ဒေါ်လေး နှစ်ယောက်အတွက် cappuccino ပေးပါ။
Vol. 20 Ch. 287
ဤအမျိုးသမီးနှစ်ဦးက အလွန်ထူးခြားသည်ဟု ထင်သောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ဓာတ်ပုံရိုက်ရန် သူ၏ ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။
ဖုန်းကင်မရာက လင်းခနဲဖြစ်သွားသည်နှင့် အမျိုးသမီးနှစ်ဦးက ကြောက်လန့်တကြား ဖြစ်သွားကြ၏။
အွန်လိုင်းဆယ်လီ အသွင်အပြင်ရှိသည့် အမျိုးသမီးက သူမ၏ မျက်နှာကို လက်ဖြင့် ချက်ချင်း ဖုံးအုပ်ထားလိုက်သည်။
"ဘာကြီးလဲ.. ဒါက ဘယ်လို အမှောင်လက်နက် အမျိုးအစားလဲ"
ဗုံးပစ်စီနီယာအင်မော်တယ် အံ့သြသွားသည်။
ယနေ့ခေတ်တွင် ခေတ်မီနည်းပညာကို အသုံးမပြုဘဲ ရှေးရိုး အစဉ်အလာကို ခေါင်းမာစွာ ဆုပ်ကိုင်ထားသော သက်ကြီးရွယ်အို အများအပြား ရှိနေဆဲ ဖြစ်သော်လည်း ဤအမျိုးသမီး နှစ်ဦးကမူ ဆဲလ်ဖုန်းက မည်သည့်အရာဆိုသည်ကိုပင် မသိကြပုံရနေသည် မဟုတ်လော။
သူက ဖုန်းစခရင်ကို အမျိုးသမီး ဘက်သို့ လှည့်ပြလိုက်ပြီး သူရိုက်ထားသည့် ဓာတ်ပုံကို ပြလိုက်သည်။
ဖုန်းထဲမှပုံကိုမြင်လျှင် အွန်လိုင်း ဆယ်လီအသွင်အပြင် ရှိသည့် အမျိုးသမီးက အံ့အားသင့်နေ၏။
"ဒါက ဘာမှော်ရတနာလဲ.. ရုပ်ပုံတွေကို တကယ်ကြီး ထိန်းသိမ်းထားနိုင်တယ်နော်."
သူမဘေးမှ ဘဲဥပုံမျက်နှာ အသွင်အပြင်ရှိသည့် ကျင့်ကြံသူကလည်း အံ့အားသင့်နေသည်။
"အလှလေး ကြည့်လိုက်စမ်း.. နင့်ရဲ့ အသားအရေက ဒီရတနာထဲမှာဆို ပိုလှတယ်.. ဒီမှော်ရတနာက ငယ်ရွယ်နုပျိုမှုကိုရော ထိန်းသိမ်းထားနိုင်လား"
ဤမေးခွန်းကိုကြားလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့က ဆွံ့အသွားသည်။
၎င်းက ဖုန်း၏ သာမန် လုပ်ဆောင်ချက်မျှသာ ဖြစ်သည် မဟုတ်လော။
"............"
ယင်းက ဆဲလ်ဖုန်းတစ်ခုမျှသာ ဖြစ်သော်လည်း အမျိုးသမီး နှစ်ဦးက အချိန်အတော်ကြာအောင် မှင်တက်နေမိသည်။
နှစ်မိနစ်လောက် အကြာတွင် ဘဲဥပုံမျက်နှာရှိသည့်သူက တိုးတိုးလေး မေးလိုက်သည်။
"ညီအမ အလှလေး.. ဒါက ခေတ်မီနည်းပညာလို့ ခေါ်တဲ့ မှော်ရတနာမျိုးလား"
"ဖြစ်နိုင်တယ်"
အွန်လိုင်း ဆယ်လီ အသွင်အပြင်ရှိသည့် အမျိုးသမီးက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့က တကယ်ပဲ အင်မော်တယ်စံအိမ်ရဲ့ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တွေရော ဟုတ်ရဲ့လား"
ဗုံးပစ်စီနီယာအင်မော်တယ်က ၎င်းတို့၏ သရုပ်မှန်ကို စတင်သံသယဖြစ်နေပြီ ဖြစ်သည်။
၎င်းတို့က အစွမ်းထက်သော်လည်း ဤအတိုင်းအတာ အထိ ခေတ်မီနည်းပညာကို နကန်းတစ်လုံးမှ မသိဘဲနေခြင်းသည် သဘာဝမကျပေ။
ကမ္ဘာကြီးက ဝိညာဉ်စွမ်းအင် သတင်းအချက်အလက်ခေတ်သို့ ရောက်ရှိခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ မဟုတ်လော။
"ကျွန်မတို့က ငယ်စဥ်ကတည်းက ဒီနေရာကို ပို့ခံခဲ့ရတယ်.. အပြင်ကို တစ်ခါမှမထွက်ဖူးခဲ့ဘူး.. ဒါကလည်း ကျမတို့ဂိုဏ်းရဲ့ ဂိုဏ်းစည်းကမ်းဖြစ်တယ်.. အတွင်းစည်း တပည့်တွေက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်ပစ်ရတယ်လေ.. အပြင်စည်းတပည့်တွေ ဌာနချုပ်ဆီ အစီရင်ခံစာတွေ ပို့တဲ့အခါမှပဲ နည်းပညာအကြောင်း သိရတယ်"
ဘဲဥပုံ မျက်နှာထားရှိသည့် အမျိုးသမီးက ရှင်းပြခဲ့သည်။
ယင်းက အတိုချုံး ရှင်းပြထားခြင်းသာဖြစ်ပြီး နောက်ကွယ်တွင် ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိသေး၏။
အင်မော်တယ်စံအိမ်က သူတို့ ရွေးချယ်ထားသည့် ကလေးများကို မိဘများထံမှ တရားဝင် အုပ်ထိန်းခွင့်ဖြင့် ထိန်းသိမ်းခဲ့ကြသည်။
ထိုရွေးချယ်ခံရသော ကလေးများက အင်မော်တယ်စံအိမ်မှ သတ်မှတ်ထားသော ကျမ်းစာများကို နေ့တိုင်းရွတ်ဆိုကျက်မှတ်ရ၏။
အလွတ်မရခဲ့လျှင် နဂါးနှင်တံဖြင့် ဒဏ်ခတ် ရိုက်နှက်ခြင်းခံရသေးသည်။
ထို့ပြင် အထူး လေ့ကျင့်ရသည့် အတန်းချိန်များလည်း ရှိသေး၏။
နှစ်စဥ်နှစ်တိုင်းတွင် အင်မော်တယ်စံအိမ်၏ လေ့ကျင့်မှု အတွင်း သေဆုံးသူများမှာ မရေမတွက်နိုင်အောင်ပင်။
ထိုအထဲမှ အသက်ရှင် ကျန်ရစ်သူများသာ အတွင်းစည်း ဂိုဏ်းဝင် သခင်များ ဖြစ်လာနိုင်ကြသည်။
အင်မော်တယ်စံအိမ်၏ အတွင်းစည်းနှင့် အပြင်စည်း အကြား ခြားနားချက်မှာ အတွင်းစည်းတပည့်များက ဖန့်ဝူးကျင့်စဥ်ကို ကျင့်ကြံရန် မလိုအပ်ခြင်းပင်။
ဂိုဏ်းသားများအနေဖြင့် ပြင်ပနည်းစနစ်များကို အသုံးပြုခွင့်လည်း မရှိပေ။
ထို့အပြင် အတွင်းစည်းဂိုဏ်းသား အားလုံးမှာ အမျိုးသမီးများချည်းသာ ဖြစ်သည်။
ဤအချိန်တွင် အမျိုးသမီးနှစ်ဦးအတွက် အင်တာနက်သုံးခွင့်ရ၍ ပျော်ရွှင်နေသော တောသားကဲ့သို့ ဆဲလ်ဖုန်းက ကြီးမားသော သွေးဆောင်မှု တစ်ခုအဖြစ် သက်သေပြနေပြီး ပထမတန်းစား မှော်ရတနာထက် အားမနည်းလှပေ။
"ငါဒီဟာကိုပေးမယ်ဆိုရင် ငါတို့ကို ဝင်ခွင့်ပေးနိုင်မလား"
ဗုံးပစ် စီနီယာ အင်မော်တယ်က ဖြူဖွေးသော သွားများပေါ်သည်အထိ ပြုံးပြရင်း မေးလိုက်သည်။
"နင်လာနောက်နေတာလား"
အွန်လိုင်း ဆယ်လီမျက်နှာထားနှင့် အမျိုးသမီးက ခနဲ့လိုက်သည်။
"နင်တို့ကိုသတ်လိုက်ရင် နင်တို့သယ်လာသမျှက ငါတို့အပိုင်ပဲလေ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ယခုထိ ပြုံးထားဆဲ ဖြစ်သည်။
"ထပ်ဆွေးနွေးလို့ မရတော့ဘူးလား"
"မရတော့ဘူး"
အမျိုးသမီးနှစ်ဦးက ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ပြီးရောလေ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းဘက်သို့လှည့်လိုက်သည်။
"ညီနောင်လင်း.. ဒီဒေါ်လေး နှစ်ယောက်ကို cappuccino တိုက်ပေးပါဦး"
(cappuccino=နို့လက်ဖက်ရည်တစ်မျိုး)
"ဘယ်သူ့ကို ဒေါ်လေးလို့ခေါ်နေတာလဲ"
အမျိုးသမီး နှစ်ယောက် ရှူးရှူးရှဲရှဲ ဒေါသထွက်သွားသည်။
ထို့နောက်တွင် သူမတို့က အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။
သူမတို့ အတွက် ကံဆိုးသွားသည်မှာ ဝမ်လင်းက သူမတို့ မရောက်မီ အရင်ဦးဆုံး လှုပ်ရှားလိုက်ခြင်းပင်။
ထိုခဏမှာပင် "ဘုတ်ခနဲ" ခပ်အုပ်အုပ်အသံ နှစ်သံထွက်ပေါ်လာ၏။
အမျိုးသမီး နှစ်ဦးက ဝမ်လင်း၏ လက်သီးစာမိပြီး ဒွါရ ၇ပေါက်ကနေ သွေးများစီးကျလာခဲ့သည်။
သူမတို့၏ မျက်နှာများက ဖရုံသီးများ အဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားကြသည်။
"..............."
ဝမ်လင်းက သူ့လက်သီးမှ မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
[အားနည်းလွန်းတယ်.. ဘာလို့ ဒီလောက် မိုက်မဲရတာလဲ]
ဗုံးပစ်စီနီယာအင်မော်တယ်က အမျိုးသမီး နှစ်ယောက် အသက်ရှိမရှိ စစ်ဆေးလိုက်သည်။
အသက်ရှိနေသေးသည်ကို သိလိုက်ရမှ သက်ပြင်းချနိုင်ခဲ့၏။
"ကံကောင်းလွန်းတယ်"
အမျိုးသမီးနှစ်ဦးနှင့် စကားများစွာ မဖလှယ်ခဲ့ကြသော်လည်းအင်မော်တယ်စံအိမ်၏ အတွင်းစည်း ဂိုဏ်းဝင်အားလုံး ကိုယ်တိုင်မှာ အင်မော်တယ်စံအိမ်၏ သားကောင်များ ဖြစ်သည်ဟု သူခံစားခဲ့ရသည်။
၎င်းတို့က ငယ်စဥ် ကတည်းကပင် ဤနေရာသို့ ပို့ခံခဲ့ရပြီး လူသတ်စက်များ အဖြစ် လေ့ကျင့်ခံခဲ့ရ၏။
ယင်းက အမှန်တကယ် မလွယ်ကူသည့် ဘဝတွင် ရှင်သန်နေရခြင်းနှင့် မခြားပေ။
ယနေ့ခေတ်တွင် တရားမဲ့သော ကြွေးမြီတိုင်း၌ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားသော ကြွေးရှင်များ ရှိကြသည်။
ဤကံကြမ္မာသို့ ရောက်အောင်တွန်းပို့ခဲ့သူသည် ထိုကြွေးမြီကို ပြန်လည်ပေးဆပ်ရမည်သာ။
ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင်လင်း.. သူတို့ရဲ့ မှတ်ဉာဏ်တွေကနေ အင်မော်တယ်စံအိမ်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်လို့ရလား"
ဝမ်လင်း ခေါင်းခါယမ်းလိုက်သည်။
သူ ကြိုးစား၍ မှတ်ဉာဏ်ဖတ်ခဲ့သော်လည်း အသုံးဝင်သော သဲလွန်စများကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
ဤအမျိုးသမီးနှစ်ဦး၏ အဆင့်အတန်းက လိုအပ်ချက်များရှိနေသေးပုံ ရသည်။
ဝမ်လင်းက စန်းယွမ်လမ်းကို ရှာဖွေတွေ့ရှိပြီး မကြာမီမှာပင်ကျင့်ခယ်၏ အော်ရာက ပျောက်ကွယ်သွားခဲ့သည်။
အင်မော်တယ်စံအိမ်က ကျင့်ခယ်၏ အော်ရာကို ဖုံးကွယ်ရန်အတွက် မှော်ရတနာအချို့ကို အသုံးပြုခဲ့သည်ဟု သူယူဆထားခဲ့သည်။
စံအိမ်သခင်က သမိုင်းမတင်မီက မှော်လက်နက်အချို့ကို ထုတ်သုံးခဲ့လျှင်ပင် ဝမ်လင်းက အထူးအဆန်းဟု ထင်မည်မဟုတ်ပေ။
တကယ်တမ်းတွင် ဝမ်လင်းက အင်မော်တယ်စံအိမ်၏ အရှင်သခင်ကို အလွန်ဒုက္ခပေးသော ရန်သူအဖြစ် ရှုမြင်ထားခဲ့သည်။
"ကြည့်ရတာ သူတို့ထက် ရာထူးကြီးတဲ့သူကို ဖမ်းချုပ်ပြီးမေးမှ ဖြစ်မဲ့ပုံပဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးစေ့ကို ပွတ်သပ်ရင်း သူ့စိတ်ထဲမှ အတွေးများကို ဖွင့်ပြောလိုက်သည်။
မြေပြင်ပေါ်ရှိ ကျင့်ကြံသူ အမျိုးသမီး နှစ်ယောက်ကို ကြည့်နေရင်း သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
ဤအမူအရာက ဝမ်လင်းကို ဆိုးရွားသည့်ခံစားချက် ပေးစွမ်းနေ၏။
"ညီနောင်လင်း ငါ့ကိုကူညီပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က အမျိုးသမီး နှစ်ယောက်ကို နန်းတော်ထဲသို့ ဆွဲခေါ်သွားစေသည်။
ထိုနန်းတော်က အလှလေးနှင့် လျော့စျေးလေးတို့၏ သီးသန့်နန်းတော်ဖြစ်၍ အခြားမည်သူမျှ ရှိမနေပေ။
ခဏအကြာတွင် ဝမ်လင်းက မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးအား ဗုံးပစ်စီနီယာ အင်မော်တယ်က ဦးညွှတ်နေသည်ကို တွေ့လိုက်ရသည်။
"မိန်းကလေးတို့ ငါ့ကိုခွင့်လွှတ်ပါ"
ထို့နောက် သူက အဝတ်အစားများကို စတင် ချွတ်တော့သည်။
ဝမ်လင်းက ဖော်ပြ၍ မရလောက်အောင် အံ့သြသွား၏။
ဤသမီးရီးစားသတ်ဖြတ်ခြင်း စီနီယာက နေ့ခင်းကြောင်တောင်ပင် အမျိုးသမီးနှစ်ဦးအား အခွင့်အရေးယူရန် ကြိုးစားနေသည် မဟုတ်လော။
ဤလူက ဘရိုကိုလီကို အလွန်အကျွံစားခဲ့လေသလော။
သို့မဟုတ် အစားမှားခဲ့လေသလော။
ဗုံးပစ်စီနီယာ အင်မော်တယ်က အမျိုးသမီး၏ အဝတ်အစားကိုချွတ်ရင်း ဝမ်လင်း၏အကြည့်ကို ခံစားမိလိုက်သည်။
သူက သက်ပြင်းချလိုက်ပြီး ဝမ်လင်းကိုပြောလိုက်သည်။
"ညီနောင်လင်း.. မင်းနဲ့ငါ သိတာကြာပြီ.. ငါက တခြားလူတွေကို အခွင့်အရေးယူတတ်တဲ့ လူစားမျိုးလား"
ဝမ်လင်း "..........."
အမျိုးသမီး၏ ခါးစည်းကို ဖြည်ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က ကမ္ဘာအသစ် စက်စက်ကို ရှာဖွေတွေ့ရှိသကဲ့သို့ပင်။
"အမျိုးသမီးတာအိုဝတ်စုံကို ဒါပထမဆုံးအကြိမ် အနီးကပ် တွေ့ဖူးတာပဲ.. အယ်.. အင်္ကျီကို ကြိုးတွေ ချိတ်တွေနဲ့တွယ်ထားသေးတယ်ဟ.. ညီနောင်လင်း ဒါကို ဘယ်လို ချွတ်ရမလဲဆိုတာ သိလား"
ဝမ်လင်း တိတ်ဆိတ်သွားသည်။
"................"
ငါးမိနစ်ပြည့်အောင် စစ်ဆေးပြီးနောက်တွင် အဖြူရောင်ဝတ် လူငယ်က အမျိုးသမီး တာအိုဝတ်စုံ၏ အတွင်းပိုင်း ဖွဲ့စည်းပုံများကို နားလည်သွားပြီး ကြိုးများ၊ ချိတ်များကို ဖယ်ရှားနိုင်ခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ၎င်းတို့ထံမှ အဝတ်အစားကိုမချွတ်ယူခင် ၎င်းတို့၏ ပျော့ပျောင်းသော ခန္ဓာကိုယ်များကို အသေအချာ နေရာချထားရန် အချိန်အတော်ကြာအောင် ယူခဲ့ရသည်။
"အောင်မြင်သွားပြီ"
အဖြူရောင်ဝတ်လူငယ်က တာအိုအင်္ကျီတစ်စုံကို ချွတ်ယူ၍ ဝမ်လင်း ဆီသို့ ပေးလိုက်သည်။
"ညီနောင်လင်း.. ယူလိုက်.. ဒါ မင်းအတွက်ပဲ"
ထိုစကားကို ပြောပြီးနောက် သူက နောက်ထပ် အမျိုးသမီးတစ်ဦး၏ အဝတ်အစားများကို စတင်ချွတ်တော့သည်။
ဝမ်လင်း "...???..."
ဗုံးပစ်စီနီယာအင်မော်တယ် "အဲဒီမှာ ငေးမနေနဲ့ ညီနောင်လင်း.. မြန်မြန်လဲဝတ်ထားလိုက်.. အထဲကို ခိုးဝင်ဖို့ အမျိုးသမီး အဝတ်အစားတွေကို ငါတို့ ဝတ်ရမယ်"
ဝမ်လင်း "............"