ညီနောင်ထုန်ရာက ယနေ့တွင်လည်း အားမာန်အပြည့်ရှိသည်
Vol. 19 Ch. 277
သာမန်ဝိညာဉ်ဓား တစ်ချောင်းက ၎င်း၏ သခင်နှင့် ဝေးကွာနေသော အခါတွင် အဆက်အသွယ်vပြတ်သွားတတ်သော်လည်း ကျင့်ခယ်ကမူ ကွဲပြားသည်။
ဝမ်လင်းက ကျင့်ခယ်၏ အော်ရာကို နေရာမရွေး အချိန်မရွေး ခံစားနိုင်ပေသည်။
ဤသည်မှာ ဓားဝိညာဥ်ကို လစဥ်တစ်ရက်ခန့် အချိန်ပေး၍ ရင်းနှီးမှု တိုးတက်စေခဲ့သည့် အကျိုးကျေးဇူးလည်း ဖြစ်၏။
ဝမ်လင်းက ကုတင်ပေါ်တွင် ထိုင်ရင်း ကျင့်ခယ်၏ အော်ရာကို ဂရုတစိုက် အာရုံခံလိုက်သည်။
သူ့ခေါင်းထဲတွင် ရေဒါတစ်လုံး ရှိနေသကဲ့သို့ ကျင့်ခယ် ဘယ်မှာ ရှိနေလည်းဆိုသည်ကို စကင်ဖတ်လိုက်ခြင်းပင်။
တစ်နာရီမပြည့်ခင်မှာပင် ဝမ်လင်းမျက်လုံး ဖွင့်လာသည်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က တွေ့လိုက်သည်။
"ညီနောင်လင်း.. ဘယ်လိုလဲ.. ဘာသတင်းရလဲ"
ဝမ်လင်းက ပုံကြမ်းဆွဲစွမ်းရည်ဖြင့် မြေပုံကို ဆွဲကာ အနီရောင်အစက်ဖြင့် အမှတ်အသား ပြုထားသော နေရာသို့ ညွှန်ပြလိုက်သည်။
"ဒါက.."
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်သွားသည်။
အင်မော်တယ်စံအိမ်၏ နောက်ဆုံး အမာခံနယ်မြေက ဆောင်းဥတု မြို့တော် ဖြစ်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။
ဆောင်းဥတုမြို့၏ တည်နေရာက အလွန်ထူးခြားသည်။
၎င်းက ဟွာရှို့နိုင်ငံ၏ မြောက်ဘက်စွန်းတွင် ရှိပြီး နယ်စပ်မှ ဘလက်လေး၏ ဓာတ်ခွဲခန်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။
၎င်းနေရာနှစ်ခုက မြေပုံ၏ အစွန်းနှစ်ဖက်တွင် တည်ရှိသည်။
ဆောင်းဥတုမြို့တော် အလွန် ထူးခြားနေရသည့် နောက်ထပ် အကြောင်းရင်းမှာ သာမန်လူ တစ်ယောက်က ထိုနေရာ၏ အအေးဒဏ်ကို မခံနိုင်သောကြောင့် မြို့တော်အတွင်း သာမန်လူ မရှိခြင်းပင်။
ကျင့်ကြံခြင်းလောကထဲမှ မှော်ရတနာများ ရောင်းဝယ် ဖောက်ကားသည့် ကုန်သည်များမှာ ဤနေရာကို မုန်းတီးကြသည်။
အဆင့်နိမ့်မှော်ရတနာများမှာ ဆောင်းဥတုမြို့တွင် အသက်ဆက်ရန် နည်းလမ်းမရှိပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်စံအိမ်၏ ဌာနချုပ် ဖြစ်နိုင်ချေရှိသည့် နေရာများစွာကို ယခင်က ခန့်မှန်းခဲ့သော်လည်း ဆောင်းဥတုမြို့ကိုမူ တစ်ခါမှ မတွေးခဲ့မိပေ။
ဆောင်ဥတုမြို့က အလွန် စိတ်ပျက်ဖွယ်ကောင်းသော ပတ်ဝန်းကျင် တစ်ခု ဖြစ်သော်လည်း ကျင့်ကြံရန် အလွန်သင့်လျော်သည့် အပြင် ဟွာရှို့နိုင်ငံ၏ စစ်အင်အား အများအပြားမှာလည်း ထိုနေရာတွင် တပ်စွဲထား၏။
သာမန်အသိကို အခြေခံ၍ တွေးတောလျှင်ပင် ထိုနေရာ၌ မည်သူမှ အမှောင်ဂိုဏ်းကို ထူထောင်ဝံ့မည် မဟုတ်ပေ။
သို့ရာတွင် သူ့တွက်ချက်မှုက မှားသွားခဲ့သည်။
"တကယ်ပဲ ဆောင်းဥတုမြို့လား"
အဖြူရောင်ဝတ် လူငယ်က နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ကာ အလျင်အမြန် စဥ်းစားခန်း ဝင်နေခဲ့သည်။
သူတို့က ယခုအခါ အင်မော်တယ်စံအိမ်၏ ဌာနချုပ်တည်နေရာကို သိရှိသော်လည်း ပြဿနာအသစ် တစ်ခု ဖြစ်လာသည်။
ဆောင်းဥတုမြို့တော်တွင် လေဆိပ်မရှိပေ။
အဘယ်ကြောင့်ဆိုသော် အတိတ်ကာလက အင်ဂျင်အေးခဲပြီး ထိုရလဒ်အဖြစ် မတော်တဆမှု များစွာကို ဖြစ်ပွားစေသောကြောင့် ဖြစ်သည်။
ဆောင်းဥတုမြို့သို့ သွားရောက်သည့် သယ်ယူပို့ဆောင်ရေး၏ ယေဘုယျပုံစံမှာ ကျည်ဆန်ရထား ဖြစ်သည်။
"အဲဒီကို တည်နေရာရွှေ့လိုက်လို့မရဘူးလား"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထွင်ထျန်းဟာက ရုတ်တရက် ပြောလာသည်၊
ဗုံးပစ်စီနီယာ အင်မော်တယ်က လုံးဝ အံ့ဩသွားခဲ့သည်။
"ညီနောင်ဖားက ဘယ်အချိန်ကတည်းက စကားပြောနိုင်သွားတာလဲ"
ထွင်ထျန်းဟာ "ငါအရင်ထဲက စကားပြောပါတယ်.. ဟုတ်ပြီလား.."
"ငါတောင်းပန်ပါတယ်.. ညီနောင်လင်းရဲ့ နောက်ကိုလိုက်ရင် ဘယ်သူမဆို ပုလင်းဝကို ဘူးဆို့ပိတ်ထားသလို ဖြစ်သွားမယ်လို့ ထင်မိလို့ပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က ရယ်၍ ပြောလိုက်သည်။
"ဆောင်းဥတုမြို့မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေ အများကြီးရှိတယ်.. သူတို့က အပြင်လူတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြတယ်"
အင်မော်တယ်စံအိမ်၏ ရုံးချုပ်က ထိုနေရာတွင် ရှိနေသောကြောင့် ၎င်းတို့၏ ထိပ်တန်း ခေါင်းဆောင်များသည် ၎င်းတို့၏ အထောက်အထားများကို ဖုံးကွယ်ထားနိုင်ဖွယ် ရှိသည်။
သူတို့အုပ်စုက ကျည်ဆန်ရထားစီးရန် အတွက် တတိယမျိုးဆက် ID ကတ်များကို အသုံးပြုနိုင်၏။
ပုံမှန်လမ်းကြောင်းများမှ တဆင့် ခရီးသွားခြင်းသည် အမှန်တကယ် စိတ်အချရဆုံး နည်းလမ်း ဖြစ်သည်။
"ညီနောင်လင်းက ငါတို့ကို အဲဒီနေရာဆီ တည်နေရာ ရွှေ့ပေးခဲ့ရင်တောင် ငါတို့ရဲ့ အထောက်အထားတွေကို စိစစ်လိုတဲ့ ရဲတွေရဲ့ တားဆီးတာကို ခံရရင် အဆင်မပြေ ဖြစ်လာလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းအား လှည့်ကြည့်လိုက်သည်။
"ညီနောင်လင်း.. ဘယ်လိုထင်လဲ.. ဒီကိစ္စကို မင်းဘယ်လိုလုပ်ချင်လဲ"
ဝမ်လင်း သက်ပြင်းချလိုက်သည်။
ခေါင်းကို မော့ကာ ဆောင်းဥတုမြို့တော် ရှိရာ ဆီသို့ လှမ်းကြည့်လိုက်သည်။
"ငါတို့တွေ မင်းဆုံးဖြတ်တာကို လိုက်နာမယ်"
ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်ရင်း စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
"............."
ဝမ်လင်းက ထိုကိစ္စနှင့် ပတ်သက်၍ တွေးတောရင်း သူ့ဘဝတွင် ကျည်ဆန်ရထားကို တစ်ခါမှ မစီးခဲ့ဖူးကြောင်း ရုတ်တရက် အမှတ်ရသွားသည်။
................
ဇွန်လ ၂၆ ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ဒသမ အပတ်ထဲတွင် ဖြစ်သည်။
ဝမ်လင်း သူ့ကိုယ်စား ကျောင်းတက်ရန် အတွက် ကိုယ်ပွားတစ်ကောင်ကို ချန်ထားခဲ့သည်။
စုန့်ဟိုင် မီးရထားဘူတာသို့ သူရောက်လာသောအခါ ကောင်းကင်က စတင် လင်းရုံသာ ရှိသေး၏။
ထိုအချိန်က နံနက်စာဆိုင်များသာ ဖွင့်လေ့ရှိသောအချိန် ဖြစ်ပြီး အရသာရှိသော မုန့်ဆိုင်များမှာ မီးဖိုကို စတင် အပူပေးရုံသာ ရှိသေးသည်။
ဝမ်လင်းက ကျင့်ကြံသူများ အတွက် အထူးသီးသန့်ထားရှိသော VIP ဧည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ဤအချိန်၌ အနီးနားတွင် လူသိပ်မရှိသော်လည်း အထူးဧည့်ခန်း အပြင်ဘက်တွင် ပုံမှန်စောင့်ဆိုင်းနေသော လူအရေအတွက်ကမူ တစ်နာရီအတွင်း မြင့်တက်လာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဆောင်းဥတုမြို့ အတွက် ရထားလက်မှတ်များကို ကြိုတင် မှာယူထားပြီး နံနက် ၆ နာရီ ၄၀ တွင် ထွက်ခွာမည် ဖြစ်သည်။
ဝမ်လင်းက နောက်ကျတတ်သည့် အလေ့အထ မရှိသဖြင့် စောစောရောက်လာခဲ့၏။
သူက ခေါင်းငုံ့၍ ရထားလက်မှတ်တွင် ဖော်ပြထားသည့် ဆိုက်ရောက်မည့် အချိန်ကို ကြည့်လိုက်သည်။
ဤနေရာကနေ ဆောင်းဥတုမြို့ကို ကျည်ဆန်ရထားနှင့် သွားလျှင် သုံးနာရီမျှသာ ကြာမည်ဖြစ်၏။
သုံးနာရီကြာပြီး နောက်တွင် အချိန်တိုင်းလိုလို သူ၏ အေးချမ်းသော ဘဝကို အမြဲ နှောင့်ယှက်နေသော အမှောင် အင်အားစုမှာ ဤကမ္ဘာမြေပြင်မှ လုံးဝ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ရထားလက်မှတ်ကို ကြည့်ရင်း အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။
သူက ဘဝကို ထူးခြားမှု မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ ဖြတ်သန်းချင်ခဲ့သည်။
အဘယ်ကြောင့် သူ့ကို လှုပ်ရှားဖို့ အတင်းအကြပ် ဖိအားပေးနေရသနည်း။
ထိုအကြောင်းကို စဉ်းစားနေစဥ်မှာပင် သူ့လက်ပတ်နာရီမှ ဖုန်းသံ မြည်လာသည်။
ယင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ ဖြစ်၏။
"ညီနောင်လင်း မင်းရောက်နေပြီလား.. ငါအခုပဲ ညီနောင်လောကို ဝင်ခေါ်ပြီး ဘူတာရုံကို လာနေပါပြီ.. ဆယ်မိနစ်လောက် နေရင် ငါတို့ရောက်မယ်.. ဂရုချက်ထဲက ချိုက်လျန်လည်း ငါတို့နဲ့ အတူပါလာမယ်"
"ညီနောင်ထုန်ရာကတော့ ငါတို့နဲ့ အတူ လိုက်မလာဘူး.. သူ့မှာ ပြဿနာအချို့ ရှိနေတယ်.. ညီနောင်လင်း.. မင်းသူ့ကို ကူညီပေးနိုင်ရင် ကူညီပေးလိုက်ပါ"
"...???..."
ဝမ်လင်း၏ အမူအရာက အံ့ဩသွားသည်။
"သူ့မှာ တိုက်ပွဲဝင် ခြင်္သေ့တစ်ကောင် ရှိတယ်ဆိုတာ မင်းသိတယ် မဟုတ်လား.. သိပ်မကြာခင်ကပဲ အဲဒီ ခြင်္သေ့က အကြောင်းရင်း မသိရဘဲ ဒေါသပုန်ထလာတယ်"
ဝမ်လင်းက အံ့အားသင့်သော အမူအရာ ဖြစ်နေသည်။
"ဒါဆို ခြင်္သေ့က သူ့သခင်ကို.. "
ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်လင်း ညစ်ညစ်ပတ်ပတ် မတွေးပါနဲ့.. ညီနောင်ထုန်ရာက ခြင်္သေ့ ဒေါသပုန်ထနေတာကို မသိဘဲ အနှောင့်ယှက် သွားပေးမိတယ်.. ဒါကြောင့် ရလဒ်အနေနဲ့ ခြင်္သေ့က သူ့ခေါင်းကို ပါးစပ်ထဲ ငုံထားလိုက်တယ်.. အခုထိ မလွှတ်သေးဘူး"
ဝမ်လင်း "............"
......................
ဗုံးပစ်စီနီယာ အင်မော်တယ် ဖုန်းချပြီး ငါးမိနစ်ခန့် အကြာတွင် ဝမ်လင်းက ကျောပေါ်တွင် ခြင်္သေ့တစ်ကောင် ခုန်တက်ပြီး ဦးခေါင်းခဲ ခံထားရသည့် လူငယ်တစ်ယောက် အထူးသီးသန့်ခန်းထဲသို့ ဝင်လာသည်ကို မြင်ခဲ့ရသည်။
ထိုလူငယ်၏ အပေါ်ပိုင်းတွင် သွေးများပေကျံနေ၏။
ဗုံးပစ်စီနီယာ အင်မော်တယ် ပြောခဲ့သလိုပင်။
ဤခြင်္သေ့က အင်မော်တယ်ထုန်ရာ၏ ခေါင်းကို ပါးစပ်ထဲတွင် ခဲထားပြီး လွှတ်ပေးလိုပုံမရပေ။
ဝမ်လင်း "..........."
ဤမြင်ကွင်းက မြင်ရသူတိုင်း အတွက် အလွန် ကြောက်စရာကောင်းပြီး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။
"ဧည့်ခန်းထဲကို အိမ်မွေးတိရစ္ဆာန်မဝင်ရ" ဟူသော စည်းကမ်းကို ချိုးဖောက်သည့် အတွက် အင်မော်တယ်ထုန်ရာ၏ နောက်ကနေ လုံခြုံရေးအစောင့်တွေက လိုက်လာသည်။
သို့သော် ပေါ်ပေါ်ထင်ထင် ရှေ့ထွက်၍ ကိုင်တွယ်ရန်အတွက်မူ အလွန် ကြောက်လန့်နေကြ၏။
အဆုံးသတ်တွင် အဝေးမှ သတိပေးရန် အတွက် အသံချဲ့စက်ကိုသာ သုံးနိုင်တော့သည်။
"ဟိုရှေ့ကလူကြီးမင်း.. ဧည့်ခန်းထဲမှာ အိမ်မွေးတိရစ္ဆာန်တွေကို ခွင့်မပြုပါဘူး"
အသံချဲ့စက်၏ စူးရှသော အသံကြောင့် တိုက်ပွဲဝင် ခြင်္သေ့က ထိတ်လန့် တုန်လှုပ်သွားပြီး လုံခြုံရေး အစောင့်အဖွဲ့ကို ၎င်း၏ မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်သည်။
အစောင့်များက ချက်ချင်းပင် ချွေးပြန်လာပြီး စကားမပြောရဲတော့ပေ။
တစ်ယောက်ချင်းစီက ငိုချင်လာသော်လည်း မျက်ရည်မကျခဲ့ပေ။
"အမေရေ ဒီခြင်္သေ့က အရမ်း ကြောက်စရာကောင်းတယ်"
"မင်္ဂလာပါ စီနီယာလင်း"
လူငယ်က ဝမ်လင်း၏ အော်ရာကို ခံစားလိုက်ရသည်။
ဝမ်လင်းကို အဝေးကနေ နှုတ်ဆက်ဖို့ သူ့လက်ကို မြှောက်လိုက်၏။
ဝမ်လင်း"............"
အင်မော်တယ်ထုန်ရာက ဝမ်လင်းက သူ့ရှေ့တွင် ရှိနေကြောင်း သိလိုက်ရသဖြင့် ကယ်တင်ရှင်ကို တွေ့လိုက်ရသလို အားတက်သွားသည်။
"စီနီယာလင်း.. မင်းငါ့ကို ကူညီပေးနိုင်မလား"
ဝမ်လင်းက သက်ပြင်းတစ်ချက် ချကာ ခြင်္သေ့ဆီသို့ ဖြည်းညှင်းစွာလျှောက်လာရင်း အင်မော်တယ်ထုန်ရာကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ဝမ်လင်းက အော်ရာကို ထုတ်လွှတ်၍ ခြင်္သေ့ကို ရစ်ပတ်လိုက်ပြီးမှ ခြင်္သေ့ကို လက်ညိုးဖြင့် ထောက်လိုက်၏။
ထိတ်လန့် တုန်လှုပ်သွားသော ခြင်္သေ့က ချက်ချင်းပင် ကြောက်လန့်သွားသဖြင့် အမွေးအားလုံး ထောင်သွားသည်အထိပင်။
အဆုံးသတ်တွင် သူက အင်မော်တယ်ထုန်ရာ၏ ဦးခေါင်းကိုလွှတ်ကာ ကျောပေါ်မှ ခုန်ဆင်းလိုက်သည်။
၎င်းက ဝမ်လင်းကို အလွန်ထိတ်လန့်နေသဖြင့် မြေပြင်ပေါ်တွင် တဆတ်ဆတ် တုန်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ် စီနီယာလင်း"
လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလိုပဲ.. အဆုံးသတ်တွင် လူငယ်လေးက လေကောင်းလေသန့်ကို ရှုရှိုက်လိုက်၏။
ထို့နောက် အင်မော်တယ်ထုန်ရာက သူ့အသွင်အပြင်ကိုဂရုမစိုက်ဘဲ တိုက်ပွဲဝင်ခြင်္သေ့၏ အောက်ဘက်အပိုင်းကို ပွတ်သပ်လိုက်သည်။
"ဒီကောင်ကြီးက စိတ်အရမ်းလှုပ်ရှားသွားလို့ပါ.. ဒါပေမယ့် အခုကစပြီး ဘယ်တော့မှ ထပ်မဖြစ်တော့ဘူး ထင်ပါတယ်"
ဝမ်လင်း "............"
[မင်းမှာ စိတ်မှတ်ရောရှိသေးရဲ့လား]