← Chapters

"ပုံးဖွင့်ပြီး သတ်ပစ်" အခြေခံစည်းမျဥ်းများကိုလည်း လိုက်နာသင့်သည်

Vol. 18 Ch. 269

"ပုံးဖွင့်ပြီး သတ်ပစ်" အခြေခံစည်းမျဥ်းများကိုလည်း လိုက်နာသင့်သည်

Vol. 18 Ch. 269

လဲ့မုန့်မုန့်၏ ပြောသည့်အတိုင်းပင်"လွတ်မြောက်ခြင်း" ဂိမ်းရှိ ဖုတ်ကောင်များကို ဖုတ်လက်ပါးစေ ကနေ ဖက်တီး မှသည် အမြင့်ဆုံးအဆင့်ဖြစ်သည့် ဗိုဒါမော့စ် အထိ အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။

ဤနေရာရှိ ဖုတ်ကောင်များက ပုံမှန် ဖုတ်ကောင်ရုပ်ရှင်များတွင် ဖော်ပြလေ့ ရှိသည့်အတိုင်းပင် ဉာဏ်ရည်မမီကြပေ။

ဗိုဒါမော့စ်များက ဂိမ်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသူ ဖြစ်ရသည့် အကြောင်းရင်းမှာ ၎င်းတို့က အလွန်လျင်မြန်သောကြောင့် မဟုတ်ပေ။

အဓိကအချက်မှာ ၎င်းတို့တွင် ဉာဏ်ရည်ဉာဏ်သွေး ရှိပြီး အခြေအနေကို ကြည့်၍ မည်၍မည်မျှ အန္တရာယ်ရှိသည်ကို တိုင်းတာနိုင်ခြင်းပင်။

ထို့ကြောင့် ချက်ချင်းပင် ဗိုဒါမော့စ်က ဝမ်လင်းကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။

ဤဗိုဒါမော့စ်၏ အတွေးများက စတင် လည်ပတ်နေပြီဖြစ်သည်။

ပုံရိပ်များက ရုပ်ရှင်ဖလင်ကဲ့သို့ သူ့စိတ်ထဲတွင် အဆက်မပြတ်တောက်ပနေ၏။

{သင်မသေခင် သင့်ရဲ့အကောင်းဆုံး အမှတ်တရတွေက သင့်မျက်စိရှေ့မှာ လင်းလက်သွားတတ်တယ်လို့ လူအများက ပြောကြတယ်}

ဗိုဒါမော့စ်က လျင်မြန်စွာ ခံစားသိရှိလာပြီး တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ အကြည့်ကို ရှောင်လွှဲလိုက်တော့သည်။

သူ၏ ချွေးများက ရေပန်းကဲ့သို့ စီးကျနေပြီ ဖြစ်သည်။

တစ်ဖက်လူက ဆယ်ကျော်သက် အရွယ်သာရှိသေး၍ သူ့ကို သေစေမည့်ပုံတော့ မပေါ်ပေ။

ဤဆယ်ကျော်သက်က အလွန်အန္တရာယ်များပြီး ဆက်လက် တိုက်နေလျှင် သေတော့မည်ဟု အလိုလို ခံစားမိလိုက်သည်။

ထိုအခိုက်အတန့်တွင် ဗိုဒါမော့စ်သည် ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။

ဝမ်လင်း လျှောက်လှမ်းလာသည့် ခြေလှမ်းတိုင်းက မမြင်ရသည့် ဖိအားတစ်ခုလိုပင်။

သူ့လည်ပင်းတစ်ဝိုက်၌ တုန်လှုပ်ချောက်ခြားစရာ စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

ထို့ကြောင့် နောက်တခဏမှာပင် ဗိုဒါမော့စ်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ ပုံးထဲ ဝင်ပုန်းနေလိုက်၏။

[ပုံးထဲမှာ ဘာအတွက်ကြောင့် ပုန်းချင်နေတာလဲ]

အဘယ်ကြောင့်ဆိုသော် "ပုံးဖွင့်၍ သတ်ဖြတ်ခြင်း"ဂိမ်းကို ဇာတ်ကွက်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ထည့်သွင်း တပ်ဆင်ထားသောကြောင့် ဂိမ်း၏ အစောပိုင်း အဆင့်များတွင် သတ္တုပုံးကို အခြေခံအားဖြင့် ဘေးကင်းဇုန်တစ်ခု အဖြစ် သတ်မှတ်ထားကြသည်။

ထို့ကြောင့် ဗိုဒါမော့စ်က ပုံးထဲတွင် ပုန်းအောင်းလျှင် ဘေးကင်းမည်ဟု ထင်ထားခဲ့ခြင်းပင်။

သို့သော် ဗိုဒါမော့စ်က သေဆုံးသွားချေပြီ။

လဲ့မုန့်မုန့်က ဗိုဒါမော့စ် မည်ကဲ့သို့ သေဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

သူမြင်လိုက်ရသည်မှာ ဝမ်လင်းက နှစ်မီတာ သို့မဟုတ် သုံးမီတာအကွာကနေ ဝိညာဉ်စွမ်းအင်ဖြင့် ပုံးကိုဖွင့်၍ သူ့လက်ကို လက်သီးဆုပ်ဟန် ပြုလိုက်ရာ "ဖောက်" ဟူသော အသံ ထွက်ပေါ်လာပြီး အစိမ်းရောင်သွေးများက ပုံး အတွင်းကနေ တိုက်ရိုက် ပေါက်ကွဲထွက်လာခဲ့သည်။

လဲ့မုန့်မုန့်က ဖြစ်ပျက်ခဲ့သည်များကို အသေအချာ နားမလည်သော်လည်း အခြေခံအားဖြင့်တော့ နားလည်သည်။

ဇာတ်ကွက်က ပြောင်းပြန်ဖြစ်နေသည်။

ဂိမ်းကစားပုံအရ ပုံးကို ဖွင့်သင့်သူမှာ ဖုတ်ကောင်များသာ ဖြစ်ရမည် မဟုတ်လော။

"ပုံးကို ဖွင့်၍သတ်ဖြတ်ခြင်း" ဂိမ်း၏ အခြေခံစည်းမျဉ်းများကိုလည်း လိုက်နာသင့်ပေသည်။

.....................

ဗိုဒါမော့စ်ကို ကိုင်တွယ်ပြီးနောက် ဝမ်လင်းက ဖက်တီးလော နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ ပခုံးပေါ်သို့ သူ့လက်နှစ်ဖက်ကို ခပ်ဖွဖွ တင်ထားလိုက်သည်။

ခဏတာမျှ တင်ထားလိုက်သည်နှင့် ပြန်လည်အားမဖြည့်နိုင်သည့် ၎င်းတို့၏ စွမ်းအင်ကုန်ဆုံးခြင်း အကျိုးဆက်များက ချက်ချင်း ပျောက်ကွယ်သွားကြသည်။

"ပြန်ကောင်းလာပြီ"

'ဖက်တီးလော'က သူ့လက်ကို ဖျစ်ညှစ်လိုက်ပြီး ဝမ်လင်း၏ စွမ်းပကားကို နှလုံးသားထဲတွင် တစ်ဖန် အံ့ဩသွားခဲ့သည်။

ဝမ်လင်းကို အပြစ်ဆိုဖွယ်ရာ မရှိသည့် တည်ရှိမှုဟု အမြဲတစေ သတ်မှတ်ခဲ့သော်လည်း ဝမ်လင်း၏ စစ်မှန်သော နယ်ပယ်က ဘယ်နယ်ပယ်အဆင့်များ ဖြစ်နေမလဲဟု တစ်ချိန်က သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့ဖူးသည်။

ကျင့်ကြံသူ အများစုအတွက် နယ်ပယ်အဆင့်က အရာအားလုံးကို ကိုယ်စားပြုသည်။

သို့သော် အရာအားလုံးအတွက် ယင်းအဆိုက မမှန်ပေ။

ကျင့်ကြံသူတိုင်းတွင် သာမန်အားဖြင့် အရေးကြီးသော အခိုက်အတန့်များ၌ ပေါက်ကွဲထွက်လာနိုင်သည့် ငုပ်လျှိုးနေသော စွမ်းအားများ ကိုယ်စီ ရှိကြသည်။

ရလဒ်အနေဖြင့် ကျင့်ကြံခြင်း လောကတွင် ဝှက်ဖဲဖြင့် အနိုင်ယူခဲ့သော တိုက်ပွဲအမျိုးမျိုး အကြောင်း ဒဏ္ဍာရီများ ထွန်းကားခဲ့သည်။

ဝမ်လင်း၏ ငုပ်လျှိုးနေသော စွမ်းအားက မည်မျှကြီးမားသည်နှင့် ပတ်သက်၍ ...

၎င်းမှာ ဖက်တီးလော နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ အတွက် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ဖြစ်သည်။

ဝမ်လင်းက ရှေ့ကို ကြည့်လိုက်သည်။

အစောပိုင်းက စင်္ကြံအလွတ်က ယခုအခါတွင် ကျိုးပဲ့ ပျက်စီးနေသော အလောင်းများနှင့် ပြည့်နေပြီး နံရံများတွင်လည်း ပေါက်ကွဲမှုမှ ထွက်လာသော သွေးစိမ်းများဖြင့် စွန်းထင်းနေ၏။

ဖုတ်ကောင်တိုက်ပွဲက မယုံနိုင်လောက်အောင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

လဲ့မုန့်မုန့်က ဘာဖြစ်သွားမှန်း အတိအကျမသိခဲ့ပေ။

သူနှင့်ဝမ်လင်းက တစ်မျိုးတစ်ဖုံ ဒုက္ခရောက်နေသည်ကိုတော့ သူသိသည်။

ထို့အပြင် ဤဂိမ်းက သူ လုံးဝ မပတ်သက်ခဲ့ဖူးသည့် ကျင့်ကြံခြင်း လောကနှင့် ဆက်စပ်နေသည်။

သို့သော် ယခုအချိန်တွင် အဓိကအချက်မှာ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မလွတ်မြောက်နိုင် ဖြစ်နေခြင်းပင်။

သူက စိုးရိမ်သောကဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"ညီနောင်စုန့်.. ဒါကို ဂိမ်းတစ်ခုလိုပဲ သဘောထားပါ.. ကျန်တာ ငါတို့ဆီ လွှဲထားလိုက်ပါ

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

လဲ့မုန့်မုန့်က တံတွေး မျိုချလိုက်ပြီး လည်ချောင်းများ တဆတ်ဆတ် တုန်လာသည်။

"ပထမထပ်က ငယ်သားအားလုံးကို ငါတို့ရှင်းပြီးပြီ.. အဲဒီအရူးမရဲ့ ခင်ပွန်း နေထိုင်တဲ့ လူနာဆောင်ကို အရင်စစ်ဆေးပြီး အဲဒီထဲမှာ တခြားသဲလွန်စတွေ ရှိမရှိ စစ်ဆေးကြည့်ရမယ်"

ဗုံးပစ် စီနီယာ အင်မော်တယ် နှင့် ဖက်တီးလောတို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြလိုက်သည်။

လဲ့မုန့်မုန့် ဦးဆောင်သော သူတို့အဖွဲ့က ဒုတိယထပ်သို့ ဦးတည်သွားကြသည်။

လဲ့မုန့်မုန့်က ဂိမ်း၏ အစမ်းဗားရှင်းကို ကစားဖူးသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

ဤဂိမ်းက အကျဉ်းချုံး ဇာတ်ကွက်ကို အသုံးပြုထားခဲ့သော်လည်း ဂိမ်းမြေပုံမှာ အတူတူပင် ဖြစ်သောကြောင့် ဂိမ်းပတ်ဝန်းကျင်နှင့် အတော်အတန် ရင်းနှီးသူလည်း ဖြစ်သည်။

လမ်းခရီးတွင် သူ့ခြေလှမ်းများက ပေါ့ပါးသွားသလို ခံစားရ၏။

သူလမ်းလျှောက်နေစဉ် သူ့ခြေဖဝါးအောက်၌ အင်အားတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး သူ့ခြေလှမ်းများက ပေါ့ပါးနေသလို ခံစားလိုက်ရသည်။

ထို့အပြင် ဆေးရုံအပြင်ဘက်တွင် လက်ကို အပ်အထိုးခံရခြင်းမှာလည်း မထင်မှတ်ဘဲ သက်သာသွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။

အမှန်မှာ ဝမ်လင်းက သူ့အပေါ်ကို ကာကွယ်ပေးထားတဲ့ အလင်းရောင်ကြောင့် ဖြစ်သည်။

လဲ့မုန့်မုန့်တွင် အသားကပ်ဝတ်စုံ ရှိသော်လည်း ၎င်းက ဦးခေါင်း၊ လက်နှင့် ခြေထောက်တို့ကို အကာအကွယ် မပေးနိုင်ပေ။

ဝမ်လင်းက လက်ရှိအခြေအနေတွင် မည်သို့သော မတော်တဆမှုများ ဖြစ်ပွားလာနိုင်သည်ကို မသိသောကြောင့် လဲ့မုန့်မုန့်ကို အကာအကွယ် အလင်းလွှာ တစ်ခုဖြင့် တိုက်ရိုက် ဖုံးအုပ်ပေးထားခဲ့သည်။

ဤအလင်းလွှာကို မည်သည့်အရာမှ မထိုးဖောက်နိုင်သရွေ့ လဲ့မုန့်မုန့်၏ လုံခြုံရေးမှာ လုံးဝ စိတ်ပူစရာ မလိုအပ်ပေ။

........................

ဒုတိယထပ်ရှိ လှေကားထိပ်သို့ ရောက်သောအခါ ညကြည့် ကင်မရာကို ကိုင်ဆောင်ထားသော လဲ့မုန့်မုန့်က နံရံတစ်ဖက်ကို ကြည့်ကာ ထူးဆန်းသည်ဟု တွေးလိုက်မိသည်။

စမ်းသပ်ဗားရှင်းတွင် နံရံက ရှင်းရှင်းလင်းလင်း ဖြူနေခဲ့သော်လည်း ယခုအခါတွင် နံရံပေါ်၌ အလှဆင်ထားသော စက်ဝိုင်းတစ်ခု ရှိနေ၏။

"အမ်... ဒါကို ငါအရင်က မမြင်ဖူးဘူး ထင်တယ်"

သူက အလှဆင်ထားသော စက်ဝိုင်းကို ညွှန်ပြလိုက်သည်။

'ဖက်တီးလော'သည်လည်း ထိုအရာကို သတိထားမိပြီး မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက ရိုးရှင်းသော အလှဆင် စက်ဝိုင်း မဟုတ်သောကြောင့်ပင်။

ဝမ်လင်းသည် သေသေချာချာကြည့်လိုက်ရာ ပြီးစလွယ် အလှဆင်ထားသည်ဟု ထင်ရသော ဒီဇိုင်းက အမှန်တကယ်တွင် အစီအရင်ပုံစံ တစ်ခုဖြစ်အောင် ပေါင်းစပ်ဖွဲ့စည်းထားသည့် ဒြပ်စင် အစုအဝေးတစ်ခု ဖြစ်ကြောင်း မြင်လိုက်ရသည်။

၎င်းက ကြီးမားသော မှော်အစီအရင်များကို တည်ဆောက်ရာတွင်သာ အသုံးပြုသည့် ရှုပ်ထွေးသော လုပ်ငန်းစဥ်တစ်ခု ဖြစ်သည်။

ယခုတော့ သူက ပုံရိပ်ယောင် အစီအရင်ဖြင့် ပေါင်းစပ်ထားသည့် ဂိမ်း၏လှည့်ကွက်ကို နားလည်သွားပြီ ဖြစ်သည်။

ယခင်က USB ကို ကွန်ပြူတာတွင် ပလပ်ထိုးထားလျှင် လူတစ်ဦးသည် ကွန်ပြူတာစခရင်မှ ထင်ဟပ်နေသော အားကောင်းသည့် ပုံရိပ်ယောင်ထဲသို့ ရောက်သွားသည်ဟူသော အယူအဆမှာ အခြေအနေကို ဖုံးကွယ်ထားခြင်း တစ်ခုသာ ဖြစ်သည်။

အဆုံးစွန်သောအချက်မှာ ဂိမ်းတွင် ထည့်သွင်းထားသည့် တာအို မှော်အစီအရင် အခင်းအကျင်း ဖြစ်သည်။

ဤအစီအရင်မျိုးသည် လက်တွေ့မကျသော ကမ္ဘာကို လွတ်လပ်သောနေရာ အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။

တစ်နည်းဆိုရသော် ယခုသူတို့ရှိနေသည့် ဂိမ်းကမ္ဘာက မှော်အစီအရင်ဖြင့် ပြောင်းလဲပြီးနောက်တွင် နေရာအစစ်အမှန် တစ်ခု ဖြစ်လာခဲ့သည်။

၎င်းက ကမ္ဘာငယ်လေး တစ်ခုနှင့် ဆင်တူသော်လည်း ၎င်း၏ နေရာလွတ် ဗိသုကာနှင့် နိယာမဆိုင်ရာ ဥပဒေသများက ပိုမိုရိုးရှင်းသည်။

ဝမ်လင်းက ဤအစီအရင်ပုံစံကို အခြေခံ၍ ဖက်တီးလော၏ ထင်ကြေးကို အတည်ပြုပြီးပြီး ဖြစ်သည်။

သူတို့က ဤဂိမ်းကမ္ဘာကို စုပ်ယူခံခဲ့ရသည့် သီးသန့်အုပ်စုတော့ မဟုတ်ပေ။

၎င်းက အစီအရင်မှ ဖန်တီးထားသည့် အပြိုင် နေရာ တစ်ခု ဖြစ်ပြီး မတူညီသော နေရာတစ်ခုတွင် တူညီသောပတ်ဝန်းကျင်ကို အခြားလူများသည်လည်း ကြုံတွေ့နေပုံရ၏။

ဖက်တီးလော နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ အတွေးနက်နေချိန်တွင် ဝမ်လင်းက အစီအရင် ပုံစံကို စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။

'ဖက်တီးလော'က အစီအရင် ခင်းကျင်းထားသော မျက်နှာပြင်ကို ညင်သာစွာထိရန် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ မျက်နှာပြင် မညီမညာ ဖြစ်နေသည်ကို ခံစားမိလိုက်သည်။

သူမျက်မှောင်ကြုတ်လိုက်သည်။

"ဒါကို ငါဘယ်မှာ မြင်ဖူးပါလိမ့်"

All Chapters