ညီနောင်လင်း.. မင်း Twinkle Twinkle Little Star သီချင်းဆိုနိုင်မလား"
Vol. 19 Ch. 285
ဓမ္မရာဂျာထံမှ ရုတ်တရက် ညစ်ပတ်သော ဟာသကို ကြားလိုက်ရလျှင် လူတိုင်းက ချက်ချင်းပင် အံ့ဩသွားကြသည်။
ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ဆယ်စုနှစ်များစွာ ကြာအောင် ကျင်လည်ခဲ့သည့် ချိုက်လျန်ပင် ကူကယ်ရာမဲ့စွာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ဤစကားက မည်သူ့အတွက် မဆို အကန့်အသတ်ထက် ကျော်လွန်နေခဲ့၏။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်စေသည် အထိပင်။
"တွင်းပေါက်ထဲ ဝင်သွားတဲ့ ရေတံခွန် နှစ်ခု"
"ဒါကဘယ်လိုနာမည်ကြီးလဲ"
"ဘာလို့ လူတိုင်းက ဆွံ့အနေရတာလဲ.. ငါပေးတဲ့ နာမည်က မကောင်းဘူးလား"
ဓမ္မရာဂျာက သူ့လက်များကို ကူကယ်ရာမဲ့ ဝှေ့ယမ်းလိုက်သည်။
"ငါတို့အားလုံးက အရွယ်ရောက်ပြီးတဲ့ လူတွေပဲဟာ.. နည်းနည်းလောက် ညစ်ညစ်ပတ်ပတ် ပြောတာ ဘာပြဿနာရှိလို့လဲ"
"တကယ်တော့ ငါ့မှာ ပိုလို့တောင် အထင်ကြီးစရာကောင်းတဲ့ နာမည်မျိုး ရှိသေးတယ်.. အဲဒါကို မင်းတို့တွေ ကြားချင်သေးလား"
"မင်းပါးစပ်ကို ပိတ်ထားစမ်း.. ခွေးသား"
ဝမ်လင်း နှင့် ဖန့်ရှင်းတို့ ဘာမှပြန်မပြောမီတွင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အခြားသူများအားလုံးက တစ်ခဲနက်အော်ဟစ်လိုက်ကြသည်။
ဖန့်ရှင်း "............"
ဝမ်လင်း "..........."
..........................
ထိုအချိန်တွင် ကောင်းကင်မျက်လုံးမှ စွမ်းအင် ရောင်ခြည်ကြောင့် အာကာပြင် နံရံ တံတိုင်းကြီးက ပေါက်ကွဲပွင့်ထွက် သွားခဲ့သည်။
ပေါက်ကွဲသောနေရာတွင် လူတစ်ဦး ဖြတ်သန်းသွားလာရန်လုံလောက်သည့် အပေါက်တစ်ပေါက် ဖြစ်လာသည်။
အပေါက်၏ အနားသတ်များက လောင်ကျွမ်းနေပြီး မနှစ်မြို့ဖွယ်ကောင်းသည့် ညှော်နံ့ကို ပေးစွမ်းနေ၏။
ဤအပေါက်ကို စိုက်ကြည့်ရင်း ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"............."
သူ့အလင်းတန်းက ဤအာကာပြင် တံတိုင်းကို လုံးလုံးလျားလျား ပေါက်ကွဲအောင် လုပ်နိုင်မည်ဟု သူထင်ခဲ့သော်လည်း လူတစ်ယောက် ဝင်လောက်ရုံသာ ဖွင့်နိုင်ခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ် နှင့် အခြားသူများအဖို့ ဤအရာက မယုံနိုင်လောက်သော လုပ်ရပ်ဟု ထင်ခဲ့သော်လည်း ဝမ်လင်းကမူ ကျေနပ်မှုမရှိပေ။
ဝင်ပေါက်တစ်ခုဖွင့်ဖို့ပင် ထိုမျှခက်ခဲနေလျှင် ဝင်ပေါက်ထဲတွင် ကြုံတွေ့ရမည့် ရန်သူများမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းမည်မှာ သေချာသလောက်ပင်။
သူက စိတ်ထဲတွင် သက်ပြင်းချရင်း သူ့ညာလက်မောင်းတွင် ရစ်ပတ်ထားသည့် စည်းတံဆိပ်ကို အမှတ်တမဲ့ ကိုင်မိလိုက်သည်။
ဤစည်းတံဆိပ်ကို တစ်နေ့နေ့တွင် ဖယ်ရှား ရနိုင်မလား သူ အတိအကျ မသိသော်လည်း ထိုနေ့ကို ဘယ်တော့မှ မရောက်ပါစေနဲ့ဟုသာ ကျိတ်၍ ဆုတောင်းခဲ့သည်။
"သွားကြရအောင်.. ညီနောင်လင်းက ဒီအပေါက်ကို ဖွင့်ဖို့ လွယ်တာမဟုတ်ဘူး.. မင်းတို့တွေ အထဲရောက်ရင် ကိုယ့်ကိုယ်ကိုယ် သတိမပြတ် ဂရုစိုက်ကြပါ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရေခဲခရစ္စတယ် အစီအရင်ကို ရည်ရွယ်၍ တွေးတွေးဆဆ ပြောလိုက်သည်။
အဆုံးသတ်တွင် ရေခဲခရစ္စတယ် အစီအရင်မှာ ကွာဖီအသုံးပြုခဲ့သည့် အစီအရင်ထက်ပင် သာလွန်ကောင်းမွန်သော သိဒ္ဓိ အစီအရင် တစ်မျိုး ဖြစ်သည်။
ထို့အပြင် ထိုအစီအရင်၏ အစီအရင်ဝိညာဥ်၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အမှီအခိုကင်းသော စွမ်းရည်ရှိနိုင်သည်။
ဤနေရာသို့ ဝင်ရောက်လာသူ မည်သူမဆို အစီအရင်၏ စွမ်းအားကြောင့် ပြန့်ကျဲသွားဖွယ်လည်း ရှိနိုင်သည်။
ဝမ်လင်းက အာကာပြင် ဝင်ပေါက်ထဲသို့ ပထမဆုံး လှမ်းဝင်ခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းမှာ လျင်မြန်စွာပင် ပြောင်းလဲသွားသည်။
မြင်ကွင်းများက ပြောင်းပြန်မြင်ရသော မှန်ကဲ့သို့ သူ့အလိုလို ပြောင်းသွား၏။
ဝမ်လင်းက "စန်းယွမ်လမ်း"ဟူသည့် လမ်းညွှန်ဆိုင်းဘုတ်ကို "လမ်းစန်းယွမ်"ဟု အဝေးကနေ ပြောင်းပြန်မြင်လိုက်ရသည်။
ထို့ကြောင့် ဤအစီအရင်က ရေခဲ ခရစ္စတယ် အစီအရင် ခင်းကျင်းထားသည့် မှန်နေရာလွတ် ဟုတ်မှန်ကြောင်းကို အတည်ပြုနိုင်ခဲ့၏။
သူ့ရှေ့သို့ အဖြူရောင် ၀တ်စုံနှင့် လူငယ်တစ်ဦး တည်ငြိမ်စွာ ဆင်းသက်လာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းကဲ့သို့ နေရာလွတ်ထဲသို့ ရောက်လာခြင်း ဖြစ်၏။
၎င်းက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် ကျယ်လောင်စွာ ရေရွတ်လိုက်မိသည်။
"အလို.."
အစောပိုင်းက ဗလာဖြစ်နေသော စန်းယွမ်လမ်းမှာ ယခုအခါတွင် အင်မော်တယ်များ နေထိုင်ရာ ကောင်းကင်ဘုံ ကဲ့သို့ လေထဲတွင် လွင့်မျောနေသော ပြိုးပြိုးပြက်ပြက် တောက်ပသည့်နန်းတော် အမျိုးမျိုးဖြင့် ပြည့်ကျပ်နေသည်။
သူတို့နှစ်ယောက်က လမ်းဘေးမှာ ရပ်နေရင်း ကောင်းကင်ဘုံနန်းတော် ဒါဇင်ပေါင်းများစွာကို မြင်ခဲ့ရသည်။
အနီးအနားတွင်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ပစ္စည်း အများအပြားကို တွေ့ရသည်။
ကောင်းကင်ဘုံနန်းတော်များကို ဆန်းကြယ်သော ပစ္စည်း အစိတ်အပိုင်း များစွာဖြင့် ပြုလုပ်ထားပုံ ရသည်။
အုတ်တစ်ခုစီတိုင်းတွငိ ဝိညာဉ်စွမ်းအင်များ အပြည့်ရှိနေပြီး သူ့ကိုယ်သူ ပြန်လည် ထိန်းသိမ်းနိုင်စွမ်း ရှိ၏။
၎င်းတို့အားလုံးက သာမန်အရာများ မဟုတ်ပေ။
"ဒါအင်မော်တယ်စံအိမ်ရဲ့ ဌာနချုပ်လား... သူတို့က အရမ်းချမ်းသာကြွယ်ဝတဲ့ ဘုရင်တွေလိုပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့နှလုံးသားထဲကနေ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။
မည်သူမဆို ဤကဲ့သို့ ဇိမ်ခံပစ္စည်းများကို တွေ့လျှင် မနာလိုဖြစ်မည်မှာ သေချာ၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က ပုံပြင်တစ်ပုဒ်ကို ပြန်ပြောင်း တွေးမိခဲ့သည်။
ရှေးခေတ်က ဆင်းရဲသားတစ်ဦးက ချောက်ထဲသို့ ပြုတ်ကျပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့ပြီး ချောက်အောက်တွင် ရွှေရွာဟုခေါ်သော ရွာတစ်ရွာကို တွေ့ရှိခဲ့သည်။
ထိုရွာက ရွာဝင်ပေါက်ရှိ လမ်းညွှန်ဆိုင်းဘုတ်မှသည် အဆောက်အအုံများပေါ်ရှိ ကြွေပြားများအထိ၊ လူတိုင်း၏ အိမ်နောက်ဖေးတွင် ထားသော ကောက်ရိုးပုံများအထိ၊ အရာအားလုံးကို ရွှေဖြင့်ပြုလုပ်ထားခြင်း ဖြစ်သည်။
ယခု ဗုံးပစ်စီနီယာ အင်မော်တယ်ကလည်း ရွှေရွာထဲသို့ ရောက်သွားသလို ခံစားခဲ့ရသည်။
သူတို့က မှန်လောကထဲတွင် ရှိနေသောကြောင့် အရာရာက ပြောင်းပြန် ဖြစ်နေ၏။
ကောင်းကင်က တိမ်များပင် မတူကြပေ။
သို့သော် အချိန်ကမူ ပြင်ပကမ္ဘာနှင့် အတူတူပင်။
အဖြူရောင်ဝတ် လူငယ်လေးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ယခုအခါ နေဝင်ရီတရော ဖြစ်၍ မှောင်စပြုလာသည်။
ထူးဆန်းသည်မှာ ကြယ်များ ထွက်လာသည်နှင့် မိုးကုပ်စက်ဝိုင်း တစ်ခုလုံးက ကြယ်များဖြင့် ပြည့်လျှံနေသည့် ကြယ်မြစ်ကြီး တစ်ခုလို ဖြစ်လာခြင်းပင်။
အဖြူရောင်ဝတ်လူငယ်က ကောင်းကင်ကို ညွှန်ပြလိုက်သည်။
"ညီနောင်လင်း.. ဟိုမှာ ကြည့်စမ်း.. ကြယ်တွေ အများကြီးပဲ"
ဝမ်လင်း "............."
သိပ်မကြာခင်မှာပင် အဖြူရောင်ဝတ် လူငယ်က သူ့လက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။
ယင်းမှာ ဤကြယ်တွေက မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် အရွယ်အစား တစ်ဟုန်ထိုး ကြီးထွားလာသည်ကို သူ သတိပြုမိသောကြောင့်ပင်။
"ဒါက အထင် မဟုတ်ဘဲ တကယ်ကြီးလား"
ဗုံးပစ်စီနီယာအင်မော်တယ်က အသက်ကို ခပ်ပြင်းပြင်း ရှုသွင်း၍ မျက်စိမှိတ်လိုက်သည်။
ထို့နောက် မျက်လုံးကို ပြန်ဖွင့်လိုက်၏။
ယခင်က နှမ်းစေ့အရွယ်ရှိ ကြယ်များက ယခုအခါတွင် ကြိတ်ဆုံကျောက်များကဲ့သို့ ကြီးမားလာသည်။
"ဒါက ကြယ်တွေ မဟုတ်ဘူးပဲ"
၎င်းတို့က သိဒ္ဓိ အစီအရင်ဖြင့် အသက်သွင်းထားသည့် ဝိညာဉ်ကိုယ်ထည်များ ဖြစ်သည်။
တောက်ပနေသော "ကြယ်များ" ပို၍ နီးကပ်လာသော အခါမှပင် ဗုံးပစ်စီနီယာ အင်မော်တယ် ၎င်းတို့၏ အမှန်တကယ် ဖြစ်တည်မှုကို သဘောပေါက်ခဲ့သည်။
၎င်းတို့က ဝိညာဉ်နှင့်တူသည့် ဖောက်ထွင်း၍ မြင်နေရသော ဝိညာဉ် ကိုယ်ထည်များဖြစ်ပြီး အလင်းရောင်များ ဖြာထွက်နေ၏။
ဤအစီအရင်၏ အုပ်ထိန်းသူ ဝိညာဉ်များ ကောင်းကင်မှ ဆင်းသက်လာသည်နှင့်အမျှ လျင်မြန်စွာ အတူတကွ ပေါင်းစည်းသွားကြပြီး နောက်ဆုံးတွင် ဝမ်လင်းနှင့် ဗုံးပစ် စီနီယာ အင်မော်တယ်တို့၏ ရှေ့၌ တိုက်ရိုက်ရပ်နေသော အုပ်ထိန်းသူ ဝိညာဥ် ဧရာမ သားရဲ တစ်ကောင် အဖြစ် ဖွဲ့စည်းသွားခဲ့သည်။
၎င်းက ခြေနှစ်ချောင်းနှင့် ဦးခေါင်းနှစ်လုံး ပါရှိပြီး ပါးစပ်တွင် ငါးမန်းစွယ်များ ခပ်စိတ်စိတ် ပေါက်နေသည့် ဧရာမ မိစ္ဆာ ငါးကြီး တစ်ကောင် ဖြစ်သည်။
မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ ပါးစပ် တစ်ဖက်တစ်ချက်ရှိ နှုတ်ခမ်းမွှေးရှည် နှစ်ချောင်းက လေထဲတွင် ပြင်းထန်စွာ တဖျပ်ဖျပ် လှုပ်ရမ်းသွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က နှုတ်ခမ်းများ ရွဲ့စောင်းသွားသည်။
[ဒီနေရာက အုပ်ထိန်းသူ ဝိညာဉ်က Pisces များလား]
(pisces=ဆယ့်နှစ်ရာသီခွင်မှငါးနှစ်ကောင်ပုံမိန်ရာသီရုပ်)
[အခုချိန်က ဒီအကြောင်းကို စဉ်းစားရမဲ့ အချိန်မဟုတ်သေးဘူး]
ဗုံးပစ်စီနီယာ အင်မော်တယ်က မပြောမဆို ငါးပါးစပ်ထဲသို့ကောင်းကင်ဗုံးတစ်လုံး တိုက်ရိုက် ပစ်ထည့်လိုက်သည်။
အဆုံးသတ်တွင် ဤဧရာမငါးက ဗုံးဒဏ်ကို လုံးဝ မခံစားခဲ့ရပေ။
ငါးက ပါးစပ်ကို ဖွင့်လိုက်ပြီး ထူထဲသော မီးခိုးငွေ့များကို ပြန်ထုတ်လွှတ်သည်။
"ဒီအစီအရင် အုပ်ထိန်းသူ ဝိညာဥ်က ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်မှာ အနိမ့်ဆုံး ရှိတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။
မှန်နေရာလွတ်က သိဒ္ဓိ အစီအရင်၏ ထုတ်ကုန်တစ်ခု ဖြစ်သည်။
ဤကဲ့သို့ အစီအရင်တွင် ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်ရှိ အုပ်ထိန်းသူဝိညာဥ် ရှိနေသည်မှာ အဓိပ္ပာယ်ရှိပေသည်။
ဤအုပ်ထိန်းသူ ဝိညာဉ်၏ ဒုက္ခအပေးဆုံး အရာမှာ ၎င်း၏ ထူထဲပြီး ကြမ်းတမ်းသော အရေပြား ဖြစ်သည်။
၎င်းက သူ့ကိုယ်သူ ပြန်လည်ရှင်သန်နိုင်သော အစွမ်းထက်သည့် စွမ်းရည်နှင့် ပေါင်းစပ်ထားသေး၏။
ဤအခြေအနေတွင် ၎င်းကို သတ်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
.........................
ခေါင်းနှစ်လုံးပါသောငါးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
၎င်း၏ အစိတ်အပိုင်း တစ်ခုစီက ကြယ်ရောင်ကဲ့သို့ တောက်ပနေ၏။
ဤငါးကြီးကိုကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ကူကယ်ရာမဲ့ဖြစ်နေသည်။
နောက်ဆုံးတွင် သူက ဝမ်လင်းကို အကူအညီတောင်းရန် လှည့်ကြည့်လိုက်သည်။
"ညီနောင်လင်း.. မင်း Twinkle Twinkle Little Star သီချင်းဆိုနိုင်မလား"
[ဘာလဲဟ.. သီချင်းဆိုပြီး ချော့သိပ်ခိုင်းမလို့လား]
ဝမ်လင်းက ဧရာမ ငါးကြီးကို သုံးစက္ကန့်ကြာ စိုက်ကြည့်နေခဲ့သည်။
".............."
သူ သက်ပြင်းချလိုက်၏။
ထို့နောက် သူက လေထဲသို့ ခုန်တက်လိုက်ပြီး သူ့လက်ကို ဓားအဖြစ် အသုံးပြုကာ ငါးကြီးကို အစိတ်စိတ် ခုတ်ပိုင်းလိုက်သည်။
"ရှူး..."
ငါးကြီးက သူ၏ တိုက်ခိုက်မှုက ခံနိုင်ရည် မရှိခဲ့ပေ။
ယင်းအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ပြင်းထန်သော အက်ကွဲသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အစောပိုင်း တစ်စက္ကန့်လောက်က တောက်ပနေသော ဧရာမငါးကြီးမှာ ရုတ်တရက် ကျယ်လောင်စွာ နာနာကြီးကြီး အော်ဟစ်လိုက်၏။
ယခုတော့ ဧရာမ ခေါင်းနှစ်လုံးငါးမှာ အမှန်တကယ်ပင် ငါးခေါင်းအစပ်ပေါင်း ဖြစ်လာသည်။
ဗုံးပစ်စီနီယာအင်မော်တယ် "............."