← Chapters

ငါသရုပ်ပြသားရဲ မဖြစ်ချင်ဘူး

Vol. 20 Ch. 297

ငါသရုပ်ပြသားရဲ မဖြစ်ချင်ဘူး

Vol. 20 Ch. 297

သူတော်စင်သားရဲ၏ မျက်နှာသာကို ရရှိရန်မှာ လွယ်ကူသောကိစ္စ မဟုတ်သည်မှာ သေချာသည်။

ဝမ်လင်းထံတွင် အမှန်တကယ် ထူးခြားသော စွမ်းရည်တစ်မျိုး ရှိနေကြောင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဝန်ခံခဲ့၏။

အဆုံးသတ်တွင် ယခု သူတို့ရှေ့မှ သူတော်စင် သားရဲမှာ ငွေရောင်ယူနီကွန်း တစ်ကောင်ဖြစ်ပြီး မြင်ရခဲသည့် မျိုးစိတ်တစ်ခုဖြစ်သည်။

အတိတ်တွင် လူသားများက ၎င်းတို့အပေါ် တွေးကြည့်၍ပင် မရနိုင်သည့် ရက်စက်သော ပြစ်မှုများကို ကျူးလွန်ခဲ့သည်။

ငွေရောင်ယူနီကွန်းကို စိုက်ကြည့်ရင်း အဖြူရောင်ဝတ်လူငယ်က သက်ပြင်းချလိုက်သည်။

"မင်း ငါတို့နဲ့ ပူးပေါင်းချင်ရင် စစ်ဆေးမှုတစ်ခုတော့ လိုအပ်လိမ့်မယ် "

"စစ်ဆေးမှုလား"

အနည်းငယ်စဉ်းစားပြီးနောက် ငွေရောင်ယူနီကွန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"မင်းငါ့ကို နိုင်ငံတော်လက်မအပ်သရွေ့တော့ ဘာမဆို အဆင်ပြေတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "............"

[အခုခေတ်မှာ သူတော်စင် သားရဲတွေတောင်မှ ပွင့်လင်းလှချည်လား"

အဖြူရောင်ဝတ် လူငယ်က ဤအရာအားလုံးသည် ကံကြမ္မာကြောင့် အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း ခံစားခဲ့ရသည်။

အဖြူဝတ်လူငယ်က သူတော်စင်သားရဲကို ဦးဆောင်ဖို့ မဝံ့ရဲခဲ့ပေ။

အဆုံးသတ်တွင် ဤသားရဲ သဘောကျသူမှာ လင်းကျန်းရန်သာ ဖြစ်သည် မဟုတ်ပါလော။

"ညီနောင်လင်း မင်းဘယ်လိုမြင်လဲ"

အဖြူရောင်ဝတ် လူငယ်က မေးလိုက်သည်။

ဝမ်လင်းက ဤငွေရောင်ယူနီကွန်းကို ကြည့်လိုက်၏။

၎င်းတို့၏ ရှည်လျားသော သမိုင်းတစ်လျောက် သူတော်စင်သားရဲအနည်းစုသည် လူသားတို့အပေါ် ကျူးလွန်ခဲ့သော စစ်ပွဲများကို ရှောင်ရှားရန်အတွက် ယုံကြည်စိတ်ချရသော သခင်တစ်ဦးနှင့် စာချုပ်ချုပ်ရန် အမှန်တကယ် ရွေးချယ်ခဲ့ကြသည်။

သို့သော် စာချုပ်မချုပ်မီ ညှိနှိုင်းမှုများလည်း ရှိကြသည်။

သူတော်စင်သားရဲများက ရှေးခေတ်ကတည်းကပင် မာနထောင်လွှားခဲ့ကြ၏။

၎င်းတို့က ကိုယ်တိုင်ကိုယ်ကျ သခင်များကို ရွေးချယ်လေ့ရှိပြီး ၎င်းတို့ရွေးချယ်ခြင်းကို ခံရသည့် လူသားများမှာ လုံးဝ ငြင်းဆိုခွင့် မရှိပေ။

သို့သော် လက်ရှိ အခြေအနေကမူ ဆန့်ကျင်ဘက် ဖြစ်နေ၏။

သူ၏ကမ်းလှမ်းမှုက ရင်သားတွဲကျနေသော အဒေါ်ကြီးလို ဆွဲဆောင်မှု ကင်းမဲ့နေသည်ကို ငွေရောင်ယူနီကွန်း သဘောပေါက်လိုက်သည်။

အဓိကအချက်မှာ နိုင်ငံတော်ဆီ လွှဲအပ်ခံရလိုက်လျှင် သူက သရုပ်ပြ သားရဲတစ်ကောင်လို ဖြစ်လာလိမ့်မည် ဖြစ်သည်။

သူက ထိုကဲ့သို့ အခြေအနေမျိုး ဘယ်တော့မှ မရောက်စေရဟု စိတ်ထဲကနေ ယတိပြတ် ဆုံးဖြတ်ထားလိုက်၏။

"တကယ်တော့ ငါ့ကို မွေးရတာ အရမ်းလွယ်ကူတယ်.. အစာ မစားရလည်း နေနိုင်ပါတယ်.."

သူက ဝမ်လင်းကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ နေပြန်ကောင်းလာပြီဆိုရင် ငါက လူသားအသွင်ပြောင်းလို့ရသွားပြီလေ.. သခင့်အတွက် အိမ်မှုကိစ္စမှန်သမျှကို ငါလုပ်ပေးနိုင်ပါတယ်"

ဝမ်လင်းက အဝေးကို မကြည့်မီ ယူနီကွန်းကို ခဏမျှ ကြည့်လိုက်သည်။

သူက သဘောမတူလိုသော်လည်း မငြင်းဆန်ခဲ့ပေ။

ငွေရောင် ယူနီကွန်းက သူရွေးချယ်ခဲ့သော ဤသခင်က သဘောထား တင်းမာကြောင်းကို နားလည်ထား၏။

သူက ဝမ်လင်းကို ထပ်မမေးရဲသဖြင့် အဖြူရောင်ဝတ် လူငယ်လေးကို မေးမြန်းလိုက်သည်။

"သခင်က ဘာပြန်ဖြေလိုက်တာလဲ"

"သူ မငြင်းဘူး.. ဒါပေမယ့် သဘောလည်း မတူဘူး.. သူ ထပ်ပြီး စောင့်ကြည့်ချင်သေးတဲ့ပုံပဲ"

"ဒါဆို ငါ့မှာ အခွင့်အရေး ရှိသေးတာပေါ့"

ငွေရောင် ယူနီကွန်း၏ မျက်လုံးများက တောက်ပလာသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က မြေပြင်ပေါ်ရှိ ငွေရောင်ယူနီကွန်၏သွေးကို လက်တွင်တို့၍ GCM ဟူသည့် စာလုံးသုံးလုံးကို မြေပေါ်တွင် ရေးပြလိုက်သည်။

[GCM=လက်မခံမချင်းကြိုးစား]

ငွေရောင်ယူနီကွန်း "ဒါ.. ဘာကိုဆိုလိုတာလဲ"

အဖြူရောင်ဝတ် လူငယ်လေးက လေးနက်သော အမူအရာဖြင့် ကောင်းကင်ကို ညွှန်ပြလိုက်သည်။

"ဒါက ကောင်းကင်ဘုံကသာ သိနိုင်တဲ့ လျှို့ဝှက်ချက်ပဲ.. မင်းကိုယ်တိုင်ပဲ အဖြေရှာရမယ်"

ဤစာလုံးသုံးလုံးကို မြင်လိုက်ရပြီး နောက်တွင် ငွေရောင် ယူနီကွန်းက အတွေးထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့သည်။

...................

ငါးမိနစ်ခန့် ကြာပြီးနောက်တွင် အစောပိုင်းက တိုက်ပွဲမှ တုန်ခါမှုကြောင့် အင်မော်တယ်ထုန်ရာ နှင့် ချိုက်လျန် တို့က ယွင်ထိုက်နန်းတော်၏ အပေါ်ထပ်သို့ ရောက်ရှိလာခဲ့သည်။

"ညီနောင်ထုန်"

အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးက အဝေးကနေ လက်ပြလိုက်သည်။

အင်မော်တယ်ထုန်ရာက စီနီယာအင်မော်တယ်၏ ဘေးတွင် သွေးထွက်နေသော ငွေရောင်ယူနီကွန်းကို မြင်လိုက်ရလျှင် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

[အစောပိုင်းတုန်းက သူတော်စင် သားရဲရဲ့ အော်ရာကို ငါခံစားမိခဲ့တယ်]

[ငါ့ခံစားချက်က မမှားခဲ့ဘူးပဲ]

ထို့နောက်တွင် ရိုးရာဝတ်စုံနှင့် ဘူးသီးခြောက်အရက်ဘူးကို လွယ်ထားသည့် ဤချောမောသော အမျိုးသားက အံ့ဩမှုများ ပြည့်နှက်နေသော အမူအရာဖြင့် ဝမ်လင်းကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သော တိုက်ပွဲက မည်သူမည်ဝါ၏ လက်ချက်မှန်း လွယ်ကူစွာပင် သူခန့်မှန်းမိခဲ့၏။

"ညီနောင်ထုန်ရာ.. ဒီဒဏ်ရာကို ကုသပေးနိုင်မလား"

အဖြူရောင်ဝတ် လူငယ်လေးက အင်မော်တယ်ထုန်ရာကို ကြည့်လိုက်သည်။

"ပြင်ပဒဏ်ရာဖြစ်ရင် ချက်ချင်းကုသဖို့ ဆေးရှိတယ်.. အတွင်းဒဏ်ရာအတွက်ကတော့ သူတော်စင် သားရဲမှာ အလိုအလျောက် ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ သူတော်စင် နှလုံးသားရှိပြီးသားပဲ.. ဒါပေမယ့် ပြန်ကောင်းလာနိုင်တဲ့ ဖြစ်စဉ်ကို အရှိန်မြှင့်ဖို့ ဆေးနည်းနည်းလောက် သောက်လိုက်တာက ပိုကောင်းမယ်လို့ ငါထင်တယ်"

ထိုစကားကို ပြောပြီးနောက် အင်မော်တယ်ထုန်ရာက ဘူးသီးခြောက် အရက်ဘူးထဲကနေ ဆွဲထုတ်လိုက်ရာ ဝိညာဥ်အလင်းရောင်များ တောက်ပသွားပြီး အဝတ်လျှော် ဇလုံအရွယ် ဆေးပြားတစ်ပြား ထွက်လာသည်။

ထိုဆေးပြားကို မြင်လျှင် ဝမ်လင်း အော့အန်ချင်စိတ် ပေါက်သွား၏။

"............"

"ဒါကဘာလဲ"

ဆေးလုံးကို ကြည့်ပြီး နီကျား၏မိခင် ကိုယ်ဝန်သုံးနှစ်ကျော် အတွင်း စုပြုံထားသော ဧရာမ အချွေးအကျိများကို ပြန်အမှတ်ရမိသောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်က ကူကယ်ရာမဲ့စွာ နှုတ်ခမ်းများ တုန်ယင်သွားသည်။

"ဒါက အနာကျက်မြန်တဲ့ ဆေးပြားတစ်ရာနဲ့ ငါလုပ်ထားတဲ့ အလွန်လျင်မြန်တဲ့ အနာကျက်ဆေးပဲ"

အင်မော်တယ်ထုန်ရာက သူ့ဆေးပြားအတွက် အလွန်ဂုဏ်ယူနေခဲ့သည်။

သူက ငွေရောင်ယူနီကွန်ကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

"ဒီဆေးက မင်းအတွက်ပါ.. မင်း နေပြန်ကောင်းလာတဲ့အခါကျရင် မင်းရဲ့သွေးတစ်ချို့ကို ငါ့ဆီပြန်ပေးရမယ်နော်"

ထိုအခိုက်အတန့်တွင် ငွေရောင်ယူနီကွန်းသည် ရာဇ၀တ်ဂိုဏ်းတစ်ခုသို့ ရောက်သွားသလို ခံစားခဲ့ရသည်။

"............."

.........................

"ပတ်ဝန်းကျင်မှာ တစ်ယောက်မှ မရှိတာ ဘာကြောင့်လဲလို့ တွေးနေမိတာ.. သူတို့ အားလုံးက ဒီမှာ ရှိနေတာကိုး"

ချိုက်လျန်က ဖက်တီးလောနှင့် ဓမ္မရာဂျာတို့ ပြုလုပ်ထားသောမှော်စည်းဝိုင်းထဲတွင် အင်မော်တယ်စံအိမ်၏ အတွင်းစည်း ဂိုဏ်းဝင် များစွာကို တွေ့လိုက်ရသည်။

ဤအမျိုးသမီးတပည့်များ ထွက်ပြေးခြင်းမှ တားဆီးရန် 'ဖက်တီးလော'က ဓမ္မရာဂျာ၏ နတ်မိုးကြိုး အမွေအနှစ်ကို အသုံးပြုပြီး မှော်စည်းဝိုင်းကို ရေးဆွဲခဲ့ခြင်းပင်။

အားလုံးကို စည်းဝိုင်းထဲ သွင်းပြီးနောက် ခရမ်းရောင်ဝတ် အမျိုးသမီးကိုပါ စည်းဝိုင်းထဲ ထည့်လိုက်သည်။

ထို့နောက်တွင် 'ဖက်တီးလော'က သက်ပြင်းချလိုက်၏

"နောက်ဆုံးတော့ ပြီးသွားပြီ"

"ဒါနဲ့ သူတို့ကို ဘယ်လိုလုပ်မှာလဲ"

ချိုက်လျန်က မေးလိုက်သည်။

"အင်မော်တယ်စံအိမ်က အမှောင်အင်အားစုဆိုတာ အသာထား.. ပြင်ပမှာ ဘာတွေလုပ်နေတယ် ဆိုတာတောင် သူတို့တွေ ဘာမှ မသိခဲ့ဘူး.. သူတို့က ဒီနေရာမှာ ပျိုးထောင်ခံခဲ့ရတဲ့ နစ်နာသူတွေပဲ"

ချိုက်လျန် သက်ပြင်းတစ်ချက်ချလိုက်သည်။

ဤဖြစ်ရပ်သာမှန်လျှင် အခြေအနေက အတော် ရှုပ်ထွေးသွားပြီဟု ဆိုရမည်။

ဤအမျိုးသမီးများက အင်မော်တယ်စံအိမ်ထံ ရောင်းစားခံထားရပုံပင်။

လူသားများကို ရောင်းစားသည့် စာချုပ်မှာ တရားမ၀င်သော လုပ်ရပ်တစ်ခု မဟုတ်ပါလော။

ဖက်တီးလောတွင် အဆိုပြုချက်တစ်ခု ရှိနေသည်။

"ဘာပဲဖြစ်ဖြစ် အင်မော်တယ်စံအိမ်ရဲ့ အတွင်းစည်း တပည့် အမျိုးသမီးအားလုံးက ဒီမှာ ရှိနေပြီ.. အခုကစပြီး သူတို့ရဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ချိုက်လျန်ကိုပဲ ဒုက္ခပေးရတော့မယ်.. သူတို့အတွက် အကောင်းဆုံး ရလဒ် ထွက်ပေါ်အောင် ရှေ့နေ ကောင်းကောင်း ဌားလိုက်ရင် ပိုကောင်းမယ်"

"အင်း"

ချိုက်လျန်က ခေါင်းညိတ်လိုက်သည်။

ရုတ်တရက် 'ဖက်တီးလော'က သူ့အပေါ်တွင် တစ်စုံတစ်ရာ လင်းလာသဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

"ဒါဆို စံအိမ်မှာကျန်တဲ့သူတွေက အင်မော်တယ်စံအိမ်သခင်နဲ့အကြီးအကဲတွေပဲ ရှိတော့တာပေါ့"

စံအိမ်သခင်နှင့် အခြား အကြီးအကဲများက အစောပိုင်းက ကြီးမားသော တိုက်ပွဲကို သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် အရေးကြီးဆုံးအချက်မှာ ရေခဲခရစ္စတယ်အစီအရင်၏ ထက်ဝက်ကျော်ကို လင်းကျန်းရန်က ဖျက်ဆီးလိုက်ပြီဖြစ်သည်။

လင်းကျန်းရန်သာ အနည်းငယ်ထပ်ပြီး ဖျက်ဆီးလိုက်လျှင် အစီအရင် တစ်ခုလုံး ပျက်စီးသွားနိုင်ပေသည်။

ထိုအချိန်သို့ရောက်လျှင် အင်မော်တယ်စံအိမ်၏ နန်းတော်တစ်ခုလုံးက လက်တွေ့ကမ္ဘာနှင့် ထိတွေ့မိမည် ဖြစ်သည်။

သို့သော် စံအိမ်သခင်ကို အရေးယူရန် ယခုအချိန်ထိ နည်းလမ်းမရှိ ဖြစ်နေ၏။

"စံအိမ်သခင်က အရမ်းလျှို့ဝှက်တယ်.. သူဘယ်မှာရှိနေလဲ ဆိုတာကို ငါတို့မသိဘူး.. ဒါပေမဲ့ တခြား အကြီးအကဲတွေရဲ့ နေရာကိုတော့.."

ထိုစကားကိုပြောပြီးနောက် ချိုက်လျန်၏ မျက်လုံးများကရုတ်တရက် မှေးမှိန်သွားပြီး ကျန်လူများကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"စကားမစပ်.. ဒီနေရာကို ရောက်ကတည်းက မောင်လေး ဖန့်ရှင်းကိုလည်း မတွေ့ပါလား"

All Chapters