← Chapters

ငါတို့မသေအောင် ကူညီဖြေရှင်းပေးပါ

Vol. 20 Ch. 298

ငါတို့မသေအောင် ကူညီဖြေရှင်းပေးပါ

Vol. 20 Ch. 298

ဝမ်လင်းက အာကာပြင်ကိုကျော်ဖြတ်၍ ရေခဲခရစ္စတယ် အစီအရင်မှ ဖန်တီးထားသော မှန်လောကထဲသို့ ရောက်လာသောအခါ မှောင်နေပြီ ဖြစ်ကြောင်း သတိရမိသည်။

ထိုအချိန်က ညဘက်သို့ လုံးဝ ကူးပြောင်းနေပြီ ဖြစ်၏။

သူက ယွင်ထိုက်ခန်းမ၏ အပေါ်ထပ်သို့ ရောက်လာသောအခါဖန့်ရှင်းမှလွဲ၍ အော်ရာ အများအပြားကို ခံစားမိခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

"ငါက ညီနောင်လင်းနဲ့ တစ်ချိန်လုံး အတူရှိနေတာပါ.. ညီနောင်ဖန့်ရှင်းက ညီနောင် ဓမ္မရာဂျာနဲ့ ညီနောင် ဖက်တီးလောတို့နဲ့ အတူတူရှိနေမယ်လို့ ငါထင်ခဲ့တာ.. ဒါပေမဲ့ အခုချိန်ထိ ညီနောင်ဖန့်ရှင်းကို အရိပ်အယောင်တောင် မတွေ့ရသေးဘူး"

"ငါကတော့ အင်မော်တယ်ထုန်ရာနဲ့ လမ်းမှာတွေ့ခဲ့တာ.. ဒါပေမဲ့ အဲဒီမတိုင်ခင် မောင်လေးဖန့်ရှင်းကို တစ်နေရာမှာ တွေ့မိလိုက်သလိုပဲ"

ချိုက်လျန်က ပြောလိုက်သည်။

"မင်းစကားက ဘာကိုဆိုလိုချင်တာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က အသေအချာ ပြန်လည် မေးလိုက်သည်။

"ဒီလိုလေ.. မောင်လေးဖန့်ရှင်းနဲ့ တော်တော်တူတဲ့သူကို လမ်းမှာ တွေ့မိလိုက်တယ်.. သူဟုတ်မဟုတ်တော့ အတည်မပြုနိုင်ခဲ့ဘူး"

ချိုက်လျန်က မျက်မှောင်ကြုတ်၍ လေးနက်စွာ ပြောလိုက်သည်။

"ဘာလို့လဲ"

"ဒီလူရဲ့ အငွေ့အသက်က လုံးဝ စိမ်းကားနေသလို ခံစားရတယ်.. မောင်လေး ဖန့်ရှင်းရဲ့ အငွေ့အသက်က လင်းကျန်းရန် လိုပဲ တက်ကြွလန်းဆန်းတဲ့ အငွေ့အသက်လေ.. အဲဒီလူကို အနောက်ကနေ မြင်လိုက်ရတဲ့ အချိန်မှာ အရိုးခိုက်အောင် အေးစိမ့်သွားသလို ခံစားလိုက်ရတယ်"

ချိုက်လျန်က သူမ၏ ဒွိဟများကို ထုတ်ဖော်လိုက်သည်။

"ငါမှားတာလည်း ဖြစ်နိုင်ပါတယ်"

"မင်းနဲ့ တွေ့တုန်းက သူဘာတွေလုပ်နေလဲ"

"သူက လင်းလန်ခန်းမလို့ခေါ်တဲ့ ကောင်းကင်နန်းတော်ဆီကို ဦးတည်သွားနေတဲ့ပုံပဲ"

"လင်းလန်ခန်းမလား"

မြေပြင်ပေါ်ရှိ ငွေရောင်ယူနီကွန်းက ယင်းနာမည်နှင့် အလွန်ရင်းနှီးနေသည်။

"အဲဒီလူက မင်းရဲ့သူငယ်ချင်းဆိုရင် သူ့ကို အမြန်သွားကယ်တင်ဖို့ ငါအကြံပေးချင်တယ်.. လင်းလန်ခန်းမက အင်မော်တယ်စံအိမ်ရဲ့ အဓိကကျတဲ့ အကြီးအကဲ သုံးပါးရဲ့ နန်းတော်ပဲ.. ဒီမှာ လဲကျနေတဲ့ ခရမ်းရောင်ဝတ် အကြီးအကဲအပြင် အခြားအကြီးအကဲ သုံးယောက်ရှိသေးတယ်.. သူတို့က ကိုင်တွယ်ရ အရမ်းခက်တယ်"

"မင်း ငါတို့ကို ပိုပြောပြနိုင်မလား"

ငွေရောင်ယူနီကွန်း "ဒီအကြီးအကဲ သုံးယောက်ကို အကြီးအကဲ နွေမိုး၊ အကြီးအကဲ နွေနှင်း နဲ့ အကြီးအကဲ နွေရေခဲလို့ ခေါ်ကြတယ်.. အင်မော်တယ်စံအိမ်ရဲ့ အမျိုးသမီး တပည့်တွေကတော့သူတို့ကို နွေရာသီရဲ့ သမီးတော်သုံးပါးလို့ ခေါ်ကြတယ်"

ဝမ်လင်းက ဤအမည်များကို လှောင်ပြောင်ရန် အမှန်တကယ် ကူကယ်ရာမဲ့နေသည်။

"............."

အကယ်၍ ၎င်းတို့ထံတွင် နွေအရှေ့ဘက်ပင်လယ် ဟူသောအမည်တစ်ခု ထပ်ရှိခဲ့လျှင် တကယ်ကို အမိုက်စား ဖြစ်သွားမည် ဖြစ်သည်။

သို့သော် ဝမ်လင်းက ငွေရောင်ယူနီကွန်းကို ဘာအနှောင့်အယှက်မှ မပေးခဲ့ပေ။

"ဒီအကြီးအကဲ သုံးယောက်က ခရမ်းရောင်ဝတ် အမျိုးသမီးထက် ပိုအစွမ်းထက်တယ်.. သူတို့က ဝိညာဉ်စုပ်ယူနိုင်တဲ့ စွမ်းရည်ကို အတတ်နိုင်ဆုံး အသုံးချပြီး တိုက်ပွဲမှာ သူတို့ ပြိုင်ဘက်ရဲ့ စွမ်းအားကို စုပ်ယူလေ့ရှိတယ်.. ငါ့မျက်လုံးထဲမှာတော့ သူတို့က သာမန်မိန်းကလေး သုံးယောက်ပါပဲ.. သူတို့လို ဂျူနီယာ ကလေးမတွေနဲ့ ပတ်သက်ပြီး ငါအများကြီး မသိဘူး"

ငွေရောင်ယူနီကွန်း၏ စကားကမမှားပေ။

ကမ္ဘာမြေကြီးပေါ်တွင် သက်ရှိထင်ရှားရှိနေဆဲ ဖြစ်သော ဤသူတော်စင် သားရဲသည် အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်းရှစ်ထောင်ခန့် သက်တမ်းရှိပြီ ဖြစ်သည်။

အကြီးအကဲသုံးယောက်နှင့် ဤနေရာမှ လူအများစုက သူ့ကို ဖိုးဖိုးဟု ခေါ်ဆိုရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ထိုစကားကို ပြောဆိုပြီးနောက် ယူနီကွန်းက ဗုံးပစ်စီနီယာအင်မော်တယ် နှင့်အခြားသူများ၏ မျက်နှာပေါ်မှ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ဖတ်မိလိုက်သဖြင့် ကပျာကယာ ပြန်ပြင်ပြောလိုက်သည်။

"လူသားကျင့်ကြံသူတွေက ခွန်အားပေါ် မူတည်ပြီး တိုင်းတာကြတာ ငါသိပါတယ်.. ဒါပေမဲ့ ဂုရုလင်းကို ငါ့သခင်အဖြစ်သတ်မှတ်ပြီးမှတော့ သဘာဝကျကျ ပြောရရင် ငါက ဂုရုလင်းရဲ့ ကလေးတစ်ယောက်ပါပဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "..........."

အင်မော်တယ်ထုန်ရာ "............"

ဓမ္မရာဂျာ "............"

ချိုက်လျန် "............."

ဖက်တီးလော "............."

ဝမ်လင်း ".............."

ယင်းက အသက်ရှစ်ထောင်အရွယ် ကလေးငယ်ကို သူတို့ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

လေထုက အဆင်မပြေသလို ခံစားရသည့် အတွက်

ငွေရောင်ယူနီကွန်းက စကားမပြောရဲတော့ဘဲ ခေါင်းငုံ့ထားလိုက်သည်။

"ဒါကြောင့် အခုကစပြီး ငါ့ကို ဂရုစိုက်ရမယ်နော်..."

.............................

ထိုအချိန်တွင် လင်းလန်ခန်းမ၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

အကြီးအကဲသုံးပါးက သူတို့ရှေ့မှ လူငယ်လေး၏ မျက်နှာကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

လွန်ခဲ့တဲ့ နာရီဝက်လောက်က ဤချာတိတ်လေးမှာ စကားတစ်ခွန်းမှ မပြောဘဲ မူလစိတ်ဝိညာဥ်နယ်ပယ် ထဲသို့ သူတို့သုံးယောက်ကို တိုက်ရိုက် ဆွဲသွင်းခဲ့သည်။

သူတို့သုံးယောက်က ခြေသလုံး အိမ်တိုင် အင်မော်တယ် အလယ်အလတ်အဆင့် ဖြစ်၍ သူတို့၏ ဝိညာဉ်စွမ်းအင် အရင်းအမြစ်က အလွန် ကြီးမားသည်ဟု ယူဆနိုင်၏။

သို့သော် သူတို့က သူတို့၏ ဝိညာဉ်စွမ်းအင်ကို အတူတကွ ပေါင်းစည်းထားလျှင်ပင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထုတ်ဖော်ရန် နည်းလမ်းမရှိပေ။

မူလစိတ်ဝိညာဥ်နယ်ပယ်ကို ထုတ်ဖော်ရန်မှာ လူတစ်ယောက်ထဲ၏ စွမ်းအား အရင်းအမြစ်ဖြင့်သာ ဖြစ်နိုင်လိမ့်မည်။

ထို့အပြင် ပကတိအင်မော်တယ် အဆင့် ကျင့်ကြံသူလည်း ဖြစ်ရပေမည်။

ထိုသို့ မဟုတ်လျှင် လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် မူလစိတ်ဝိညာဥ်နယ်ပယ်ထဲ ဆွဲသွင်းခံရသောအခါ အကြီးအကဲသုံးဦးက အံ့အားသင့်နေခဲ့သည်။

သူတို့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ ဤလူငယ်လေး၏ မူလစိတ်ဝိညာဉ်နယ်ပယ်က ဆွဲငင်အားများကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီး သူတို့၏ လှုပ်ရှားမှုများကို ဟန့်တားနိုင်သည့် စကြာဝဠာ နေရာလွတ်တစ်ခု ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် ၎င်းတို့အားကိုးသည့် ဝိညာဉ်စုပ်ယူနိုင်သော စွမ်းရည်သည် ရန်သူနှင့် နီးကပ်သောအခါမှသာ အလုပ်ဖြစ်သောကြောင့် ဤ မူလစိတ်ဝိညာဉ် နယ်ပယ်တွင် လုံးဝ အသုံးမဝင်နိုင်တော့ပေ။

"ငါတို့တော့ ပြီးသွားပြီ"

မူလစိတ်ဝိညာဉ် နယ်ပယ်ရှိ ကြယ်များ ပြည့်နှက်နေသော ကောင်းကင်အောက်တွင် အပြာရောင်နှင့် အဖြူအစင်း ၀တ်စုံကို ဝတ်ထားသည့် ချာတိတ်လေးက အကြီးအကဲ သုံးဦးကို ပြုံးပြလိုက်သည်။

"မင်းဘယ်သူလဲ"

နွေမိုး ဟုခေါ်သော အမျိုးသမီး အကြီးအကဲ တစ်ဦးက သူ့ကို စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။

"မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျက ရင်းနှီးနေသလိုပဲ.. မင်းက မိတ်ဆွေဟောင်းရဲ့ သားများ ဖြစ်နေမလား.. ငါ တကယ် ရင်းနှီးနေတယ်လို့ ခံစားရတယ်.. ကောင်လေး မင်းငါတို့ကို တစ်ခုခုတော့ နားလည်မှုလွဲနေပြီ ထင်တယ်

မူလစိတ်ဝိညာဉ် နယ်ပယ်ကို ကိုယ်ပိုင်ခွန်အား တစ်ခုတည်းဖြင့်ထုတ်ဖော်နိုင်သည့်ရန်သူမှာ သူမတို့နှင့် ကွာဟချက် ကြီးမားလွန်းလှသည်။

ထို့ကြောင့် အကြီးအကဲ နွေမိုးက တတ်နိုင်သမျှ ဖျောင်းဖြကြည့်ရင်း အချိန်ဆွဲရန် ဆုံးဖြတ်လိုက်သည်။

သူတို့က မူလစိတ်ဝိညာဥ်နယ်ပယ်ကို မဖျက်ဆီးနိုင်သော်လည်း အချိန်အနည်းငယ်သာ ဆွဲနိုင်ခဲ့လျှင် ပြင်ပကမ္ဘာသို့ မက်ဆေ့ချ်ပို့ကာ စံအိမ်သခင်ထံ အကူအညီ တောင်းနိုင်မည် မဟုတ်ပါလား။

"ငါ့နာမည်အရင်းက ဖန့်ရှင်း.. မင်းငါ့ကိုမှတ်မိလို့လား"

ထိုလူငယ်လေး၏ အပြုံးက အမျိုးသမီး အကြီးအကဲသုံးဦးအတွက် အလွန် ကြောက်စရာကောင်းနေသည်။

"အိုး ငါမင်းကိုသိတာပေါ့"

အမျိုးသမီးက အလိုက်သင့် ပြောဆိုလိုက်သည်။

"ငါမွေးပြီး သိပ်မကြာခင်မှာ ငါ့မွေးစားမိဘတွေက ငါ့ကို ဒီနာမည်ပေးခဲ့တာပဲ.. မင်းတို့နဲ့ တစ်ခါမှလည်း မတွေ့ဖူးဘူး.. မင်းတို့ ငါ့ကို ဘယ်လိုမှတ်မိနိုင်မှာလဲ.. ဟမ့်.. စောစောက အချက်ပြ သင်္ကေတ ပို့လိုက်တာကို ငါမမြင်ဘူးများ ထင်နေလား"

ဖန့်ရှင်းက အေးစက်စွာ ရယ်မောရင်း ပြောလိုက်ရာ အမျိုးသမီးကြီးတွေက ကြောက်လန့်သွားကြသည်။

"မင်းတို့ရဲ့သခင် ရောက်လာတာလည်း ခပ်ကောင်းကောင်းပဲ.. ငါ့အတွက်က သူ့ကိုသတ်ရုံနဲ့တင် မလုံလောက်ဘူး.. မင်းတို့တွေ ငါ့ကို မတွေ့ဖူးကြပေမဲ့ ငါ့အဖေနဲ့တော့ တွေ့ဖူးကြမှာပါလေ"

အမျိုးသမီးကြီး သုံးယောက်၏ ထိတ်လန့်နေသော မျက်နှာများကို ဖန့်ရှင်းက စူးစိုက်ကြည့်လိုက်သည်။

သူ၏ မူလက တောက်ပသော အမူအရာက တဖြည်းဖြည်း မှုန်မှိုင်းသွားသည်။

"ဒီရာစုနှစ်တွေ တစ်လျှောက်မှာ မင်းတို့ရဲ့ အင်မော်တယ်စံအိမ်က မရေမတွက်နိုင်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်ဖို့ ငါ့အဖေရဲ့ ရေခဲခရစ္စတယ် အစီအရင်ကို အသုံးချခဲ့တယ် မဟုတ်လား"

"မင်းက..."

တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများက ပြူးကျယ်သွား၏။

သို့ရာတွင် သူတို့ စကားမပြောနိုင်မီမှာပင် သူတို့အပေါ်သို့ ကျရောက်လာသည့် ပြင်းထန်သော ဖိအားများကို ခံစားခဲ့ရသည်။

လူငယ်လေး၏ လက်ညှိုးလေး တစ်ချက် လှုပ်ခတ်ရုံမျှဖြင့် သူတို့အားလုံးက မြေကြီးထဲသို့ လည်ပင်းအထိ နစ်မြုပ်သွားကြသည်။

ဤကြီးမားသော ဖိအားအောက်တွင် သူတို့က မျက်လုံးများနှင့် ပါးစပ်များကို ဖွင့်ရန်ပင် မနည်း ရုန်းကန်ခဲ့ကြရသည်။

ဖန့်ရှင်းက သူတို့ဆီသို့ တရွေ့ရွေ့ ရောက်ရှိလာသည်။

သူက သူ့လက်ကို ဝိညာဉ်ဓား အဖြစ် ပြောင်းလဲလိုက်သည်။

"မင်းတို့က ခေါင်းဆောင်မဟုတ်မှန်း ငါသိတယ်.. ဒါကြောင့် မင်းတို့ကို နာကျင်မှုဒဏ်တွေ မခံစားရအောင် အမြန်ဆုံး သေခွင့်ပေးမယ်"

ထိုစကားကို ပြောပြီး နောက်ထပ် အခိုက်အတန့်တွင် ကောင်းကင်ကနေ နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဂျူနီယာ.. မင်း သူတို့ကို မထိရဘူး"

ထိုအသံကိုကြားလျှင် ကြီးမားသော ဖိအားအောက်တွင် စကားမပြောနိုင်သည့် အမျိုးသမီးသုံးဦးမှာ နှလုံးသားထဲတွင် ရွှင်မြူးသွားကြ၏။

သူတို့က စံအိမ်သခင် ရောက်လာမည်ဆိုတာ သိထားသည်။

ဤအသံတွင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို အမှန်တကယ် ထိုးဖောက် ဝင်ရောက်နိုင်သည့် မှော်စွမ်းအား ပါရှိသည်။

အသံက သူ၏ မူလစိတ်ဝိညာဉ်နယ်ပယ်ကို မထိခိုက်စေသော်လည်း ဖန့်ရှင်း အနည်းငယ် အံ့သြမိခဲ့သည်။

"အိုး.."

ဖန့်ရှင်းက ကောင်းကင်ကို မော့ကြည့်ရင်း ပြုံးလိုက်သည်။

"နောက်ဆုံးတော့ မင်းကိုယ်တိုင် ရောက်လာပြီပေါ့"

သို့သော် ဤအသံက သူ၏ လှုပ်ရှားမှုကို မရပ်တန့်စေခဲ့ပေ။

"ရွှစ်"

ဓါးက ပြုတ်ကျလာပြီး ဦးခေါင်းကို တစ်ချက်ထဲ ခုတ်ချလိုက်သည်။

အမျိုးသမီး အကြီးအကဲ တစ်ဦး၏ ဦးခေါင်းက သူမ၏ ခန္ဓာကိုယ်မှ စွန့်ခွာသွားပြီ ဖြစ်သည်။

All Chapters