လူတိုင်းတွင် တိရစ္ဆာန်များကို ဂရုစိုက်ရန်တာဝန်ရှိကြသည်
Vol. 20 Ch. 295
ဝမ်လင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူ၏ အနီနှင့်အနက် အင်္ကျီကို လေပြင်းများက တိုက်ခတ်နေသည်။
အကျီကို ကြယ်သီး မဖြုတ်ထားသော်လည်း လူငယ်လေး၏ ညှပ်ရိုးနှင့် ခန္ဓာကိုယ် ကောက်ကြောင်းများကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
၎င်းက ငွေရောင်စစ်မြင်း မြင်ဖူးသမျှတွင် အပါးလှပ်ဆုံး၊ အပိန်ဆုံး ဖြစ်သော်လည်း လူငယ်ထံမှ သယ်ဆောင်လာသော စွမ်းအင်၏ ပြင်းထန်မှုမှာ တုန်လှုပ် ချောက်ခြားစရာပင်။
ထိုလူငယ်က လူသားကျင့်ကြံသူ တစ်ယောက် မျှသာ ဖြစ်၏။
သူက မူလစိတ်ဝိညာဥ်နယ်ပယ်နှင့် အူတိုင် အစီအရင် ရှိနေသော်လည်း ထိုသိပ်သည်းသော စွမ်းအင်များ ရှိသည့် လူငယ်လေးကို အမှန်တကယ် မယှဥ်နိုင်ပေ။
သူခံစားနေရသည့် ထူးဆန်းသော ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် မရှိတော့ချေ။
သူက လူသားကျင့်ကြံသူတစ်ဦး နှင့် တိုက်ခိုက်နေရသော်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ ခွန်အားနှင့် ရင်ဆိုင်လိုက်ရသလို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။
"ချာတိတ်က ကောင်းကင်သားတော်များလား.. ဒီလိုလူ တကယ်ပဲ ရှိနေတာလား"
ငွေရောင်စစ်မြင်းက မီးတောက်နေသော ဥက္ကာပျံ အဖြစ်သို့ ပြောင်းလဲရင်း ဤအချက်ကို လေးလေးနက်နက် စဥ်းစားနေသည်။
ငွေရောင်စစ်မြင်းက ကောင်းကင်ကနေ ဝမ်လင်းဆီသို့ ခုန်ဆင်းလာစဥ် မူလစိတ်ဝိညာဥ်နယ်ပယ်က တုန်ခါသွား၏။
နောက်ထပ် ဘာတွေဆက်ဖြစ်မည်ကို သူ မသိသေးသော်လည်း သူ့ရှေ့မှ ချာတိတ်လေးက သူ၏ အသိတရားများကို ဖီဆန်နေသည်။
ဤတစ်ချီ တိုက်ခိုက်မှုက အောင်မြင်နိုင်မလား ဆိုသည်ကို သူကိုယ်တိုင်လည်း တပ်အပ် မပြောနိုင်ချေ။
မြေပြင်နှင့်မထိမီ အချိန်တွင် ငွေရောင်စစ်မြင်းက ဤဒဿနမေးခွန်းသည် Schrödinger ၏ ကြောင်စမ်းသပ်ချက် (ရူပဗေဒအယူအဆ စမ်းသပ်ပုံ) နှင့် တူသည်ဟု ခံစားလိုက်ရသည်။
သင် မပြုလုပ်မချင်း ရလဒ် တစ်စုံတစ်ရာကို သိနိုင်မည်မဟုတ်ပေ။
နီးကပ်လာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးမားလာသောမီးတောက်ဥက္ကာပျံကို စိုက်ကြည့်ရင်း ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်။
ယခုတစ်ကြိမ် တိုက်ခိုက်လာမှုက ပြင်းထန်လွန်းသဖြင့်အကာအကွယ် သေချာမလုပ်လျှင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည် ဖြစ်သည်။
ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကိုရင်ဆိုင်ရလျှင်ကျင့်ကြံသူများသည် ယေဘုယျအားဖြင့် မိမိကိုယ်ကို ခွန်အားရှိသ၍အစွမ်းကုန် ကာကွယ်ရန်သာ ရွေးချယ်ကြလေ့ရှိသည်။
သို့ရာတွင် ဤသည်က ဝမ်လင်းဖြစ်နေ၍ ငွေရောင်စစ်မြင်းအတွက် ပို၍ အန္တရာယ်များမည်မှာ သေချာသည်။
ငွေရောင်စစ်မြင်းက ဝမ်လင်း၏ ခံစစ်အင်အားကို အသေအချာ တွက်ချက်ပြီး လူတစ်ထောင်ကိုသတ်ရန် လူရှစ်ရာကိုစတေးရသည့် အသေခံတိုက်ခိုက်ခြင်းမျိုး ဖြစ်၏။
သူတော်စင် ကိုယ်ထည် ပိုင်ဆိုင်သောသူများမှာ ရှေးခေတ်ကတည်းကပင် မာနကြီးကြပြီး ၎င်းတို့၏ ရွှေရောင်ကိုယ်ထည်ကို အားကိုးလေ့ ရှိကြသည်။
သို့သော် ငွေရောင်စစ်မြင်းက ဝမ်လင်းကို တွက်ချက်မှု လွဲသွားခဲ့၏။
ဝမ်လင်းက သူတော်စင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော်လည်း သူ၏ အကောင်းဆုံးစွမ်းရည်မှာ ခံစစ်စွမ်းရည် မဟုတ်ဘဲတိုက်စစ်စွမ်းရည် ဖြစ်သည်။
ငွေရောင်စစ်မြင်းက သူ့ကိုယ်သူ ကြွေကျနေသော ကြယ်တစ်စင်းအဖြစ် ပြောင်းလဲသွားသောအခါ ဝမ်လင်းက စွမ်းအားများကို လက်သီးတွင် စုဆောင်းထားလိုက်၏။
ထို့နောက် လေထုကို လက်သီးဖြင့် တစ်ချက်ထိုးချလိုက်သည်။
"ဝုန်း.."
မူလစိတ်ဝိညာဥ်နယ်ပယ် အတွင်း၌ ကြီးမားသော "ပေါက်ကွဲသံ" တစ်ခု ထွက်ပေါ်လာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် အခြားသူများက ဝမ်လင်းတစ်ယောက် သာမန် မျက်စိဖြင့် မမြင်နိုင်သည့် သုံးဆယ်မီတာကျယ်သော အမြှောက်ထိပ်ဖူးဖြင့် ပစ်ခတ်လိုက်သလားဟုပင်
ဝေဝါးသွားခဲ့သည်။
ပြင်းထန်သော တုန်ခါမှုကြောင့် မြေပြင်က ချက်ချင်းပင် အခုံးများ ဖြစ်သွားခဲ့သည်။
ဤလက်သီးမှ လေထုဖိအားက ငွေရောင်စစ်မြင်းကို သွေးအန်ရန် လုံလောက်စေ၏။
၎င်း၏ ချပ်ဝတ်တန်ဆာသာ လေထုဖိအား အချို့ကို လျော့မချနိုင်ပါက ၎င်းက သေပြီးသား ဖြစ်နေလိမ့်မည်။
ငွေရောင်စစ်မြင်းက သူတော်စင် သားရဲအနေဖြင့် ခေါင်းမာစွာ အလျှော့မပေးခဲ့သောကြောင့် နောက်ဆုံးတွင် ဝမ်လင်း၏ နှိပ်ကွပ်ခြင်းကို ခံခဲ့ရသည်။
သို့သော် ဝမ်လင်း အတွက်မူ ဤအရာအားလုံးက လုံးဝအဓိပ္ပါယ်မရှိပေ။
ဝမ်လင်း၏ လက်သီးချက်ဖြင့် ငွေရောင်စစ်မြင်း နှိပ်ကွပ်ခံရသည်နှင့် တစ်ပြိုင်နက် ငွေရောင်စစ်မြင်း၏ အကာအကွယ်ကို ရထားသည့် ခရမ်းရောင်ဝတ် အမျိုးသမီးကြီးနှင့် ယာရွှယ်တို့က လဲကျသွားကြသည်။
ငွေရောင်စစ်မြင်းက လေထဲမှ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျလာသည်။
ယင်းအချိန်တွင် ဝမ်လင်းက ကဗျာတစ်ပုဒ်ကို ရွတ်ဆိုချင်စိတ် ထိန်းမရတော့ပေ။
{ငါသေတဲ့အခါ ငါ့အမွေး အတောင်တွေက မြေကြီးထဲမှာ ပုပ်ကုန်မှာပဲ... ငါ့မျက်လုံးတွေကရော ဘာကြောင့် မျက်ရည်တွေနဲ့ အမြဲတမ်း ပြည့်လျှံနေတာလဲ.. ဘာလို့လည်းဆိုတော့ ငါနားခိုမဲ့ ဒီမြေကို အသည်းနစ်အောင် ချစ်လို့ပေါ့..}
"ဆရာ.. စီနီယာဦးလေး ဖေးဖေး... ရှုံးသွားပြီလား"
လက်ချောင်းများကို ကိုက်နေရင်း ယာရွှယ်က မေးလိုက်သည်။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကြီး၏ မျက်နှာက မဲ့ရွဲ့သွားသည်။
သူမက ငတုံးတပည့်မ၏ ခေါင်းကို မခေါက်မီတွင် အမြောက်ကျည်ဆန်နှင့် တူသည့် ထိုလူငယ်၏ လက်သီးက မူလစိတ်ဝိညာဉ်နယ်ပယ်၏ ဝိညာဉ်နံရံကို ရိုက်ချိုးနေပြီ ဖြစ်သည်။
ဝိညာဥ်နံရံပေါ်တွင် ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်း များစွာ ချက်ချင်းပေါ်လာပြီး ပျံ့နှံ့သွားသည်။
"မကောင်းတော့ဘူး"
အမျိုးသမီးကြီးက ထိတ်လန့်တကြားဖြစ်ကာ မျက်နှာ ဖြူဖျော့သွားသည်။
"အားလုံးပြီးသွားပြီ"
ငွေရောင်စစ်မြင်း ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် သူမတို့က ဝိညာဥ်အကာအကွယ် ဆုံးရှုံးသွားခဲ့သည်။
ထို့ကြောင့် လက်သီးချက်က ဝိညာဥ်နံရံကို ထိမိသည့်အခိုက်တွင် သူမတို့ နှစ်ဦးစလုံးက ပြင်းထန်စွာ လွင့်ထွက်သွားခဲ့ပြီး ယွင်ထိုက်ခန်းမ၏ နံရံနှင့် ပစ်ဆောင့်မိကြသည်။
တစ်ဖက်တွင်မူ ဝမ်လင်းတို့အဖွဲ့က မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖျက်ဆီးပြီးနောက် ပြန်လည် ဆုတ်ခွာလာခဲ့သည်။
အကာအကွယ် ရွှေရောင်အလင်းတန်းက ၎င်းတို့ကို မူလစိတ်ဝိညာဥ်နယ်ပယ်၏ ပေါက်ကွဲပျက်စီးခြင်းဒဏ်မှ လုံးဝ ကင်းဝေးစေခဲ့ပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်နိုင်စေခဲ့သည်။
ငွေရောင်စစ်မြင်းကလည်း စင်မြင့်သို့ပြုတ်ကျလာ၏။
၎င်းက ပါးစပ်ကနေ သွေးများ အန်ထုတ်နေရပြီး လည်ပင်းကလည်း စောင်းနေသည်။
ဝမ်လင်းက ငွေရောင်စစ်မြင်းကို စိုက်ကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
စစ်မြင်း၏ ပြန်ထဖို့ကြိုးစားနေသည့် အမူအရာက တင်းမာပြီး ဒေါသများ ပြည့်နှက်နေ၏။
ဝမ်လင်းက စစ်မြင်းကို နင်းသတ်ရန် သူ့ခြေထောက်ကို မြှောက်လိုက်သည်။
အဆုံးသတ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို ဟန့်တားလိုက်၏။
"ညီနောင်လင်း.. အသက်ချမ်းသာပေးလိုက်ပါ.. သူတော်စင်သားရဲတွေက ရှားပါးနေပြီ.. သူ့ကိုသာ ချမ်းသာပေးလိုက်ရင် ဟွာရှို့နိုင်ငံကို အိမ်နီးချင်းနိုင်ငံတွေရဲ့ ရန်ကနေ ကာကွယ်စောင့်ရှောက်တဲ့ အစောင့်အရှောက် သားရဲ ဖြစ်လာနိုင်ပါတယ်"
[နိုင်ငံကို ကာကွယ်စောင့်ရှောက်တဲ့ သားရဲလား]
ဝမ်လင်းက အတန်ကြာစဉ်းစားပြီးနောက် သူ့ခြေထောက်ကို ရုတ်သိမ်းလိုက်သည်။
ငွေရောင်စစ်မြင်း၏ ခေါင်းတွင် ချွေးများရွှဲနစ်နေ၏။
ဤခြေထောက်ဖြင့်သာ နင်းမိလျှင် အဆုံးသတ်က မည်သို့ဖြစ်လာနိုင်သည်ကို သူခန့်မှန်းမိပြီးသား ဖြစ်သည်။
ယခုအခါတွင် သူ့နှလုံးသားက ဒဏ်ရာရပြီး သွေးထွက်နေသော်လည်း အနည်းဆုံးတော့ လုံးဝ မပျက်စီးသေးပေ။
ဤကဲ့သို့ ပြင်းထန်သည့် ဒဏ်ရာကို ကုသရန် အတွက် ငါးရက်သာ လိုအပ်သည်။
အနည်းဆုံး သုံးရက်အတွင်း ခြေထောက်က ပြန်ပေါက်နိုင်သည်။
သာမာန်ဝိညာဉ်သားရဲ၊ ပထမတန်းစား ဝိညာဥ်သားရဲ တစ်ကောင်ပင်လျှင် ဤကဲ့သို့ ဒဏ်ရာပြင်းထန်စွာ ရပြီး ချက်ချင်းကုသမှု မခံယူလျှင် သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာ ရှိသည်။
သူတော်စင် သားရဲဟု ခေါ်ရခြင်း အကြောင်းရင်းမှာ ၎င်းတို့၏ ကြီးမားလှသော အသက်စွမ်းအားကြောင့် ဖြစ်သည်။
ယင်းမှာ ၎င်းတို့ မျိုးသုဉ်းသွားရသည့် အကြောင်းရင်းလည်းဖြစ်သည်။
ထိုအချိန်က ကောင်းကင်လမ်းစဥ်ကို ရှာဖွေနေသည့် ဒုစရိုက်တရားကို လိုက်စားသော ကျင့်ကြံသူများသည် သူတော်စင်သားရဲများ၏ နှလုံးသားများကို အမဲလိုက်ခဲ့ကြသည်။
သူတော်စင်သားရဲ နှလုံးသား တစ်ခု အတွက် ကမ္ဘာစစ်များစတင်ခဲ့သော ဖြစ်ရပ်များပင် ရှိခဲ့ဖူး၏။
သားရဲနှလုံးသားများက အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း ဆိုသော် သူတော်စင် သားရဲများ၏ ထူးခြားသော သွေးများ ပါဝင်သောကြောင့် ဖြစ်ကြောင်း ခေတ်သစ် စိုက်ပျိုးမှု သိပ္ပံက သက်သေပြခဲ့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် သားရဲနှလုံးသားသည် သူတော်စင် သားရဲ၏ ခန္ဓာကိုယ်ထဲတွင် ရှိသည့်အခါမှသာ ထိရောက်စွာ အလုပ်လုပ်ဆောင်နိုင်သည်။
ဤအရာက ထုတ်ယူပြီးသည်နှင့် ဝမ်းနုတ်ဆေးကဲ့သို့သာ အစွမ်းရှိတော့သည်။
ဤအခိုက်အတန့်တွင် မြေပြင်ပေါ်တွင် တွန့်လိမ်နေသော ငွေရောင်စစ်မြင်းသည် သူ၏ ယခင် ခေါင်းမာမှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
သမိုင်းကြောင်းအရ ၎င်းက လူသားကျင့်ကြံသူများကို လေးနက်စွာ မုန်းတီးခဲ့၏။
အင်မော်တယ်စံအိမ် နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သော တစ်ခုတည်းသော အကြောင်းပြချက်မှာလည်း လူသားများကို ကလဲ့စားချေရန် အတွက်သာ ဖြစ်သည်။
ထို့ကြောင့် ၎င်းက အင်မော်တယ်စံအိမ်၏ အရှင်သခင်ကိုပင် မျက်နှာသာပေးမည် မဟုတ်ပေ။
သို့သော် ဝမ်လင်းနှင့် အကြိမ်အနည်းငယ် ရင်ဆိုင်ပြီးနောက်တွင် ဤလူသား ကျင့်ကြံသူမှာ ယခင် မြင်ဖူးသမျှ အမှိုက်လူသားများ နှင့် မတူသည်ကို သိလိုက်ရသည်။
ထို့ကြောင့် ဝမ်လင်းက ၎င်းထံသို့ ချဉ်းကပ်လာသော အခါတွင် ၎င်း၏ ဘဝ၌ ပထမဆုံးသော ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားခဲ့ရသည်။
"မင်းဘယ်သူလဲ.."
ငွေရောင် စစ်မြင်းက မြေပြင်ပေါ်တွင် ခိုကိုးရာမဲ့ လှဲလျောင်းရင်း ကြောက်လန့်တကြား မေးလိုက်သည်။
ဝမ်လင်းက တိုက်ခိုက်ပြီး အနိုင်ရတိုင်း တစ်ဖက်လူက ဤကဲ့သို့ တူညီသော မေးခွန်းကို အမြဲမေးလေ့ရှိသည်။
သို့သော် ဤနေ့အတွက်မူ သူက အဆင်သင့် ဖြစ်နေသည်။
သူ့လက်ထဲတွင် ဝိညာဉ်အလင်းရောင် တောက်ပလာပြီး အညိုရောင် မှတ်စုစာအုပ်တစ်အုပ် ပေါ်လာသည်။
ငွေရောင်စစ်မြင်းက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
"ငါလဲကျနေတာကို အခွင့်ကောင်းယူပြီး မင်းက ငါ့ကို ဥပဒေနဲ့ အနိုင်ယူမလို့လား
နောက်တော့မှ သူအတွေးလွန်နေမှန်း သိလိုက်ရသည်။
ဝမ်လင်းက အညိုရောင်မှတ်စုစာအုပ်ကို သူ့ရှေ့တွင် ပြလိုက်သည်။
ငွေရောင်စစ်မြင်းက ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဤအရာက တကယ်ကြီး ကျောင်းသား ID ကတ်တစ်ခု ဖြစ်နေသည်။
ငွေရောင်စစ်မြင်း "............"