← Chapters

ဓားတစ်ရာသရုပ်ပြခြင်း

Vol. 20 Ch. 300

ဓားတစ်ရာသရုပ်ပြခြင်း

Vol. 20 Ch. 300

ဤအရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဤမြွေအကြေးခွံနှစ်ခုက ပထမတန်းစား ဝိညာဉ်ဓားထက်မနည်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ရွေ့လျားသွားခဲ့၏။

နှစ်ချီတိုင်တိုင် တိုက်ခိုက်ပြီးမှ ဤအလင်းတန်းနှစ်ခု၏ စစ်မှန်သော အသွင်အပြင်ကို စံအိမ်သခင်ချန်ယွီက တွေ့နိုင်ခဲ့သည်။

အရှေ့ပိုင်း ဌာနခွဲမှူးက မျက်လုံးများ ပြူးကျယ်စွာဖွင့်ကာ သေဆုံးသွား၏။

သူ့ ရင်ဘတ်ရှိ လက်သီးဆုပ် အရွယ် ဒဏ်ရာနှစ်ခုမှ သွေးများစီးကျလာပြီးနောက် ကောင်းကင်ရှိ တိမ်တိုက်များမှ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။

ချန်ယွီက သူ့ရှေ့မှ လူငယ်လေးကို အလွန် အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။

မယုံနိုင်လောက်အောင်ပင် တစ်ဖက်လူက သူ၏ လက်အောက်ငယ်သား တစ်ဦးအား သူ့ရှေ့မှာပင် သတ်ဖြတ်၍ သူ့ကို အရှက်ခွဲခဲ့၏။

ဤမြွေအရေခွံနှစ်ချပ်နှင့် ပတ်သက်ပြီး ချန်ယွီတွင် ကိုယ်ပိုင်ထင်မြင်ချက် ရှိသည်။

အင်မော်တယ်ရှဲဖီ ကမ္ဘာကို ကိုင်လှုပ်သောအခါက သက်ရှိမှော်ရတနာများနှင့် ကျင့်ကြံခြင်း ရလဒ်ကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဤအရာက ပေါ်ထွက်လာသည်ဟု ကောလဟလရှိသည်။

ထို့ကြောင့် မွန်းစတားဟု ရှုမြင်ခံရသော ဤလူတွင် 'အသက်ရှင်နေသော မှော်ရတနာ' ဟူသည့် အခြားအမည် တစ်ခုလည်းရှိ၏။

ယင်းက အဆုံးသတ်တွင် သေဒဏ်စီရင်ခြင်း ခံရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

လူအများစု၏ အမြင်တွင် သူက နတ်ဆိုးကြီးတစ်ပါး ဖြစ်ပြီး သူ၏ ရှင်သန်မှုကို ခွင့်မပြုလိုကြချေ။

သို့သော် ဤမြွေသားရေခွံ နှစ်ချပ်က ဖန့်ရှင်း၏ လက်ထဲ ကျရောက်သွားလိမ့်မည်ဟု ချန်ယွီ မထင်ခဲ့မိပေ။

မည်သို့ပင်ဆိုစေကာမူ ၎င်းက ပထမတန်းစား သိဒ္ဓိ လက်နက်နှင့် ယှဉ်လျှင် အလွန် အစွမ်းထက်သော်လည်း မူလစိတ်ဝိညာဉ်နယ်ပယ်လောက်တော့ ကြောက်မက်ဖွယ် မကောင်းပေ။

တကယ်တမ်းတွင် ချန်ယွီထံ၌လည်း ကိုယ်ပိုင်ဝှက်ဖဲများ ရှိသည်။

သို့သော် စိတ်ပျက်အားငယ်စရာ အခြေအနေမျိုးကို မရောက်သ၍ ထုတ်သုံးလိမ့်မည် မဟုတ်ချေ။

ထိုအစား၊ ဤအခြေအနေတွင် သူက တစ်ဖက်လူနှင့်ခဏလောက် ဆော့ကစားပြီး တစ်ဖက်လူထံမှ ရှဲဖီ၏ လက်ကျန် မှော်ရတနာများ အကြောင်း တီးခေါက်ရပေမည်။

"မင်းက အရမ်းတော်တာပဲ ငါလေးစားတယ်"

ချန်ယွီက ဖန့်ရှင်းကို အပေါ်စီးမှ ကြည့်နေသည်။

"မင်းကို လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ လက်ခံဖို့ ဆန္ဒရှိတယ်.. မင်းလက်နက်ချဖို့ အဆင်သင့်ဖြစ်ရင် ငါ့ကို အသိပေးနိုင်တယ်"

ထိုစကားကို ပြောပြီးသည်နှင့် သူက ရုတ်တရက် ကြွပ်ဆတ်ဆတ် ကြည့်ရှုလိုက်ရာ ရေခဲမြစ်၏ ထိပ်ပေါ်သို့ရုတ်တရက် ရောက်ရှိသွားသကဲ့သို့ ဖန့်ရှင်း အနီးတစ်ဝိုက်ရှိ ရှုခင်းများက ရုတ်တရက် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ဝိညာဥ်ဓားရှည်များက သူ့ပတ်ဝန်းကျင် နှင့် အောက်ဘက်ရှိ ရေခဲပြင်များ ထဲတွင် ရှိနေသည်ကို သိလိုက်ရသောအခါ ဖန့်ရှင်း ထိတ်လန့်သွားခဲ့၏။

"မင်းတစ်ယောက်ထဲ မူလစိတ်ဝိညာဥ်နယ်ပယ်ကို ထုတ်ဖော်တတ်တယ် ထင်နေလား"

လေထဲမှချန်ယွီက ရက်စက်စွာကြည့်၍ ခနဲ့လိုက်သည်။

သူက နောက်ဆက်တွဲ လှုပ်ရှားမှု အားလုံးကို တွက်ချက်ထားပြီးသားဖြစ်၏။

မူလစိတ်ဝိညာဥ်နယ်ပယ်ကို တစ်ကြိမ် အသက်သွင်းပြီးလျှင် နောက်တစ်ကြိမ်ဖော်ထုတ်ရန် အချိန်စောင့်ရသေးသည်။

ထို့ကြောင့် တစ်ဖက်လူက ဒုတိယအကြိမ် ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။

ယင်းအတွက်ကြောင့် သူက ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ဖန့်ရှင်းကို သူ၏ မူလစိတ်ဝိညာဉ် နယ်ပယ်ထဲတွင် ချက်ချင်း ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ရေခဲမြစ်များအားလုံး လှုပ်ခါစပြုလာသည်။

မရေမတွက်နိုင်သော ဓားများက ရေခဲအလွှာများကနေ ခွဲထွက်ပြီး အနီရောင်ဝတ် ကျင့်ကြံသူ၏ အနောက်ဘက်ရှိ လေထုထဲတွင် ဆာဒင်းငါးများကို တင်းကျပ်စွာ ထုပ်ပိုးထားသကဲ့သို့ စုဝေးသွားသည်။

ဤဝိညာဥ်ဓားများ အနက်မှ ဓားတစ်ချောင်းတိုင်းသည် သာမန်ဓားများ မဟုတ်ပေ။

၎င်းတို့က လေထဲတွင် ဆိုင်းငံ့ ပျံဝဲနေချိန်တွင် ချန်ယွီထံမှ နောက်ထပ်အမိန့်ကို တိတ်တဆိတ် စောင့်မျှော်ရင်း ရောင်စုံအလင်းရောင်များဖြင့် လင်းလက် တောက်ပနေကြသည်။

အင်မော်တယ်စံအိမ်သခင်က ဓားများကို အရူးအမူး စုဆောင်းသူ တစ်ယောက် ဖြစ်ကြောင်း ကောလဟာလများ ကြားခဲ့ရသော်လည်း သူ့မျက်လုံးနှင့် တပ်အပ် မြင်ရသောအခါတွင် ချန်ယွီက အံ့အားသင့်သွား၏။

အရေးကြီးဆုံးအချက်မှာ မူလစိတ်ဝိညာဥ်နယ်ပယ်ထဲရှိ ဤဓားများ အားလုံးကို ချိတ်ဆက် ထိန်းချုပ်ရန် ချန်ယွီ တစ်ယောက်ထဲ၏ ခွန်အားဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ဟု ဖန့်ရှင်း တွေးမိခဲ့ခြင်းပင်။

"မင်းအခုနားလည်သွားပြီလား.. ငါ့ရဲ့ မူလစိတ်ဝိညာဥ်နယ်ပယ်က ပြင်ပကမ္ဘာက အဆောက်အဦးတွေကို ပုံစံတူ ပြန်လည် မွေးဖွားနိုင်တဲ့ စွမ်းရည်ရှိတယ်.. အဆောက်အဦးတွေ ဖန်တီးဖို့နဲ့ ဒီမူလစိတ်ဝိညာဉ်နယ်ပယ်ကို ပုံဖော်ဖို့အတွက် ကျွမ်းကျင်သူ တစ်ဦးကို အကူအညီတောင်းခဲ့တယ်.. ဒါပေမဲ့လုပ်ငန်းပြီးသွားတဲ့ အချိန်မှာ ငါက မှော်ဂါထာကို အသုံးပြုပြီး သူ့ကိုယ်သူ သတ်သေစေခဲ့တယ်"

ချန်ယွီက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

သူ့စကားထဲတွင် ရက်စက်ကြမ်းကြုတ်လိုသော ရည်ရွယ်ချက်များ ပါဝင်နေသည်။

ဤစကားကို ကြားသောအခါ ဖန့်ရှင်းက နားလည်သဘောပေါက်သွားသည်။

ချန်ယွီက ကျွမ်းကျင်သူအား သူ့အတွက် အလုပ်လုပ်ခိုင်းပြီးနောက် ၎င်း၏စွမ်းအားကို အခြားမည်သူမျှ အသုံးမပြုနိုင်စေရန် သတ်ပစ်ခဲ့ခြင်း ဖြစ်၏။

ဤအရာက အင်မော်တယ်စံအိမ်သခင်၏ တကယ့် ပုံစံအမှန်ပင်ဖြစ်သည်။

အဆုံးသတ်တွင် ဖန့်ရှင်း၏ အမူအရာက မပြောင်းလဲခဲ့ပေ။

မူလစိတ်ဝိညာဥ်နယ်ပယ်က သူ့ကို အကြီးအကျယ် ထိတ်လန့်စေခဲ့သော်လည်း ဤကိစ္စ၏ အဓိကအကျဆုံး အချက်မှာ ဤမူလစိတ်ဝိညာဉ် နယ်ပယ်က ချန်ယွီ တစ်ယောက်ထဲဖြင့် ဖန်တီးထားသော နယ်ပယ် မဟုတ်ခြင်းပင်။

သို့သော် နာမ်ပိုင်းဆိုင်ရာ ပြုပြင်ခြင်း စွမ်းအားဖြင့် အဆင့်မြှင့်ထားသော ဤမူလစိတ်ဝိညာဥ် နယ်ပယ်ကို လုံးဝ အထင်သေး၍ မဖြစ်ပေ။

ဤကဲ့သို့ အရာမျိုးနှင့် ရင်ဆိုင်ရလျှင် မည်သူမဆို စိတ်ပျက်အားငယ်မှုနှင့် ပြည့်နှက်နေလိမ့်မည်သာ။

ချန်ယွီက ဘာမှဆက်မပြောတော့ဘဲ ဓားများကို အမိန့်ပေးလိုက်သည်။

ဒါဇင်နဲ့ချီသည့် ဝိညာဉ်ဓားများက သူ့နောက်ကနေ ချက်ချင်း ရှေ့ထွက်လာပြီး ဖန့်ရှင်းဆီသို့ အရှိန်အပြည့်နှင့် တိုးဝင်လာသည်။

ဝိညာဥ်အလင်းများက ဓားများပေါ်တွင် တောက်ပနေ၏။

မြင်ကွင်းတစ်ခုလုံးက လေယာဥ်စွမ်းရည်ပြပွဲထက်ပင် ကြည့်၍ ကောင်းနေသည်။

ဖန့်ရှင်းက မပေါ့ဆဝံ့ဘဲ ဤဝိညာဥ်ဓားရှည်များကို တိုက်ခိုက်ရန် မြွေရေခွံချပ် အများအပြားကို ထုတ်ယူလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေထုက သတ္တုချင်း တိုက်မိသည့် အသံများဖြင့် ပြည့်နှက်သွားသည်။

သူ့တွင် မြွေရေခွံချပ် ဘယ်လောက်ရှိပါစေ.. အများဆုံးမှ ဆယ်ချပ်လောက်သာ ရှိ၏။

ယင်းက ချန်ယွီ၏ ဝိညာဥ်ဓားရာချီကို ရေရှည် ခုခံရန်မဖြစ်နိုင်ပေ။

ဤမူလစိတ်ဝိညာဉ်နယ်ပယ်ရှိ ဓားအစီအရင်က ပုံမှန်မဟုတ်ဘဲ အလွန်ထူးခြားသည်။

ဤနည်းစနစ်ကို အင်မော်တယ်စံအိမ်သခင် ပိုင်ဆိုင်ထားမည်ဟု ဖန့်ရှင်း မမျှော်လင့်ထားပေ။

သူ၏ ဝိညာဉ်စွမ်းအင်ကို ဤနည်းဖြင့်သာ ဆက်လက် အသုံးပြုနေလျှင် သူအရင်ဆုံး သေဆုံးရမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။

ချန်ယွီ၏ မူလစိတ်ဝိညာဉ်နယ်ပယ်က ပြန်လည်မွေးဖွားခြင်း၏ အမည်ခံစွမ်းအားများ ပါရှိနေ၍ အလွယ်တကူ ပြိုကွဲမည်မဟုတ်ပေ။

ထို့အပြင် ဤဝိညာဥ်ဓားများက ဗြောက်သောက် စုစည်းထားခြင်းဟု ထင်ရသော်လည်း စင်စစ် ဓားအမျိုးအစား အမျိုးမျိုးကို အခြေခံ၍ သေသေချာချာ စီစဉ်ထားခြင်း ဖြစ်သည်။

ဝိညာဥ်ဓားအစုအဝေး တိုက်ခိုက်မှုကို လှုံ့ဆော်ရန် ဤအစီအရင်ကို တပ်ဆင်သူက လက်ချောင်းတစ်ချောင်း သို့မဟုတ် မျက်လုံးတစ်ဖက်ဖြင့် အချက်ပြရန်သာ လိုအပ်၏။

ထိုကြောင့်လည်း အစကတည်းက ချန်ယွီက ပြဇာတ်ကြည့်နေသလိုမျိုး အေးအေးလူလူ ဖြစ်နေခြင်းပင်။

သူ၏ မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်းမှ ဓားရှည်များက တစ်ထောင်ကျော် အထိ တိုးလာသည်။

၎င်းတို့ထဲတွင် အရည်အသွေး မကောင်းသော ဓားများ လုံးဝ မပါပေ။

သူ အခုလေးတင် ဆင့်ခေါ်ထားသည့် ဓားများက အပေါ်ယံသာ ရှိသေး၏။

လေထဲတွင် လွင့်မျောနေသော ချန်ယွီ၏ အောက်ဘက်မှ တိမ်တိုက်ကလည်း တကယ်တမ်းတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ဝိညာဉ်ဓားတစ်စင်း ဖြစ်သည်။

သူက ဤမမြင်နိုင်သော ဝိညာဉ်ဓား၏ အထောက်အပံ့ဖြင့် လေထဲတွင် ပျံဝဲနေပုံရသည်။

မှော်ရတနာကို အသုံးမပြုဘဲ ပျံသန်းခြင်းသည် ထိုစဥ်က တိုက်ပွဲဝင်စစ်သည်များသာ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။

သို့သော် ဝိညာဉ်စွမ်းအင် သတင်း အချက်အလက်ခေတ်တွင်မူ ပကတိအင်မော်တယ် သာလျှင် ထိုသို့ ပြုလုပ်နိုင်ပေသည်။

ချန်ယွီက သူ့လက်ကို မြှောက်လိုက်ရာ နောက်ထပ် ဒါဇင်ပေါင်း များစွာသော ဝိညာဉ်ဓားများ ထွက်ပေါ်လာကြ၏။

သူက ဖန့်ရှင်းကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဘယ်လိုလဲ.. အရှုံးပေးချင်နေပြီလား"

ထိုအခိုက်အတန့်တွင် ဝိညာဉ်ဓားတစ်ရာကျော်က ဖန့်ရှင်းကို ထိုးဖောက်ရန် တစ်ပြိုင်နက် ပျံသန်းလာကြသည်။

မြွေရေခွံ ဆယ်ချပ်ကို အားကိုးရုံဖြင့် ဤတိုက်ခိုက်မှုကို ခုခံကာကွယ်ရန် နည်းလမ်းမရှိပေ။

"ငါ့ဆီမှာ ဒီဝှက်ဖဲတစ်ခုပဲ ရှိတယ်လို့ မင်းထင်နေတာလား"

ဖန့်ရှင်းက ရုတ်တရက် ချန်ယွီကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"ဒါဆိုလည်း အဲဒါကို ထုတ်သုံးဖို့ မင်းကို အချိန်ပေးမယ်"

ချန်ယွီက အေးစက်စွာ ရယ်မောလိုက်သည်။

သူ့အမြင်တွင် ဖန့်ရှင်းထံ၌ လှည့်ကွက်အားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်မှာပင် ဖန့်ရှင်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး မြွေရေခွံဆယ်ချပ်ကို မျိုချလိုက်သည်။

ညည်းသံများ နှင့်အတူ လူငယ်၏ အရိုးအဆစ်များက အရွယ်အစား အနည်းငယ်ခန့် သေးငယ်သွားသည်။

ဆံပင်များလည်း ရှည်ထွက်လာပြီး လည်ပင်းတွင် တိုက်ပွဲ အမာရွတ်များ တဖြည်းဖြည်း ပေါ်လာသည်။

သို့သော် အံ့သြစရာအကောင်းဆုံးမှာ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည့် အနက်ရောင်ချပ်ဝတ်တန်ဆာ ဖြစ်၏။

ထို့အပြင် သူ့ပတ်ပတ်လည်ကို အမှောင်ဝိညာဥ်အလင်းက မပျက်စီးနိုင်သော အတားအဆီးတစ်ခု အဖြစ် ဝန်းရံကာကွယ်ပေးထားသည်။

ထိုမြင်ကွင်းကိုမြင်လျှင် အင်မော်တယ်စံအိမ်သခင်၏ မျက်နှာအမူအရာက အဆုံးသတ်တွင် ပြောင်းလဲသွားခဲ့၏။

"သော-က်ချီး"

ဤသည်က 'အဖြူရောင်ညစွမ်းရည်' နှင့် 'အင်မော်တယ်အသွင်ယူ' စွမ်းရည် ဖြစ်နေသည် မဟုတ်ပါလား။

All Chapters