← Chapters

မင်းရဲ့ ပလတ်စတစ် ဆာဂျရီကို ဘယ်သူလုပ်ပေးတာလဲ

Vol. 20 Ch. 290

မင်းရဲ့ ပလတ်စတစ် ဆာဂျရီကို ဘယ်သူလုပ်ပေးတာလဲ

Vol. 20 Ch. 290

ဝမ်လင်းက ရှေးခေတ်မှ အနန္တတန်ခိုးရှင်းများ အကြောင်းကို များစွာ ကြားသိခဲ့ရသော်လည်း ၎င်းတို့၏ စွမ်းအားများနှင့်ပေါင်းစပ်ထားသည့် အစီအရင်ကို မကြာမီ ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အုတ်ပေါ်တွင် ချန်ထားခဲ့သော သဲလွန်စအရ ဆိုလျှင် အင်မော်တယ်စံအိမ်၏ သခင်က ထိုစွမ်းအားများနှင့် အမှန်တကယ် ချိတ်ဆက်မှု ရှိနေကြောင်း မပြောဘဲ သိနိုင်ပေသည်။

ဟွာရှို့၏ ဥပဒေများတွင် ထိုလုပ်ရပ်မျိုးကို တင်းကြပ်စွာတားမြစ်ထား၏။

၎င်းက အမွေဆက်ခံခြင်းဆိုင်ရာ နည်းလမ်းအချို့ကဲ့သို့ "တရားမဝင် အမွေဆက်ခံခြင်း"ရာဇဝတ်မှုတွင် အကြုံးဝင်နေသည်။

ယခုအချိန်တွင် အဓိကပြဿနာမှာ ထိုစွမ်းအား မဟုတ်ချေ။

ထိုအစား စိတ်ဝင်စားသင့်သော အရာမှာ အင်မော်တယ်စံအိမ်သခင်က အနန္တတန်ခိုးရှင် စွမ်းအား ပါဝင်သည့် မှော်အစီအရင်ကို ခင်းကျင်းသည့် ပညာရပ်အား မည်သည့်နေရာမှ သင်ယူခဲ့လည်း ဆိုခြင်းပင်။

ဗုံးပစ်စီနီယာအင်မော်တယ်က တစ်စုံတစ်ရာကို စဥ်းစားမိလိုက်သည်။

"စျေးကွက်မှာ ဒီလိုမျိုးအစီအရင်တွေနဲ့ ပတ်သက်ပြီး ကောလဟလ ထွက်ပေါ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ လှည့်ဖြားမှု တစ်ခုသာ ဖြစ်နေခဲ့တယ်.. တချို့ရာဇဝတ်ကောင်တွေ ဆိုရင် တည်နေရာရွှေ့ပြောင်းတဲ့ အစီအရင်ကို အနန္တတန်ခိုးရှင် စွမ်းအား ပေါင်းစပ်ပါဝင်တဲ့ အစီအရင်အဖြစ် အသွင်ယူပြီး လှည့်ဖြားခဲ့ကြတာ လူအတော်များများ အလိမ်ခံခဲ့ရတယ်"

ဝမ်လင်း "............"

"ဒါ့အပြင် လူတော်တော်များများက ဒီအစီအရင်နဲ့ပတ်သက်ပြီး အမှန်တရားတစ်ဝက်ပဲ သိထားကြတယ်.. သက်ရှိ ရုပ်ကြွင်းလို့ ခေါ်တဲ့ ပြီးပြည့်စုံတဲ့သူကိုတော့ အစီအရင်နဲ့ ပေါင်းစပ်လို့ မလွယ်ဘူး.. အဲဒီလိုလုပ်ချင်တယ် ဆိုရင်တော့ အဲဒီလူ မသေခင်မှာ ဝိညာဥ်စွမ်းအင် အမြောက်အမြား ကျန်ခဲ့မှဖြစ်မယ်.. ဥပမာပြောရရင် ဓမ္မရာဂျာက နတ်မိုးကြိုးအမွေအနှစ်ကို ကြားခံအဖြစ် အသုံးပြုပြီး မှော်အစီအရင်နဲ့ ပေါင်းစပ်လိုက်ရင်တော့ အဲဒါက ကျိန်းသေ အလုပ်ဖြစ်လိမ့်မယ်"

ဝမ်လင်းက သူ့ရှင်းပြချက်ကို ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။

အဆုံးသတ်တွင် နတ်မိုးကြိုး အမွေအနှစ်သည် မိုးကြိုးမျိုးနွယ်စုမှ ကျန်ရစ်ခဲ့သော မြင့်မြတ်သည့် အမွေအနှစ် ဖြစ်၏။

"ဒါပေမဲ့ အဲဒါက ဥပဒေချိုးဖောက်တာပဲ.. ဓမ္မရာဂျာက မှော်အစီအရင်နဲ့ နတ်မိုးကြိုးအမွေအနှစ် ပေါင်းစပ်နိုင်တယ် ဆိုတာကို သိတယ်ဆိုရင်တောင်မှ အဲဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ညီနောင်လင်း.. ဒီအုတ်ခဲကို သိမ်းထားလိုက်ပါ.. ဒါက အင်မော်တယ်စံအိမ်ရဲ့ ကြီးမားတဲ့ရာဇဝတ်မှု အပြင် နိုင်ငံတော်လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတဲ့ သက်သေပဲ.. ဒါက ကွာဖီထက်တောင် ပိုဆိုးဝါးနေပြီ"

ဝမ်လင်းက အုတ်ခဲကို သူ့အမြင်အာရုံ နယ်ပယ်သို့ ရွှေ့ခါနီးတွင် အမျိုးသမီး တစ်ယာက်၏ အိမ်အလည်လာသည့် ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

"တစ်ယောက်ယောက် လာနေတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က အလှလေးတို့ကို အတွင်းဘက်သို့ အလျင်အမြန် ဆွဲသွင်းကာ ဖွက်ထားလိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် အမျိုးသမီးက အိမ်ရှေ့တံခါးကနေ အော်ပြောလိုက်သည်။

"အလှလေးနဲ့ လျှော့စျေးလေး.. နင်တို့တွေ ဒီမှာရှိနေလား.. အကြီးအကဲက ကျူးကျော်သူတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ဆွေးနွေးဖို့ ငါ့ကို ခေါ်ခိုင်းလိုက်တယ်"

"တံခါးဖွင့်ပေးလိုက်ရမလား ညီနောင်လင်း"

ဗုံးပစ်စီနီယာ အင်မော်တယ် တုံ့ဆိုင်းနေချိန်တွင် အပြင်ဘက်မှ အမျိုးသမီးက တံခါးကို တိုက်ရိုက် တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။

ထိုအမျိုးသမီးက မျက်စိစွေနေပြီး လိမ္မော်ရောင် တာအိုဝတ်စုံအား ဝတ်ဆင်ထားသည်ကို ဝမ်လင်း သတိပြုမိလိုက်သည်။

အလှလေးတို့၏ မှတ်ဉာဏ်မှ တဆင့် ထိုမိန်းကလေးက အင်မော်တယ်စံအိမ်၏ ထိပ်တန်းအဆင့် တပည့် ဖြစ်ပြီး အတွင်းစည်း ဂိုဏ်းဝင် တပည့်များထက် အဆင့်ပိုမြင့်သော တပည့်တစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိရှိခဲ့သည်။

အကြီးအကဲ၏ တပည့်များ ဝတ်ဆင်သည့် တာအိုဝတ်စုံအရောင်ကမူ ခရမ်းရောင် ဖြစ်သည်။

မျက်စိစွေသည့် အမျိုးသမီးက ဆယ်မီတာအကွာကနေ သူတို့ကို မြင်လိုက်ရသည် ။

ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ် လူငယ်လေးက ခေါင်းကြိမ်းသွားသလို ခံစားလိုက်ရသည်။

[ငါတို့ ဘာလုပ်သင့်လဲ]

[အယောင်ဆောင်တာ ပေါ်သွားတော့မှာလား]

ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက်တွင် အမျိုးသမီးက သူတို့ကို တအံ့တသြ ပြောလိုက်သည်။

"ဝိုး.. နင်တို့က အလှလေးနဲ့ လျှော့စျေးလေးလား.. ဒါက ဘယ်လိုဖြစ်သွားတာလဲ.. အကြီးအကဲရဲ့ ခွင့်ပြုချက်မရှိဘဲ ပလပ်စတစ်ဆာဂျရီ လုပ်ခဲ့တာလား"

ဗုံးပစ်စီနီယာ အင်မော်တယ် "............"

မျက်စိစွေသည့် အမျိုးသမီး ကျင့်ကြံသူက အနီးသို့ ချဥ်းကပ်လာပြီး ဝမ်လင်းကို အပေါ်အောက် အကဲခတ်လိုက်သည်။

"မင်းက လျှော့ဈေးလေးပဲ.. မင်းရဲ့ ဘဲဥပုံ မျက်နှာပေါက်က အရင်အတိုင်းပဲ"

ဝမ်လင်း "..........."

အမျိုးသမီးက သူ့ကို ကြည့်နေသည်။

"နင့်မျက်နှာကို အင်မော်တယ်စံအိမ်က ဘယ် ပလပ်စတစ်ဆာဂျရီက လုပ်ပေးတာလဲ.. နင့်ရဲ့ အေးစက်စက် မျက်ဝန်းကလည်း အတော်အထာကျတာပဲ.. မဆိုးဘူး.. တကယ်မဆိုးဘူး"

ဝမ်လင်း "............"

ထို့နောက် သူမက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကြည့်ကာ မေးစေ့ကို လှမ်းကိုင်လိုက်သည်။

"အလှလေး မင်းက ဘယ်လိုလုပ် အရပ်မြင့်လာတာလဲ.. ရင်သားကိုပါ အစားထိုးလိုက်တာလား "

"စီနီယာအမ ယာရွှယ်က ငါတို့ကို ဘာကိစ္စရှိလို့ ရှာနေတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏အသံကို ပြောင်းလဲရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အွန်လိုင်းဆယ်လီ အသွင်အပြင်ရှိသည့် အမျိုးသမီး၏ အသွင်အပြင်ကို တုပခဲ့သည်။

သူမ၏ ခါးမှ နာမည်တံဆိပ်ပြားကနေ "ယာရွှယ်" ဆိုသည့်အမည်ကို သူသိခဲ့၏။

ယခုမှ သူတို့က အလှလေးတို့ထံမှ နာမည်တံဆိပ်များ မယူရသေးကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ် မှတ်မိလိုက်သည်။

"ငါတို့ နာမည်တံဆိပ်ပြားတွေပါ ယူထားရင် ပိုကောင်းမယ်.. မဟုတ်ရင် သေချာပေါက် သံသယဝင်ခံရလိမ့်မယ်"

"အကြီးအကဲက အတွင်းစည်း ဂိုဏ်းဝင် တပည့်အားလုံးကို စုစည်းဖို့ခိုင်းလိုက်တဲ့ အတွက် မင်းတို့ကို အသိပေးဖို့ ငါလာခဲ့တာပါ"

ဤစီနီယာအမ ယာရွှယ်က ရုပ်ဖျက်ထားသော ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ကို အလွန်လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

"ကိစ္စက အရမ်း အရေးကြီးနေတယ်.. အစည်းအဝေး အတွက် ယွင်ထိုက်ခန်းမရဲ့ အပေါ်ထပ်ကို ဆယ်မိနစ်အတွင်း အရောက်လာခဲ့ပါ"

"ဟုတ်ကဲ့ စီနီယာအမ ယာရွှယ်"

"နောက်မကျစေနဲ့နော်"

မျက်စိစွေသည့် အမျိုးသမီးက ပြုံးလိုက်သည်။

ထို့နောက် သူမက သတင်းစကားပါးရန် နောက်ထပ် နန်းတော်တစ်ခုသို့ သွားခဲ့သည်။

သူမကို အဝေးမှ လှမ်းကြည့်ရင်း ဗုံးပစ် စီနီယာ အင်မော်တယ်က ချွေးစေးများ ထွက်လာသည်။

အစောပိုင်းက သူမနှင့် မျက်နှာချင်းဆိုင်လု နီးပါး နီးကပ်ခဲ့ရသည်။

သို့သော် အဆုံးသတ်တွင် သူတို့၏ ဇာတိရုပ်အမှန်ကို သူမ မမြင်တွေ့ခဲ့ပေ။

မျက်စိစွေသည့် လူတိုင်းက မွန်းစတားများ မဟုတ်ကြချေ။

ထိုအထဲမှ တချို့က မျက်ကန်းတွေချည်း ဖြစ်ရပေမည်။

...........

ယာရွှယ် ညွှန်ကြားချက်အတိုင်း ဝမ်လင်း နှင့် ဗုံးပစ်စီနီယာအင်မော်တယ်က ဆယ်မိနစ် အကြာတွင် ယွင်ထိုက်ခန်းမ၏ အပေါ်ထပ်သို့ ရောက်လာသည်။

ဝမ်လင်းက ခန်းမ၏ တည်နေရာကို အတိအကျကို မသိသော်လည်း ယာရွှယ်ထံတွင် ခြေရာခံ နတ်အမှတ်အသား တစ်ခု ချန်ထားရစ်ခဲ့၍ ကံကောင်းသွားခဲ့သည်။

သူတို့ရောက်လာသော အချိန်တွင် ယာရွှယ်က အချိန်မီ ပြန်ရောက်နေပြီ ဖြစ်သည်။

စင်မြင့်ပေါ်ရှိ သူမဘေးတွင် ခရမ်းရောင် တာအိုဝတ်စုံဝတ် အမျိုးသမီးကြီး တစ်ဦး ရပ်နေသည်။

ထိုအခိုက်တွင် အတွင်းစည်းတပည့် ရာနှင့်ချီ၍ ကြမ်းပြင်ပေါ်တွင် စုဝေးနေကြ၏။

ထိုအထဲတွင် ဝမ်လင်းတို့ နှစ်ယောက်လည်းရှိနေ၏။

ယခုအခါတွင် ဤအတွင်းစည်း ဂိုဏ်းဝင် အမျိုးသမီး တပည့်များ အားလုံးက အကြီးအကဲ၏ အမျက်ဒေါသအောက်တွင် တုန်လှုပ်နေကြသည်။

"ငါ အခုမှပဲ စာရင်းတွက်ပြီးပြီ.. လူနှစ်ယောက် ရောက်မလာသေးတာကို ငါသတိထားမိတယ်"

ခရမ်းရောင်ဝတ် အမျိုးသမီးကြီးက အသက်ခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

"ဆရာက ဒေါသထွက်နေပြီ.. သူလျှိုတချို့ စိမ့်ဝင်လာပြီလို့ သံသယရှိတယ်.. ငါတို့ရဲ့စံအိမ်ထဲ ခိုးဝင်လာသူတွေက ငါတို့ရဲ့တပည့်တွေလို အသွင်ယူထားဖို့ ဖြစ်နိုင်တယ်.. ဒီလို အရေးပေါ် အခြေအနေမျိုးမှာတောင် နောက်ကျတဲ့သူ ရှိနေသေးတယ်.. ယာရွှယ်.. နင် အလုပ်ကို ကောင်းကောင်း မလုပ်ဘူးလား"

ဤပြင်းထန်သော ပြစ်တင်ရှုတ်ချမှုအောက်တွင် မျက်စိစွေနေသည့် အမျိုးသမီး ကျင့်ကြံသူက အနည်းငယ် တုန်လှုပ်သွားသည်။

"ဒီတပည့်ရဲ့ ပေါ့လျော့မှုကြောင့်ပါ.. ပြစ်ဒဏ်ကို ခံယူပါ့မယ်..."

"ဟမ့်.. သေချာပေါက် အပြစ်ပေးခံရမှာပေါ့"

ခရမ်းရောင်ဝတ်အမျိုးသမီးက ကြိမ်းဝါးလိုက်သည်။

"ဒီပျောက်နေတဲ့ တပည့်နှစ်ယောက်က ဘယ်သူတွေလဲ.. နာမည်စာရင်းပေးပါဦး"

"သူတို့က ဝါးလေး နဲ့ ဂန္ဓမာလေး တို့ပါ.. ကျမ သူတို့ကို အသိပေးခဲ့ပါတယ်"

မျက်စိစွေနေသည့် အမျိုးသမီးက တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားနေမိသည်။

"ဒါပေမယ့် မကြာသေးခင်ကပဲ သူတို့က ကိုယ်အလေးချိန် တက်လာတယ်.. ဒါကြောင့် နောက်ကျနေတာဖြစ်မယ်..."

ခရမ်းရောင်ဝတ် အမျိုးသမီးကြီးက အံသြသွားသည်။

"ဝိတ်တက်လာတာလား"

ထိုအခိုက်အတန့်တွင် ဝမ်လင်းတို့နှစ်ယောက်က ယာရွှယ် ပြောခဲ့သလို ခန္ဓာကိုယ် ခပ်တုတ်တုတ် မိန်းမနှစ်ဦး အပေါ်ထပ်သို့ တက်လာသည်ကို လှမ်းမြင်လိုက်ရသည်။

သူမတို့၏ တာအိုဝတ်စုံများက တိုလွန်းသောကြောင့် ခြေသလုံးများက ပေါ်နေ၏။

ခြေသလုံးမွေးများက လေအဝှေ့တွင် လှုပ်ခတ်နေသည်။

ဤမြင်ကွင်းက ဗုံးပစ်စီနီယာ အင်မော်တယ်က သွေးအန်မတတ် ဖြစ်စေခဲ့သည်။

"ညီနောင်လင်း.. ငါအမြင်မှောက်သွားသလို ခံစားရတယ်"

All Chapters