မူလစိတ်ဝိညာဥ်နယ်ပယ်
Vol. 20 Ch. 293
လက်ရှိအခြေအနေသည် ဤအမျိုးသမီးကြီး၏ ထိန်းချုပ်မှုမှ လွတ်မြောက်နေပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
ဤလူငယ်လေးသာ ဤနေရာကို ရောက်မလာခဲ့လျှင် ဓမ္မရာဂျာနှင့် ဖက်တီးလောတို့၏ ခွန်အားများကို ပေါင်းစပ်ထားလျှင်တောင်မှ အနိုင်ရဖို့ ငါးဆယ်ရာခိုင်နှုန်းပင် မရှိဟု သူမ တွေးမိသည်။
ခြေသလုံးအိမ်တိုင် အင်မော်တယ် ဖြစ်သည့် သူမတွင် ပို၍ ကြီးမားသော အားသာချက် ရှိသည် မဟုတ်ပါလော။
ကံဆိုးစွာဖြင့် ဝမ်လင်း ရောက်ရှိလာခြင်းက အရာအားလုံးကို ပျက်ပြားစေခဲ့ပြီး သူမကို လုံးဝ ရှုံးနိမ့်သွားစေခဲ့၏။
ဤအချိန်တွင် သူမစိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေသည်။
[တကယ်ပဲ အရှုံးပေးလိုက်ရတော့မလား]
သူမ စိတ်ထဲတွင် တကယ်ပဲ ထိုအတွေးမျိုး ရှိနေ၏။
ဝမ်လင်း၏မြေပြင်ကို ခြေဖဝါးဖြင့် အသာအယာပွတ်သည့် လှုပ်ရှားမှုကိုကြည့်ပြီး အနိုင်ရသူကို သူမ ဆုံးဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့် သူမက လုံးဝ မတိုက်ခိုက်ချင်တော့ပေ။
သို့ရာတွင် သူမသာ ဤနေရာ၌ လက်နက်ချခဲ့လျှင် စံအိမ်သခင်၏ အမျက်ဒေါသကို ခံရမည်မှာ သေချာသည်။
ဤအခြေအနေတွင် သူမ ဘာလုပ်လုပ် အရှက်ရရုံသာ ရှိလိမ့်မည်။
ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့လာရလျှင် အကောင်းဆုံး ဖြေရှင်းနည်းမှာ ပြဿနာကို တခြားသူစီ လွှဲပြောင်းလိုက်ရန်ပင် ဖြစ်သည် မဟုတ်လော။
ခရမ်းရောင်ဝတ် အမျိုးသမီးက သူမဘေးနားရှိ ယာရွှယ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ဆရာ.. ကျမတို့အခု ဘာလုပ်ရမလဲ"
ယာရွှယ်က မေးလိုက်သည်။
"ယာရွှယ်...နင့်ရဲ့ စီနီယာဦးလေး ဖေးဖေးကို ခေါ်လိုက်ပါလား"
ခရမ်းရောင်ဝတ် အမျိုးသမီးက မဆိုင်းမတွ ပြောလိုက်သည်။
"ဒါ.. ဒါပေမဲ့ ဘယ်လိုခေါ်ရမလဲ"
ခရမ်းရောင်ဝတ် အမျိုးသမီး "မင်းမွေးနေ့မရောက်ခင်က မြေအိုးတစ်လုံး လုပ်ခဲ့တယ် မဟုတ်လား.. အဲဒီမြေအိုးကို အသာအယာ ရိုက်လိုက်ရုံနဲ့ မင်းရဲ့ စီနီယာဦးလေး ရောက်လာလိမ့်မယ်
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်လိုက်သည်။
"မင်းမနိုင်လို့ စစ်ကူခေါ်နေတာလား"
အမျိုးသမီးကြီးက ခွန်းတုံ့ပြန်လိုက်သည်။
"နင်က ငါတို့ထက် သာတာပဲ.. ဒီလိုမျိုး အနိုင်ရတာကို ဂုဏ်ယူနေတာလား"
"ကောင်းပြီလေ.. မင်းကြိုက်သလိုသာလုပ်ပါ"
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
ဤသဘောတူညီချက်က ဝမ်လင်း အတွက် ပြဿနာဖန်တီးရန် ရည်ရွယ်ခြင်း မဟုတ်ပေ။
ဝမ်လင်းက အမျိုးသမီး၏ စွမ်းအားကို မြေပြင်ကို ခြေထောက်ဖြင့်ပွတ်၍ ချေဖျက်လိုက်ရသည့် တကယ့် အကြောင်းရင်းမှာ သူမနှင့် တိုက်ခိုက်ခြင်းမှ တဆင့် သူမ၏ ဝိညာဥ်စွမ်းအင်နှင့် ချိတ်ဆက်မှုတစ်ခု ဖန်တီးရန် ဖြစ်သည်။
ဤနည်းအားဖြင့် သူမပင် သတိမထားမိလိုက်ဘဲ မှတ်ဉာဏ်များကို လျှို့ဝှက်ရှာဖွေနိုင်ပေသည်။
မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက်တွင် ဝမ်လင်း စိတ်ပျက်သွားခဲ့သည်။
သူမ၏ ရာထူးအဆင့်က အရမ်း မမြင့်မားသောကြောင့် အင်မော်တယ်စံအိမ်သခင်နှင့် တွေ့ဆုံရန် အခွင့်အရေး နည်းပါးခဲ့သည်။
ထို့ကြောင့် သူမက အတွင်းစည်းတပည့် အမျိုးသမီးများထက် စံအိမ်သခင် အကြောင်းကို မသိခဲ့ပေ။
သို့သော် ယခုအချိန်တွင် တစ်ဖက်လူက စစ်ကူများ ခေါ်ယူနေသောကြောင့် ဝမ်လင်းတစ်ယောက် မပျော်ရွှင်နိုင် ဖြစ်နေသည်။
ဤအခြေအနေမျိုးတွင် သူတို့တောင်းဆိုသည့် စစ်ကူများမှာ အလွန်အစွမ်းထက်မည်မှာ သေချာနေသည် မဟုတ်ပါလား။
.......................
အမျိုးသမီးကြီး၏ ညွှန်ကြားချက်ကို နားထောင်ပြီးနောက် ယာရွှယ်က မြေအိုးကို လက်ဖြင့် တုန်တုန်ယင်ယင် ဆွဲထုတ်ကာ မြေပေါ်သို့ ပစ်ခွဲလိုက်သည်။
[ငတုံးမ.. အသာလေး ရိုက်လို့ရတာကို ဘာလို့ခွဲပစ်လိုက်တာလဲ]
မြေအိုးကွဲအက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်လင်း၊ ဗုံးပစ်စီနီယာအင်မော်တယ်၊ ဖက်တီးလောနှင့် ဓမ္မရာဂျာတို့က အိုးထဲမှ ထွက်လာသည့် ပြင်းထန်သော စိတ်ဝိညာဥ် စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ စိတ်ဝိညာဥ်စွမ်းအားလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်သွားသည်။
စိတ်ဝိညာဥ်စွမ်းအားမှာ ဝိညာဥ်စွမ်းအင်၏ စံတိုင်းတာမှု တစ်ခုဖြစ်၏။
စျေးကွက်ထဲတွင် စိတ်ဝိညာဥ်စွမ်းအားကို တိုင်းတာသည့်ကိရိယာများ ရောင်းချလျက်ရှိသည်။
သို့သော် ယခုထွက်ပေါ်လာသည့် စိတ်ဝိညာဥ်စွမ်းအားက ကိရိယာမှ တိုင်းတာနိုင်သည့် အတိုင်းအတာထက်ပင် ရာနှုန်း ပြည့် ကျော်လွန်နေ၏။
"ဘယ်သူလဲ"
အိုးကွဲပြီး တခဏ အတွင်းမှာပင် လေထဲ၌ ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
အသံက ဟိုးအဝေးရှိ မိုးကုတ်စက်ဝိုင်းဆီမှ လာပုံရသည်။
ခဏအကြာတွင် မြေပြင်က ပြင်းထန်စွာ လှုပ်ခတ်သွားပြီး ကြီးမားသော အရှိန်အဟုန်ဖြင့် ကောင်းကင်မှ အနက်ရောင် သဏ္ဍာန်တစ်ခု ဆင်းသက်လာသည်။
အဆက်အသွယ်များ ဆီကနေ အင်မော်တယ်စံအိမ် အတွင်းစည်း၌ အမျိုးသားတပည့် တစ်ယောက်တစ်လေမှ မရှိမှန်း ဝမ်လင်း သိပြီးသား ဖြစ်သည်။
သို့ရာတွင် သူတို့ရှေ့၌ ပေါ်လာသည့် မွန်းစတား အထီးက သူတို့မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏။
၎င်းက ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော ငွေရောင်မြင်းတစ်ကောင် ဖြစ်ပြီး ဝမ်လင်းတို့အဖွဲ့ကို ထီမထင်စွာ ကြည့်ရှုနေသည်။
ထိုငွေရောင်မြင်း၏ အရပ်က 20မီတာ မြင့်မားသည်။
"ဒါဘာကြီးလဲ"
ကြီးမားသောအရိပ်တစ်ခုက ဖုံးလွှမ်းထား၍ ဓမ္မရာဂျာနှင့် အခြားသူများ၏ နဖူး၌ ချက်ချင်းပင် ချွေစေးများ ကျလာသည်။
"ဒီမြင်းက သိဒ္ဓိ အစီအရင် အခင်းအကျင်းနဲ့ တစ်ခုခုတော့ ဆက်စပ်နေမယ်လို့ ငါယုံကြည်တယ်"
'ဖက်တီးလော'က မျက်မှောင်တင်းကြပ်စွာ ကြုံ့လိုက်သည်။
ဝမ်လင်းက သူ၏ ရွှေရောင် အကာအကွယ်ဖြင့် လူတိုင်းအား ဖုံးလွှမ်းပေးလိုက်ရာ ထိုဖိနှိပ်ခံရသော ခံစားမှုက အလွန်လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။
ငွေရောင်မြင်းက ဤအကာအကွယ် ရွှေရောင်အလင်းတန်းကို ခဏမျှ တိတ်တဆိတ် စိုက်ကြည့်နေခဲ့၏။
ထို့နောက်တွင် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားသို့ ကြုံ့လိုက်သည်။
သို့သော် ၎င်းထံမှ ထွက်ပေါ်နေသည့် ဖိအားကမူ လျော့ပါးမသွားပေ။
"ညီနောင်လင်း.. ဒါဖြစ်နိုင်မလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤစစ်မြင်း၏ မူလသရုပ်မှန်ကို ရိပ်စားမိနေပုံရသည်။
"ဖြစ်နိုင်တယ်"
ဝမ်လင်းက သူ့ရှေ့မှ ငွေရောင်မြင်းကို စေ့စပ်စွာကြည့်လိုက်၏။
ဤသည်မှာ စစ်မှန်သော သူတော်စင်သားရဲ ဖြစ်သည်။
ထို့အပြင် သိဒ္ဓိအစီအရင်မှ ပေးအပ်ထားသည့် စွမ်းရည်များကြောင့် ၎င်းထံ၌ ဝိညာဥ်စွမ်းအင်များ ပြည့်နှက်နေကာ ကြောက်မက်ဖွယ် အစွမ်းသတ္တိများ ရှိနေ၏။
ဂိမ်းကမ္ဘာထဲတွင် ဝမ်လင်းက အစီအရင်မှ ဖြစ်ပေါ်လာသည့်သားရဲကို တစ်ချက်ထဲဖြင့် ဖြိုခွင်းလိုက်ပြီး ဒိုင်မန်းရှင်း တစ်ခုလုံး ဖြိုချခဲ့သည်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် အမှတ်ရမိလိုက်သည်။
ယခု ဤသားရဲက ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင်ပင် ရေခဲခရစ္စတယ် အစီအရင်က ချက်ချင်း ပြိုကျပျက်စီးမည် မဟုတ်ပေ။
သို့ရာတွင် အစီအရင်အပေါ်ပြင်းထန်စွာ သက်ရောက်မှုရှိမည်မှာ သေချာသည်။
ထိုအတိုင်းသာ ဖြစ်လာလျှင် အမျိုးသမီး အဝတ်အစားများကို ဆက်ဝတ်နေစရာ မလိုအပ်တော့ပေ။
ဟုတ်ပါသည်။ ယင်းက အဓိကပြဿနာ တစ်ခုတော့ မဟုတ်ချေ။
အဓိကပြဿနာမှာ အင်မော်တယ်စံအိမ်တွင် သူတော်စင်သားရဲ ရှိနေခြင်းပင်။
မှတ်တမ်းများအရ ထိုအဆင့်သားရဲများမှာ မျိုးတုံးကုန်ပြီ မဟုတ်လော။
ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ ပထမတန်းစား ဝိညာဥ်သားရဲသည် ကြီးမားသော ရှာဖွေတွေ့ရှိမှု ဖြစ်လိမ့်မည်။
မရေမတွက်နိုင်သော ဝိညာဥ်သားရဲများမှာ အမဲလိုက်မှုများကြောင့် မျိုးသုဉ်းသွားခဲ့သည်။
ရှေးယခင် ကာလများတွင် အရိုးစွပ်ပြုတ်နှင့် အသားလုံးများအတွက် ဝိညာဥ်သားရဲများစွာ အပြင် သူတော်စင်အဆင့်သားရဲများပင် သတ်ဖြတ်ခံကြရသည်။
ရှေးကျမ်းစာများအရ ခေါင်းကိုးလုံး ခြင်္သေ့ သူတော်စင်သားရဲပင် သနားစရာကောင်းစွာ ခေါင်းဖြတ်၍ အသတ်ခံခဲ့ရသည်ဟု ဆိုထားသည်။
လောလောဆယ်တွင် ဤငွေရောင်မြင်း၏ မူလဇစ်မြစ်ကို မသိရသေးသော်လည်း အော်ရာမှ တဆင့် သူတော်စင် သားရဲဖြစ်ကြောင်း သံသယ မရှိကြပေ။
"မင်းက ငါတို့ရဲ့ အင်မော်တယ် စံအိမ်ကြီးကို ထိခိုက်အောင် လုပ်တဲ့သူပဲ.. အခု ငါရောက်လာပြီ.. မင်းတို့အားလုံး အသက်ရှင်ဖို့ မစဥ်းစားနဲ့တော့"
ငွေရောင်မြင်းက ရှေ့တိုး၍ ကြုံးဝါးလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး ကျက်တီးမြေ တစ်ခုသို့ ရောက်နေသည်ကို သူတို့ကိုယ်သူတို့ သတိထားမိလိုက်ကြသည်။
လူတိုင်းက ၎င်း၏ စုပ်ယူခြင်းကို ခံလိုက်ရသဖြင့် ဓမ္မရာဂျာ နှင့် ဖက်တီးလောတို့က အလွန် တုန်လှုပ်နေခဲ့၏။
"မူလစိတ်ဝိညာဥ်နယ်ပယ်လား"
'ဖက်တီးလော'က ရေရွတ်လိုက်သည်။
"အဲဒါက ဘာလဲ"
ဓမ္မရာဂျာက တအံတသြ မေးလိုက်သည်။
"ဒါက သေးငယ်တဲ့ ကမ္ဘာအမျိုးအစားတစ်ခု ဖြစ်ပြီး အတွင်းပိုင်း ကမ္ဘာငယ်လေးလို့လည်း ခေါ်ကြတယ်.. ရန်သူကို မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း ဆွဲသွင်းပြီး သတ်ဖြတ်နိုင်တဲ့ အပြင် ဝိညာဥ်စွမ်းအင် ပမာဏ အမြောက်အများကိုလည်း နယ်ပယ်အတွင်း ထိန်းသိမ်းထားနိုင်တယ်.. ဒီစွမ်းရည်ကို ပကတိ အင်မော်တယ်တွေပဲ အသုံးပြုနိုင်တယ်.. တစ်နည်းပြောရရင် ဝိညာဥ်စွမ်းအင် ကုန်တာနဲ့ ငါတို့မှာ သူ့လို ပြန်လည် ဖြည့်တင်းစရာ မရှိတဲ့ အတွက် ဒီမှာပဲ သေပွဲဝင်ရလိမ့်မယ်"
"ဒါဆို ငါတို့အခု ဘာလုပ်သင့်လဲ"
"ငါတို့ လင်းကျန်းရန်ကိုပဲ အားကိုးလို့ရမယ်... မူလစိတ်ဝိညာဥ်နယ်ပယ်ကို ဖန်တီးနိုင်တဲ့ ရန်သူကို တိုက်ခိုက်ဖို့ အတွက် ငါတို့မှာ လုံလောက်တဲ့ အင်အားမရှိဘူး"
ဖက်တီးလောက ဓမ္မရာဂျာ၏ ပခုံးကို လက်ဖြင့်ပုတ်ရင်း သက်ပြင်းချလိုက်သည်။
"ငါ့လိုမျိုး ကောက်ချက်ချနိုင်သူ ဖြစ်ဖို့ ဆုတောင်းနေလိုက်.. မှန်မှန်ကန်ကန် ကောက်ချက် ချနိုင်တဲ့ သူတွေက ဘယ်တော့မှ မသေဘူး"
ဓမ္မရာဂျာ "............"