← Chapters

ဒါက ချို့ယွင်းချက်နဲ့ ပက်ပင်းတိုးတဲ့ ခံစားချက်နဲ့တူတယ်ဆိုတာကို မင်းသိလား

Vol. 19 Ch. 271

ဒါက ချို့ယွင်းချက်နဲ့ ပက်ပင်းတိုးတဲ့ ခံစားချက်နဲ့တူတယ်ဆိုတာကို မင်းသိလား

Vol. 19 Ch. 271

မြင်ကွင်းက တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျင့်ဟွာမြို့နှင့် စုန့်ဟိုင်မြို့ကြားတွင် ရွာတစ်ရွာရှိ၏။

သူဌေးထန်၏ညီ ထန်ချမ့်က စုန့်ဟိုင်မြို့မှ ထွက်လာပြီးနောက်တွင် ထိုနေရာသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ရွာအနောက်ဘက်ရှိ တောင်ကို နဝမနယ်နိမိတ်တောင်ဟု ခေါ်တွင်ပြီး တောင်ထိပ်တွင် ခေတ်မီ တာအိုဘုရားကျောင်း တစ်ခု ရှိသည်။

တကယ်တမ်းတွင် ထိုနေရာက အင်မော်တယ်စံအိမ်၏ အမာခံနယ်မြေတွေထဲမှ တစ်ခုဖြစ်၏။

ထန်ချမ့်၏ လက်ရှိအဆင့်အရ အင်မော်တယ်စံအိမ်၏ ဌာနချုပ် တည်နေရာကို အတိအကျမသိပေ။

သူက ဆယ်နှစ်တစ်ကြိမ် ကျင်းပသည့် အင်မော်တယ်စံအိမ်၏ အမှုဆောင် အစည်းအဝေးတွင် အရှေ့ပိုင်းဌာနခွဲ၏ အကြီးအကဲ အဖြစ် ရာထူးတိုးခံရမှသာ ၎င်းတည်နေရာကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

ထန်ချမ့်က ပြန်ရောက်ပြီး နှစ်ရက်အကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ် သူ့ကို ပေးခဲ့သော အိပ်ဆေးပုလင်း အကူအညီဖြင့် ဖန်ဝူး ကျင့်စဥ်၏ စွဲလမ်းမှုကို နှိမ်နင်းနိုင်ခဲ့သည်။

ဖန်ဝူးကျင့်စဥ်သည် မူလက တားမြစ်ထားသော နည်းစနစ် တစ်ခု ဖြစ်သည်။

ယင်းကျင့်စဥ်က ကျင့်ကြံသူ၏ စိတ်ဝိညာဥ် နှင့် စွမ်းအင်ကို ဝါးမျိုကာ ခန္ဓာကိုယ်ကို ထုံကျဥ်စေပြီး ခန္ဓာကိုယ်တွင်း ဟန်ချက်မညီမှုကို ဖြစ်စေကာ ဒွါရကိုးပေါက်ကို ချဲ့သွားအောင် လှုံ့ဆော်ပေးသည်။

ထိုကျင့်စဥ်၏ အခက်ခဲဆုံး ပြဿနာမှာ စွဲလန်းမှု ဖြစ်၏။

သူ့အကို ထန်စစ်မုန့် ပြောစကားကို နားထောင်ပြီး ထန်ချမ့်က ဖန်ဝူးကျင့်စဥ်ကို မကျင့်တော့ပေ။

သူ၏ ကြံ့ခိုင်မှုက သိသိသာသာ လျော့ကျလာသည်ဟု ခံစားရသော်လည်း စိတ်ပိုင်းဆိုင်ရာ အခြေအနေကမူ သိသိသာသာ တိုးတက်လာသည်။

ယနေ့တွင် ထန်ချမ့်က အိပ်ဆေး၏ အာနိသင်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ နိုးလာသည်။

ဌာနခွဲသို့ သူရောက်လာသည့် အချိန်တွင် အခန်းထဲကနေ အရှေ့ဘက် ဌာနခွဲမှူး၏ ကျိန်ဆဲသံကို ကြားလိုက်ရ၏။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း ဆိုသလိုပင် ကြီးမားသော တီဗီဖန်သားပြင်တစ်ခု ရှေ့တွင် အရှေ့ဘက် ဌာနခွဲမှူးက ဂိမ်းကို အရူးအမူး ထိန်းချုပ်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။

"ထန်ချမ့်လား.. မင်းရောက်လာတာ အချိန်ကောင်းပဲ.. ဒီဂိမ်းကမ္ဘာပေါ်မှာ ဘာအမှားအယွင်းတွေ ရှိနေလဲဆိုတာ လာကြည့်ပေးပါဦး"

ထန်ချမ့်က ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ကို စိုက်ကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားသည်။

"ဒါက.."

ခဏအကြာတွင် ဖန်သားပြင်ပေါ်၌ ဗုံးပစ် စီနီယာ အင်မော်တယ်ကို မထင်မှတ်ပဲ မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ရုတ်ခြည်းပင် ပြူးကျယ်သွားခဲ့သည်။

အခန်းထဲကို ဝင်လာသည်က ထန်ချမ့်မှန်း သိနေ၍ အကြီးအကဲက လှည့်၍ပင် မကြည့်ပေ။

"ဒါက ဆရာကြီးရဲ့ မဟာအကြံအစည် အတွက် ပထမခြေလှမ်းပဲ.. မဟာပုံရိပ်ယောင် အစီအရင် နဲ့ နေရာလွတ် မှော်အစီအရင် တို့ကို ပေါင်းစပ် ဖန်တီးထားတဲ့ USB ကို အသုံးပြုပြီး အတော်ဆုံး ပန်းပဲဆရာကို ရှာဖွေဖို့အတွက် လက်ရှိ လူသိများနေတဲ့ ပန်းပဲသမားတွေကို စုစည်းထားတယ်.. ဒါပေမဲ့ ဂိမ်းထဲမှာ ဒိုင်မန်းရှင်းတွေ အရမ်းများတော့ ဆရာကြီးက အားလုံးကို မကိုင်တွယ်နိုင်ဘူး.. ဒါကြောင့် ဒီတစ်ခုက ငါ့ထိန်းချုပ်မှုအောက်ကို ရောက်နေတာပဲ.. ထိန်းချုပ်မှုကနေ တဆင့် ဆက်တင်တွေကို အချိန်မရွေး ချိန်းလို့ရတယ်"

ထိုစကားကို ကြားသောအခါ ထန်ချမ့်က နားလည်သွားသည်။

ရှင်းလင်းစွာ ပြောရလျှင် အရှေ့ဘက် ဌာနခွဲမှူးက ဤဒိုင်မန်းရှင်း၏ နတ်ဘုရားသခင် အဖြစ် အမှန်တကယ် ကစားနေပြီ ဖြစ်သည်။

ဤသည်မှာ သိသာထင်ရှားသော ကိစ္စကြီးတစ်ခု ဖြစ်၏။

ထန်ချမ့်၏ အမြင်အရ ဗုံးပစ်စီနီယာ အင်မော်တယ်လို ကျင့်ကြံခြင်း လောကတွင်"မဟာသေမင်းတမန်စီနီယာ"ဟု ထင်ရှားသော အကျော်အမော် တစ်ဦး ပါဝင်နေသဖြင့် ဤကိစ္စက ထင်သလောက် မရိုးရှင်းတော့ပေ။

ဌာနခွဲမှူးက ဖန်သားပြင်ပေါ်ရှိ ဖက်တီးတစ်ယောက်ကို ညွှန်ပြလိုက်သည်။

"လက်ရှိ ငါတို့ရဲ့ ပစ်မှတ်က ဒီကောင်ပဲ.. သတ္တုပစ္စည်းဆိုင် ပိုင်ရှင် လောချွမ့်က ပန်းပဲ မိသားစုမှာ မွေးဖွားလာခဲ့တဲ့သူပဲ.. သူ့ရဲ့ စစ်မှန်တဲ့ အစွမ်းသတ္တိက သွားနောက်လို့မရဘူး.. ဒါပေမဲ့ သူက ဒိုင်မန်းရှင်းထဲကို သေမင်းတမန် စီနီယာကိုပါ ခေါ်လာခဲ့တယ်.. ဒါနဲ့ အိမ်ငယ်လေး ပိုင်ရှင်ရဲ့ ခွန်အား အစစ်အမှန်ကို စုံစမ်းဖို့ နောက်ဆုံးအကြိမ်က စေလွှတ်ခဲ့တာကို မင်း မှတ်မိတယ် မဟုတ်လား.. ငါသူတို့ကိုပါ USBတစ်ခု ပေးပို့ခဲ့တယ်"

"............."

ထန်ချမ့်က ဤကိစ္စတွင် ဒဏ္ဍာရီလာ လင်းကျန်းရန် ပါဝင်လာဖွယ်ရှိသည်ဟု ချက်ချင်း နားလည် သဘောပေါက်ခဲ့သည်။

သူက လင်းကျန်းရန်ကို အိမ်ငယ်လေးတွင် တစ်ခါမှ မမြင်ဖူးသော်လည်း သူ့ကို ဆား၊ ငရုတ်ကောင်းတို့ဖြင့် ချက်စားတော့မည့် ပုဇွန် အဖြစ်သို့ လှီးဖြတ်လုနီးပါး ဖြစ်ခဲ့သည့် လင်းကျန်းရန်၏ ဓားဝိညာဥ်ကိုတော့ မြင်ဖူးသည်။

ထန်ချမ့်က ဝမ်လင်း၏ စွမ်းပကားကို လက်တွေ့ မခံစားခဲ့ဖူးသော်လည်း သူ့နှလုံးသားထဲတွင် သိထားပြီ ဖြစ်သည်။

"ဒီလူက မလွယ်ဘူး"

လင်းကျန်းရန်က စံအိမ်သခင်ထက်ပင် သန်မာသည်ဟု ထန်ချမ့် ခံစားမိသည်။

သူ့အရေပြားပေါ်မှ အေးစက်သော ချွေးစေးများ ကူကယ်ရာမဲ့စွာ ထွက်လာသည်။

"ဌာနခွဲမှူး...ဘာပြဿနာ ရှိလို့လဲ"

အရှေ့ဘက် ဌာနခွဲမှူး၏ မျက်နှာက မြေကမ္ဘာမီးတောက် အဟပ်ခံရသကဲ့သို့ အလွန်တရာ မည်းနက်နေသည်။

"မကြာသေးမီက PUBG လို့ ခေါ်တဲ့ နာမည်ကြီး ဂိမ်းတစ်ခု ရှိသေးတယ်.. အဲဒီဂိမ်းကို မင်းကစားဖူးလား"

ထန်ချမ့် "ကစားဖူးတယ်.. ဒါပေမဲ့ ကျနော်ကစားတာ တော်တော်လေး ညံ့တယ်"

အရှေ့ဘက် ဌာနခွဲမှူးက လေးနက်သော အမူအရာဖြင့် မေးစေ့ကို ပွတ်သပ်ရင်း အချိန်အတော်ကြာ တွေးတောလိုက်သည်။

"အခု ငါ ဒီနေရာကို ကြိုးကိုင်နေပေမဲ့ ကစားသမားတွေကို အန္တရာယ်ကနေ ဆွဲထုတ်နိုင်တဲ့ အင်မော်တယ် တစ်ယောက်နဲ့ ရင်ဆိုင်နေရတယ်လို့ ခံစားနေရတယ်.. အဲဒီလူက ရှေ့ကနေ ဦးဆောင်ပြီး ပစ်မှတ်တွေကို တစ်ရှိန်ထိုး ဖြိုခွင်းနေတယ်"

ထန်ချမ့် "............"

အရှေ့ဘက် ဌာနခွဲမှူး

"သူက ဒီဒိုင်မန်းရှင်း ထဲကို ငါခေါ်ထားတဲ့ ဖုတ်လက်ပါးစေတွေကို ချက်ချင်း သုတ်သင်ပစ်လိုက်တယ်.. ငါဖန်တီးထားတဲ့ ဗိုဒါမော့စ်တွေ ဆိုရင် သူ့ကိုကြောက်လွန်းလို့ နောက်ဆုံးမှာ ထွက်ပြေးသွားရတဲ့ အထိပဲ"

ထန်ချမ့် "............"

အရှေ့ဘက် ဌာနခွဲမှူး "ဒါ့အပြင် ဒီလူတစ်စုက ဇာတ်ကွက်ထဲမှာ ဂိမ်းရဲ့ စံအတိုင်း မကစားကြဘူး"

ထန်ချမ့် "ဒါတွေအားလုံးကို မဟာသေမင်းတမန် စီနီယာက လုပ်ခဲ့တာလား"

"မဟုတ်ဘူး.. အဲဒီလူက အိမ်ငယ်လေးထဲက လူပဲ.. အဆိုးဆုံးက သူဘယ်သူလဲ ဆိုတာတောင် ငါမသိဘူး"

စကားပြောရင်း အရှေ့ဘက် ဌာနခွဲမှူးက ဝမ်လင်းပါသည့် မြင်ကွင်းကို ပြောင်းလိုက်၏။

ထို့နောက် ထန်ချမ့်က ဖန်သားပြင်ပေါ်တွင် ကြီးမားသော ရုပ်စုံပုံရိပ်ကြီးကို မြင်လိုက်ရသည်။

.......................

ထိုအချိန်တွင် မဟာကာကွယ်ရေး အစီအရင်က ကောင်းမွန်စွာအလုပ်လုပ်နေသည်။

ဂိမ်းကမ္ဘာထဲ၌ ဝမ်လင်းက ကူကယ်ရာမဲ့စွာ နှာချေမိလိုက်သည်။

တစ်စုံတစ်ယောက်ယောက်က သူ့နောက်ကွယ်တွင် သူ့အကြောင်း ပြောနေသည်ဟု မရေမရာ ခံစားနေရသည်။

ယခုအချိန်က ထိုအရာများကို အလေးထားရမည့် အချိန်အခါမဟုတ်ပေ။

ဇာတ်ကွက်၏ ရလဒ်အရ လဲ့မုန့်မုန့်က ဝမ်လင်းနှင့် အခြားသူများကို အရူးမ၏ခင်ပွန်း နေထိုင်သည့် လူနာဆောင်သို့ ပို့ဆောင်ပေးခဲ့သည်။

ဤနေရာရှိ အစီအရင်ပုံစံများသည် ပထမထပ်ရှိ နံရံပေါ်မှ အစီအရင်ပုံစံများနှင့် အနည်းငယ် ကွဲပြားနေ၏။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဂရုတစိုက် ခံစားလိုသကဲ့သို့ အစီအရင်ပုံစံကို ညင်သာစွာ ကိုင်တွယ် ပွတ်သပ်ကြည့်လိုက်သည်။

"ညီနောင်လင်း ဒီအစီအရင်ပုံစံက အရင်က တွေ့ဖူးတဲ့ပုံစံနဲ့ နည်းနည်း ကွာခြားပုံပဲ"

သေးငယ်သော ခြားနားချက်ကို စကားလုံးများဖြင့် ဖော်ပြ၍မရပေ။

နှစ်တစ်ထောင်ကျော် ကျင့်ကြံလာသော သူသာလျှင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေမည်။

ကြီးမားသော မှော်အစီအရင်များက ပုံမှန်အားဖြင့် ဖရိုဖရဲ ဖြစ်နိုင်သော်လည်း ဤအစီအရင်တွင်မူ အူတိုင် တစ်ခုစီ ပါရှိသော အပိုင်းများအဖြစ် အပိုင်းများခွဲထားကာ ဒီဇိုင်းထုတ်ထားသည်။

"ဒါက အူတိုင်အစီအရင်ပုံစံပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ယုံကြည်ချက်ရှိသော အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါတို့ အူတိုင် အစီအရင်ပုံစံကို ဖြတ်တောက်နိုင်သရွေ့ အနည်းဆုံးတော့ မဟာပုံရိပ်ယောင် အစီအရင်ကို ပိတ်ဆို့နိုင်လိမ့်မယ်.. အကယ်၍ နေရာလွတ် မှော်အစီအရင်ကိုပါ နှောင့်ယှက်နိုင်ရင်တော့ ဒီကနေ ငါတို့ ထွက်သွားနိုင်မှာ အသေအချာပဲ"

"ဒါပေမဲ့ အစီအရင်ပုံစံကို ဖြတ်တောက်ဖို့က လွယ်မှာတော့မဟုတ်ဘူး.. ဒီအူတိုင် အစီအရင်ကို ခြေသလုံးအိမ်တိုင် အင်မော်တယ်က တည်ဆောက်ထားတာကြောင့် အစီအရင်က သူ့ဘာသာသူ ပြန်ကောင်းလာနိုင်စွမ်း ရှိနေတယ်.. အကောင်းဆုံးက အမြစ်ကနေ တိုက်ရိုက် ဖြတ်တောက်ဖို့ပဲ.. မဟုတ်ရင် ပြန်လည် ရှင်သန်လာနိုင်တယ်"

ဖက်တီးလော မျက်မှောင်ကြုတ်လိုက်သည်။

"အခု ငါတို့မှာ ဘာမှမရှိဘူးလေ.. ငါ့ရဲ့ မှော်ရတနာတွေကလည်း ဆိုင်ထဲမှာ ကျန်ခဲ့တယ်.. အခု ငါတို့တွေ အားလုံး ဒီနေရာမှာ ပိတ်မိနေပြီး မှော်လက်နက်တွေနဲ့ အဆက်အသွယ် ပြတ်နေမှတော့ ဘယ်လိုလုပ် ဆင့်ခေါ်လို့ရတော့မှာလဲ"

ထိုအချိန်တွင် လူနှစ်ယောက်က တညီတညာတည်း ဝမ်လင်းကို လှည့်ကြည့်လိုက်ကြသည်။

ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်လင်း.. မင်းမှာ ဖြေရှင်းဖို့နည်းလမ်းရှိလား"

ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများဖြင့် လေထဲသို့ စိုက်ကြည့်လိုက်၏။

ခဏအကြာတွင် လေထုနှင့် မြေပြင်ကို တုန်လှုပ်သွားစေသည့် အပြောင်းအလဲတစ်ခု ဖြစ်လာသည်။

ဖက်တီးလော နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က လုံးဝအံ့အားသင့်သွားသည်။

ဤအသံက အလွန် ကျယ်လောင်လွန်းပြီး မမြင်နိုင်သော အော်ရာ ဖိနှိပ်မှု ခံစားချက် တစ်ခု ရှိနေ၏။

ထို့ပြင် ၎င်းက အလွန်ရင်းနှီးသော အော်ရာတစ်ခုလည်း ဖြစ်ပြီး သူတို့ရှိရာသို့ ဦးတည်၍ လာနေသည်ကို ခံစားမိသည်။

စက္ကန့်အနည်းငယ် အကြာတွင် ဝမ်လင်း စိုက်ကြည့်နေသည့် လေထုက အမှန်တကယ်ပင် အက်ကွဲသွားပြီး မကုန်ခမ်းနိုင်သော ဓားချီများက ဂိမ်းကမ္ဘာထဲသို့ ရောက်ရှိလာ၏။

ဝမ်လင်းက လေထဲတွင် အပြင်းအထန် မတည်မငြိမ် ဖြစ်နေသော အက်ကွဲကြောင်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားပြီး ကျင့်ခယ်ကို အက်ကွဲကြောင်း အတွင်းထဲကနေ ဆွဲထုတ်လိုက်သည်။

All Chapters