← Chapters

ဖန့်ရှင်း၏ သရုပ်မှန်

Vol. 20 Ch. 299

ဖန့်ရှင်း၏ သရုပ်မှန်

Vol. 20 Ch. 299

အင်မော်တယ်စံအိမ်၏ သခင်ပင်လျှင် ဤကဲ့သို့ တိကျပြတ်သားသော ဓားချက်ကို ထုတ်ဖော်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူက နောက်ထပ် သတင်းစကား မပို့မီမှာပင် အမျိုးသမီး တစ်ယောက်၏ အော်ရာက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

စေ့စပ်ညှိနှိုင်းရန် စိတ်ဝင်စားပုံ မရသော ဖန့်ရှင်းက တစ်ချက်ထဲဖြင့် ခေါင်းကို ဖြတ်ပစ်လိုက်သည်။

ပို၍ အံသြစရာကောင်းသည်မှာ ဤသည်က အဆုံးသတ် မဟုတ်ပေ။

ဖန်ရှင်းက ပြတ်ပြတ်သားသားပင် ဆက်လက် ကိုင်တွယ်ခဲ့၏။

သူက ဝိညာဥ်စွမ်းအင်များကို လက်ဖဝါးထဲတွင် နောက်တစ်ကြိမ် စုဆောင်းပြီးနောက် သူ့လက်ကို မြှောက်လိုက်ကာ ဒုတိယ အမျိုးသမီး၏ဦးခေါင်းကို ချက်ချင်း ခုတ်ထစ်လိုက်သည်။

ဆက်တိုက်ပင် တတိယအမျိုးသမီး၏ ဦးခေါင်းကိုပါ ခုတ်ဖြတ်ပစ်လိုက်၏။

မူလစိတ်ဝိညာဥ် နယ်ပယ်ရှိ ပြင်းထန်သောဖိအားက မှိန်ဖျော့သွားသည်။

ခေါင်းသုံးလုံးက မျက်လုံးဖွင့်လျက်သားဖြင့် မြေပြင်ပေါ်တွင်လူးလိမ့်သွား၏။

သူမတို့က နာကြည်းမှုများဖြင့် သေဆုံးခဲ့ကြပြီး လည်ပင်းတွင် သွေးလုံးဝမထွက်ခဲ့ပေ။

ဖန့်ရှင်းက ခံစားချက် မယိမ်းယိုင်ရုံသာမက ရက်စက်ကြမ်းကြုတ်သူဟုလည်း ဆိုနိုင်၏။

အရေးကြီးဆုံးအချက်မှာ ခြေသလုံးအိမ်တိုင် အင်မော်တယ် အလယ်အလတ်အဆင့်ကို အသက်ရှုရန်ပင် အချိန်မပေးဘဲ မုန်လာဥလှီးသလို ခေါင်းဖြတ်သတ်ခဲ့ခြင်းပင်။

ဤမြင်ကွင်းမှာ မည်သူ့ကိုမဆို ထိတ်လန့်တုန်လှုပ်သွားစေနိုင်လောက်၏။

"ကောင်းပြီလေ.. မင်းမှာ သတ္တိရှိသားပဲ.. မြန်မြန်သေချင်နေပြီး ထင်တယ်"

အင်မော်တယ်စံအိမ်သခင်၏ ဒေါသသံက မူလစိတ်ဝိညာဥ်နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် အပြင်ဘက်ရှိ လင်းလန်ခန်းမ၏ ခေါင်မိုးက တိုက်ရိုက်ပြုတ်ထွက်သွား၏။

ဖန့်ရှင်းက လက်ဝှေ့ယမ်းလိုက်ရာ မူလစိတ်ဝိညာဥ် နယ်ပယ်က ပျောက်ကွယ်သွားသည်။

သူက အမျိုးသမီးသုံးဦး၏ ဦးခေါင်းများကို ကောက်ယူခဲ့ပြီး ၎င်းတို့၏ အလောင်းများကို မူလစိတ်ဝိညာဥ်နယ်ပယ်တွင် ထာဝရမြုပ်နှံခဲ့၏။

လင်းလန်ခန်းမ၏ ခေါင်မိုးပြုတ်ထွက်သွားပြီးနောက် အနီရောင်ဝတ် ကျင့်ကြံသူနှင့် အရှေ့ပိုင်းဌာနခွဲမှူးက သူ့ရှေ့တွင် ပေါ်လာသည်။

ဖန့်ရှင်းက ခေါင်းပြတ်များကို ပစ်ပေးလိုက်ပြီး သူ့ရှေ့မှ လူများကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

အနီရောင်ဝတ် ကျင့်ကြံသူနှင့် အရှေ့ပိုင်းဌာနခွဲမှူးက နာကျင်စရာမြင်ကွင်းကြောင့် အံကြိတ်လိုက်ကြ၏။

တကယ်တမ်းတွင် ဖန့်ရှင်းတစ်ယောက် အမျိုးသမီးသုံးဦးနှင့် စတင်တိုက်ခိုက်စဥ် ကတည်းက စံအိမ်သခင်က စောင့်ကြည့်ခဲ့သည်။

ဖန့်ရှင်း၏ မူလစိတ်ဝိညာဥ် နယ်ပယ်ကို မြင်သည်နှင့် စံအိမ်သခင်က တစ်ဖက်လူ၏ ခွန်အားကို မှန်းဆမိနေပြီ ဖြစ်၏။

သေချာသည်မှာ တစ်ဖက်မှ လူငယ်လေးက သာမန်မဟုတ်ပေ။

ထို့အပြင် ထိုလူငယ်၏ အငွေ့အသက်ကလည်း ရင်းနှီးသလို ခံစားရစေသည်။

ဤလူငယ်လေး၏ မူလစိတ်ဝိညာဥ်နယ်ပယ်မှာ သူအရင်က တိုက်ပွဲဝင်ခဲ့ဖူးသူ ထံကနေ ဆင်းသက်လာပုံရ၏။

ယင်းက စံအိမ်သခင်၏ အခြေခံ မှန်းဆချက်သာ ဖြစ်သည်။

"ဒီမူလစိတ်ဝိညာဥ်နယ်ပယ်က မင်းအပိုင်မဟုတ်ဘူး.. ဟုတ်တယ်မလား.. သူတပါးရဲ့ စွမ်းအားကို အားကိုးပြီး အနိုင်ရတာ ဂုဏ်ယူစရာမရှိပါဘူး"

အနီရောင်ဝတ် ကျင့်ကြံသူက တိမ်များထက်တွင် ပျံဝဲကာ အမြင့်ကနေ ငုံ့ကြည့်လိုက်သည်။

သူ့စကားကမှန်နေ၍ ဖန့်ရှင်းက မချေပနိုင်ခဲ့ပေ။

ဤမူလစိတ်ဝိညာဉ်နယ်ပယ်က အမှန်တကယ်ပင် သူ့အပိုင် မဟုတ်ပေ။

အမွေအနှစ်တစ်ခု အဖြစ်သာ ယူဆနိုင်၏။

၎င်းတွင် အလွန် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ပါဝင်ပြီး ဤမူလစိတ်ဝိညာဥ်နယ်ပယ်၏ လျှို့ဝှက်သော့ချက်နှင့် အတူ သူမွေးဖွားစဉ်က သူ့ခန္ဓာကိုယ်ပေါ်တွင် ရေးထွင်းထားသည်။

သူငါးနှစ်ပြည့်သည့်နှစ်တွင် မူလစိတ်ဝိညာဥ်နယ်ပယ်ကို အမှတ်မထင် ဖွင့်မိခဲ့၏။

အချိန်အတော်ကြာမှသာ ဤအရာအား မူလစိတ်ဝိညာဉ်နယ်ပယ်ဟု ခေါ်ကြောင်း သိရှိလာခဲ့သည်။

ဖန့်ရှင်းက ထိုအကြောင်းကို တွေးမိလိုက်သောအခါ သူ၏ ကလေးဘဝက အလွန်ကြေကွဲဖွယ် ကောင်းသည်ဟု ခံစားလိုက်ရသည်။

ယင်းက ဝတ္ထုထဲမှ ရွှေလက်ချောင်းကို ကောက်ရသည့် ဇာတ်ကောင်လိုပင်။

ဖန့်ရှင်းက သူ၏ ကြေကွဲစရာ နောက်ကြောင်းကြောင့် သူ့ကိုယ်သူသာ အားကိုးနိုင်ခဲ့သည် ဆိုလည်းမမှားပေ။

ဖန့်မောင်နှံက သူ့ကို ချစ်ခြင်းမေတ္တာများစွာဖြင့် ပြုစုပျိုးထောင်ခဲ့သော်လည်း သူ့ဖခင်အရင်းကို အကျိုးစီးပွားအတွက် ချောက်ထဲ တစ်ဆင့်ပြီးတစ်ဆင့် တွန်းပို့ခဲ့သည့် အင်မော်တယ် စံအိမ်သခင်ကိုမူ လုံးဝ ခွင့်မလွှတ်နိုင်ခဲ့ပေ။

သမိုင်းမှတ်တမ်းက သူ့အဖေကို ရက်စက်ကြမ်းကြုတ်သောလူဆိုးကြီးအဖြစ် လုံးလုံးလျားလျား ခြယ်မှုန်းထားခဲ့သည်။

ဤအရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဖန့်ရှင်းက သူ့ဘာသာသူ ကောက်ချက်ဆွဲခဲ့ခြင်းပင်။

လေထဲမှ အင်မော်တယ်စံအိမ်သခင်က လူငယ်လေး တိတ်ဆိတ်သွားသည်ကို မြင်လျှင် လှောင်ပြောင်လိုက်၏။

"ငါ့လက်အောက်ငယ်သားတွေကို မင်းရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်ထဲကို ဆွဲမသွင်းခဲ့ဘူးဆိုရင် မင်းရဲ့ခွန်အားလေးနဲ့ သူတို့ထဲက တစ်ယောက်ကိုတောင် လုံးဝ ယှဥ်နိုင်မှာ မဟုတ်ဘူး"

"သူတို့က ဘာအသုံးကျလို့လဲ"

ဖန့်ရှင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း သူ့မျက်နှာတွင် အန္တရာယ်ကင်းသော အပြုံးကို ဆင်မြန်းလိုက်သည်။

"မင်းရဲ့ အရည်အချင်းကို အခြေခံပြီး မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တာက တကယ့်ကို အံ့သြစရာပါပဲ.. ဒါပေမယ့် အခုတော့ မင်းရဲ့ နောက်ဆုံးဝှက်ဖဲကို ပြသပြီးသွားခဲ့ပြီ.. ပွဲက ပြီးပြတ်သွားပြီလေ.. ဟုတ်တယ်မလား"

အနီရောင်ဝတ် ကျင့်ကြံသူက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

"တိုက်ပွဲအစမှာတင် မင်းရဲ့ဝှက်ဖဲကို ထုတ်ပြလိုက်တာက အမှားကြီးတစ်ခုပဲ.."

ဖန့်ရှင်းက သူ၏လက်ရှိနယ်ပယ်နှင့် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထုတ်ဖော်ခဲ့၏။

ယင်းက သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမျိုးသမီး အကြီးအကဲ သုံးဦးက အင်မော်တယ်စံအိမ်၏ ပင်မကျောရိုး ဖြစ်ခဲ့သော်လည်း ၎င်းတို့၏ သေဆုံးမှုက အချည်းနှီး မဖြစ်ခဲ့ဟု စံအိမ်သခင် ချန်ယွီ ခံစားခဲ့ရသည်။

အနည်းဆုံးတော့ ဤလူငယ်လေး၏ နောက်ဆုံးဝှက်ဖဲကို ထုတ်ဖော်စေခဲ့ပြီး ဝိညာဉ်စွမ်းအင် အများအပြားကိုလည်းကုန်ဆုံးစေခဲ့၏။

သို့မဟုတ်လျှင် လူငယ်လေးကို ကိုင်တွယ်ရာ၌ သူ့အတွက်အနည်းငယ် ခက်ခဲလိမ့်မည် ဖြစ်သည်။

ချန်ယွီက အကြီးအကဲသုံးဦးကို လုံးဝဆုံးရှုံးသွားပြီဟု မထင်ခဲ့ပေ။

ဖန်ရှင်းကိုသတ်ပြီးနောက်တွင် ၎င်း၏ မူလစိတ်ဝိညာဥ်နယ်ပယ်ထဲကို သူ၏ လျှို့ဝှက်သော့ဖြင့် ဝင်နိုင်မည် ဖြစ်သည်။

ထိုနယ်ပယ်ထဲတွင် အကြီးအကဲသုံးဦး၏ ကမ္ဘာဦးဝိညာဥ်များကို ရှာဖွေနိုင်သ၍ အင်မော်တယ်စံအိမ်က ဤတိုက်ပွဲတွင် အမှန်တကယ် မရှုံးနိမ့်သေးဟု ဆိုရမည်။

ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်၏ အကြီးမားဆုံး အားသာချက်မှာ ခန္ဓာကိုယ် ပျက်စီးပြီးနောက်တွင် ကမ္ဘာဦးဝိညာဥ်က တစ်လကျော်ကြာအောင် ဆက်လက် တည်မြဲနေနိုင်ခြင်းပင်။

သို့သော် အလင်းရောင်ဒဏ်ကိုမူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဖန့်ရှင်းက အမျိုးသမီး သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ခေါင်းဖြတ်ခဲ့စဉ်တွင် ၎င်းတို့၏ ကမ္ဘာဦးဝိညာဉ်များကိုပါ ငြိမ်းသတ်ရန် အချိန်မလုံလောက်ခဲ့သည်မှာ ထင်ရှားသည်။

ချန်ယွီက ဤနေရာ၌ အလျင်အမြန် ပေါ်လာခဲ့သည်။

အကယ်၍သာ သူသယ အချိန်မီ မပေါ်ထွက်ခဲ့လျှင် ကမ္ဘာဦးဝိညာဉ်များထဲမှ မည်သည့်အရာကိုမျှ ကာကွယ်နိုင်မည် မဟုတ်ပေ။

ဤအရာအားလုံးက တစ်နည်းနည်းဖြင့် ကြိုတင်သတ်မှတ်ထားသလိုမျိုး ချန်ယွီ ခံစားလိုက်ရသည်။

ဖန့်ရှင်း၏ အသွင်အပြင်က မမျှော်လင့်ထားသည့်အရာဟု ယူဆနိုင်သော်လည်း ဆန့်ကျင်ဘက်အားဖြင့် အံ့သြစရာ လက်ဆောင်တစ်ခုဟု ယူဆနိုင်သည်။

ချန်ယွီက မူလစိတ်ဝိညာဉ်နယ်ပယ် ကဲ့သို့ အဖိုးတန်ရတနာအချို့မှလွဲ၍ အင်မော်တယ်ရှဲဖီ၏ စည်းစိမ်အားလုံး နီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်။

သူက ဤနှစ်များ တစ်လျှောက်လုံး အင်မော်တယ် ရှဲဖီ၏ အမွေအနှစ်များကို ရှာဖွေနေခဲ့၏။

သို့သော် ထိုအမွေအနှစ်များကို တစ်စုံတစ်ဦးက ၎င်း၏ အိမ်တံခါးဝသို့ အမှန်တကယ် ယူဆောင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ အင်မော်တယ်ရှဲဖီ ထံမှ သူ မရရှိခဲ့သော ရတနာများ ဖြစ်သည်။

ယခုတော့ ရတနာအတွက် အင်မော်တယ်ရှဲဖီ၏သားဖြင့် တဖန် တိုက်ခိုက်ရပေဦးမည်။

ခွန်အားက ကျင့်ကြံသူများကြားတွင် အလေးအထားဆုံး အရာ ဖြစ်သည်။

သူက ထိပ်ဆုံးတွင် ရပ်တည်နိုင်ရန် အမြဲရည်ရွယ်ခဲ့သည်။

ထိုခဏတွင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းနှစ်ခုက သူ့အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။

စံအိမ်သခင် ချန်ယွီက လုံးဝ အံ့အားသင့်သွားသည်။

ဤချာတိတ်က အကြီးအကဲ သုံးယောက်နှင့် ရင်ဆိုင်ပြီးနောက်တွင် ဤမျှလောက် ကြီးမားသော ဝိညာဉ်စွမ်းအင် ရှိနေသေးသည်ဟု ယုံရခက်ခက်ပင်။

သူက ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။

ပြိုးပြိုးပြက်ပြက် အလင်းတန်းနှစ်ခုက နန်းတော်ကို ထိန်းကျောင်းထားသော တိုင်လုံးကို ထိမှန်ကာ ချက်ချင်းပြိုကျသွားစေ၏။

ချန်ယွီက ဤအလင်းတန်းနှစ်ခုကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း ၎င်းက မှော်ရတနာ အမျိုးအစား မဟုတ်ကြောင်း အခိုင်အမာ အတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် အလင်းတန်းက အမှန်တကယ်ပင် လျင်မြန်လွန်းသဖြင့် သူ့အနေဖြင့် ၎င်းကို လုံးဝ ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။

"အတင့်ရဲလွန်းတယ်"

အရှေ့ပိုင်း ဌာနခွဲမှူးက သွားများကို အံကြိတ်ကာ ဖန့်ရှင်းကို စိုက်ကြည့်လိုက်သည်။

"ဆရာ.. ဒီလူကို သင်ခန်းစာတစ်ခုတော့ သေချာသင်ပေးမှဖြစ်မယ်"

ဖန့်ရှင်းက အရှေ့ပိုင်းဌာနခွဲမှူးကို ပြုံးပြုံးလေးသာ ကြည့်နေခဲ့သည်။

"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ"

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အစောပိုင်းက အလင်းတန်းနှစ်ခုက ချက်ချင်း ပျံထွက်သွားသည်။

ဤတစ်ကြိမ်တွင် အလင်းတန်းနှစ်ခုက အရှေ့ပိုင်း ဌာနခွဲမှူး၏ ခန္ဓာကိုယ်ကို တစ်ချက်ပြီး တစ်ချက် ထိုးဖောက်သွားကြ၏။

အဆုံးသတ်တွင် အင်မော်တယ်စံအိမ်သခင်က ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

တကယ်တမ်းတွင် ထိုအရာက မြွေကြေးခွံနှစ်ချပ်သာ ဖြစ်သည်။

သို့ရာတွင် ဤအလင်းတန်းနှစ်ခု၏ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေမည့် စျေးနှုန်းကမူ ကြီးမား၏။

သနားစရာကောင်းသော အရှေ့ပိုင်းဌာနခွဲမှူးမှာ ဤသို့ဖြင့်ပင် သေဆုံးခဲ့ရပြီး အမျိုးသမီး အကြီးအကဲ သုံးဦး၏ နောက်သို့ လိုက်သွားခဲ့သည်။

All Chapters