← Chapters

နှစ်သစ်အတွက် ဗြောက်အိုးဖောက်ခြင်း

Vol. 20 Ch. 286

နှစ်သစ်အတွက် ဗြောက်အိုးဖောက်ခြင်း

Vol. 20 Ch. 286

ထိုအချိန်တွင်..

စန်းယွမ်လမ်းတစ်လျောက်ရှိ နန်းတော်များအောက်၌ လျှို့ဝှက်မြေအောက် နန်းတော်တစ်ခု ရှိနေသည်။

မြေအောက်နန်းတော် အတွင်းတွင် အနီရောင်ဝတ် ကျင့်ကြံသူတစ်ဦးက လက်ထဲတွင် ငွေရောင်ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထား၏။

ကြယ်ရောင် တောက်ပနေသော ဤဓား၏ ဓားသွားပေါ်တွင် ကြယ် ဆယ့်နှစ်လုံး အစီအရင် အသေးစားလေးကို ဖြန့်ကျက်ရေးဆွဲထားသည်။

အနီရောင်ဝတ် ကျင့်ကြံသူ၏ လက်ချောင်းထိပ်များက ဓားသွားပေါ်ရှိ ကြယ်ဆယ့်နှစ်လုံး အစီအရင်ပေါ်တွင် ချောမွေ့စွာ ရွေ့လျားနေ၏။

ယင်းအချိန်မှာပင် ကြယ်ဆယ့်နှစ်လုံး အစီအရင်က ရုတ်တရက် မှေးမှိန်သွားရာ အနီရောင်ဝတ်ကျင့်ကြံသူက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ရန်သူတွေက ငါတို့ရဲ့ အင်မော်တယ်စံအိမ်ကို ခက်ခက်ခဲခဲ ကျူးကျော်ဝင်ရောက်လာပုံရတယ်.. ကြယ်ဆယ့်နှစ်လုံး နန်းတော် အစီအရင်ရဲ့ အုပ်ထိန်းသူ ဝိညာဥ် ဆယ့်နှစ်ပါးထဲက Piscesက တိုက်ပွဲမှာ သေဆုံးသွားခဲ့ရပြီ.. သူ့ရဲ့ ဦးခေါင်းနှစ်ခု စလုံး နုတ်နုတ်စင်းခံခဲ့ရတယ်"

အရှေ့ပိုင်း ဌာနခွဲမှူးက လက်ထဲတွင် လှောင်အိမ်တစ်ခုကို ကိုင်ဆောင်ရင်း အံ့အားသင့်နေသည်။

"ဒီလူတွေ ဒီနေရာကို တကယ်ပဲ ရှာတွေ့ခဲ့တယ်လား"

"ဒီဓားကို ဖမ်းမိတာ လွယ်ကူလွန်းတယ်လို့ မင်းမတွေးမိဘူးလား.. ဒီကြောင်နဲ့ကြွက် နည်းဗျူဟာက အင်မော်တယ်စံအိမ်ရဲ့ ဌာနချုပ်ကို ရှာတွေ့ဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်လောက်တယ်"

အနီရောင်ဝတ် ကျင့်ကြံသူက ရယ်မောလိုက်သည်။

အရှေ့ပိုင်း ဌာနခွဲမှူး ထိတ်လန့်တကြား ဖြစ်သွားသည်။

"ဒါဆို ကျတော်တို့ အခု ဘာလုပ်သင့်လဲ"

"စိတ်မပူပါနဲ့လေ"

အနီရောင်ဝတ်ကျင့်ကြံသူက သူ့လက်ကို ဝှေ့ယမ်းကာ အရှေ့ပိုင်း ဌာနခွဲမှူး လက်ထဲရှိ လှောင်အိမ်အား စိုက်ကြည့်လိုက်၏။

"သူတို့က ငါတို့ကို ရှာတွေ့သွားတာလည်း ခပ်ကောင်းကောင်းပဲ.. ဝိညာဉ်ဓားနဲ့ ပိုင်ရှင်ကြားက ဆက်ဆံရေးကို ချိုးဖျက်ဖို့ ငါ့ရဲ့စွမ်းအင်ကို ဖြုန်းတီးနေစရာ မလိုတော့ဘူးပေါ့.. ဟားဟားပိုင်ရှင်သေသွားတာနဲ့ သူ့မှာ သခင်မရှိတော့ဘူးလေ"

"အတင့်ရဲပြီးမေးပါရစေ.. သူတို့ကို ကိုင်တွယ်ဖို့ အကြီးအကဲမှာ ယုံကြည်မှုရှိလား"

အရှေ့ပိုင်း ဌာနခွဲမှူးက မေးလိုက်သည်။

"သူတို့က ပုရွက်ဆိတ်လေးတွေပါကွာ"

အကြီးအကဲက ကြယ်ဓားကို လက်ထဲတွင် မြှောက်ထားရင်း ရယ်မောလိုက်သည်။

"သူ့အနေနဲ့ ငါ့ရဲ့ ကြယ်ဆယ့်နှစ်လုံး နန်းတော် အစီအရင် အုပ်ထိန်းသူဝိညာဉ်တွေကို ကိုင်တွယ်ဖို့ စွမ်းအားတွေ အများကြီးလိုလိမ့်မယ်.. သေဆုံးသွားတဲ့ Piscesက အားလုံးထဲမှာ အနိမ့်ဆုံးပဲ.. တခြားအုပ်ထိန်းသူ ဝိညာဥ်တွေကို ကိုင်တွယ်ဖို့ သူ့အနေနဲ့ ဒီလောက်လွယ်မယ်လို့ ငါမထင်ဘူး"

သူ့စကားဆုံးသည်နှင့် ကြယ်ဓားထံမှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"ဝုန်း.. ဝုန်း.. ဝုန်း.. ဝုန်း.."

ပေါက်ကွဲမှုက ၁၁ကြိမ် ဆက်တိုက် ဖြစ်ခဲ့ရာ အနီရောင်ဝတ်ကျင့်ကြံသူက အံ့သြသွားသည်။

အဆုံးသတ်တွင် ကြယ်ဓားပေါ်ရှိ အလင်းတန်းများ အားလုံး တခဏအတွင်း ငြိမ်းသက်သွားသည်ကို မြင်လိုက်ရသည်။

အနီရောင်ဝတ် ကျင့်ကြံသူ "............"

အရှေ့ပိုင်း ဌာနခွဲမှူး "အကြီးအကဲ.. ဘာဖြစ်တာလဲ"

အနီရောင်ဝတ်ကျင့်ကြံသူ"မကြာခင် နှစ်သစ်ရောက်တော့မယ်လေ.. ငါ မင်းအတွက် မီးရှူးမီးပန်းတွေ ကြိုလုပ်ပေးနေတာ"

အရှေ့ပိုင်းဌာနခွဲမှူး "အကြီးအကဲက ကလေးကလားနဲ့.. နှစ်သစ်ရောက်ဖို့ ခြောက်လတောင် ကျန်သေးတယ်လေ"

အနီရောင်ဝတ် ကျင့်ကြံသူ "............"

အဆင်မပြေသော မြင်ကွင်းတစ်ခု...

ဆယ်စက္ကန့်ကြာပြီးနောက် အနီရောင်ဝတ် ကျင့်ကြံသူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"ငါ့အမိန့်ကို လိုက်နာပါ.. အင်မော်တယ်စံအိမ်ရဲ့ လုံခြုံရေး သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်ပါ.. သံသယဖြစ်စရာ လူတွေကို တွေ့ရင် သနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်ပါ"

.......................

တစ်ခါတရံ ဝမ်လင်း နှင့် မစ်ရှင်အတူ ဆောင်ရွက်သည့် အခါ သူ့တွင် လုံးဝ ဖိအားမရှိဟု ဗုံးပစ်စီနီယာ အင်မော်တယ်က ခံစားမိသည်။

လူအများစုက မိမိထက်ပိုပြီး ဆွဲဆောင်မှုရှိသော လူတစ်ယောက်နှင့် ဆယ်လ်ဖီ မရိုက်ချင်သကဲ့သို့ပင်။

ယခုအခါတွင် သူက ဤခံစားချက်ကို ခံစားခဲ့ရသည်။

ဝမ်လင်းက သူ့ကို လုံးဝ ဖယ်ထုတ်လိုက်သည်ဟု သူခံစားလိုက်ရသည်။

ငါးမိနစ်မပြည့်မီမှာပင် ကြယ်၁၂လုံး နန်းတော်၏ အုပ်ထိန်းသူဝိညာဉ်များ လုံးဝ ပျက်ဆီးသွားခဲ့သည်။

ထိုဝိညာဉ်ခန္ဓာကိုယ်များက မြေပြင်ပေါ်တွင် ခင်းကျင်းထားသော အစီအရင်နှင့်ပေါင်းစည်းပြီး အုပ်ထိန်းသူ ဝိညာဉ်အသွင်သို့ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ဝမ်လင်းက ၎င်းတို့တစ်ဦးချင်းစီကို တစ်ချက်စီ ရိုက်ချလိုက်သည်။

အုပ်ထိန်းသူ ဝိညာဥ် ဆယ့်နှစ်ပါးတွင် ကံအဆိုးဆုံးမှာ Virgo ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နာမ်ဝိညာဥ်ခန္ဓာကိုယ်ကို မှန်ကန်စွာ ပေါင်းစပ်နိုင်စေရန်အတွက် မဆင်းသက်မီ အချိန်အတော်ယူခဲ့ရသောကြောင့်ပင်။

အဆုံးသတ်တွင် ဝမ်လင်းက တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့၏။

Virgoက သူ့ပုံသဏ္ဍာန်ကိုပင် ဖော်ပြရန် မပြီးဆုံးသေးပေ။

သို့သော် ယခုအချိန်က အပန်းဖြေဖို့ အချိန် မဟုတ်သေးချေ။

ဤအစီအရင် အုပ်ထိန်းသူ ဝိညာဉ်များကို တိုက်ခိုက်ရင်း ၎င်းတို့၏ ဖွဲ့စည်းမှုမှာ ဗုံးပစ်စီနီယာ အင်မော်တယ် ထင်သလောက် မရိုးရှင်းကြောင်း ဝမ်လင်း သတိပြုမိခဲ့သည်။

ဤအစီအရင်၏ အုပ်ထိန်းသူဝိညာဉ်များကို သိဒ္ဓိအစီအရင်ဖြင့် အသက်သွင်းထား၏။

သို့သော်လည်း ၎င်းတို့ကို နောက်ကွယ်မှ ထိန်းချုပ်နေသော မှော်လက်နက်တစ်ခု ရှိနေပုံရသည်။

အင်မော်တယ် စံအိမ်၏ သခင်က ဝိညာဉ်ဓားများကို စွဲလမ်းခြင်းကြောင့် ဤ အုပ်ထိန်းသူ ဝိညာဉ်များကို နောက်ကွယ်မှ ခြယ်လှယ်သည့် မှော်လက်နက်မှာ ဝိညာဥ်ဓားတစ်လက် ဖြစ်နိုင်သည်ဟု ဝမ်လင်း ယူဆခဲ့သည်။

တစ်နည်းဆိုရသော် ဤအစီအရင်အုပ်ထိန်းသူ ဝိညာဉ်များသည် လောလောဆယ်တွင် နှိပ်စက်ခံခဲ့ရသော်လည်း ၎င်းတို့မှာ အမှန်တကယ် မသေဆုံးသေးပေ။

ထိုဝိညာဥ်ဓားကို မဖျက်ဆီးနိုင်သရွေ့ ဝိညာဉ်ဓား စွမ်းအင်ပြည့်ဝလာသောအခါတွင် အုပ်ထိန်းသူဝိညာဉ်များမှာ တစ်ဖန် ပြန်လည် အသက်ရှင်လာမည် ဖြစ်သည်။

ဝမ်လင်းက သူ့အတွေးကို ဗုံးပစ်စီနီယာ အင်မော်တယ်ထံ စိတ်ချင်းဆက်သွယ်၍ တိုက်ရိုက် ပြောပြလိုက်သည်။

"ညီနောင်လင်းရဲ့ ထင်မြင်ယူဆချက်က အဓိပ္ပါယ်ရှိမယ်ထင်တယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဉာဏ်အလင်းပွင့်သွားသောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

ယင်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး အနည်းငယ် စိတ်ရှုပ်စေခဲ့သည်။

"ငါတို့ဒီမှာကြာကြာမနေသင့်ဘူး.. ငါတို့ ဒီအတိုင်းဆို အုပ်ထိန်းသူဝိညာဥ်တွေနဲ့ ထပ်အတိုက်ခံရမှာ သေချာတယ်.. ညီနောင်လင်း.. ငါတို့တွေ နန်းတော်ထဲကို ခိုးဝင်ဖို့ နည်းလမ်းရှာရမယ်"

တိုက်ဆိုင်သည်လားတော့ မပြောတတ်ပေ။

သူတို့ လှုပ်ရှားခါနီးတွင် သူတို့ရှေ့မှ နန်းတော် တံခါးမကြီးက သတိမထားမိဘဲ ပွင့်သွားခဲ့ပြီး အထဲမှ အနီရောင်ဝတ် အမျိုးသမီးနှင့် အပြာရောင်ဝတ် အမျိုးသမီးတို့ ထွက်လာသည်။

ထိုနှစ်ဦးလုံးက အင်မော်တယ်စံအိမ်မှဟု ဝမ်လင်း ချက်ချင်းသိလိုက်၏။

အင်မော်တယ်စံအိမ်၏ ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ရန် သူမတို့ အနေဖြင့် မြင့်မားသော ရာထူးများ ရယူထားရမည် ဖြစ်ပြီး ကျင့်ကြံမှု နယ်ပယ်ကလည်း အလွန်မြင့်မားမည်မှာ သေချာသည်။

အနည်းဆုံးတော့ သူတို့က အရှေ့ပိုင်းဌာနခွဲမှူးထက် ပိုမို အားကောင်းသည့် အဆင့်တွင် ရှိမည်မှာ သေချာ၏။

ထိုအမျိုးသမီး နှစ်ယောက်က အသက်နှစ်ဆယ့်လေး.. နှစ်ဆယ့်ငါးနှစ်လောက်သာ ရှိမည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အသက် တစ်ထောင်ကျော်လောက် ရှိနေပြီ ဖြစ်သည်။

ကျင့်ကြံသူ အများစုက နုပျိုမှု ထိန်းသိမ်းခြင်း နည်းစနစ်များကို အသုံးပြုနိုင်ကြသောကြောင့် ၎င်းတို့၏ အသက်အရွယ်ကို အသွင်အပြင်မှ တဆင့် အကဲဖြတ်ရန်မှာ မဖြစ်နိုင်ပေ။

လူတစ်ဦး၏ ကျင့်ကြံမှုကို အဆုံးအဖြတ်ပေးရာတွင် အတွေ့ရအများဆုံးနည်းလမ်းမှာ ၎င်းတို့၏ အော်ရာ အတိုင်းအတာကို သိမြင်ရန် ဝိညာဉ်ရေးအာရုံများကို အသုံးပြုခြင်း ဖြစ်သည်။

ဝမ်လင်း၏ အာရုံခြောက်ပါးက လန်းဆန်းနေ၏။

ဤအမျိုးသမီး ကျင့်ကြံသူ နှစ်ယောက် ပေါ်လာသည်နှင့် တစ်ပြိုင်နက်ပင် ၎င်းတို့က အကြမ်းဖျင်းအားဖြင့် အနှစ်နှစ်ထောင်ခြောက်ရာခန့် ကျင့်ကြံခဲ့သူများ ဖြစ်ကြောင်း သူ ရိပ်မိနေပြီ ဖြစ်သည်။

၎င်းတို့က အရှေ့ပိုင်းဌာနခွဲမှူးထက် သေချာပေါက် အားကောင်းသော်လည်း မွေးရာပါ ပင်ကို အရည်အချင်းများအရ ပြီးပြည့်စုံသော အရည်အချင်းမျိုး မရှိကြပေ။

အနီရောင် ၀တ်စုံဝတ် အမျိုးသမီး နှစ်ယောက်က ဝမ်လင်းကို ခဏမျှ စိုက်ကြည့်နေကြသည်။

အွန်လိုင်း ဆယ်လီကဲ့သို့ အသွင်အပြင်ရှိသည့် ထိုနှစ်ယောက်ထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ရှင်တို့က ကျူးကျော်သူလား"

ဘဲဥပုံ မျက်နှာအသွင်သဏ္ဍာန် ရှိသော အခြားအမျိုးသမီးက သတိပေးလိုက်သည်။

"အလှလေး သတိထားပါ.. သေသွားတဲ့ အစီအရင်အုပ်ထိန်းသူ ဝိညာဥ်တွေက အနည်းဆုံး ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်မှာ ရှိတယ်.. ဒီနှစ်ယောက်မှာ သေချာပေါက် လှည့်ကွက်အချို့ ရှိရမယ်"

ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

[အလှလေးလား]

[အဲဒါက တာအိုနာမည်လား]

[နာမည်က နည်းနည်း ဆန်းသလိုပဲ]

ဗုံးပစ်စီနီယာအင်မော်တယ်က ထိုအမျိုးသမီးကိုကြည့်ကာ စပ်စုလိုက်သည်။

"အလှလေးဆိုတာ မင်းရဲ့တာအိုနာမည်လား"

"ပြဿနာရှိလို့လား"

အွန်လိုင်းဆယ်လီ အသွင်အပြင်ရှိသည့် အမျိုးသမီးက ပြောလိုက်သည်။

"ရှင့်ကို ပြောပါရစေ.. ငါ့နာမည်က အလှလေးလို့ခေါ်တယ်...ငါ့ဘေးမှာရပ်နေတဲ့ ငါ့ညီမလေးကိုတော့ လျော့စျေးလို့ ခေါ်တယ်.. ငါတို့ကို မလှဘူးလို့ ပြောရဲရင် ရှင့်ရဲ့ခြေထောက် သုံးချောင်းလုံးကို ရိုက်ချိုးပစ်မယ်"

"မပြောပါဘူး.."

ဗုံးပစ်စီနီယာ အင်မော်တယ်က ရင်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။

"............."

ဝမ်လင်းက အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက်ကို အပေါ်အောက် ဝေ့ကြည့်လိုက်သည်။

သူ၏ ကိုယ်ပိုင် အလှတရားစံနှုန်းများ ပိုဆိုးလာ၍လော သို့မဟုတ် ယခုခေတ် အွန်လိုင်းတွင် ဤကဲ့သို့ မျက်နှာသွင်ပြင်မျိုး ပိုများလာ၍လော မသိရသော်လည်း ဤအမျိုးသမီးနှစ်ဦး၏ အသွင်အပြင်က ဘာမှ မထူးခြားသလို သူခံစားလိုက်ရ၏။

သူတို့၏ မျက်နှာက ကျင့်ခယ်လောက် ကြည့်မကောင်းပေ။

ဆံပင်က ဗုံးပစ်စီနီယာ အင်မော်တယ်လို နက်မှောင် တောက်ပြောင်ခြင်း မရှိသလို ခြေထောက်တွေကလည်း ဖန့်ရှင်းလောက် မရှည်လျားချေ။

ဟုတ်ပါသည်..သူတို့တွင် ကောင်းသည့် အချက်များ လုံးဝမရှိသည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့ သူတို့၏ ရင်သားက ဓမ္မရာဂျာ၏ ရင်သားလုံးပတ်နှင့် ယှဥ်နိုင်လောက်သည်အထိ ရှယ်ကိတ်ပေသည်။

All Chapters