ်း မရှိပေ။

ထိုအချိန်တွင် သူက ဘလက်လေး၏ အကျိုးကျေးဇူးများကို ရုတ်တရက် တွေးလိုက်မိသည်။

[ဘလက်လေးသာ ဒီမှာ ရှိနေရင် ကောင်းမှာပဲ]

ဘလက်လေးသာရှိလျှင် သူတို့က နတ်ဘုရားသခင်ကို ဖမ်းရန် ဂိမ်းတွင်းနှင့် ဂိမ်းပြင် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

ယခု တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရားသခင် စိတ်မရှည်စွာဖြင့် သူ့ကိုယ်သူ သစ္စာဖောက်ရန် ဖြစ်သည်။

လဲ့မုန့်မုန့်က ညကြည့် ကင်မရာကို ကောက်ယူလိုက်သည်။

အခန်း ဒါမှမဟုတ် စင်္ကြံပဲ ဖြစ်ဖြစ် အရာအားလုံးက မှောင်မဲနေသည်။

လဲ့မုန့်မုန့်က ဝါရင့်ဂိမ်းသမား တစ်ယောက် ဖြစ်သော်လည်း သူ့အရေပြားပေါ်တွင် အေးစက်သော ချွေးစေးအနည်းငယ်က ကူကယ်ရာမဲ့စွာ ထွက်လာသည်။

"ဒီအခြေအနေက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်"

"ညီနောင်လော.. မင်းတစ်ခုခုကို ခံစားမိလို့လား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"အဲဒီလိုလည်း မဟုတ်ပါဘူး"

ဖက်တီးလောက မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့က တခြားသူတွေနဲ့ မတူညီတဲ့ ဂိမ်းနေရာ တစ်ခုထဲကို ဝင်ခဲ့တယ်လို့ ငါသံသယ ဖြစ်နေတယ်.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ချုပ်ကိုင်ထားသူတွေက ဘာကို အလိုရှိသလဲ ဆိုတာ မသိပေမဲ့လည်း ဒီလိုမျိုး ကြီးမားတဲ့ ထောင်ချောက်ကြီးကို ဆင်နိုင်ပုံထောက်ရင် သူ့အစွမ်းသတ္တိက ရိုးရှင်းပုံမရဘူး"

"ငါတို့ဘာဆက်လုပ်ရမလဲ"

"ငါ အရင်က ကစားခဲ့တဲ့ အစမ်းဗားရှင်းက ဒီမှာပဲ ပြီးသွားတယ်.. ဇာတ်ညွှန်းအရဆိုရင် ငါတို့က ဒီနေရာကို ညကြည့် ကင်မရာနဲ့ စူးစမ်းလေ့လာပြီး ဇာတ်လမ်းရဲ့ နောက်အပိုင်းကို ဖော်ထုတ်နိုင်ဖို့ အတွက် သဲလွန်စတွေကို ရှာဖွေရမှာ ဖြစ်တယ်"

"အကဲဖြတ်အစီရင်ခံစာမှာ ဒီမိန်းမရဲ့ ခင်ပွန်း နေထိုင်တဲ့ လူနာဆောင်ကိုလည်း သေချာလေး ဖော်ပြထားတယ်.. အဲဒီကို သွားစစ်ဆေးရမယ်လို့ ထင်တယ်"

လဲ့မုန့်မုန့်က မကြည်လင်သော အတွေးများကို ရှင်းထုတ်ပြီး ဆက်ပြောလိုက်သည်။

"ငါကြည့်ခဲ့ဖူးတဲ့ နမူနာအရ ဆိုရင် ညကြည့် ကင်မရာကို ရထားပြီးနောက်မှာ နေရာတိုင်းက ဖုတ်ကောင်တွေနဲ့ပြည့်နေခဲ့တယ်.. ငါတို့နောက်ကို ဖုတ်ကောင်တွေ လိုက်လာတဲ့အခါကျရင် ပုန်းအောင်းတာက အကောင်းဆုံး ဖြစ်လိမ့်မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ် "ပုန်းမလို့လား.. တိုက်ရိုက် သတ်လိုက်တာက ပိုမကောင်းဘူးလား"

လဲ့မုန့်မုန့်. "မင်းစမ်းကြည့်နိုင်ပါတယ်"

......................

လဲ့မုန့်မုန့် ပြောခဲ့သည့် အတိုင်းပင် လွတ်မြောက်ခြင်းဂိမ်းက ဇာတ်ကွက် ဖွံ့ဖြိုးလာမှုကို ဟန့်တားရန်အတွက် ဖုတ်ကောင်အချို့ကို အသုံးပြုရန် အမှန်တကယ် စီစဉ်ခဲ့သည်။

အားအနည်းဆုံး ဖုတ်ကောင်မှာ အစောပိုင်းက အရူးမ ကဲ့သို့ပင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာသာ ရှိသည့် လက်ပါးစေများ ဖြစ်၏။

၎င်းတို့ အထက်ရှိ အဆင့်မှာ ဖက်တီးဟု အများအားဖြင့် သိကြသည့် အဝလွန်သော ပုံသဏ္ဍာန်များအဖြစ် ခန္ဓာကိုယ်များ လုံးဝပြောင်းလဲသွားသော ဖုတ်ကောင်ဝတုတ်များ ဖြစ်သည်။

နောက်ဆုံးအဆင့်မှာ နံရံပေါ်တွင် လျင်မြန်စွာ တွားသွားနိုင်သော ဖုတ်ကောင်အမျိုးအစား ဖြစ်သည်။

၎င်းကို ဂိမ်းအစမ်းဗားရှင်း ကစားဖူးသူများက "ဗိုဒါမော့စ်"ဟုလည်း ခေါ်ကြသည်။

(ဗိုဒါမော့စ်= ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှဗီလိန်)

ညကြည့် ကင်မရာကို ကိုင်ထားသော လဲ့မုန့်မုန့်က သတ္တုပုံးတစ်ပုံးအား တွေ့သည်အထိ စင်္ကြံလမ်းအတိုင်း လျှောက်လာကာ ရပ်လိုက်သည်။

"သတိထားပါ.. ရှေ့မှာ တစ်ခုခု ရှိနေပြီ"

သူက သာမန်လူ တစ်ယောက်သာ ဖြစ်သော်လည်း ဤအစီအရင်အတွက် ဤနေရာတွင် နေရာချထားသော သတ္တုပုံးကို မြင်သောအခါ ရှေ့ဆက်သွားမည့်လမ်းက အေးချမ်းဖွယ် မရှိဟု ချက်ချင်း သိလိုက်သည်။

လဲ့မုန့်မုန့် နည်းတူပင် ဝမ်လင်းက စင်္ကြံလမ်း ညာဘက်ခြမ်းရှိ သတ္တုပုံးရှေ့ရှိ အခန်းများထဲတွင် ဖုတ်ကောင် "လက်ပါးစေ" ဆယ်ယောက် ရှိနေကြောင်း အဝေးကနေ ခံစားသိရှိထားသည်။

သူတို့အဖွဲ့ ဖြတ်လာသည်နှင့် တစ်ပြိုင်နက် ဖုတ်ကောင်တွေက ချက်ချင်း ထွက်လာကြမည် ဖြစ်၏။

ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်စုန့် မကြောက်နဲ့.. ငါသွားကြည့်ဦးမယ်"

၎င်းက အခန်းတွင်းမှ ဖုတ်ကောင်များ အစုလိုက်အပြုံလိုက် ထွက်လာပြီး ၎င်းတို့ဆီသို့ လာနေသည်ကို မြင်လျှင် ဘေးဘက်ရှိ သတ္တုပုံးပေါ်သို့ ခုန်တက်လိုက်သည်။

"အိုး.. ဘုရားဘုရား.. အများကြီးပဲ.. ငါတို့တွေ ပုံးထဲမှာ ပုန်းသင့်လား.. ငါတို့တွေ ပုံးထဲမှာ သေချာ ပုန်းနေသင့်တယ် မဟုတ်လား"

ဤမြင်ကွင်းက လဲ့မုန့်မုန့်ကို ထိတ်လန့်စေခဲ့သည်။

သေချာသည်မှာ ဖန်သားပြင်ပေါ်တွင် ဖုတ်ကောင်များ ပြေးလွှားနေသည်ကို မြင်လိုက်ရသည့် တုန်လှုပ်ခြောက်ခြားမှုက လက်တွေ့ဘဝတွင် ဖုတ်ကောင်များ ရှေ့ဆက်တိုးလာသည်နှင့် လုံးဝမတူပေ။

"ညီနောင်စုန့် မကြောက်ပါနဲ့.. ငါ အခုချက်ချင်း သတ်ပစ်လိုက်မယ်"

"ဝုန်း"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤဖုတ်ကောင်အုပ်စု ဆီသို့ ကောင်းကင်ဗုံးများ ပစ်လွှတ်လိုက်သည်။

ဖုတ်ကောင်များ အလုံးအရင်း ပေါက်ကွဲသွားသဖြင့် ချက်ချင်းပင် မြင်ကွင်းကို မိုးခြိမ်းသံနှင့် လျှပ်စီးလက်မှုများ ဖုံးလွှမ်းသွား၏။

သို့သော် ဆိုးဆိုးရွားရွား အသတ်ခံရသော်လည်း ဖုတ်ကောင် အားလုံးက မသေကြပေ။

ဦးခေါင်းများ နဂိုအတိုင်း ကျန်နေသေးသော ဖုတ်ကောင်များမှာ ဝမ်လင်းတို့ အုပ်စု၏ ဦးတည်ရာသို့ လက်ပြတ်ခြေပြတ်များကို အားပြု၍ တစ်လက်မစီ တွားသွားလာကြသည်။

၎င်းတို့က ဖုတ်လက်ပါးစေများသာ ဖြစ်သော်လည်း ခံနိုင်ရည်ကမူ အံ့မခန်းပင်။

၎င်းတို့၏ ဦးနှောက်တွေ သန်စွမ်းနေသရွေ့ ၎င်းတို့၏ ခန္ဓာကိုယ်က အဆက်မပြတ် ပြန်လည် ရှင်သန်နိုင်မည် ဖြစ်သည်။

ထိုဖုတ်ကောင်များက တွားသွား၍လာရင်း မီတာဝက်ကျော်သို့ အရောက်မှာပင် ခန္ဓာကိုယ် အသစ်များ စတင်ထွက်ပေါ်လာခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ တိုက်ရိုက် တက်ကာ သူ၏ ဓားဖြင့် ကျန်ရှိသော ဖုတ်လက်ပါးစေများ၏ ဦးခေါင်းများကို ဖြတ်ပစ်လိုက်၏။

"သေချာတာက ငါတို့တွေ ဂိမ်းကို အနိုင်ယူချင်ရင် သူတို့ရဲ့ ခေါင်းကို ဖြတ်ရမှာပဲ"

'ဖက်တီးလော'က တိုက်ပွဲမ၀င်မီ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက ဗုံးပစ် စီနီယာ အင်မော်တယ်ထက် ပိုမိုကြမ်းနေသည်။

ဖုတ်လက်ပါးစေ၏ ဦးခေါင်းကို ဖမ်းကိုင်ရန် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ တိုက်ရိုက် ပေါက်ကွဲသွားသည်အထိ ညှစ်ချလိုက်သည်။

ပန်းပဲသမားများ၏ နယ်ပယ်အဆင့်က သာမန်အားဖြင့် မြင့်မားလေ့ မရှိပေ။

ဖက်တီးလော ကဲ့သို့ ၎င်းတို့၏ နယ်ပယ်နှင့် ကျင့်ကြံမှုကို ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်သော ပန်းပဲသမားမှာ အနည်းငယ်သာ ရှိ၏။

ထို့ကြောင့် ဤကဲ့သို့ ခက်ခဲသော အခြေအနေများတွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသည့် ပန်းပဲဆရာများ အလွန်ပင် နည်းပါးသည်။

ဝမ်လင်း နှင့် လဲ့မုန့်မုန့်တို့က အဝေးမှ ကြည့်နေ၏။

ဖက်တီးလော၏ လက်ထဲတွင် ဖုတ်လက်ပါးစေများ၏ ဦးခေါင်းများက အလွန်တရာ ပျက်စီးနေပြီး အသားလုံးများကို ညှစ်ထားသကဲ့သို့ ဖြစ်နေသည်။

.................

အစောပိုင်းက ဗုံးပစ်စီနီယာ၏ ကောင်းကင်ဗုံးသံကြောင့် အနီးနားရှိ ဖုတ်ကောင်များနှင့် ဖုတ်လက်ပါးစေ များမှာ ဆူညံသံများ ကြားပြီးနောက်တွင် အလျှိုလျှို ပေါ်လာသဖြင့် ဖုတ်ကောင် အရေအတွက်က တိုးလာခဲ့သည်။

"ဒါတွေက ပိုအစွမ်းထက်တဲ့ ဖုတ်ကောင်တွေ ဖြစ်ပုံရတယ်.. သူတို့က ခန္ဓာကိုယ် ပြန်ထွက်တာ အရမ်းမြန်ဆန်တယ်"

အချိန်အတန်ကြာ သတ်ဖြတ်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဖက်တီးလောတို့က အလွန် လေးနက်သည့် ပြဿနာတစ်ရပ်ကို တွေ့ရှိလိုက် သကဲ့သို့ စိတ်မောသွားကြသည်။

ဤဂိမ်းထဲတွင် ထင်ယောင်ထင်မှား ဖြစ်စေသော အစီအရင် ရှိနေ၍ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းခြင်း ပြုမရ ဖြစ်နေသည်။

သူတို့က အချိန်တိုင်းတွင် ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေရပြီး ၎င်းကို ပြန်လည်ဖြည့်သွင်းရန် နည်းလမ်း မရှိသဖြင့် မကြာမီ သို့မဟုတ် အဆုံးတွင် ဝိညာဥ်စွမ်းအင် ကုန်ဆုံးသွားမည် ဖြစ်သည်။

'ဖက်တီးလော'က ဝိညာဉ်စွမ်းအင် မရှိခြင်းကြောင့် အနည်းငယ် အားနည်းလာသည်ကို သိသာထင်ရှားစွာ ခံစားလိုက်ရသည်။

ရုတ်တရက် လျင်မြန်သော လှုပ်ရှားမှု နှင့်အတူ ကြီးမားသော ပုံသဏ္ဍာန်တစ်ခုက သူတို့ထံ လျင်မြန်စွာ ချဥ်းကပ်လာသည်။

"အစွမ်းထက်ဆုံးဖုတ်ကောင်တွေ ရောက်လာတာများလား"

'ဖက်တီးလော'က မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

၎င်းက ဗိုဒါမော့စ် ဖြစ်ပြီး ၎င်း၏ အမြန်နှုန်းမှာ အံ့မခန်းပင်။

ဖက်တီးလော၏ မျက်လုံးများမှာ ၎င်း၏ လှုပ်ရှားမှုများကို လုံးဝ ဖမ်းမိနိုင်ခြင်း မရှိပေ။

ဤ ဗိုဒါမော့၏ စွမ်းအားက မည်သို့ရှိမည်ကို မသိသေးသော်လည်း ၎င်း၏ အမြန်နှုန်း တစ်ခုတည်းကို အခြေခံ၍ ကြည့်လျှင် ၎င်း၏ အဆင့်က စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ထက်ကို ကျော်လွန်နေပြီ ဖြစ်သည်။

အဆုံးသတ်တွင် ဤထင်ယောင်ထင်မှား အစီအရင်ကို ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ရှိ အနန္တတန်ခိုးရှင် တစ်ပါးမှ ဖန်တီးထားခြင်း ဖြစ်၏။

ဤသည်က ဗုံးပစ်စီနီယာ အင်မော်တယ် မျှော်မှန်းထားသည်ထက် ပိုမိုခက်ခဲသော အခြေအနေတစ်ခု ဖြစ်သည်။

"ငါတို့ ပုံးတွေထဲမှာ ဘာလို့ မပုန်းကြတာလဲ"

လဲ့မုန့်မုန့်က နောက်တစ်ကြိမ် အဆိုပြုလိုက်သည်။

သို့သော် သူစကားမဆုံးမီတွင် ဝမ်လင်းက ရှေ့သို့ တိုးသွားခဲ့သည်။

ဤ ဗိုဒါမော့က အညိုရောင် ခြေလက်လေးချောင်းရှိပြီး ၎င်း၏ လက်နှင့် ခြေထောက်ရှိ အရွတ်များက ချီလင် ကဲ့သို့ ထူထဲ၏။

၎င်းက ရှေ့တက်လာသော ဝမ်လင်းကို ကြက်သွေးရောင် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ဗိုဒါမော့က ရေပန်း တစ်ခုလို ချက်ချင်းပင် ချွေးများထွက်လာသည်။

ထို့နောက် ၎င်းက နောက်လှည့်၍ ၎င်း၏နောက်ဘက်ရှိ သတ္တုပုံးကို ဖွင့်ကာ ချက်ချင်းပင် အတွင်းထဲသို့ ခုန်ဝင်၍ ပုန်းနေလိုက်၏။

"....???..."

လဲ့မုန့်မုန့်က ထိုမြင်ကွင်းကို မြင်သောအခါ အတွေးထဲ၌ "စိတ်ရှုပ်သွားသည့် မျက်နှာအမူအရာ"ရုပ်ပြောင်ဟာသ က ရုတ်တရက် ပေါ်လာသည်။

ဂိမ်း၏ ဇာတ်ကွက်အရ ဂိမ်းကစားသူများသာ ပုံးထဲတွင် ပုန်းနေသင့်သည်မဟုတ်လော။

"ဒါက ဘယ်လိုကစားနည်းမျိုးလဲ"

All Chapters