လူကြီးမင်းက ဆရာကြီး ဝမ်လင်းလား
Vol. 19 Ch. 282
ဤသည်မှာ ဝိညာဉ်စွမ်းအင် သတင်းခေတ်၏ ကြောက်စရာကောင်းသော အရာ ဖြစ်သည်။
ယခင် တံခါးပိတ် ကျင့်ကြံခဲ့ကြသော ကျင့်ကြံသူ အများအပြားမှာ တံခါးပိတ်ကျင့်ကြံနေသည့် အတောအတွင်း ကျင့်ကြံခြင်း လောကကြီး ဤမျှ အတိုင်းအတာ အထိ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တတိယမျိုးဆက် ID ကတ်ကို တစ်ချက် ပွတ်ဆွဲရုံဖြင့် မည်သည့်နေရာတွင်ဖြစ်စေ၊ စနစ်က ချက်ချင်း မှတ်တမ်းယူနိုင်၏။
ထောင်အုပ်လျန့်၏ ရုံးခန်းရှိ စကိုင်းနက် စနစ်သည် တစ်နိုင်ငံလုံးကို လွှမ်းခြုံထားပြီး ရာဇဝတ်ကောင်များကို ခြေရာခံ ဖမ်းဆီးနိုင်သည့် စူပါကွန်ပျူတာ တစ်မျိုး ဖြစ်သည်။
လက်ရှိတွင် ၎င်းက ဟွာရှို့နိုင်ငံ၏ အကြီးမားဆုံး ရာဇ၀တ်မှုများကို တိုက်ဖျက်ရန်နှင့် သံသယရှိသူများကို လျင်မြန်စွာဖမ်းဆီးနိုင်စေရန် အကူအညီ ပေးနေ၏။
၎င်း၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုမှာ တတိယမျိုးဆက် ID ကတ် ကွန်ရက်စနစ် ဖြစ်သည်။
ယင်းက ဝမ်လင်း စိတ်ကူးထားတာထက် ပိုမို လျင်မြန်စွာ အလုပ်လုပ်နိုင်၏။
ဆိုရလျှင် စူပါကွန်ပျူတာက ဝမ်လင်း အပြင် တခြားသူများ၏ အမြင်ကိုပါ ပြောင်းပြန်လှန်ပစ်ခဲ့ခြင်းပင်။
သူတို့၏ ID ကတ်များကို စီစစ်ပြီးချိန်က ငါးမိနစ်သာ ကြာခဲ့သော်လည်း စုန့်ဟိုင်မြို့မှာရှိသည့် ကျိုးရီက သတင်းရရှိထားပြီ ဖြစ်၏။
ဖုန်းထဲမှ ကျိုးရီး အသံကို နားထောင်ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ကျန်လူများက အေးအေးဆေးဆေး ဖြစ်သွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်
"ဒါဆို ဒီကားကို လွှတ်လိုက်တဲ့သူက ကျိုးရီလေးပေါ့"
"ကျိုးရီလေးက ဘယ်သူလဲ"
'ဖက်တီးလော'က မေးလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်"သူ့နာမည်က ကျိုးရီ၊ စုန့်ဟိုင်မြို့ရဲ့ ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာဖြစ်တဲ့အပြင် ငါတို့ လင်းကျန်ရန်ရဲ့ တပည့်လည်း ဖြစ်တယ်.. ကြုံကြိုက်ရင် အားလုံးနဲ့ မိတ်ဆက်ပေးပါ့မယ်"
"အိုး.. ကားကို လွှတ်ပေးလိုက်တာ ကျိုးရီလေးလား"
ချိုက်လျန် နှင့် ဓမ္မရာဂျာတို့က နားလည်သဘောပေါက်သွား သည်
သူတို့ ရောက်နေသည့် နေရာသို့ အစိုးရလိုင်စင်နံပါတ် ပါသော အနက်ရောင် လုပ်ငန်းသုံးကားက ချဥ်းကပ်လာပြီး ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
ကားမှန်ကို အောက်သို့ ချလိုက်သည့်အခါ ဝမ်လင်းက ကားထဲတွင် ကတုံးဆံတောက်ကေနှင့် အသက်သုံးဆယ် အရွယ် လူငယ်တစ်ဦးကို ဝတ်စုံပြည့်ဖြင့် တွေ့လိုက်ရသည်။
ထိုလူက ကားထဲမှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဝမ်လင်းကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"လူကြီးမင်းက ဆရာကြီး ဝမ်လင်းလား"
ဤလူငယ်လေးက ဝမ်လင်းနှင့် အရင်က မဆုံဖူးသော်လည်း ကျိုးရီက ဝမ်လင်း၏ ဓာတ်ပုံတစ်ပုံပေးခဲ့ပြီး အေးတိအေးစက် မျက်နှာပေးရှိသည်ဟု မှာကြားခဲ့သည်။
ထို့ကြောင့် လူငယ်က တစ်ချက်ကြည့်ရုံဖြင့် ဝမ်လင်းကို ရွေးထုတ်နိုင်ခဲ့ခြင်းပင်။
ဆရာကြီး ဝမ်လင်း..
ဝမ်လင်း၏ နှုတ်ခမ်းများက တဆတ်ဆတ်တုန်ယင်သွားသည်။
"ကျနော့် နာမည်က အောင်မြင်ခြင်းကျိုး ပါ.. ဆရာကျိုးရီက ကျနော့်ကို စီနီယာတွေကို ကြိုဖို့အတွက် စေလွှတ်လိုက်တာပါ"
လူငယ်က သူ့ကိုယ်သူ ရိုးရှင်းစွာ မိတ်ဆက်လိုက်သည်။
"လူကြီးမင်းတို့ ကျေးဇူးပြုပြီး ကားထဲဝင်ပါ.. လူကြီးမင်းတို့အစီအစဉ်တွေ အတွက် လိုအပ်တာရှိရင် ကျနော့်ကို ပြောလို့ရပါတယ်.. ဘာမှအားမနာပါနဲ့"
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်ခုံးပင့်လိုက်သည်။
"ကျိုးရီလေးက တပည့်တစ်ယောက်ကို ဘယ်တုန်းက လက်ခံခဲ့တာလဲ"
အောင်မြင်ခြင်းကျိုး ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"တကယ်တော့ ကျနော်က ဆောင်းဥတုမြို့က အထက်တန်းကျောင်းပေါင်း ၁၀၀ ရဲ့ အထွေထွေအုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူးပါ.. ဆရာကျိုးရီက ကျနော့်ကို သူ့ရဲ့ တပည့်အဖြစ် ခေါ်ထားတာ မကြာသေးပါဘူး.. လက်ရှိမှာတော့ သူ့ရဲ့ အလုပ်လုပ်ကိုင်ပုံတွေကို သင်ယူနေပါတယ်"
အိုး..ဒါဆို ကျိုးရီက အလုပ်နဲ့ ပတ်သက်ပြီး မင်းရဲ့ ဆရာပေါ့"
ဗုံးပစ်စီနီယာ အင်မော်တယ် ချက်ချင်း သဘောပေါက်သွားတယ်။
ကျိုးရီသာ ဤလူငယ်၏ ဆရာ ဖြစ်ခဲ့မည်ဆိုလျှင် ဝမ်လင်းက ဆရာဖိုးဖိုး ဖြစ်သွားလိမ့်မည် မဟုတ်လော။
သို့ဖြစ်ခဲ့လျှင် ဤလူငယ်လေးက အမှန်တကယ် ကံထူးသွားပေပြီ။
........................
ကားထဲတွင် အောင်မြင်ခြင်းကျိုးက စတီယာရင်ခွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဆောင်းဥတုမြို့ကို ရောက်လာသည့်သူ အားလုံးက ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ကျော်ကြားသည့် အကြီးအကဲများ ဖြစ်ပြီး မည်သူ့ကိုမှ မစော်ကားမိဖို့ ကျိုးရီက သူ့ကိုအသေအချာ မှာကြားခဲ့သည်။
အထူးသဖြင့် ၎င်းတို့ အားလုံးထဲတွင် အငယ်ဆုံးနှင့် အချောဆုံး လင်းကျန်းရန်ကို အထူး လေးစားရန် မှာကြားခဲ့သည်။
လင်းကျန်းရန်က အေးစက်စက် မျက်နှာထားရှိပြီး စကားမပြောဘဲ နှုတ်ဆိတ်နေရသည်ကို နှစ်သက်သူ ဖြစ်သည်။
ထို့အပြင် သူက ကျိုးရီ ညွှန်ကြားခဲ့သည့် အတိုင်း ရှေ့ခရီးသည် ထိုင်ခုံ၏ ပစ္စည်းထည့်သည့် အံထဲ၌ ခေါက်ဆွဲအကြွပ်ကြော် အဆာပြေမုန့်များကိုပင် ပြင်ဆင်ခဲ့သည်။
သို့သော် စိတ်လှုပ်ရှားနေသဖြင့် ယခုအချိန်အထိ ဝမ်လင်းကို ပေးရန် အာရုံစူးစိုက်၍ မရသေးပေ။
အောင်မြင်ခြင်းကျိုးက နောက်ကြည့်မှန်ကို မကြည့်မီ ပစ္စည်းထည့်သည့် အံကို စိုက်ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
"အကြီးအကဲတို့.. ဘယ်ကို သွားချင်တာလဲ"
"စန်းယွမ်လမ်းကိုသိလား"
'ဖက်တီးလော'က လက်ထဲတွင် မြေပုံတစ်ခုကို ကိုင်ရင်း မေးလိုက်သည်။
"စန်းယွမ်လမ်းလား"
အောင်မြင်ခြင်း ကျိုးက ခေါင်းညိတ်လိုက်သည်။
"ဒါက ဆောင်းဥတုမြို့ရဲ့ မြို့စွန်က အရမ်းဝေးတဲ့ လမ်းတစ်ခုပါ.. ဒါပေမယ့် အဲဒီနေရာက ဝိညာဥ်စွမ်းအင်တွေ လွှမ်းခြုံထားတဲ့အတွက်ကြောင့် နဂါးဖြူဘုံကျောင်း၊ ကံကြမ္မာနဂါးဓားဂိုဏ်း နဲ့ အခြားများစွာသော ဂိုဏ်းအများစုက ဒီနေရာမှာ အရင်က တည်ရှိခဲ့ကြတယ်.. ဒါပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ မြောက်ဘက်စွန်းမှ အအေးဓာတ်က ဆောင်းဥတုမြို့ကို ရွေ့သွားတဲ့ အတွက် အဲဒီနေရာရဲ့ အပူချိန်က ပိုပြီး ကျဆင်းသွားခဲ့တယ်.. အဲဒီနောက်မှတော့ အခြေခံ တည်ဆောက်ခြင်း အဆင့် တပည့်တွေက ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကို လုံးဝ တောင့်မခံနိုင်တော့တာကြောင့် ဒီဂိုဏ်းတွေ အားလုံးက နေရာရွှေ့လိုက်ကြတယ်"
"နဂါးဖြူ ဘုံကျောင်းနှင့် ကံကြမ္မာနဂါးဓားဂိုဏ်းလား"
ထိုစကားကိုကြားလျှင် ဝမ်လင်းက စိတ်ဝင်စားသွားသည်။
သူတင်မကဘဲ ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် တခြားသူတွေ အားလုံးကလည်း စိတ်ဝင်စားနေကြသည်။
နဂါးဖြူဘုံကျောင်းမှာ ၎င်း၏ ပုံသဏ္ဍာန်ရှစ်မျိုး အစီအရင်ဖြင့် လူသိများခဲ့သည်။
ကံကြမ္မာနဂါးဓားဂိုဏ်းကမူ ကောင်းကင်ပိုင်းဖြတ် နည်းစနစ်ဖြင့် တစ်နိုင်ငံလုံးတွင် ကျော်ကြားခဲ့သည်။
ဤဂိုဏ်းနှစ်ဂိုဏ်းက ရှည်လျားသော သမိုင်းကြောင်းမရှိသော်လည်း အခြေခံ တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အစပျိုးရာ မူလဘူတ အရပ် ဖြစ်သည်။
ထို့အပြင် နိုင်ငံတစ်ဝှမ်းလုံး၌ ဌာနခွဲ အဖွဲ့အစည်း အများအပြား ရှိသည့်အပြင် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများ၏ အကောင်းဆုံး မြေတောင်မြှောက်ပေးနိုင်သည့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံထားရ၏။
အောင်မြင်ခြင်းကျိုးက ဆောင်းဥတုမြို့ ဇာတိ ဖြစ်ပြီး ဤနေရာတွင် ကြီးပြင်းလာသောကြောင့် ထိုနေရာ၏ ဓလေ့ထုံးတမ်းနှင့် ပထဝီဝင်ကို ရင်းနှီးခဲ့သည်။
ကျိုးရီက ဝမ်လင်းတို့ အဖွဲ့ကို အကူအညီးပေးရန် ဤတစ်ကြိမ်တွင် မှန်ကန်သောလူကို ရှာတွေ့ခဲ့သည်ဟု ဆိုနိုင်သည်။
အကြီးအကဲများ၏ စူးစမ်းသော အကြည့်ကို မြင်လိုက်ရလျှင် အောင်မြင်ခြင်းကျိုးက စကား ဆက်၍ မပြောမီ အနည်းငယ်စဉ်းစားလိုက်သည်။
"ဟုတ်ပါတယ်.. ဂိုဏ်းနှစ်ဂိုဏ်းက ရာသီဥတုကြောင့် ဆောင်းဥတုမြို့ကို ထွက်သွားတယ်လို့ လူတိုင်းက ပြောကြပေမဲ့ ထွက်သွားဖို့ တွန်းအားပေး ခံရတာလို့ ပြောနေကြတာတွေလည်း ရှိတယ်"
ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ထိတ်လန့်သွားသည်။
"ဘယ်လိုမျိုးလဲ"
"တချို့က ဂိုဏ်းနှစ်ဂိုဏ်းရဲ့ အကြီးအကဲတွေက ပစ္စည်းဥစ္စာနည်းနည်းပါးပါးပဲ လျော်ကြေးရပြီး ထွက်သွားရတယ်လို့ ပြောကြတယ်.. အတင်းအကြပ် မောင်းထုတ်ခံရတယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်.. ဘာပဲဖြစ်ဖြစ် မူမမှန်တာတော့ အမှန်ပဲ"
အောင်မြင်ခြင်းကျိုးက ရယ်မော၍ ပြောလိုက်သည်။
တကယ်တမ်းတွင် ထိုအကြောင်းက ဆောင်းဥတုမြို့၏ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
လူအများစုက ထိုကောလဟလများကို ကြားဖူးကြသော်လည်း အသေးစိတ်ကိုမူ မည်သူမှ မသိကြပေ။
မည်သို့ပင် ဆိုစေကာမူ စန်းယွမ်လမ်းသို့ သွားရာလမ်းတွင် အောင်မြင်ခြင်းကျိုးက သူသိထားသည်များကို ဖောက်သည်ချခဲ့သည်။
၎င်းက စန်းယွမ်လမ်းရှိ နဂါးဖြူ ဘုံကျောင်း နှင့် ကံကြမ္မာနဂါးဓားဂိုဏ်း၏ နေရာဟောင်းများနှင့် စတင်ခဲ့သည်။
ဤဂိုဏ်းနှစ်ဂိုဏ်းက ၎င်းတို့၏ ဌာနချုပ်များကို McDonald's နှင့် KFC ကဲ့သို့ မနီးမဝေးတွင် တည်ထောင်ထားကြပြီး ၎င်းတို့အသီးသီးက စန်းယွမ်လမ်းရှိ ဝိညာဉ်သတ္တုကြောကို သိမ်းပိုက်ထားကြသည်။
ယခုအခါတွင် သယံဇာတ အရင်းအမြစ် ဖြစ်သည့် ဝိညာဉ်သတ္တုကြောများမှာ တိုင်းပြည်တွင် အလွန်ရှားပါးနေပြီ ဖြစ်သည်။
ဤနှစ်များ တစ်လျှောက်တွင် ဤဂိုဏ်းနှစ်ခုက ဝိညာဥ်သတ္တုကြော တစ်ဝက်စီကို သိမ်းပိုက်ထားခဲ့ကြသည်။
မြေယာအရင်းအမြစ် ဗျူရိုမှ စီနီယာ အရာရှိများက ၎င်းတို့နှင့် အကြိမ်ကြိမ် ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
သို့သော် လွန်ခဲ့သော ဆယ်နှစ်ခန့်က စပြီး ဂိုဏ်းနှစ်ဂိုဏ်းစလုံးမှာ ထိုနေရာနှင့် အဝေးသို့ ရွှေ့သွားခဲ့၏။
အောင်မြင်ခြင်း ကျိုးက ယင်းအတွက် အကြောင်းပြချက်ကို မသိသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ အင်မော်တယ်စစံအိမ်ကို ထိုဖြစ်ရပ်တွင် ထည့်တွက်၍ စဥ်းစားမိလိုက်သည်။
"ဒါဆို အခု စန်းယွမ်လမ်းရဲ့ ဝိညာဉ်သတ္တုကြော ပိုင်ရှင်က ဘယ်သူလဲ"
"ကျနော် မသိဘူး.. ကျနော် သိတာတစ်ခုက အဲဒါက မျိုးနွယ်စုလည်းမဟုတ်ဘူး ဂိုဏ်းနှစ်ဂိုဏ်းလည်း မဟုတ်ဘူး.. ကောလဟာလ တစ်ခုအရတော့ ဂိုဏ်းနှစ်ဂိုဏ်း ပိုင်တဲ့မြေတွေ အားလုံးကို တစ်စုံတစ်ယောက်က အကုန်ဝယ်လိုက်တာဆိုပဲ"
အောင်မြင်ခြင်းကျိုးက ကားမောင်းရင်း ပြောခဲ့သည်။
"မင်းဘယ်လိုသိနိုင်တာလဲ"
အောင်မြင်ခြင်းကျိုးက ရှင်းပြလိုက်သည်။
"ဒါနဲ့ပတ်သက်ပြီး ပြောရရင် ဝိညာဉ်သတ္တုကြောက တကယ်ကို အဆင့်မြင့်မားတဲ့ ရတနာ အမျိုးအစား ဖြစ်တဲ့အတွက် အထက်တန်း စီမံခန့်ခွဲရေးတွေ လုပ်ဆောင်နိုင်တဲ့ သူကပဲ ရယူနိုင်ခွင့် ရှိတာလေ.. ထူးဆန်းတာက စန်းယွမ်လမ်းက ဒီဝိညာဥ်သတ္တုကြောပေါ်မှာ အဆောက်အဦးတွေ လုံးဝ ရှိမနေတာပဲ"
"အဆောက်အဦး မရှိဘူးလား"
"ဝှက်ထားတာများလား"
ကားပေါ်ရှိလူတိုင်းက အံသြသွားကြသည်။