သွားစို့ညီနောင်လင်း.. အနိုင်အထက်ပြုကျင့်နေတဲ့ကောင်တွေကို အနိုင်ယူလိုက်ကြရအောင်
Vol. 19 Ch. 276
"ဒီဓားအလင်း.."
ယင်းက နေရာလွတ် မပေါက်ကွဲခင် တီဗီဖန်သားပြင်ပေါ်၌ ပေါ်လာခဲ့သည့် အညိုရောင်ဝိညာဥ် အလင်းမှန်း သေချာသည်။
အရှေ့ပိုင်းဌာနခွဲမှူးက သဘောပေါက်သွားသည်။
ဤဝိညာဥ်ဓားက သာမန်ဓားတစ်လက် မဟုတ်ပေ။
ဤသည်မှာ အဓိပ္ပါယ်ဖော်ရန် အလွန်ခက်ခဲသော ခံစားချက်တစ်ခု ဖြစ်သည်။
ဓားက သူ့ဆီသို့ မချဥ်းကပ်မီမှာပင် ဖိနှိပ်လိုသည့် ခံစားချက်ကို အဝေးကနေ ထုတ်လွှတ်ထားသည်။
ဤဓားဝိညာဥ် အလင်းရောင် နှင့် အကျွမ်းဝင်နေသော ဌာနခွဲမှူးမှာ နောက်ဆုံးတွင် ဓားဝိညာဥ်၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရ၏။
[တကယ်ပဲ ဒါက မက်မွန်သစ်သားဓား တစ်လက် ဖြစ်နေတာလား]
မက်မွန်သစ်သားဓား တစ်လက်က မေးခွန်းသင်္ကေတ ကိုးခုလို ပုံမှန်မဟုတ်သည့် အညွှန်းကိန်းမျိုး မည်ကဲ့သို့ ထုတ်လုပ်နိုင်ပါသနည်း။
ဓားချီကို ကြည့်၍ သုံးသပ်လျှင် ဤဓားက တကယ်ကို သန်မာသည်ဟု ထင်ရသော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားကမူ စွမ်းအားအညွှန်းကိန်းကို တိုင်းတာရာတွင် အသုံးပြုသည့် ကိရိယာ၌ ပြဿနာတစ်ခုခု ရှိနေသည်ဟု ခံစားခဲ့ရသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲက မင်းကိုရှာနေတာ ဆိုတော့ အရင်ခေါ်သွားမှ ဖြစ်မယ်"
အရှေ့ပိုင်း ဌာနခွဲမှူးက မျက်မှောင်ကြုတ်လိုက်သည်။
သူက ခမ်းနားလှသော ဓားဝိညာဥ်ကို စိုက်ကြည့်ရင်း လက်ကို မြှောက်လိုက်ရာ မှင်ကဲ့သို့ အနက်ရောင် သွေးကြောမျှင်များ ဖုံးအုပ်ထားသည့် အနက်ရောင် အလံငယ်များစွာ လေထဲ၌ ထွက်ပေါ်လာသည်။
လေပြင်းတစ်ချက် တိုက်လိုက်သည်နှင့် ထိုအလံများက လျင်မြန်စွာ ကျယ်ပြန့်လာပြီး သူ့ပတ်ပတ်လည်တွင် စတင် လှည့်ပတ်လာကြသည်။
၎င်းက လျှပ်တစ်ပြက် အတွင်း လေဟာနယ် စွမ်းအား သဏ္ဍာန်ဖြစ်လာပြီး ကျင့်ခယ်၏ ဖိအားကို ဆန့်ကျင်သည့် အတားအဆီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က ဒုတိယထပ်ရှိ အိပ်ခန်းထဲတွင် ရှိနေကြဆဲ ဖြစ်သည်။
ဝမ်လင်းက ဤမြင်ကွင်းကို အဝေးမှကြည့်ရင်း အလံများ၏ သက်တမ်း မည်မျှ ရှိသည်ကို တစ်ချက်ကြည့်ရုံမျှဖြင့် ဆုံးဖြတ်နိုင်ခဲ့သည်။
အနည်းဆုံးတော့ ၎င်းအရာများကို ရှေးခေတ်ကတည်းက ဖန်တီးခဲ့ခြင်းဖြစ်သည်။
ယင်းက ကွာဖီ ချန်ထားရစ်ခဲ့သည့် အနက်ရောင် ဓားလောက် ဟောင်းနွမ်းနေပြီ ဖြစ်၏။
"အင်မော်တယ်စံအိမ် ရဲ့ အမြစ်က အတော်ကို နက်ရှိုင်းပါလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ထန်ချမ့်၏ အစီရင်ခံစာအရ ရောက်ရှိလာသူမှာ အရှေ့ဘက်ဌာနခွဲ၏ အကြီးအကဲ တစ်ဦးမျှသာ ဖြစ်ပြီး ဂိုဏ်း၏ အပြင်စည်း အကြီးအကဲများထဲမှ အဆင့်မြင့် ပုဂ္ဂိုလ်သာ ဖြစ်သည်။
အကယ်၍ အပြင်စည်း အကြီးအကဲ တစ်ဦးပင် ရှေးခေတ် မှော်ရတနာ အမျိုးအစားကို ပိုင်ဆိုင်နိုင်သည် ဆိုလျှင် အတွင်းစည်းထဲမှ လူများ၏ ကြွယ်ဝမှုကို မှန်းဆနိုင်ပေသည်။
မှော်အလံများ၏ အကာအကွယ်ကြောင့် လူလတ်ပိုင်း အရွယ် အမျိုးသားအပေါ် ကျရောက်နေသည့် ဖိအားများက လျော့နည်းသွားသည်။
သူ၏ ခွန်အားက အကန့်အသတ် ရှိသဖြင့် ဤမှော်အလံများ၏ ပြီးပြည့်စုံသော စွမ်းအားကို ကောင်းစွာ မထိန်းချုပ်နိုင်သော်လည်း သူ့အမြင်အရ ဤမှော်အလံများမှာ ပထမတန်းစား သိဒ္ဓိလက်နက်နှင့် တန်းတူဖြစ်၏။
ထိုကဲ့သို့ အစွမ်းထက်သော မှော်အလံများဖြင့် ဖွဲ့စည်းထားသော အတားအဆီးသည် ဓားချီ၏ ထိုးဖောက်မှုကို တွန်းလှန်ရန် လုံလောက်ပေသည်။
ထို့အပြင် သူ၏မှော်အလံ အတားအဆီးသည် အကာအကွယ်အတွက်တင် အသုံးကျသည် မဟုတ်ချေ။
ဤနေရာကို ရောက်လာရသည့် သူ၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ ဓားဝိညာဥ်ကို ဖမ်းဆီးရန် ဖြစ်သည်။
ယခု သူ့အား ဝန်းရံထားသည့် မှော်အလံများသည် ရှေးခေတ်က စွမ်းအားကြီးသော မှော်လက်နက် တစ်ခု ဖြစ်ရာ ဓားချီကို ဖမ်းမိသည်နှင့် ဓားဝိညာဉ်ကို နှိမ်နင်းနိုင်မည် ဖြစ်၏။
"ငါ့ရဲ့ မှော်အလံတွေက ရှေးခေတ်ကတည်းက စပြီး မရေမတွက်နိုင်တဲ့ ဓားဝိညာဉ်တွေကို ဖမ်းယူနိုင်ခဲ့တယ်.. မင်း သန်မာတာလောက်ကတော့ စာမဖွဲ့တော့ဘူး"
အရှေ့ပိုင်း ဌာနခွဲမှူးက သူ့ရှေ့ရှိ အညိုရောင်ဝိညာဉ် အလင်းတန်းကို စိုက်ကြည့်ကာ ရယ်မောလိုက်သည်။
ထို့နောက် သူက သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ လေထုက တုန်ခါသွားပြီး ပြန့်ကျဲနေသော မှော်အလံများက လေထဲတွင် စုစည်းကာ ဧရာမ လှောင်အိမ်ကြီး တစ်ခု အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။
"ဒီအလံတွေက ဝိညာဥ်ဖိနှိပ်မှော်အလံတွေ ဖြစ်နေပါလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က အသိအမှတ်ပြု၍ ရေရွတ်လိုက်သည်။
"ဓားစာရင်းထဲက နာမည်ကြီး ဝိညာဥ်ဓား တော်တော်များများက ဒီမှော်လက်နက်အောက်မှာ ကျရှူံးသွားခဲ့တယ်.. ဒီဝိညာဥ်ဖိနှိပ်မှော်အလံတွေကို ဖန်တီးတဲ့သူက နတ်ဆိုးအိုကြီးဟန် နဲ့ ထူးခြားတဲ့ ဆက်စပ်မှု ရှိတယ်လို့ ငါကြားဖူးတယ်"
ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အပြည့်အ၀ ဖွင့်လိုက်ပြီး ဝိညာဉ်ဖိနှိပ်မှော်အလံများကို စိုက်ကြည့်နေခဲ့သည်။
ဤသည်မှာ ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း ကောင်းကင်မျက်လုံးကို ဖွင့်လိုက်စဉ်တွင် အနီးကပ် အကွာအဝေးကနေ ပထမဆုံးအကြိမ် သတိပြုမိခြင်းလည်း ဖြစ်သည်။
ထိုမျက်လုံးများက အဆုံးမရှိသော ဝိညာဉ်ရေး စွမ်းအားများ ပါ၀င်နေပုံရသည့် ရွှေရောင် ပွင့်ချပ်များလိုပင်။
မျက်လုံး ဖွင့်လိုက်သည်နှင့် လူအများကို မရေမတွက်နိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေသည်။
သူက ဝမ်လင်းကို တိုက်ရိုက် မကြည့်ဝံ့ဘဲ သူ့မျက်လုံးထောင့်ကနေသာ ကြည့်ရဲခဲ့၏။
လေထဲတွင်ရှိနေသည့် ဝိညာဥ်ဖိနှိပ်မှော်အလံများကို စိုက်ကြည့်ရင်း ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။
ယနေ့ကမ္ဘာပေါ်ရှိ ရှေးခေတ် မှော်လက်နက်များ အားလုံးတွင် တူညီသော အရာတစ်ခု ရှိသည်။
ယင်းမှာ ၎င်းတို့ထံတွင် လက်နက်ဝိညာဉ်များ ဆုံးရှုံးသွားခဲ့ခြင်းပင်။
သခင် မရှိသော ဤပစ္စည်းများတွင် လက်နက်ဝိညာဉ်များ မရှိသောကြောင့်သာ ကျင့်ကြံသူများက အသုံးပြုနိုင်ခြင်း ဖြစ်၏။
ရှေးခေတ် မှော်လက်နက် တစ်ခုတွင် လက်နက်ဝိညာဉ်သာ ရှိခဲ့လျှင် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပင် ၎င်းကို ကိုင်ဆောင်နိုင်မည် မဟုတ်ပေ။
သို့သော် ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံး အစွမ်းဖြင့် ဤဝိညာဥ်ဖိနှိပ်မှော်အလံများ၏ ပတ်ပတ်လည်တွင် ထူးဆန်းသော ဥပဒေသ များစွာ ရှိနေကြောင်း ပြောပြနိုင်၏။
ယင်းက သူ့မျက်လုံးထဲတွင် အလွန်ထူးဆန်းသော မှော်ဆန်သည့် လက်နက်တစ်ခု ဖြစ်သည်။
အဝေးမှ တစ်စုံတစ်ယောက်က ထိုအရာကို လည်ပတ်လုပ်ဆောင်နေသည်ဟု သူခံစားခဲ့ရပြီး အရှေ့ပိုင်းဌာနခွဲမှူးမှာ ၎င်း၏ သခင်အစစ် မဟုတ်ကြောင်း သူခံစားခဲ့ရသည်။
ဤအချက်က ဝမ်လင်းရှာတွေ့သည့် ထူးဆန်းသော အချက်ဖြစ်၏။
............................
ယခုအခါတွင် ကျင့်ခယ်က ဝိညာဥ်ဖိနှိပ်အလံများဖြင့် ဖွဲ့စည်းထားသော လှောင်အိမ်ထဲတွင် အဖမ်းခံထားရပြီ ဖြစ်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက တည်ငြိမ်သော အမူအရာဖြင့် ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြသတော့မည့် မက်မွန်သစ်သားဓား၏ ဓားဝိညာဉ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ခဏအကြာတွင် မက်မွန်သစ်သားဓားပေါ်မှ ဝိညာဉ်အလင်းတန်းများ ပြန့်ကျဲသွားသည်ကို သူမြင်လိုက်ရပြီး
လှောင်အိမ်ထဲတွင် ၎င်း၏ ရုပ်သွင်အစစ်အမှန်က တဖြည်းဖြည်း ပေါ်လာခဲ့သည်။
အညိုရောင်အင်္ကျီ နှင့် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် အသက် ဆယ်နှစ်ဝန်းကျင်ခန့်သာ ရှိသော ကလေးက အေးစက်စက် မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေသည
ဝိညာဥ်ဖိနှိပ်အလံများဖြင့် စီရင်ထားသည့် ဧရာမ လှောင်အိမ်ကို ကြည့်ရင်း ကျင့်ခယ် သက်ပြင်းချလိုက်သည်။
ထိုအရာက ဆော့ကစားစရာ လက်နက်တစ်ခုဟု သူထင်ထားခဲ့၍ သူ၏ ပုံစံအမှန်ကို ထုတ်ဖော်ကာ ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့သော်လည်း လက်တွေ့တွင်မူ သူ့ကို စိတ်ပျက်စေခဲ့သည်။
ဆယ်စက္ကန့်လောက် အကြာတွင် လှောင်အိမ် အောက်ခြေမှ ခရမ်းရောင် အလင်းတန်းများ ထွက်လာပြီး နတ်ဆိုးဖမ်းဘုရားကျောင်း ကဲ့သို့ လှောင်အိမ်ကို လင်းထိန်စေသည်။
ထိုခရမ်းရောင်အလင်းက ဓားဝိညာဉ် အများစုကို အချိန်တိုအတွင်း နှိမ်နင်းနိုင်သည့် အထူးဝိညာဥ် အလင်းရောင် တစ်မျိုး ဖြစ်သည်။
ခရမ်းရောင် အလင်းတန်းထဲတွင် ကျင့်ခယ်က ဂရုမစိုက်ဟန်ဖြင့် သမ်းဝေလိုက်သည်။
သူက မခုခံခဲ့ပေ။
သူ့အမူအရာက တည်ငြိမ်နေ၏။
"ငါလုပ်နိုင်ခဲ့ပြီ"
ကျင့်ခယ် မလှုပ်ရှားဘဲ ငြိမ်သက်နေသည်ကို မြင်လျှင် သက်လတ်ပိုင်း အရွယ် အမျိုးသားက အလွန်တရာ ပျော်ရွှင်နေခဲ့သည်။
ဤခရမ်းရောင်အလင်းနှင့် ကြာကြာ ရင်ဆိုင်ရလေလေ ဓားဝိညာဉ်က အားနည်းလေလေ ဖြစ်သည်။
သူက အဝေးကနေ ဓားဝိညာဉ်ကို လှမ်းကြည့်နေခဲ့သည်။
ခရမ်းရောင်အလင်းထဲတွင် ကျင့်ခယ်ရပ်နေပုံမှာ မိုက်ခရိုဝေ့ဖ်ထဲတွင် ရပ်နေသကဲ့သို့ပင်။
ငါးမိနစ်လောက်အကြာတွင်
"အချိန်ကျပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျင့်ခယ် ရှိသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း အလွန် သဘောကျနေသည်။
သူက လယ်ယာထဲတွင် အသီးအရွက်များ ရိတ်သိမ်းရ သကဲ့သို့ ရွှင်လန်းမြူးထူးနေ၏။
ဤတစ်ခေါက် မစ်ရှင်က အင်မော်တယ်စံအိမ်တွင် ထိပ်တန်းအဆင့်ရာထူး တိုးမြှင့်ခံရရန် အတွက် နောက်ဆုံးအဆင့်လည်း ဖြစ်သည်။
သူက ကျင့်ခယ် အနီးသို့ ချဉ်းကပ်ပြီး လက်ဟန်များ ထုတ်ဖော်ကာ စည်းတံဆိပ်များ ဖန်တီးလိုက်သည်။
အဆုံးသတ်တွင် သူ့လက်ဖြင့် စည်းတံဆိပ်များကို ထိန်းချုပ်၍ အော်ဟစ်လိုက်၏။
"တံဆိပ်ခတ်"
သူ၏ ကျယ်လောင်သော အော်သံ ဆုံးသည်နှင့် လှောင်အိမ်ထဲမှ ဓားဝိညာဥ်က ခရမ်းရောင် အလင်းအောက်တွင် ရုန်းကန်နေခဲ့ရသည်။
ထို့နောက်တွင် လေထဲမှာ ရှိသည့် ဤဧရာမ လှောင်အိမ်က လက်တစ်ဝါးစာ အရွယ်အစား အထိ တဖြည်းဖြည်း ကျုံ့သွားခဲ့ပြီး အရှေ့ပိုင်း ဌာနခွဲမှူး၏ လက်ထဲကို ရောက်ရှိသွားခဲ့သည်။
"ငါလုပ်နိုင်ပြီ"
လက်ထဲတွင် လှောင်အိမ်ကို ကိုင်ထားရင်း သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာက ရွှင်မြူးသွားသည်။
အရာအားလုံးက ချောချောမောမော ဖြစ်သွားခဲ့သည် မဟုတ်ပါလား။
......................
ဖြစ်စဉ်တစ်ခုလုံးက အလွန် တိတ်ဆိတ်နေခဲ့သည်။
ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် တို့က ဒုတိယထပ်ရှိ အိပ်ခန်းထဲကနေ အရာရာကို အေးဆေးစွာ ကြည့်နေကြသည်။
ကျင့်ခယ်ကို ရည်ရွယ်ချက်ရှိရှိ ဖမ်းမိစေခြင်း..
ဤသည်မှာ ဝမ်လင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
"ငါတို့တွေ သခင်ကျင့်ခယ်ကို အနစ်နာခံခိုင်းခဲ့မိပြီ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ကျေနပ်စွာ ရယ်မောနေသော သတ်လတ်ပိုင်း အမျိုးသားကို ကြည့်နေခဲ့သည်။
ဤအရှေ့ပိုင်း ဌာနခွဲမှူးက ကျင့်ခယ်ကို အင်မော်တယ်စံအိမ်၏ ဌာနချုပ်သို့ ခေါ်သွားတော့မည် ဖြစ်သည်။
ဌာနချုပ်သို့ရောက်လျှင် ကျင့်ခယ်က ဝမ်လင်းကို အချက်ပြမည် ဖြစ်၏။
ဝမ်လင်းက ကျင့်ခယ် ထံမှ အချက်ပြမှုကို လက်ခံရရှိသည်နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့်အတူ ထိုနေရာသို့ တိုက်ရိုက်ဝင်စီးကာ ဌာနချုပ်မှ လူများကို သုတ်သင်ပစ်မည် ဖြစ်သည်။
"အခု ငါတို့ သခင်ကျင့်ခယ် အချက်ပြတာကိုပဲ စောင့်ရတော့မယ်.. သူ့ဆီက အချက်ပြတာနဲ့ ငါတို့တွေ တိုက်ရိုက်သွားပြီး ဒီအကျင့်မကောင်းတဲ့ ကောင်တွေကို အနိုင်ယူကြမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။
"အင်း ဒါနဲ့ ညီနောင်လင်း.. အခုလေးတင်ပဲ အဖွဲ့ထဲက ညီအကို မောင်နှမတွေနဲ့ 'ဖက်တီးလော'က ဒီကိစ္စမှာ ပါဝင်ချင်တယ်လို့ တောင်းဆိုနေကြတယ်"
ဝမ်လင်း "......?....."
ဗုံးပစ်စီနီယာအင်မော်တယ်
"လူဆိုးတွေကို နှိမ်နင်းတော့မဲ့ အချိန်ဆိုရင် ညီအစ်ကို မောင်နှမတွေကို ခေါ်သွားတာက ထုံးစံပဲလေ"
ဝမ်လင်း "................"
ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန် စိတ်လှုပ်ရှားနေသည်။
"ဒီအင်မော်တယ် စံအိမ်က အတော်လေး ကြွယ်ဝတဲ့ပုံပဲ"