← Chapters

ယင်းက အလွှမ်းမိုးနိုင်ဆုံးလူ၏ စွမ်းရည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်

Vol. 19 Ch. 272

ယင်းက အလွှမ်းမိုးနိုင်ဆုံးလူ၏ စွမ်းရည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်

Vol. 19 Ch. 272

အက်ကွဲကြောင်းက ပြင်းထန်စွာ တုန်ခါသွားပြီးနောက် အထက်ကနေ မြေပေါ်သို့ ဖုန်မှုန်များ ပြုတ်ကျလာသည်။

အညိုရောင် ဓားအလင်းက အက်ကွဲကြောင်းမှ ထွက်ပေါ်လာပြီး လေထု တစ်ခုလုံးကို တိုက်ရိုက် တောက်ပစေသည်။

သာမန် အခြေအနေအောက်တွင် ဝိညာဥ်ဓားများကို သာမန်လူများ မမြင်နိုင်ပေ။

ထို့ကြောင့် လဲ့မုန့်မုန့်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မမြင်နိုင်ခဲ့ချေ။

ကျင့်ခယ်က အလွန်ထူးခြားသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက မက်မွန်သစ်သားဓား တစ်လက် ဖြစ်ပြီး မကောင်းဆိုးရွားကို ကာကွယ်ရန် အဆောင်အဖြစ် အသုံးပြုသည့် အမျိုးအစားဖြစ်ကာ စျေးကွက်၏ နေရာတိုင်းတွင် တွေ့နိုင်သောကြောင့်ပင်။

ဤအကြောင်းကို 'ဖက်တီးလော'က ယခုမှ သိလိုက်ရပြီး လုံးလုံးလျားလျား အံ့ဩသွားခဲ့သည်။

"သခင်.. သခင်ကျင့်ခယ်ပါလား"

ကျင့်ခယ် ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူ့အသံက တုန်ယင်သွားခဲ့သည်။

သူက အလွန် စိတ်လှုပ်ရှားနေပြီး ဝမ်လင်း၏ ခွန်အားကိုလည်း အံ့အားသင့်သွားသည်။

စည်းလုံးဝခတ်ထားသော ဤနေရာ၌ လေဟာနယ်အလွှာကို ဆွဲဖြဲကာ ဝိညာဥ်ဓားကို ခိုင်မာစွာ ဆင့်ခေါ်နိုင်သောစွမ်းအားက မည်ကဲ့သို့သော စွမ်းအားမျိုးနည်း။

ဤအရာက သူ၏နားလည်မှုနယ်ပယ်ကို ကျော်လွန်နေပြီဟု ဖက်တီးလော ခံစားမိသည်။

ကျင့်ခယ်ကို ဆင့်ခေါ်လိုက်သည်ကို မြင်သည်နှင့် ဗုံးပစ်စီနီယာအင်မော်တယ်က လဲ့မုန့်မုန့်၏ လည်ပင်းမှ သွေးကြောမှတ်တစ်ခုကို နှိပ်လိုက်သည်။

လေဟာနယ်အလွှာကို ဆုတ်ဖြဲ၍ ဝိညာဥ်ဓား ဆင့်ခေါ်ခြင်းဖြစ်စဥ်၏ စိတ်ပိုင်းဆိုင်ရာ ဖိအားကို သာမန်လူများက မခံနိုင်ကြပေ။

အသားကပ်ဝတ်စုံက ပြင်ပ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုမူ ကာကွယ်မပေးနိုင်ချေ။

လဲ့မုန့်မုန့်သာ ထိုဖြစ်စဥ်မှ သက်ရောက်မှု ဖိအားကိုခံစားခဲ့ရလျှင် အသက်ကြီးလာသောအခါ မှတ်ဉာဏ်ချို့ယွင်း ရောဂါများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိ၏။

"သန်မာလွန်းတယ်"

ဝမ်လင်းက ကျင့်ခယ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရလျှင် ဖက်တီးလော၏ ပါးပြင်က အဆက်မပြတ် တုန်ခါသွားခဲ့သည်။

...................

ဤအော်ရာက ပေါ်လာသည်နှင့်အမျှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကျင့်ခယ်က သောက်ရမ်းမိုက်လွန်းသည်ဟု ဖက်တီးလော ခံစားခဲ့ရသည်။

ထိုဓားဝိညာဥ်နှင့် လင်းကျန်းရန်၏ ဆက်ဆံရေးက သာမန်မဟုတ်လောက်ပေ။

ဝမ်လင်းက ကျင့်ခယ်ကို လက်ထဲတွင် ကိုင်လိုက်သည်နှင့် ၎င်းတို့၏ အော်ရာများက တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားပြီး ကောင်းကင်နှင့် လူသားများ အကြား စည်းလုံးညီညွတ်မှုကို ပေးစွမ်းနိုင်၏။

ဤသည်မှာ လူနှင့်ဓားကြားရှိ စည်းလုံးမှုထက် ပိုမို မြင့်မားသော နယ်ပယ်တစ်ခု ဖြစ်သည်။

"သခင် ကျင့်ခယ် နဲ့ လင်းကျန်းရန် ကြားကလို ရင်းနှီးတဲ့ သံယောဇဉ်ရှိတဲ့ မှော်ရတနာမျိုးကို ငါဘယ်တော့မှ ရမှာလဲ"

'ဖက်တီးလော'က မျက်တောင် ပေကလပ်ပေကလပ် လှုပ်၍ ရေရွတ်လိုက်သည်။

သူ့နှလုံးသားထဲတွင် မနာလိုစိတ်များ ပြည့်နှက်နေ၏။

အားလုံးကို ခြုံ၍ကြည့်လိုက်လျှင် ဤအရာက သင်မရှာဖွေနိုင်သောအရာ ဖြစ်ပြီး မုတ်ဆိတ်ပျားစွဲသော ကံကြမ္မာမျိုး ရှိမှာသာ ဖြစ်နိုင်လိမ့်မည်။

'ဖက်တီးလော'က မှော်ရတနာ အတော်များများကို ပြုလုပ်စုဆောင်းထားသော်လည်း မှော်ရတနာ ပြုလုပ်ရုံမျှဖြင့် မှော်ရတနာများနှင့် ဆက်နွယ်မှုကို အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။

ဝိညာဉ်ဓားနှင့် ၎င်း၏ သခင်ကြား ဆက်ဆံရေးသည် အလွန် လေးနက်သော အကြောင်းအရာတစ်ခု ဖြစ်၏။

ယင်းကိုဥပမာပြရလျှင် ရှေးခေတ်က ချွေးမ ရွေးချယ်ခြင်းမျိုးနှင့် တူသည်ဟု ဖက်တီးလော ခံစားမိသည်။

.......................

အသက်ဆယ်ရှိုက်စာခန့် အကြာတွင် လေထုက လုံးဝငြိမ်သက်သွားခဲ့သည်။

ဝမ်လင်းက ကြမ်းပြင်မှ အစီအရင်ပုံစံအား ကျင့်ခယ်ကို ညွှန်ပြလိုက်သည်။

"အစီအရင်ပုံစံက သူ့ဘာသာသူ အသက်ဝင်ပြီး ရွေ့လျားလာတာနဲ့ ဖြတ်တောက်ရမယ်"

"မကောင်းတော့ဘူး.. အစီအရင်ရဲ့ ဝိညာဥ်က နိုးလာပြီး ထွက်ပြေးဖို့ စီစဉ်နေတယ်"

ဖက်တီးလော ချက်ချင်း အော်ဟစ်လိုက်သည်။

ခြေသလုံး အိမ်တိုင်အင်မော်တယ်မှ ဖန်တီးထားသော ဤအစီအရင် ဝိညာဥ် အမျိုးအစားသည် သာမန်ထက် ပို၍ ရှုပ်ထွေးသည်။

တစ်စုံတစ်ရာ ဖြစ်ပေါ်လာလျှင် အစီအရင်၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတွက် အစီအရင်ဝိညာဥ်က အူတိုင် အစီအရင် ပုံစံ အသွင်ပြောင်း၍ ရွေ့လျားသွားမည် ဖြစ်သည်။

သို့သော် အစီအရင် ဝိညာဥ်က မျှော်လင့်ထားသည်ထက် ပို၍စောပြီး နိုးထလာခဲ့သည်။

"ငါ့ကို ဖျက်ဆီးချင်တာလား.. ဒီလောက် မလွယ်ဘူးလေ.. ဒီနေရာလွတ်ဒိုင်မန်းရှင်းရဲ့ အမည်ခံဥပဒေသတွေနဲ့ ငါ့ကို ဖန်တီးခဲ့တာပဲ.. ငါမသေချင်သရွေ့ မင်းတို့တွေ သတ်နိုင်မှာမဟုတ်ဘူး"

အစီအရင် ဝိညာဉ်က ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

ဤကြီးမားသော မှော်အစီအရင် အမျိုးအစားကို ဖျက်ဆီးရန်အစပြုခြင်းမှာ သေးငယ်သောကိစ္စ မဟုတ်ပေ။

ပုံရိပ်ယောင် အစီအရင်နှင့် အပြိုင်နေရာလွတ် ဒိုင်မန်းရှင်း အများအပြား နှင့်အတူ ၎င်းက အဆင့်မြင့် နေရာလွတ် မှော်အစီအရင် တစ်ခု ဖြစ်သောကြောင့် ၎င်း၏ အစီအရင်ဝိညာဥ်မှာ သဘာဝအားဖြင့် သာမန်မဟုတ်ပေ။

ထိုအချိန်တွင် အခန်း၏ ကြမ်းပြင်၌ ထွင်းထုထားသည့် အစီအရင် ပုံစံသည် နဂါးတစ္ဆေ အသွင်ပြောင်းလဲကာ ရုတ်တရက် အခန်းအပြင်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သူ၏ အရှိန်က လျှပ်စီးလက်သလို မြန်ဆန်လွန်း၏။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဖက်တီးလော၏ မျက်လုံးတွေက ထိုအရာကို လုံးဝ လိုက်မကြည့်နိုင်ပေ။

ဝမ်လင်းက အဝေးကို မကြည့်ပေ။

သူက မျက်မှောင်ကြုတ်လိုက်ပြီး အစီအရင်ဝိညာဥ် တံခါးဝမှ ရုန်းမထွက်ခင် ခြေတစ်ဖက်ဖြင့် တိုက်ရိုက် နင်းချလိုက်သည်။

အစီအရင်ဝိညာဥ်က ဝမ်လင်း၏ ခြေထောက်အောက်တွင် သပ်ရပ်စွာ ပိတ်မိနေခဲ့သည်။

"အာ"

အစီအရင်ဝိညာဥ်၏ အမြီးအစွန်းပိုင်းက အနည်းငယ် နင်းချခံထားရပုံပင်။

၎င်းက နောက်ထပ် မရွေ့လျားနိုင်တော့ဟု သိလိုက်ရသောအခါတွင် တုန်လှုပ်သွားခဲ့သည်။

ဝမ်လင်းက အစီအရင် ဝိညာဉ် စိတ်ကူးထားသည်ထက်ပင် ပိုမို မြန်ဆန်နေပြီး သူ၏ ခြေတစ်ဖက်ထဲမှ ခွန်အားသည် ၎င်းကို ကြမ်းပြင်ပေါ်တွင် မြဲမြံစွာ နင်းချထားရန် လုံလောက်ပေသည်။

"ညီနောင်လင်.. ဒီအစီအရင်ဝိညာဥ်က ဒီလိုကြီးမားတဲ့ မှော်အစီအရင်ကို မောင်းနှင်နိုင်တယ်ဆိုတော့ သာမန် မဟုတ်တာ သေချာတယ်.. မင်း သူ့ကို အသက်ရှင်သန်ခွင့် ပေးလိုက်ရင် အရမ်း အသုံးဝင်မှာပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် ပြောလိုက်သည်။

ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်ရှိ ဝိညာဉ်တစ်ခု၏ တန်ဖိုးသည် အမှန်တကယ်ပင် တိုင်းတာ၍မရပေ။

အစီအရင်တစ်ခုကို အသက်သွင်းရာတွင် ပုံမှန်အားဖြင့် အစီအရင်အလံ တစ်ခု လိုအပ်သည့်အပြင် အစီအရင်ပြုလုပ်သူပါ ရှိနေရန် လိုအပ်သည်။

သို့သော် အစီအရင်ပြုလုပ်သူ မရှိလျှင် ၎င်းတို့ကို အစားထိုးရန်အတွက် အစီအရင်ဝိညာဥ်ကို အသုံးပြုနိုင်၏။

ဤ စွမ်းအားကြီးသော အစီအရင်ဝိညာဥ်ကို ထိန်းချုပ်နိုင်ခြင်းသည် ကောင်းကင်ဘုံကို အောင်နိုင်စေရန် ကြိုးပမ်းခြင်းနှင့် တူသည်။

၎င်း၏ ဖန်ဆင်းခြင်း နိယာမသည် ဓားဝိညာဉ်မွေးဖွားခြင်းနှင့် အနည်းငယ် ဆင်တူ၏။

ထို့အပြင် ရှေးခေတ်ကတည်းကပင် မိမိ စိတ်ကြိုက် ဖန်တီးထားသော အစီအရင်များ၌ အစီအရင်ဝိညာဥ် မွေးမြူနိုင်မှုမှာ အလွန်တရာ နည်းပါးခဲ့သည်။

သို့ရာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားက နောက်ကျသွားပေပြီ။

ဝမ်လင်းက လှုပ်ရှားလိုက်သည်နှင့် ဤဝိညာဉ်ကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိခဲ့ပေ။

ဆိတ်ငြိမ်သောဘဝကို အနှောက်အယှက် ဖြစ်စေသည့် မည်သည့်အရာကိုမဆို သူ မုန်းတီးသည် မဟုတ်လော။

နောက်ကွယ်မှ အဓိက ခြယ်လှယ်သူ ဖြစ်စေ၊ သူ့ရှေ့မှ အစီအရင် ဝိညာဉ် ဖြစ်စေ၊ အားလုံးက အတူတူပင်။

အေးချမ်းသည့် ဘဝကို ဖြတ်သန်းချင်သောကြောင့် နောက်ပိုင်း ဖြစ်လာမည့်အရာများကို စဉ်းစားနေဖို့ မလိုပေ။

ဤဝိညာဥ်က သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ သူနှင့် မသက်ဆိုင်ချေ။

အစကတည်းက ဝမ်လင်း၏ ပန်းတိုင်မှာ လူတိုင်းကို ဤနေရာလွတ် ဒိုင်မန်းရှင်းကနေ ဘေးကင်းစွာ ခေါ်ထုတ်သွားရန်သာ ဖြစ်၏။

သူ့လက်ကို ပင့်မြှောက်လိုက်သည်နှင့် သူ၏ ဝိညာဉ်ဓားက ချက်ချင်းပင် တောက်ပလာသည်။

ကျင့်ခယ်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အညိုရောင်ဓားအလင်းကမူ တောက်ပခြင်းမရှိပေ။

ထိုအစား အလွန်ပင် အားပျော့နေသည်။

မည်သို့ပင်ဆိုစေကာမူ ဤငြိမ်သက်နေသော ဓားအလင်းရောင် အတွင်း ပါရှိသည့် ဖိနှိပ်ချုပ်ချယ်သော ခံစားချက်ကမူ အလွန် စစ်မှန်၏။

ကျင့်ခယ်က တကယ်မိုက်လွန်းသည်ဟု ဖက်တီးလော တွေးမိလိုက်သည်။

[နူးညံ့သိမ်မွေ့သောဓားထက် သာလွန်သောအရာမရှိ]

မက်မွန်သစ်သားဓားက မည်မျှအန္တရာယ် ရှိသည်ကို အစီအရင်ဝိညာဥ်က အလိုလို ခံစားသိရှိကာ ပါးစပ်ကို အလျင်အမြန်ဖွင့်၍ အရူးအမူး အော်ဟစ်နေတော့သည်။

"မဟာအင်မော်တယ်ကြီး.. ကျေးဇူးပြုပြီး ကျွန်ုပ်ကို လွှတ်ပေးပါ.. အသင်ရဲ့ ဂုဏ်အသရေကို အသိအမှတ်ပြုဖို့ ကျွန်ုပ် ပျက်ကွက်ခဲ့မိပါတယ်"

ဝမ်လင်းက တစ်ချက်မကြည့်ဘဲ သူ့ဓားဖြင့် တိုက်ရိုက်ခုတ်ချလိုက်သည်။

ဓားက ၎င်း၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွား၏။

ဝိညာဉ်က အော်ဟစ်ရန် အချိန်ပင်မရှိခဲ့ပေ။

နောက်တခဏတွင် အူတိုင်အစီအရင် ပုံစံဖြင့် ၎င်း၏ တစ္ဆေကိုယ်ထည်က အက်ကွဲသွားခဲ့သည်။

"ညီနောင်လင်း.."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဖက်တီးလောတို့က နှလုံးသွေးများ အေးစက်သွား၏။

ခြေသလုံး အိမ်တိုင် အင်မော်တယ်အဆင့်ရှိ အစီအရင်ဝိညာဥ်က ဤသို့နှယ် အလွယ်တကူ ခုတ်ထစ်ခံခဲ့ရသည်။

ထို့အပြင် ဝမ်လင်း တစ်ချက်လှုပ်ရုံဖြင့် သေဆုံးသွားခဲ့၏။

ယင်းက ချက်ဂရုထဲမှ အလွှမ်းမိုးနိုင်ဆုံး၊ အရေးပါဆုံးလူ၏ စွမ်းရည်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

".............."

ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက နာကျင်သွားသည်။

အကယ်၍ သူတို့သာ ဤမျှလောက် အစွမ်းထက်သော အစီအရင်ဝိညာဥ်ကို ထိန်းချုပ်နိုင်လျှင် ၎င်းက အစွမ်းထက်သော တောက်တိုမယ်ရ ကလေးတစ်ဦး သေချာပေါက် ဖြစ်လာနိုင်ပေသည်။

သို့သော် ဝမ်လင်းက ဘာအမှားမှ မလုပ်ခဲ့၍ သိပ်မကြာခင်မှာပင် သူတို့ ဖြေသိမ့်နိုင်ခဲ့သည်။

လင်းကျန်းရန်မှာ အစကတည်းက ဤကဲ့သို့သော လူစားမျိုး ဖြစ်သည် မဟုတ်လော။

...................

အစီအရင်ဝိညာဥ်ကို ဖယ်ရှားပြီး အူတိုင်အစီအရင် ပုံစံ ပျက်သွားသဖြင့် ဂိမ်း၏ နေရာလွတ် ဒိုင်းမန်းရှင်းက ကျိုးပဲ့သွားသည်။

နေရောင်ခြည် အနည်းငယ်က မှောင်နေသော နေရာကို စိမ့်ဝင်သွားပြီး ဝမ်လင်း၏ မျက်နှာကို တောက်ပစေ၏။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဖက်တီးလောတို့က ဘေးတွင် ရပ်ကာ သူ့ကို ကြည့်နေသည်။

အကျပ်အတည်းတစ်ခုကို သူတို့ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဝမ်လင်း၏ ရင့်ကျက်သောမျက်နှာက သူတို့ထက် ပို၍ တည်ငြိမ်ပုံရသည်ဟု ခံစားနေမိသည်။

ဝမ်လင်းက ဘာစကားမှ မပြောပေ။

သူက သူ့ဘေးနားမှ လဲ့မုန့်မုန့်ကို ဆွဲယူ၍ သူ့ပုခုံးပေါ် တင်ကာ အလင်းရောင် ဆီသို့ ခြေလှမ်း တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

All Chapters