စကားအလွန်များသော လူဆိုးများသည် သေတတ်သည်
Vol. 21 Ch. 301
အင်မော်တယ်စံအိမ်သခင်ချန်ယွီက ရန်သူကို လျှော့တွက်ထားမိကြောင်း သိလိုက်သည်။
'စကားအလွန်များသော လူဆိုးများသေတတ်သည်'ဟူသော ရှေးဆိုရိုးစကားကိုပင် သတိရမိသွား၏။
အကြောင်းတစ်ခုခုကြောင့် ထိပ်တန်း မှော်ပညာနှစ်မျိုးကို တစ်ခုပြီးတစ်ခု ထုတ်သုံးလာသော ဖန့်ရှင်းကို မြင်ရလျှင် ချန်ယွီက မရဏကြယ် ပေါ်လာသည်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
အင်မော်တယ်ရှဲဖီက မသေမီတွင် တစ်စုံတစ်ယောက်အား အမွေပေးခဲ့လိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သူက ဖန့်ရှင်းကို သူ၏ မြွေရေခွံချပ်များနှင့် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ပေးအပ်ရုံသာမက အဖြူရောင်ည စွမ်းရည်ကိုပါ ပေးအပ်ခဲ့သည်။
ကြောက်စရာ အကောင်းဆုံးမှာ ဖန့်ရှင်းက အင်မော်တယ်အသွင်ယူ စွမ်းရည်ကိုပါ ကျွမ်းကျင်နေခြင်းပင်။
ဤစွမ်းရည်နှစ်မျိုးကို လူတစ်ဦးထဲက ဖန်တီးထားခြင်း မဟုတ်သော်လည်း ၎င်းတို့က အလွန်လိုက်ဖက်သည်။
၎င်းတို့က ထာဝရလှုပ်ရှားနိုင်သော စက်ကဲ့သို့ အဆုံးမရှိလုပ်ဆောင်နိုင်၏။
အဖြူရောင်ညစွမ်းရည် ချပ်ဝတ်တန်ဆာသည် သဘာဝ ဝိညာဉ်စွမ်းအင်များ စုဆောင်းခြင်း၏ ရလဒ် ဖြစ်သည်။
ဝိညာဉ်စွမ်းအား ရှိနေသ၍ ဤသံချပ်ဝတ်ကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။
သဘာဝမကျဆုံးသော အစိတ်အပိုင်းမှာ ဤစွမ်းရည်က မူလစိတ်ဝိညာဉ်နယ်ပယ်၏ ကန့်သတ်ချုပ်ချယ်မှုကဲ့သို့ မြေပြင်အခြေအနေများကို လုံးဝ လျစ်လျူရှုထားခြင်း ဖြစ်သည်။
အင်မော်တယ်အသွင်ယူ စွမ်းရည်ကို ထုတ်သုံးလိုက်သည်နှင့် စွမ်းအင်များက ထာဝရလှုပ်ရှားနိုင်သော စက်ကဲ့သို့ အဆုံးမရှိလည်ပတ်နိုင်ပြီး တိုက်ပွဲဝင်စွမ်းအား၏ ပေါက်ကွဲနှုန်းကို တိုးစေ၏။
အဖြူရောင်ညစွမ်းရည်မှာ လူထုကို အံ့အားသင့်စေသော အင်မော်တယ်ရှဲဖီ၏ အထူးစွမ်းရည် ဖြစ်သည်။
ထိုစွမ်းရည်ကို လူတချို့ကသာ မျက်မြင်တွေ့ဖူး၏။
ယခုအခါတွင် ဖန့်ရှင်းက ဤစွမ်းရည်ကို အမွေဆက်ခံခဲ့ပြီး ချန်ယွီကို အမှန်တကယ် အံ့အားသင့်စေသည့် အရင်းအမြစ်တစ်ခုအဖြစ် တစ်ဖန် ပြန်လည် အသုံးပြုလျက် ရှိသည်။
ထို့အပြင် အဖြူရောင်ညစွမ်းရည်ကို အသုံးပြု၍ သံချပ်ဝတ်အဖြစ် ကူးပြောင်းခြင်းသည် အသုံးပြုသူကို လိင်ကွဲပြားမှု ဖြစ်စေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။
..........................
ဤအချိန်တွင် သွယ်လျသောခန္ဓာကိုယ် ကောက်ကြောင်းပိုင်ရှင် စော်အလန်းကြီး အဖြစ် ပြောင်းလဲသွားသည့် ဖန့်ရှင်းက မူလစိတ်ဝိညာဥ်နယ်ပယ်၏ အလယ်ဗဟိုတွင် ရပ်ကာ ရှေ့ကို စိုက်ကြည့်နေသည်။
သူမက အမှောင်ပြယုဂ်တစ်ခုနှင့် တူသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပုံသဏ္ဍာန်မရှိသော ဒြပ်ထုနှင့်ဆင်တူသည့် အနက်ရောင် အလင်းတန်း တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။
သူမ၏ဆံသားက အနက်ရောင်ရှိပြီး သူမက ကျောက်စိမ်းမှထွင်းထုထားသကဲ့သို့ နူးညံ့သိမ်မွေ့သော အမူအရာ ရှိသည်။
ဤကဲ့သို့ ကျက်သရေရှိမှုက သူမ မျိုးဆက်၏ အခမ်းနားဆုံးအလှဘုရင်မ ဘွဲ့ကို မရယူနိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ သူမက ခေတ်တစ်ခေတ်လုံးတွင် တုနှိုင်းမရသော အလှတရား တစ်ခု ဆိုရမည်။
တကယ်တမ်းတွင် ဤအသွင်အပြင်က ဖန့်ရှင်း၏ မူလပုံစံပင်ဖြစ်သည်။
"မင်းကို တိုက်ခိုက်ဖို့ ဒီနည်းစနစ်ကို အသုံးပြုရလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"
ဖန့်ရှင်းက ခေါင်းမော့ပြီး မိန်းမဆန်သော လေသံဖြင့် ပြောလိုက်သည်။
"အတင့်ရဲလိုက်တာ ငါအခုမင်းကို ချက်ချင်း ဖျက်ဆီးပစ်မယ်"
အင်မော်တယ်စံအိမ်သခင် ချန်ယွီက သူ့လက်ကို မြှောက်လိုက်ရာ တခဏအတွင်း ရာနှင့်ချီသော ဝိညာဉ်ဓားများက သူမဆီသို့ ရောက်ရှိလာသည်။
အချိန်နှင့်အမျှ အခြေအနေတွေက အလှည့်အပြောင်း ဖြစ်နေသည်။
ထပ်မံအချိန်ဆွဲနေလျှင် သူက လူညံ့ ဖြစ်သွားပေလိမ့်မည်။
အင်မော်တယ်အသွင်ယူ စွမ်းရည်နှင့် အဖြူရောင်ည စွမ်းရည်က မည်မျှအစွမ်းထက်သည်ကို သူလုံးဝ စိတ်ကူးကြည့်နိုင်ပေသည်။
ယင်းက သူထင်ထားသည်ထက်ပင် ပိုမို အားကောင်းနေနိုင်သည်။
သူမ၏ အော်ရာက အဆက်မပြတ်ဘဲ တစ်ဟုန်ထိုး တိုးတက်လာသည်ကို သူ ခံစားနိုင်ခဲ့သည်။
ရာနှင့်ချီသော ဝိညာဉ်ဓားများက ဖန့်ရှင်းကို ထိမှန်သွားသော်လည်း ၎င်းတို့က အနက်ရောင် ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
သူမက ဓားပင်လယ်ထဲတွင် မာန်တက်စွာ ကူးခတ်နေသော ငန်းနက်တစ်ကောင်နှင့် တူနေသည်။
အဆုံးသတ်တွင် သူမက မှော်ရတနာကို အသုံးမပြုဘဲ ကောင်းကင်ပေါ်သို့ ခုန်တက်လာခဲ့သည်။
"ပကတိအင်မော်တယ် အဆင့်လား"
ချန်ယွီ၏ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
ရှဲဖီ၏ ထူးကဲသော စွမ်းရည်နှစ်မျိုးက ဖန့်ရှင်း၏ ခွန်အားကို ပကတိအင်မော်တယ် အဆင့်အထိ တိုးမြင့်စေပြီး ကောင်းကင်တွင် ပျံသန်းနိုင်စေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သူမ ဝတ်ထားသည့် အနက်ရောင် ချပ်ဝတ်တန်ဆာက အမှောင်သမိုင်း နှင့် အင်မော်တယ်အသွင်ယူ စွမ်းရည် တို့၏ တစ်ခုတည်းသော အကျိုးသက်ရောက်မှု မဟုတ်ပေ။
သူမ၏ အော်ရာသည်လည်း ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ရာနှင့်ချီသော ဝိညာဉ်ဓားရှည်များက ဖန့်ရှင်း ဆီသို့ တည့်မတ်စွာ ပျံသန်းသွားသော်လည်း ဖန့်ရှင်းက အော်ရာဖြင့်ပင် ဝိညာဥ်ဓား အစုအဝေးများကို လေထုထဲတွင် ချက်ချင်း ချေမှုန်းပစ်လိုက်သည်။
အဆုံးသတ်တွင် သူမ ဆီသို့ ပျံသန်းလာသော ဝိညာဉ်ဓားပေါင်း များစွာကို တိုက်ရိုက်ကြားဖြတ်ပြီး နှစ်ခြမ်းခွဲပစ်ရန် သူမ၏လက်အား ဆန့်ထုတ်ထားသည်ကို ချန်ယွီက တွေ့လိုက်ရသည်။
ခဏအကြာတွင် အင်မော်တယ်စံအိမ်သခင်က ကူကယ်ရာမဲ့စွာဖြင့် ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်ရ၏။
ဤမူလစိတ်ဝိညာဉ် နယ်ပယ်ရှိ ဝိညာဉ်ဓား တစ်ချောင်းစီက သူ့ထံတွင် ချည်နှောင်ထားသည် ဖြစ်ရာ ဝိညာဉ်ဓား တစ်ချောင်း ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် သူကပါ ဒဏ်ပြန်ခံစားရမည် ဖြစ်သည်။
ဖန့်ရှင်းက ဝိညာဉ်ဓားဆယ်ချောင်းကို ချိုးဖျက်ပြီးနောက်တွင် ချန်ယွီက ရင်ဘတ်တစ်ခုလုံး မီးလောက်ကျွမ်းနေသလို ခံစားခဲ့ရသည့်အပြင် အင်္ဂါ အစိတ်အပိုင်းများ အားလုံး အရည်ပျော်သွားသလိုမျိုး ခံစားခဲ့ရသည်။
သူက သွေးမအန်သေးသော်လည်း ဤဝေဒနာမျိုးက သေချင်လောက်အောင် နာကျင်ပြီး သူ့ကို တိတ်ဆိတ်စွာ ခံစားရစေ၏။
သို့သော် ဤနာကျင်မှုကို သူက အားတင်း၍ လျစ်လျူရှုခဲ့သည်။
သူက သွားများကို အံကြိတ်လိုက်၏။
သူ၏ ဖန့်ရှင်းအပေါ် မုန်းတီးမှုက အလွန်ပင် နက်ရှိုင်းသွားပြီး ဤတိုက်ပွဲတွင် မဖြစ်မနေ သူမကို သတ်ပစ်မည်ဟု သံဓိဌာန်ချလိုက်သည်။
ချန်ယွီက ဝိညာဉ်ဓားများကို ပြန်ခေါ်ရန် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဥ်ဓားများက သူ့နောက်တွင် ဆာဒင်းငါးတွေလို တန်းစီပြီး တိုက်ခိုက်ရန် ပြန်လာခဲ့ကြသည်။
ဖန့်ရှင်းက အစွမ်းထက် မှော်ပညာနှစ်ခုဖြင့် ခွန်အားကို မြှင့်တင်ပြီးနောက်တွင် ဤဝိညာဥ်ဓားများက တိုက်ခိုက်ရန် မလုံလောက်တော့ကြောင်း ချန်ယွီ သိသည်။
သူသာ သူမကို ဆက်လက် တိုက်ခိုက်နေလျှင် သူ၏ အဖိုးတန်ဝိညာဥ်ဓားများ ပျက်စီးသွားရုံသာမက အဆက်မပြတ် ဒဏ်ပြန်ခြင်းကိုလည်း ခံစားရဦးမည် ဖြစ်သည်။
ယင်းက သူ့အတွက် များစွာ ထိခိုက်နစ်နာစေမည် မဟုတ်လော။
"ငါတို့တွေ ဆက်မတိုက်တော့ဘူးလား"
အပျိုလေးဖန့်ရှင်းက ပြုံးလိုက်သည်။
သို့သော် သူမ ငယ်စဥ်က တောက်ပသောအပြုံးနှင့် နှိုင်းစာလျှင် ယခုအပြုံးက အနည်းငယ် နတ်ဆိုးဆန်နေ၏။
"ငါ့သူငယ်ချင်းရဲ့ ဓားက မင်းနဲ့အတူ ရှိနေတုန်းပဲ မဟုတ်လား.. ဘယ်တော့ ပြန်ပေးမှာလဲ"
ဖန့်ရှင်းက ချန်ယွီအား စိုက်ကြည့်ရင်း မေးလိုက်သည်။
"ကောင်းကင်အောက်က ဝိညာဥ်ဓား အားလုံးက ငါ့အစေခံ ဖြစ်လာလိမ့်မယ်.. ဒါကြောင့် မင်းသူငယ်ချင်းရဲ့ ဓားကလည်း မကြာခင် အချိန်အတွင်းမှာ ငါ့အပိုင်ဖြစ်လာမှာပဲ"
ချန်ယွီက ပြောလိုက်သည်။
"..............."
ဖန့်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
သူမက ဤလူယုတ်မာကို တတ်နိုင်သမျှ အမြန်ဆုံး လည်ပင်းညှစ်ချင်နေသည်။
လေထဲတွင် ပျံဝဲနေသော ချန်ယွီက ရယ်မောလိုက်သည်။
"ဒီသစ်သားဓားက ထူးခြားတယ်.. သူ့ထဲက ဓားဝိညာဉ်က ငါမြင်ဖူးသမျှထဲမှာ အရုန့်ရင်းဆုံးလို့ ငါပြောရဲတယ်..တစ်ခုတည်းသော အားနည်းချက်က ဓားအိမ် မပါတာပဲ.. ဒါကြောင့် သူ့ကို ပြီးပြည့်စုံအောင် လုပ်ပေးဖို့ ငါ နည်းလမ်းရှာနေတယ်"
လေထဲတွင် ပျံသန်းနေသောဖန့်ရှင်းက မျက်မှောင်ကြုတ်သွားသည်။
"သခင်ကျင့်ခယ်ကို ဘာလုပ်လိုက်တာလဲ"
"ဒါဆို သူ့နာမည်က ကျင့်ခယ်လား.. ငါက ဓားဝိညာဥ်ရဲ့ ဝိညာဥ်ခန္ဓာကိုယ်ကို ထုတ်ယူပြီး ငါ့ရဲ့ မြင့်မြတ်တဲ့နတ်ဓားနဲ့ပေါင်းစပ်ဖို့ ပါရမီရှင် ပန်းပဲဆရာ တစ်ယောက်ကို ရှာဖွေနေတာလေ"
ချန်ယွီက ရက်စက်စွာ ရယ်မောလိုက်သည်။
"မင်းက သူ့ကို သခင်လို့ခေါ်လိုက်တာလား.. ရယ်စရာကောင်းလိုက်တာ.. ရှေးခေတ်ကတည်းကစပြီး ဓားဝိညာဥ်တွေက ကျင့်ကြံသူတွေဆီမှာ တာဝန် ထမ်းဆောင်ကြတယ်.. သူတို့ကသခင်တွေ မဟုတ်ဘဲ နောက်လိုက်တွေသာ ဖြစ်တယ်"
ထိုစကားများကို ကြားလျှင် ဖန့်ရှင်းက လေးနက်သော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"သူက ငါ့ရဲ့ ဝိညာဥ်ဖိနှိပ်ခြင်း အလံတွေနဲ့ ဖိနှိပ်ခံခဲ့ရပြီး မှော်ရတနာတစ်ခုထဲမှာ ပိတ်မိနေတယ်.. ငါ့သူ့ကို အင်မော်တယ်စံအိမ်ဆီ ခေါ်လာပြီးနောက်မှာ စည်းတံဆိပ်တွေ ထပ်ခတ်ပြီး သူ့ပိုင်ရှင်နဲ့ ဆက်ဆံရေးကို ယာယီ ဖြတ်တောက်ထားလိုက်တယ်"
ချန်ယွီက ပြောလိုက်သည်။
"သူ့မှာ လွတ်မြောက်ဖို့ နည်းလမ်းမရှိတော့ဘူး.. အခုတော့ ငါ့ရဲ့ မပြီးဆုံးသေးတဲ့ လက်ရာကိုပဲ ပြပါရစေ"
ထိုစကားကိုပြောရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် ဓားရှည်တစ်လက်က ရေခဲတောင်တစ်ခုထဲမှ ထိုးခွဲ၍ ထွက်လာပြီး သူ့လက်ထဲသို့ အောင်အောင်မြင်မြင် ရောက်ရှိသွားသည်။
ဤသည်မှာ သူဂုဏ်ယူရဆုံး လက်နက်ဖြစ်သည်။
၎င်းက ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် အစိမ်းရောင်ဓားရှည်တစ်လက်ဖြစ်၏။
ဓားထိပ်ဖျားက အမှန်တကယ် လုံးဝန်းနေပြီး ဓားရိုးပေါ်တွင် လုံးဝန်းသော သတ္တုဥ နှစ်ခု ရှိသည်။
ယင်းမှာ ဒီဇိုင်းနှင့် အံဝင်ခွင်ကျ လိုက်လျောညီထွေမှု ရှိနေသည်။
အပိုင်း(၃၀၁) ပြီး၏