← Chapters

ကျပ်ညှပ်နေသည့်ဝတ်စုံကို ဝတ်သူမှာ မည်သူနည်း

Vol. 20 Ch. 289

ကျပ်ညှပ်နေသည့်ဝတ်စုံကို ဝတ်သူမှာ မည်သူနည်း

Vol. 20 Ch. 289

တာအိုဝတ်စုံများသည် သာမန်အဝတ်အစားများ နှင့်မတူဘဲ အလွန်ပျော့ပျောင်းပြီး ဆန့်ထွက်နိုင်သည်။

သူတို့ဝတ်ဖို့ဆိုလျှင် အနည်းငယ် ဆွဲဆန့်ဖို့ လိုအပ်မည်ဖြစ်သည်။

ဖက်တီးလော၏ အမြင်တွင် ယင်းက အမျိုးသမီး၏ ရင်ဘတ်နှင့်တူသည်။

၎င်းက ညှစ်လိုက်သည်နှင့် အနည်းငယ် ကြီးလာပုံရသည် မဟုတ်လော။

နတ်မိုးကြိုး အမွေအနှစ်ကို အသုံးပြုပြီး ဖြတ်သန်းသွားသော ကျင့်ကြံသူ အမျိုးသမီးနှစ်ဦးကို သတိလစ်အောင် လုပ်ပြီးနောက်တွင် ဓမ္မရာဂျာက သူမတို့အား ချောင်ကျသော လမ်းကြားတစ်ခု ထဲသို့ ဆွဲသွင်းကာ သူမတို့၏ အဝတ်အစားများကို ဖယ်ရှားလိုက်သည်။

"ညီနောင်လော.. ဝတ်စုံက ငါနဲ့ အရမ်းကျပ်တာပဲ.. ငါ့ရင်ဘတ်က ကျဉ်းကျပ်နေသလို ခံစားရတယ်.. ငါ အသက်ရှူလို့တောင် မရတော့ဘူး"

ဓမ္မရာဂျာက အပြာရောင် တာအိုဝတ်စုံထဲ၌ တင်းတင်းကျပ်ကျပ်ထုပ်ပိုး ခံထားရသည့် ဖက်ထုပ် တစ်ခုလို ခံစားနေရ၏။

ကျပ်လွန်း၍ သူ၏ ရင်ဘတ်နှင့် တင်ပါး နှစ်ဘက်စလုံးက အလွန် နာကျင်နေသည်။

ဖက်တီးလောကလည်း အခြေအနေ သိပ်မကောင်းပေ။

"အသက်ရှူမရဘူးလို့ ခံစားရရင် လိပ်အသက်ရှူစွမ်းရည်ကို သုံးလေ"

"ငါတို့ တကယ်လုပ်နိုင်ပါ့မလား"

ဖက်တီးလော ခဏမျှ တိတ်ဆိတ် ငြိမ်သက်သွားသည်။

"ဒါက အလုပ်ဖြစ်မှာလားတော့ ငါလည်းမသိဘူး.. ဒါပေမယ့် အဝတ်အစား လဲပြီးပြီ ဆိုတော့ အနည်းဆုံးတော့ သိဒ္ဓိအစီအရင်က ငါတို့ကို အရင်လို ခြေရာခံနိုင်မှာ မဟုတ်ဘူး"

"အခုတော့ လင်းကျန်းရန်နဲ့ ဗုံးပစ်စီနီယာ အင်မော်တယ် တို့နဲ့ တွေ့ဆုံဖို့ နည်းလမ်းကို စဉ်းစားနိုင်ပါပြီ"

'ဖက်တီးလော'က ပြောလိုက်သည်။

"အခုအချိန်ကစပြီး တခြားလူတွေနဲ့ ထိပ်တိုက်တွေ့ရင် လျှပ်စီးတွေနဲ့ နှိမ်နင်းပစ်ဖို့ ညီတော် ဓမ္မရာဂျာကို အပူကပ်ရတော့မှာပဲ.. အင်မော်တယ် စံအိမ်သခင်ကို ရှာမတွေ့ခင်မှာ တိုက်ပွဲကို ရှောင်ပြီး ငါတို့ရဲ့ခွန်အားကို ချွေတာထားသင့်တယ်"

"သခင်ကျင့်ခယ် အခြေအနေ ကောင်းလောက်ပါတယ်နော်"

"လောလောဆယ်တော့ ပြဿနာ မရှိလောက်ပါဘူး"

ယင်းက ဖက်တီးလော၏ တုံ့ပြန်မှုဖြစ်သည်။

အရှေ့ပိုင်းဌာနခွဲမှူး၏ စိတ်ဝိညာဥ်ဖိနှိပ်ရေး အလံများသည် ကျင့်ခယ်ကို အကျဥ်းချထားရန် မဖြစ်နိုင်ပေ။

ဆိုရလျှင် ဤအရာအားလုံးက အင်မော်တယ်စံအိမ်ကို အစဆွဲထုတ်ရန် ထောင်ချောက်ဆင်ထားသည့် လင်းကျန်းရန်၏ လှုပ်ရှားမှုတစ်ခုမျှသာ ဖြစ်သည်။

ဒဏ္ဍာရီလာ သိဒ္ဓိအစီအရင် ဖြစ်သည့် ရေခဲခရစ္စတယ် အစီအရင်ကို မြင်ပြီးနောက်တွင် 'ဖက်တီးလော'က အင်မော်တယ်စံအိမ်၏ အနေအထားကို ပိုမို သိရှိလာခဲ့ပြီ ဖြစ်သည်။

ဆိုလိုသည်မှာ အင်မော်တယ်စံအိမ် သခင်ထံတွင် အခြားအသုံးပြုရန် နည်းလမ်းများ ရှိနေသေးသည်ဟု ဆိုလိုခြင်းပင်။

ပွင့်လင်းစွာပြောရလျှင် သူအနည်းငယ် စိတ်ပူမိသည်။

"သခင်ကျင့်ခယ်သာ လုံးဝပြီးပြည့်စုံတယ်ဆိုရင် လုံးဝ ကြောက်စရာမလိုဘူး.. ပြဿနာက သူ့မှာ ဓားအိမ်မရှိဘဲ အကာအကွယ် ဓားချီတစ်ခုပဲ ရှိတဲ့အချက်ပဲ.. လင်းကျန်းရန်က သခင် ကျင့်ခယ်ကို ငါးစာအဖြစ် အသုံးပြုနေတာကြောင့် သူ့အစီအစဥ်ကို ယုံကြည်မှုရှိမယ်လို့ ငါထင်ပါတယ်"

ထိုစကားကိုပြောပြီးနောက် ကောင်းကင်ကို မျှော်ကြည့်လိုက်ရာ လုံးဝမှောင်နေပြီကို တွေ့လိုက်ရသည်။

အစောပိုင်းက ဖယ်ရှားပစ်ခဲ့သော ကြယ်ဆယ့်နှစ်လုံး နန်းတော် အစီအရင်၏ အုပ်ထိန်းသူ ဝိညာဉ်များ၏ အော်ရာကို သူ ပြန်ခံစားနေမိသည်။

"အင်မော်တယ်ထုန်ရာ၊ ချိုက်လျန်နဲ့ ညီနောင်ဖန့်ရှင်းတို့ ဘာတွေလုပ်နေလဲ သိချင်မိတယ်"

သူသည် အလွန်လေးနက်သော အမူအရာဖြင့် လေထဲသို့ စိုက်ကြည့်နေသည်။

ကြယ်ဆယ့်နှစ်လုံး နန်းတော် အစီအရင်မှ အုပ်ထိန်းသူ ဝိညာဥ်များ၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကို လူတိုင်းခံနိုင်ရည်မရှိနိုင်ပေ။

၎င်းတို့က ပြန်လည် ရှင်သန်လာသည်နှင့် အခြားကျူးကျော်သူများကို စတင် ရှာဖွေကြတော့သည်။

ဖက်တီးလောဖြစ်စေ အခြားမည်သူမဆို ဖြစ်စေ ဤမစ်ရှင်ကို သက်သောင့်သက်သာ ဖြေရှင်း၍ ရမည့် ကိစ္စလေးဟုသာ ယခင်က ထင်ခဲ့ကြသည်။

သို့ရာတွင် အင်မော်တယ်စံအိမ်ထဲ ဝင်ပြီးမှသာ မည်မျှအန္တရာယ်ရှိမှန်း သူတို့ခံစားခဲ့ရသည်။

သူတို့လွတ်မြောက်သည် မလွတ်မြောက်သည်က သူတို့၏ ကံတရားပေါ်တွင် အမှန်တကယ် မူတည်နေသည်။

........................

တစ်ဖက်တွင်လည်း ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့က အမျိုးသမီး တာအိုဝတ်စုံများ ပြောင်းလဲ ဝတ်ဆင်ပြီးနောက် ထွက်ခွာရန် အလျင်စလို မလုပ်ဘဲ အလှလေး နှင့် လျှော့စျေးလေး၏ နန်းတော်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

အာကာပြင် တံတိုင်းကို ဖြတ်ကျော်စဥ်အခါက နန်းတော်တစ်ခုစီကို ပုံမှန်မဟုတ်သည့် အုတ်များနှင့် ပြုလုပ်ထားသည်အား ဗုံးပစ်စီနီယာ အင်မော်တယ်က သတိပြုမိခဲ့၏။

၎င်းတို့တွင် စွမ်းအင် အမြောက်အမြား ပါရှိပြီး ကိုယ်တိုင် ပြန်လည် ထူထောင်နိုင်စွမ်းရှိသည်။

[ကိုယ်တိုင် ပြန်လည်ထူထောင်နိုင်သည့် အုတ်.. ဒါက ဘယ်လိုအယူအဆလဲ]

အုတ်တစ်ချပ်စီ၏ သူ့ကိုယ်သူ ပြန်လည် ထိန်းသိမ်းနိုင်မှုသည် ကျိုးပဲ့နေသော အစိတ်အပိုင်းများကို ပေါင်းစည်းရန်အတွက် နတ်မိုးကြိုးကို အသုံးပြုရသည့် ဓမ္မရာဂျာ၏ ထူးကဲသော စွမ်းရည်ထက်ပင် အဆပေါင်းများစွာ အဆင်ပြေနေသေး၏။

"ညီနောင်လင်း.. ဒီအင်မော်တယ် စံအိမ်က ဒီလောက် မရိုးရှင်းဘူးလို့ ကျွန်တော်ခံစားရတယ်"

အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးက နန်းတော် အတွင်းရှိ ကျောက်စာတိုင် တစ်ခု၏ အုတ်တစ်ချပ်ကို ထိလိုက်သည်။

သုံးစက္ကန့်လောက် အကြာတွင် လျှပ်စစ်ရှော့ခ် ဖြစ်သွားသလိုခံစားရပြီး သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူက အုတ်အတွင်းရှိ အော်ရာ အတက်အကျကို အမှန်တကယ် ခံစားသိရှိခဲ့သည်။

သူ့လက်ချောင်းတဝိုက်၌ မြွေပွေးတစ်ကောင် မကိုက်ခင် လေမှုတ် ခံရသလို ခံစားလိုက်ရ၏။

"ဒါက ယုတ္တိဗေဒအရ ရှင်းပြလို့မရတဲ့ စွမ်းအားမျိုးလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့သြနေသည်။

ဆိုလိုသည်မှာ အင်မော်တယ် စံအိမ်သခင်သည် ပကတိအင်မော်တယ် အဆင့်သို့ ရောက်ရှိနေဖွယ် ရှိ၏။

ဤနေရာ၌ ထိုကဲ့သို့ စွမ်းအားမျိုးကို အသုံးပြုထားသည်မှာ အလွန် အံ့ဩဖို့ကောင်းသည်။

ထိုစွမ်းအားက အုတ်တစ်ချပ်စီတိုင်းကို သက်ရောက်မှုရှိနေ၏။

ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူများပင် ထိုကဲ့သို့ မလုပ်နိုင်ကြပေ။

တစ်ဖက်တွင်မူ ဝမ်လင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး နဖူးပေါ်တွင် အေးစက်သော ချွေးသီးများ ထွက်ပေါ်လာသည်။

ကျင့်ကြံခြင်း နယ်ပယ် အဆင့်များ၏ စံစာရင်းကို အခြေခံလျှင် ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူများသာ ထိုကဲ့သို့ စွမ်းအားများကို သာသာယာယာ အသုံးပြုနိုင်မည် ဖြစ်၏။

ဟုတ်ပါသည်။ ပကတိအင်မော်တယ် အဆင့်သို့ မရောက်ဘဲ ၎င်းကို အသုံးပြုနိုင်သည့် ကျင့်ကြံသူ အနည်းစုရှိသည် ဟူသော အချက်ကိုတော့ ချန်လှပ်မထားသင့်ပေ။

ရှင်းလင်းစွာပြောရလျှင် ပကတိအင်မော်တယ်အဆင့် အတွက်မူ ဤကဲ့သို့ စွမ်းအားများကို အသုံးပြုရန်မှာ ပိုမို လွယ်ကူသည်။

သို့ရာတွင် အရာအားလုံးကို ထိုစွမ်းအားဖြင့် ခြုံလွှမ်းထားရန်မှာမလွယ်ပေ။

ဗိုလ်ချုပ်ရီပင်လျှင် ထိုသို့ မစွမ်းဆောင်နိုင်ချေ။

ဝမ်လင်း၏အမြင်တွင် ဤစွမ်းအား၏ အဆင့်က ပကတိအင်မော်တယ် အဆင့်ထက်ပင် မြင့်မားနေ၏။

[ဒါက အင်မော်တယ်စံအိမ်သခင်ရဲ့ ကိုယ်ပိုင်စွမ်းအား မဟုတ်လောက်ဘူး]

[သူ့မှာ ဒီလိုစွမ်းရည်ရှိနေရင် ကျင့်ခယ်က သခင်ပြောင်းသွားလောက်ပြီ]

သို့မဟုတ်လျှင် ထိုလူအနေဖြင့် ဤမျှလောက်ထိ အားထုတ်နေစရာ မလိုအပ်ချေ။

ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းမချနိုင် ဖြစ်နေသည်။

သေချာသည်မှာ ဤကိစ္စကို အဆုံးသတ်လိုက်ခြင်းက လုပ်သင့်လုပ်ထိုက်သော အလုပ်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်စံအိမ်က ချိန်ကိုက်ဗုံးလိုဖြစ်နေပြီး မည်သည့် အချိန်တွင် ပေါက်ကွဲမည် ဆိုသည်ကို မည်သူမှ မသိနိုင်သောကြောင့်ပင်။

ဝမ်လင်းက သူ့အတွေးများကို ဗုံးပစ် စီနီယာ အင်မော်တယ်ထံ ပြောပြလိုက်ရာ အဖြူရောင်ဝတ် လူငယ်လေးက လန့်သွားခဲ့သည်။

"ညီနောင်လင်း.. အင်မော်တယ်စံအိမ်ရဲ့ နောက်ကွယ်မှာ နောက်ထပ် စွမ်းအား တစ်ခု ရှိသေးတယ်လို့ သံသယရှိနေတာလား... အဲဒါက စံအိမ်နဲ့ တိုက်ရိုက် ချိတ်ဆက်နေတာလား"

တကယ်တမ်းတွင် ဝမ်လင်း ပြောနေချိန်၌ အဖြူရောင်၀တ် လူငယ်လေးက သီအိုရီတစ်ခုကို ဖော်ထုတ်ပြီးသား ဖြစ်သည်။

သူက သူ့ရှေ့မှ ကျောက်စာတိုင်ကို လှမ်းကြည့်ရင်း နောက်ပြန်ဆုတ်လိုက်သည်။

"ညီနောင်လင်း.. ဒီကျောက်စာတိုင်ကနေ အုတ်တစ်ချပ်ကို ဆွဲထုတ်ပေးလို့ရမလား"

"ဆွဲထုတ်ဖို့လား"

ဝမ်လင်းက ကျောက်စာတိုင်ကို စိုက်ကြည့်ရင်း သူ့လက်ချောင်းများကို ကွေးကာ အုတ်တစ်ဝိုက်ရှိ အကွက်တစ်ခုထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။

ထို့နောက် မကြာမီမှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် တူညီသော လျှပ်စစ်ရှော့ခ်ဒဏ်ကို ခံစားခဲ့ရသည်။

အုတ်တွင်းရှိ ယုတ္တိမကျသော စွမ်းအားက သူ၏လက်ချောင်းများဆီသို့ ထိုးဖောက် ဝင်ရောက်လာ၏။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ့လက်ချောင်းထိပ်များက အနည်းငယ်ထုံကျဥ်သွားသလို ခံစားလိုက်ရ၏။

သို့သော်လည်း ထိုစွမ်းအားက အလွန်နူးညံ့သိမ်မွေ့ပြီး သူ့ကို အနည်းငယ် သက်သောင့်သက်သာ ရှိစေသည်။

ယင်းက ငါးမာဆက်တွင် လက်ချောင်းထိပ်ကို ငါးကလေးများက လာလာစုပ်သည့် ခံစားချက်နှင့် တူညီ၏။

ဝမ်လင်းက သူရှေ့က အုတ်ခဲကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း သူ့လက်ထဲက ခွန်အားကို ဖြည်းဖြည်းချင်း တိုးမြင့်လိုက်သည်။

အုတ်ခဲက လွယ်လွယ်နှင့် ထွက်လာခဲ့သည်။

"ကြည့်ပါရစေ"

ဗုံးပစ်စီနီယာက အုတ်ခဲကို မထိဝံ့ဘဲ အနီးကပ်ကြည့်ရန် ချဉ်းကပ်ခဲ့သည်။

သူက အလွန်လျင်မြန်စွာပင် နားလည်လိုက်သည်။

"မျှော်လင့်ထားသလိုပဲ"

ဝမ်လင်းက အုတ်ခဲကို သေချာကြည့်လိုက်သည်။

ယုတ္တိမကျသော စွမ်းအားနှင့် ၎င်းပေါ်ရှိ အစီအရင် မှလွဲ၍ ထူးထူးခြားခြား ဘာမှ သတိမထားမိခဲ့ပေ။

သို့သော် ဤအစီအရင်ပုံစံကို အရင်က တစ်နေရာရာတွင် မြင်ဖူးသလိုမျိုး ရင်းနှီးနေသည်ဟု ခံစားနေရ၏။

"ညီနောင်လင်း.. မင်းဒီအစီအရင်နဲ့ ပတ်သက်ပြီး ရင်းနှီးသလို ခံစားရလို့လား"

ဗုံးပစ် စီနီယာ အင်မော်တယ်က ဝမ်လင်းကို ကြည့်ရင်း ရှင်းပြလိုက်သည်။

"ရှေးခေတ်စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ အနန္တတန်ခိုးရှင်တွေရဲ့ လက်ကျန်စွမ်းအားတွေက အထူးမှော်အစီအရင်တွေနဲ့ ပေါင်းစည်းနိုင်ကြတယ်.. ဒီအုတ်ခဲပေါ်မှာ မင်းမြင်ရတဲ့ အရာတွေက သူတို့ချန်ထားခဲ့တဲ့ စွမ်းအားဆိုတာ အသေအချာပါပဲ.. ဒီစွမ်းအားရဲ့ အထူးစွမ်းဆောင်နိုင်မှုက ပြန်လည်ထူထောင်ရေးလုပ်နိုင်တဲ့ ယုတ္တိမကျတဲ့စွမ်းအား အမြောက်အမြားကို ဖန်တီးဖို့လည်း ဖြစ်နိုင်တယ်.. အင်မော်တယ်စံအိမ်ရဲ့ နန်းတော် တစ်ခုလုံးကို ဒီလိုနည်းလမ်းနဲ့ တည်ဆောက်ခဲ့ပုံရတယ်"

All Chapters