← Chapters

အမည်မဖော်နိုင်သော ဒေတာ

Vol. 19 Ch. 273

အမည်မဖော်နိုင်သော ဒေတာ

Vol. 19 Ch. 273

လဲ့မုန့်မုန့် နိုးလာသောအခါ ဝမ်လင်း၏ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို သူ့ကိုယ်သူ သတိထားမိလိုက်သည်။

ဝမ်လင်းက စားပွဲမှာထိုင်ပြီး သင်ကြားရေး ပစ္စည်းများကို လေးလေးနက်နက် ကြည့်ရှုနေသည်ကို မြင်လိုက်ရသည်။

"အာ.. ငါ ဒီကုတင်ပေါ် ဘယ်လိုရောက်လာတာလဲ"

လဲ့မုန့်မုန့်က ဝမ်လင်းနှင့် ဂိမ်းဆော့မိသည်ကို သတိရလိုက်သည်။

[ငါဘယ်လိုအိပ်မောကျသွားတာလဲ]

သူက အိပ်ရာမှထပြီးနောက် ခေါင်းကိုက်သည်ဟု ခံစားရသဖြင့် မျက်ခုံးမွေးကြားမှ အရေပြားကို နှိပ်နယ်လိုက်သည်။

ဝမ်လင်းက သူ့ကို ကျောပေးထားပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့လူစု ဂိမ်းကမ္ဘာမှ ထွက်လာသောအခါ သူက လဲ့မုန့်မုန့်၏ မှတ်ဉာဏ်ကို လုံးလုံးလျားလျား ဖျက်ပစ်လိုက်သည်။

လဲ့မုန့်မုန့်၏ မှတ်ဉာဏ်မှာ ယခုအခါတွင် ဂိမ်းမကစားမီ အခြေအနေတွင်သာ ရှိခဲ့၏။

ဝမ်လင်းက ခြေသလုံးအိမ်တိုင် အင်မော်တယ် အနန္တတန်ခိုးရှင်၏ အစီအမံနှင့် ပတ်သက်မှု မှန်သမျှကို မှတ်ဉာဏ်ထဲကနေ ဖျက်ပစ်ခဲ့သည်။

ဤကိစ္စက နောက်ဆက်တွဲ သက်ရောက်မှု အများကြီး ရှိလာမည် ဖြစ်၍ လဲ့မုန့်မုန့်လို သာမန်လူတစ်ယောက်ကို ဝမ်လင်းက မပါဝင်စေချင်ပေ။

ထိုခဏတွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် မေမေဝမ်က တံခါးကို ဖွင့်၍ အသီးများ ယူလာခဲ့ရာ လဲ့မုန့်မုန့် နိုးနေသည်ကို တွေ့လိုက်ရ၏။

"စုန့်လေး.. မင်းနိုးနေပြီလား.. မင်းတို့နှစ်ယောက် ဂိမ်းဆော့နေတုန်း မင်းရုတ်တရက် အိပ်ပျော်သွားတယ်လို့ လင်းလင်းဆီက ငါကြားတယ်"

"ကျ.. ကျနော် အိပ်ပျော်သွားတာလား"

လဲ့မုန့်မုန့်က မယုံကြည်စွာဖြင့် သူ့ကိုယ်သူ လက်ညိုးထိုးပြရင်း ရေရွတ်လိုက်သည်။

"ဟုတ်တယ်လေ.. အသီးအနှံတွေ အရင်စားထား.. ငါ ကြက်စွပ်ပြုတ် တည်ထားတယ်.. ခဏနေမှ အောက်ထပ်ကို ဆင်းလာခဲ့.. ငါ့အထင် မင်းနည်းနည်းတော့ အားဖြည့်ဖို့ လိုအပ်နေပြီ"

မေမေဝမ်က သက်ပြင်းချ၍ မျက်မှောင်ကြုတ်ကာ အလွန်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီခေတ်မှာ ဘယ်အရာမှ လွယ်ကူမနေဘူး.. အယ်ဒီတာ တစ်ယောက်က စာရေးဆရာနဲ့အတူ ညလုံးပေါက် အလုပ်လုပ်တာမျိုးကလည်း ကျန်းမာရေးကို ထိခိုက်စေတယ်.. လူငယ်တွေက ကျန်းမာရေး လမ်းညွှန်ချက်တွေကို ပိုဂရုစိုက်သင့်တယ်.. အခုခေတ်မှာ အိပ်ယာထ နောက်ကျလို့ နေမကောင်း ဖြစ်နေကြသူတွေ အများကြီးပဲ မဟုတ်လား"

လဲ့မုန့်မုန့် "............"

မေမေဝမ် "မင်းတို့ လူငယ်တွေက တစ်ညလုံး မအိပ်ဘဲနေရင် ဝက်ခြံထွက်တတ်တယ်.. အဲဒီလို ဝက်ခြံ ဖြစ်တဲ့အခါ ဂရုမစိုက်ဘဲ ပစ်ထားမိရင် ပိုးဝင်ပြီး သေတတ်တယ်.. ဟိုအရင်တုန်းက အဲဒီလိုမျိုး သေဆုံးသွားတဲ့ လူငယ်တစ်ယောက်တောင် ရှိခဲ့ဖူးတယ်"

လဲ့မုန့်မုန့်က ထိတ်လန့်တကြားဖြင့် မျက်နှာကို ပွတ်သပ်လိုက်သည်။

"အစ်မ.. အဲဒါကို ဘယ်က ကြားလာတာလဲ"

မေမေဝမ် "WeChat ကလေ... ဟွာရှို့နိုင်ငံရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းက ဖတ်ပြီးသွားပြီလို့တောင် ခေါင်းစဥ်တပ်ထားသေးတယ်.. ဒါ ဘယ်လိုမှ မမှားနိုင်ဘူး"

လဲ့မုန့်မုန့်"............"

မေမေဝမ် "အတိုချုပ်ပြောရရင် မင်းနောင်အခါကျရင် အနားယူဖို့ ဂရုစိုက်ပေးပါ.. မင်းပင်ပန်းနေရင် အတင်းအကျပ်လုပ်ဖို့ မကြိုးစားနဲ့"

လဲ့မုန့်မုန် "အစ်မ.. မင်းပြောတာမှန်တယ်.. ငါသတိထားပါ့မယ်"

မေမေဝမ် "ဒီနေ့ကစပြီး မင်းနဲ့ ငါ့ခင်ပွန်းအတွက် မင်းရဲ့ အာဟာရစားသုံးမှုကို ထိန်းညှိပေးပြီး မင်းရဲ့ကျန်းမာရေး အလုံးစုံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ငါစီစဥ်ပေးမယ်

"............."

လဲ့မုန့်မုန့်က လုံးဝ မကန့်ကွက်တော့ပေ။

သူက ရုတ်တရက် ဂိမ်းကို ပြန်သတိရသွားသည်။

"အစ်မ.. ငါမေးလို့ရမလား.. ဝမ်လင်း အရင်ကရခဲ့တဲ့ USB ကို တွေ့မိသေးလား"

မေမေဝမ်က ဝမ်လင်း၏ ခြေရင်းနားမှ အမှိုက်ပုံးကို ညွှန်ပြလိုက်သည်။

"USB လား.. ငါပစ်ချလိုက်ပြီ..... မင်းရုတ်တရက် မူးလဲကျသွားတုန်းက USBအပေါ် ပြုတ်ကျပြီး USBက တိုက်ရိုက် ကြေမွသွားတယ်လို့ လင်းလင်းက ပြောတယ်"

"အိုး.. ငါ့ကြက်စွပ်ပြုတ်.."

မေမေဝမ်က လဲ့မုန့်မုန့်ကို အကြံဉာဏ်ပေးပြီးနောက် သူမ၏ နာရီကို ကြည့်ကာ ကြက်စွပ်ပြုတ် ပြုတ်ထားသေးသည်ကို သတိရ၍ အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။

လဲ့မုန့်မုန့်က အမှိုက်ပုံး အတွင်းရှိ လုံးဝ ပျက်စီးနေသော USB ကိုကြည့်ကာ မျက်ရည်များ ဝဲတက်လာပြီး ခြေထောက်များအားနည်းသလို ခံစားရကာ ဒူးထောက်ကျသွားသည်။

သူ့ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းတိုင်းက နာကျင်ကိုက်ခဲမှုများနှင့်အတူ တဆစ်ဆစ် ကိုက်ခဲနေ၏။

"ငါ ဘာလုပ်လိုက်တာလဲ"

ဝမ်လင်းက လဲ့မုန့်မုန့်ကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။

သူက လဲ့မုန့်မုန့်ကို စိတ်ထဲကနေ တောင်းပန်လိုက်၏။

အဘယ်ကြောင့်ဆိုသော် တကယ်တမ်းUSBကို နင်းချေဖျက်ဆီးလိုက်သော လက်သည်တရားခံမှာ သူဖြစ်နေသောကြောင့်ပင်။

...................

တစ်ချိန်တည်းမှာပင် စုန့်ဟိုင်မြို့ နှင့် ကျင့်ဟွာမြို့ကြား နဝမ နယ်နမိတ် တောင်ထိပ်ရှိ တာအိုဘုရားကျောင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

တာအိုဘုရားကျောင်း၏ ပြတင်းပေါက် တံခါးများမှ အနက်ရောင် မီးခိုးများ လှိမ့်ထွက်လာ၏။

ထန်ချမ့်နှင့် အရှေ့ဘက် ဌာနခွဲမှူးက ဘုရားကျောင်းထဲကနေ အလျင်အမြန် ထွက်လာခဲ့ရသည်။

"ချီးပဲ.. ဘာတွေဖြစ်ကုန်တာလဲ"

အရှေ့ပိုင်း ဌာနခွဲမှူးက ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ ပါးစပ်ကနေ ရှည်လျားသော မီးခိုးလုံးများပါ ထွက်လာသည်။

ပေါက်ကွဲမှု မဖြစ်မီတွင် ရောင်စုံ ဖန်သားပြင်ပေါ်၌ အညိုဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်လာသည်ကိုသာ သူမြင်လိုက်ရသည်။

ခဏအကြာတွင် "ပေါက်ကွဲသံ"က အခန်းတစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဖန်သားပြင် တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။

ထန်ချမ့်က စိတ်ထဲတွင် အလွန်ရှင်းလင်းစွာ နားလည်၏။

ဤကစားပွဲ၏ နောက်ကွယ်တွင် မည်သို့သော အရာများ ရှိနေလည်း ဆိုသည်ကို သူမမြင်နိုင်သော်လည်း ရင်းနှီးကျွမ်းဝင်သော ဝိညာဥ် အလင်းရောင်ကို သူတွေ့လိုက်ရသည်။

တစ်ချက်ကြည့်ရုံဖြင့် ၎င်းက သခင်ကျင့်ခယ်ဟု သူပြောနိုင်သည်။

အလင်းရောင်ကို မြင်လိုက်ရသည့် အခိုက်တွင် သူ့ထံ၌ ခံစားချက်တစ်ခု ရှိနေပြီ ဖြစ်သည်။

သူက လိမ္မာပါးနပ်စွာဖြင့် ခြေလှမ်းအနည်းငယ်ကို ကြိုတင် နောက်ဆုတ်ထားလိုက်သည်။

သူ့ခန့်မှန်းချက်က သေချာ၏။

သူ အနောက်ကို ခြေလှမ်းပြီး သိပ်မကြာခင်မှာပင် ဌာနခွဲမှူး၏ အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။

.....................

ဌာနခွဲမှူးက ကိုယ်လက် သန့်စင်ပြီးနောက် ဝတ်စုံအသစ်ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ရသည်။

သူက ပေါက်ကွဲမှုကြောင့် တုန်လှုပ်နေဆဲပင်။

ပြဿနာက စက်ကိရိယာများတွင် မဟုတ်ကြောင်း သူပြောနိုင်သည်။

နေရာလွတ် ဒိုင်မန်းရှင်းတွင် ဖြစ်ပျက်ခဲ့သမျှနှင့် ပေါက်ကွဲစေခဲ့သည့် သက်ရောက်မှုကို တစ်စုံတစ်ယောက်က ဖန်တီးခဲ့ခြင်း ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် သူက ခိုင်မာသော နယ်ပယ်အဆင့် တစ်ခုတွင် ရှိပြီး အကာအကွယ် ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ခြင်းပင်။

ပေါက်ကွဲမှုကြောင့် အနည်းငယ် ညစ်ပတ်သွားသည်က လွဲလျှင် ကျန်တာ အားလုံးက အသေးအဖွဲ ကိစ္စပင် မဟုတ်လော။

ဟုတ်ပါသည်.. ထိုပေါက်ကွဲမှုမျိုးကို ရင်ဆိုင်ရလျှင် စိတ်ဝိညာဥ်အဆင့်အောက်ရှိ မည်သူမဆို တစ်ခါတည်းနှင့် ကိစ္စ ပြတ်သွားနိုင်ပေသည်။

"ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်ခဲ့တာလဲ"

အကြီးအကဲ ကိုယ်တိုင် ဖန်တီးထားသည့် ကြီးမားသော အစီအရင်ထဲမှ နေရာလွတ်ကို မြန်မြန်ဆန်ဆန် ဖျက်ဆီးခဲ့သူ၏ အထောက်အထားက လုံးဝ မရိုးရှင်းပေ။

"အခြေအနေအားလုံးကို ဆန်းစစ်ပြီးပြီလား"

အရှေ့ဘက် ဌာနခွဲမှူးက ဤကိစ္စကို သံသယများ ရှိခဲ့ကာ သာမန်ထက် ပို၍ စိတ်နှလုံး တုန်လှုပ်သွားခဲ့သည်။

ထန်ချမ့်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

"ကျနော်တို့ ဌာနခွဲအပြင် တောင်ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်း ဌာနခွဲက အခြေအနေတွေလည်း အတူတူပဲ.. ဖန်သားပြင်အားလုံးက ဌာနခွဲမှူးတွေ ရှေ့မှာပဲ တစ်ပြိုင်နက် ပေါက်ကွဲသွားကြတယ်"

"အားလုံး ပေါက်ကွဲသွားတာလား"

အရှေ့ပိုင်း ဌာနခွဲမှူးက ထိပ်လန့်သွားသည်။

"ဟုတ်တယ်... အားလုံးပဲ"

ထန်ချမ့်က ဖြေလိုက်သည်။

အပြိုင်နေရာလွတ်များ အားလုံးကို တစ်ခဏအတွင်း အမှန်တကယ် ဖျက်ဆီးပစ်နိုင်သည့် အရာကား အဘယ်နည်း။

အရှေ့ပိုင်း ဌာနခွဲမှူးသည် သူ့ဆံပင်များ ထောင်ထသွားသလို ခံစားလိုက်ရသည်။

"အစီအရင်ခံစာ ပို့ပြီးပြီလား.. အကြီးအကဲကရော ဘယ်လိုသုံးသပ်လဲ"

"အကြီးအကဲဆီက ပြန်စာရပါပြီ"

ထန်ချမ့်က စာရွက်တစ်ရွက်ကို ကိုင်ထားရင်း ပြောလိုက်သည်။

"ဒါက အကြီးအကဲ ပေးပို့ခဲ့တဲ့ အကဲဖြတ်စာရွက်ပါ.. ဒါက ပေါက်ကွဲမှု မဖြစ်ပွားမီ နေရာလွတ်အတွင်းက အော်ရာ အတက်အကျ မှတ်တမ်းတစ်ခုလည်း ဖြစ်တယ်.. အကြီးအကဲရဲ့ ယူဆချက်အရတော့ ဓားဖြစ်ဖွယ်ရှိတဲ့ မှော်ရတနာတစ်ခုက ပင်မ အစီအရင်ပုံစံကို ဖြတ်တောက်ခဲ့တယ်.. အဲဒီအရာက အစီအရင် ဝိညာဥ်ကို တိုက်ရိုက်ဖယ်ရှားပြီး နေရာလွတ်ကို ဖျက်ဆီးပစ်ခဲ့တာပဲ"

"အဲဒီမှော်ရတနာရဲ့ အဆင့်က ဘယ်အဆင့်လဲ"

အရှေ့ဘက်ဌာနခွဲမှူးက သက်ပြင်းချလိုက်သည်။

"အစီအရင်ခံစာမှာပါတဲ့ အော်ရာ အတက်အကျတွေကို ခေတ်မီနည်းစနစ်နဲ့ တိုင်းတာထားတယ်.. အခြေခံ တည်ထောင်ခြင်း အဆင့် အားပျော့တဲ့ ဝိညာဉ်ဓားအတွက် ပျမ်းမျှအညွှန်းကိန်းက တစ်ထောင်ကနေ ငါးထောင်ကြားရှိတယ်.. အကယ်၍ ၎င်းက ရွှေအမြူတေအဆင့်မှာ ရှိရင်တော့ အညွှန်းကိန်းက တစ်သောင်းအထက်မှာ ရှိလိမ့်မယ်.. စိတ်ဝိညာဥ် ဖြစ်တည်ခြင်းနဲ့ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ဝိညာဥ်ဓားတွေ အတွက်က အညွှန်းကိန်း တစ်သိန်းလောက် ရှိနိုင်တယ်.. အကြီးအကဲ ပြောစကားအရတော့ ဝိညာဥ်ဓားက နေရာလွတ်ကို ဖျက်ဆီးနိုင်တဲ့ အတွက် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်ထက် ပိုအစွမ်းထက်ရမယ်တဲ့.. အနည်းဆုံးတော့ ဒါက ပထမတန်းစား သိဒ္ဓိလက်နက် ဖြစ်မှာသေချာတယ်.. ပထမတန်းစား သိဒ္ဓိလက်နက် အတွက် အညွှန်းကိန်းက တစ်သန်းအထက်လို့ သိရတယ်"

ဤအချက်များကို ပြောပြီးနောက် ထန်ချမ့်က အသက်ပြင်းပြင်းရှူကာ အစီအရင်ခံစာကို လက်ညှိုးထိုးပြလိုက်သည်။

"နေရာလွတ်ကို ဖျက်ဆီးခဲ့တဲ့ ဓားအတွက် စွမ်းအား ညွှန်းကိန်းက စာရဲ့ အောက်ခြေမှာ ရှိပါတယ်"

ဌာနခွဲမှူးက ထန်ချမ့်၏ လက်ထဲမှ စာရွက်အောက်ခြေသို့ ကြည့်လိုက်၏။

စာရွက်အောက်ခြေတွင် သူမြင်ခဲ့ရသည်က နံပါတ်တွေ မဟုတ်ဘဲ မေးခွန်းသင်္ကေတကိုးခု ဖြစ်နေသည်။

"?????????"

All Chapters