← Chapters

ကံကြမ္မာ... ဖော်ပြခြင်းဌာ မစွမ်းသာအောင်ဆန်းကြယ်သည်

Vol. 19 Ch. 278

ကံကြမ္မာ... ဖော်ပြခြင်းဌာ မစွမ်းသာအောင်ဆန်းကြယ်သည်

Vol. 19 Ch. 278

အင်မော်တယ်ထုန်ရာ သူ့ကို အကူအညီတောင်းပြီး သိပ်မကြာခင်မှာပင် ဝမ်လင်းက အခန်းအပြင်ဘက်ရှိ လေထုထဲမှ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

ယင်းက ရဟတ်ယာဉ်တစ်စင်း ဆင်းသက်လာသည့် အသံဖြစ်သည်။

ရဟတ်ယာဥ်ပေါ်တွင် ဝမ်လင်းနှင့် ရင်းနှီးမှု သိပ်မရှိသော သင်္ကေတတစ်ခု ပါရှိသည်။

၎င်းက ကြယ်ခုနှစ်ပွင့် အထူးတပ်ဖွဲ့၏ ရဟတ်ယာဥ် ဖြစ်၏။

ထိုအချိန်က ကြယ်ခုနှစ်ပွင့် အထူးတပ်ဖွဲ့၏ အကြံပေးအဖြစ် ဗုံးပစ်စီနီယာအင်မော်တယ်က သူ့ကို လှည့်စားခဲ့သည်။

"ရှင်သန်ခြင်းပြိုင်ပွဲ အပြီးမှာ ဗိုလ်ချုပ်ရီက ငါ့ကို ကြယ်ခုနစ်ပွင့် အထူးတပ်ဖွဲ့ရဲ့ အကြံပေးအဖြစ် ဖိတ်ခေါ်ခဲ့တယ်.. ဒီရာထူးက ဒီကနေ့မှာ အသုံးဝင်လာမယ်လို့ ငါတကယ် မထင်မိဘူး"

အင်မော်တယ်ထုန်ရာက ခြင်္သေ့ကို ရဟတ်ယာဉ်ဖြင့် ပြန်ပို့ရန် စဥ်းစားရင်း မျက်ခုံးကို ပင့်၍ ကောင်းကင်ကို ကြည့်လိုက်သည်။

"ဒါပေမယ့် ဒီရဟတ်ယာဉ်ကို ငှားပြီးရင် လောင်စာဆီဖိုးတော့ ပေးဆောင်ရပါသေးတယ်.. ဒီရဟတ်ယာဥ်က လောင်စာအဖြစ် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုရတာလေ.. တွက်ကြည့်ရင် တစ်မိနစ်ကို ယွမ် တစ်သန်းလောက် ကုန်ကျပါတယ်"

ထိုစကားကိုကြားပြီးနောက် ဝမ်လင်း၏ နှုတ်ခမ်းများက ရွဲ့စောင်းလုနီးပါး ဖြစ်သွားခဲ့သည်။

"..............."

ယင်းက "ငွေရှိလျှင် ဘာမဆိုလုပ်လို့ရသည် "ဟူသော စကားအတိုင်းပင် မဟုတ်လော။

.........................

အင်မော်တယ်ထုန်ရာက သူ့ခန္ဓာကိုယ်တွင် စွန်းထင်းနေသော သွေးများကို သန့်ရှင်းရေးလုပ်ရန် သန့်စင်ခြင်း မှော်အစီအရင်ကို အသုံးပြုလိုက်သည်။

"စီနီယာလင်း.. ဗုံးပစ်စီနီယာ အင်မော်တယ် မကြာခင် ရောက်လာတော့မယ်.. စီနီယာတို့တွေ စကားပြောရင်း ကျနော့်ကို ခဏစောင့်ပေးပါ"

ထို့နောက် သူက VIP ဧည့်ခန်းထဲရှိ အဝတ်လဲခန်း ဆီသို့ လျှောက်သွားခဲ့သည်။

ဝမ်လင်းက ဧည့်ခန်း နံရံပေါ်ရှိ နာရီကို ကြည့်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဖုန်းပြောပြီးကတည်းက ရေတွက်လျှင် ဆယ်မိနစ်ခန့် ရှိနေပြီ ဖြစ်သည်။

သူသိသလောက် ဗုံးပစ်စီနီယာ အင်မော်တယ်ထံ၌ နောက်ကျတတ်သော အလေ့အထ မရှိပေ။

"လမ်းမှာ တစ်ခုခုဖြစ်နေတာများလား"

ဝမ်လင်းက ထိုသို့တွေးမိရင်း စိုးရိမ်စ ပြုလာသည်။

သူ့မျက်ခွံများလည်း လှုပ်ခါစပြုနေပြီ ဖြစ်၍ သူ၏ အတွေးကို အပြစ်တင်၍မရပေ။

သူက အကြောင်းတစ်ခုခုကြောင့် နိမိတ်မကောင်းသည့် ခံစားချက်ကို ရရှိနေသည်။

နှစ်မိနစ်ခန့်အကြာတွင် ရိုးရာဝတ်စုံဝတ်ထားသည့် လူတစ်စု VIP ခန်း အဝင်ဝ၌ ပေါ်လာသည်။

အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ ဦးဆောင်မှုဖြင့် ၎င်းတို့က ဝမ်လင်းထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ကြ၏။

ဤမြင်ကွင်းအတွက် "စူပါစတား"သီချင်းက ပြီးပြည့်စုံသော နောက်ခံသီချင်း ဖြစ်ကြောင်း သူ ခံစားခဲ့ရသည်။

တိတ်ဆိတ်နေသော ဧည့်ခန်းမ အတွင်း၌ ထိုင်နေသည့် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် အတူ လိုက်ပါလာသည့် ဓမ္မရာဂျာနှင့် ဖက်တီးလော တို့ကို ကြည့်လိုက်သည်။

သူတို့နောက်တွင် အရိပ်အဖွဲ့ ခေါင်းဆောင်ထက် ဆွဲဆောင်မှု မနိမ့်သော အမျိုးသမီး တစ်ဦးလည်း လိုက်ပါလာသည်။

သူမက ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်တွင် ကြာပန်းသဏ္ဍာန် ကလစ်ကို တပ်ထား၏။

ထိုအမျိုးသမီးက ချိုက်လျန် ဖြစ်သည်ကို ဝမ်လင်း သိနေ၏။

လွန်ခဲ့သည့် ခြောက်နှစ်က ကမ္ဘာခြား ဂိတ်တံခါး ဆင်းသက်လာချိန်နှင့် နှိုင်းယှဉ်လျှင် သူမက အလွန်တရာ ပြောင်းလဲသွားသည်ဟု သူခံစားမိသည်။

တစ်ခုတည်းသော ခြားနားချက်မှာ သူမ၏ အော်ရာက ယခုအခါတွင် ပိုမို တည်ငြိမ်လာခြင်း ဖြစ်သည်။

ချက်ဂရုမှ လူတိုင်းက ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ကျင့်ကြံရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေကြသဖြင့် နေ့စဉ်နှင့်အမျှ တိုးတက်လာခဲ့သည်။

သူက ချိုက်လျန်ကို မှတ်မိသော်လည်း သူမက သူ့ကို မှတ်မိပုံမရပေ။

ဆိုရလျှင် ဤတစ်ခေါက်က သူတို့၏ ပထမဆုံး တွေ့ဆုံမှုတော့ မဟုတ်ချေ။

လွန်ခဲ့သည့်ခြောက်နှစ်၊သူ ဆယ်နှစ်သားအရွယ်က တွေ့ဖူးပြီးထိုအချိန်က သူ့ကို သန့်စင်ဆေးရည်ပင် ပေးခဲ့ဖူးသည်။

ယခုတိုင် ဝမ်လင်းက ဤကိစ္စကို မှတ်မှတ်ရရ ရှိနေဆဲပင်။

အခန်းထဲသို့ ဝင်လာပြီးနောက် ချိုက်လျန်က စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"စီနီယာလင်းရော.. စီနီယာလင်းက ဘယ်သူလဲ.."

"............"

သူမရဲ့ ရုပ်ရည် ပြောင်းလဲမသွားရုံ သာမက သူမ၏ ပင်ကိုစရိုက်ကလည်း လွန်ခဲ့သည့် ခြောက်နှစ်လောက်ကလိုပင် ထိန်းမနိုင်သိမ်းမရ ဖြစ်နေပုံရ၏။

ဝမ်လင်းက ချိုက်လျန်၏ အသံကိုကြားလျှင် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။

ချိုက်လျန်၏ ပထမဆုံး အထင်အမြင်က ဝမ်လင်းကို ပထမဆုံးအကြိမ် မြင်ဖူးသူ အများစု ကဲ့သို့ပင်။

လင်းကျန်းရန်က အားမာန်အပြည့်ဖြင့် အလွန်နုနယ်လွန်းပြီး လူငယ်များကဲ့သို့ အကန့်အသတ်မဲ့ လန်းဆန်းနေသည်ဟု သူမ ခံစားမိခဲ့သည်။

[ဒီလိုမျိုးဖြစ်အောင် သူဘယ်လိုတောင် လုပ်ခဲ့တာလဲ"

"ဒါက ညီနောင်လင်းပဲ"

ဝမ်လင်းဆီသို့ လျှောက်လာပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဖက်ရင်း မိတ်ဆက်ပေးလိုက်သည်။

"ဒီနေရာမှာ စီနီယာလင်းနဲ့ တွေ့ခွင့်ရမယ်လို့ မထင်ခဲ့မိဘူး.. တွေ့ရတာ ဝမ်းသာပါတယ်"

ချိုက်လျန်က လက်ဆွဲနှုတ်ဆက်ရင်း ဝမ်လင်း၏ လက်ကို ကြည့်နေခဲ့သည်။

သူမက စိတ်လှုပ်ရှားလွန်း၍ ငိုချင်နေပုံရ၏။

ဤကဲ့သို့ လက်ဆွဲ နှုတ်ဆက်လိုက်သည့် အခိုက်တွင် ဝမ်လင်းက ချိုက်လျန်၏ ကိုယ်တွင်းပိုင်းမှ ဒဏ်ရာ အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။

ထိုဒဏ်ရာက လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာခန့်က ရရှိခဲ့သော ဒဏ်ရာ ဖြစ်သည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ သူကြားဖူးသည်။

ယင်းဒဏ်ရာက သက်သာ ပျောက်ကင်းနိုင်သော်လည်း ပြန်လည်ကောင်းမွန်မှုနှုန်းမှာ အလွန်တရာ နှေးကွေး၏။

ထိုအချိန်က ချိုက်လျန်မှာ ပြီးပြည့်စုံသော အခြေအနေ တစ်ခုတွင် ရှိခဲ့သော်လည်း ဒဏ်ရာရရှိပြီးနောက်တွင် သူမ၏ နယ်ပယ်အဆင့်က များစွာ ပြန်လည် ဆုတ်ယုတ်သွားခဲ့သည်။

လွန်ခဲ့သည့် ရာစုနှစ် အနည်းငယ်ကစပြီး သူမ၏ ဒဏ်ရာ အခြေအနေက တည်ငြိမ်လာပြီး တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

ယခုအခါတွင် သူမက နတ်မိုးကြိုး အမွေအနှစ်ကို ဆက်ခံထားသည့် ဓမ္မရာဂျာနှင့် တူညီသော အဆင့်တွင် ရှိသည်။

.......................

"ဒါ ငါတို့လူ အကုန်ပဲလား"

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိတ်ချင်း ဆက်သွယ်၍ မေးလိုက်သည်။

"အဝတ်လဲခန်းထဲက ညီနောင်ထုန်ရာ အပါအဝင်ဆို ငါတို့လူ၇ယောက် ပါဝင်ပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ် ပြုံး၍ ဖြေလိုက်သည်။

လူခုနစ်ယောက်လား...

ယခုရေတွက်ကြည့်လိုက်ရာ သူအပါအဝင် လူခြောက်ယောက်သာ ရှိ၏။

ဝမ်လင်းက သတ္တမမြောက် တစ်ယောက် ရှိဦးမည်ဟု မထင်ထားခဲ့ပေ။

သူက မကောင်းသော ခံစားချက်ကို ရရှိနေသည်။

ဗုံးပစ်စီနီယာအင်မော်တယ်

"လင်းကျန်းရန်ကို ပြောဖို့မေ့နေတယ်.. မကြာသေးမီကပဲ ဒီညီနောင်ကို စစ်ဆေးပြီး ငါတို့ ချက်ဂရုရဲ့ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တယ်.. သူက ငါနဲ့ခင်တာတော့ နှစ်အတော်ကြာပါပြီ.. အခု သူအိမ်သာသွားနေလို့ မတွေ့ရတာပါ..ခဏနေ သူပြန်လာလိမ့်မယ်.. ညီနောင်လင်း သူ့ကို မြင်လိုက်တာနဲ့ သေချာပေါက် အံ့သြသွားမှာပါ"

ဗုံးပစ်စီနီယာ အင်မော်တယ် စကားဆုံးသည်နှင့် ဝမ်လင်းက သူတွေ့လိုသော ၇ယောက်မြောက်လူကို ချက်ချင်းတွေ့လိုက်ရ၏။

သူက အဝေးကနေ အဖြူနှင့် အပြာအစင်း ဝတ်စုံကို ဝတ်ဆင်ထားသည့် ခြေတံရှည်များကို မြင်လိုက်ရသည်။

လူငယ်လေးက တောက်ပစွာ ပြုံး၍ သူ့ဆီသို့ လျှောက်လှမ်းလာ၏။

ဖန့်ရှင်း...

[သူက ဘာလို့ဒီနေရာမှာ ပေါ်လာတာလဲ]

ဝမ်လင်းက သူ၏ အံ့သြမှုကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

"မင်္ဂလာပါ အတန်းဖော်ဝမ်လင်း"

သူအနားသို့ ရောက်လာသည်နှင့် ဖန့်ရှင်းက ဝမ်လင်းကို ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

ထိုအပြုံးက ဝမ်လင်း အတွက် ပဟေဠိဆန်နေ၏။

"ငါ လူတိုင်းနဲ့ မိတ်ဆက်ပေးပါရစေ.. ဒါက ညီနောင်ဖန့်ရှင်းပါ.. ငါတာဝန်တစ်ခုကို ထမ်းဆောင်ရင်း သူနဲ့တွေ့ဆုံ သိကျွမ်းခဲ့တာပါ"

ထိုစကားကို ပြောပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် ရယ်မောလိုက်သည်။

"တကယ်တော့ ညီနောင်ဖန့်ရှင်း နဲ့ ချိုက်လျန်က အရင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖူးပြီးသားပါ"

"အို.. ဟုတ်လား"

ချိုက်လျန်က မရေရာသော လေသံဖြင့် မေးလိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်နှစ်က ကမ္ဘာခြား ဂိတ်တံခါးကနေ ဆင်းသက်လာခဲ့တဲ့ နတ်ဆိုးဘုရင်ကို မင်း မှတ်မိသေးလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

ချိုက်လျန်က ထိုအဖြစ်အပျက်ကို ပြန်သတိရပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"အိုး.. အဲဒီတုန်းက အဖြစ်အပျက်ကို ငါမှတ်မိသေးတယ်.. နတ်ဆိုးဘုရင်က ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေ ရောင်းတဲ့ ရာစုသစ် စတိုးဆိုင်ကြီးပေါ် တိုက်ရိုက် ဆင်းသက်ခဲ့တာလေ.. အဲဒီနားမှာ ကြောက်ရွံ့နေတဲ့ ဆယ်နှစ်သား ကလေး တစ်ယောက်ကိုတောင် ငါ ကယ်ခဲ့ရသေးတယ်"

ဝမ်လင်း "............"

"အမှတ်3600၊ ဝိညာဥ်စီးကြောင်းလမ်း၊ အဲဒါက နာမည်ကျော် ရာစုသစ် စတိုးဆိုင်ရဲ့ လိပ်စာပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က စကားကို ခေတ္တ ရပ်တန့်လိုက်သည်။

"ညီနောင် ဖန်ရှင်းတို့ မိသားစုပိုင် ခေါက်ဆွဲဆိုင်က အဲဒီဆိုင်ရဲ့ဘေးမှာပဲလေ.. ဒါကြောင့် နတ်ဆိုးဘုရင် ဆင်းသက်လာတဲ့အခါ ညီနောင် ဖန့်ရှင်းက အခင်းဖြစ်တဲ့ နေရာရဲ့ ပထမဆုံး သက်သေလို့တောင် ပြောလို့ရတယ်"

ဝမ်လင်း ".............."

All Chapters