← Chapters

အခန်း (၃၀၄)

Vol. 21 Ch. 304

အခန်း (၃၀၄)

Vol. 21 Ch. 304

ဝိညာဥ်ဓားများ၏ဘုရင်ဟု ညွှန်းဆိုထိုက်သောအညိုရောင်ဓားအလင်းသည် အနက်ရောင်အာကာပြင်လှိုဏ်ပေါက်ထဲမှ ထွက်လာပြီး မူလစိတ်ဝိညာဥ်နယ်ပယ်ရှိ ရေခဲမြစ်အားလုံးကို လင်းထိန်စေသည်။

ကျင့်ခယ် ထွက်ပေါ်လာခြင်းက အင်မော်တယ်စံအိမ်သခင် ချန်ယွီ နှင့် ဖန့်ရှင်းတို့ အတွက် လုံးဝ မျှော်လင့်မထားသော ဖြစ်ရပ်ဟု ဆိုနိုင်သည်။

ယေဘုယျသဘောတရားကို အခြေခံလျှင် မူလစိတ်ဝိညာဉ်နယ်ပယ်အတွင်း အခြားနေရာတစ်နေရာကနေ ကူးလာရန် လှိုဏ်ခေါင်းတစ်ခု ဖွင့်ရန်မှာ လုံး၀မဖြစ်နိုင်ပေ။

ထို့အပြင် ၎င်းက ဓားဝိညာဉ် တစ်ခုမျှသာ ဖြစ်သည်။

ချန်ယွီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်လောက်သော အမူအရာတစ်ခု ရှိနေသည်။

သူသည် ဤဓားဝိညာဉ်ကို စည်းတံဆိပ် အထပ်ထပ် ခတ်ထားပြီးသား ဖြစ်၏။

ထိုကြောင့် သရဲတစ္ဆေများ သို့မဟုတ် နတ်ဘုရားများပင် ဤထူထပ်သော စည်းတံဆိပ်အလွှာပေါင်း များစွာမှ လွတ်မြောက်အောင် စွမ်းဆောင်နေမည်မဟုတ်ပေ။

သူတို့၏ အံ့အားသင့်နေသော အကြည့်များ အောက်မှာပင် အညိုရောင်အလင်းတန်းက ကျင့်ခယ်အဖြစ် ပြောင်းလဲသွား၏။

၎င်းက အဖြူရောင်ကုတ်ဝတ်ရုံနှင့် အညိုရောင်အင်္ကျီကို ဝတ်ထားဆဲဖြစ်ပြီး ဖြူဖွေးသော ဆံပင်ကပ်တိုနှင့် ဖြစ်သည်။

သူက အဓိပ္ပါယ်ပါသော အကြည့်တစ်ချက် ပေးရုံမှတပါး ဘာမှမလုပ်ခဲ့ပေ။

ရှေ့သို့ ဦးတည်လာသော ကောင်းကင်သတ္တုဓားက အမှန်တကယ်ပင် လေထဲတွင် ချက်ခြင်း လှည့်ပတ်သွားသည်။

ထို့နောက် သတိမပေးဘဲ စံအိမ်သခင်ချန်ယွီ ဆီသို့ ပြန်လှည့်၍ ဦးတည်သွားခဲ့သည်။

ချန်ယွီ၏ မျက်နှာက အရောင်ဖျော့သွားသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤဓားဝိညာဉ်က သူ့အမိန့်ကို အမှန်တကယ် လွန်ဆန်နေကြောင်း သိသာနေ၏။

၎င်းက သူနှင့် စာချုပ်ချုပ်ထားသည့် မှော်ရတနာတစ်ခု ဖြစ်သည်။

ချန်ယွီ၏ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်သတ္တုဓားက သူ့ဆီသို့ တည့်မတ်စွာ ဦးတည်လာနေသည်ကို ကြည့်ရင်း သူက ၎င်းကို နောက်ထပ် အမိန့်များစွာပေးခဲ့သော်လည်း လုံးဝ အသုံးမဝင်ခဲ့ပေ။

ထိုသို့ စိတ်ဓာတ်ကျဖွယ် အခိုက်အတန့်တွင် သူက ဝိညာဉ်ဓားကို ချုပ်ကိုင်ရန်အတွက် စာချုပ်ကို အတင်းအကြပ်ပြုလုပ်ရန် လျှာဖျားကို ကိုက်ရာမှ ထွက်လာသောသွေးများဖြင့် လက်ဟန်တစ်ခု ပြုလုပ်ခဲ့သည်။

အဆုံးသတ်တွင်ကောင်းကင်သတ္တုဓားက သူ့ရှေ့တွင် ရပ်သွားသော်လည်း သူက သွေးတစ်လုတ်ကို အန်ထုတ်ခဲ့ရ၏။

စာချုပ်ကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ရန် လတ်ဆတ်သော သွေးစွမ်းအားကို အသုံးပြုခြင်းသည် အန္တရာယ်ရှိသော နည်းလမ်း ဖြစ်သည်။

မှော်ရတနာတစ်ခုနှင့် ပုံမှန် စာချုပ် တစ်ခုတွင် ဤကဲ့သို့ ပြင်းထန်သော အမိန့်အမျိုးအစားကို သုံးကြိမ်သာ အသုံးပြုနိုင်သည်။

ထို့အပြင် ယင်းသို့လုပ်ဆောင်ခြင်းသည် ပြင်းထန်သော ဒဏ်ပြန် တုံ့ပြန်မှုများကိုပါ ခံစားရစေ၏။

ဤအခွင့်အရေး သုံးခုလုံးကို အသုံးချပြီးသည်နှင့် မှော်ရတနာနှင့် စာချုပ်က ပျက်စီးသွားမည်ဖြစ်ပြီး အသစ်တစ်ခု ထပ်ဖွဲ့ရလိမ့်မည် ဖြစ်သည်။

ဤသည်မှာ ဓားဝိညာဉ်မရှိသော ကောင်းကင်သတ္တုဓား၏ အားနည်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် စာချုပ်က အလွယ်တကူ ပျက်သွားခြင်းပင်။

ချန်ယွီက ဓားကို ပြုလုပ်စဥ်ကတည်းက ယင်းဖြစ်နိုင်ခြေကို အမှန်တကယ် တွက်ဆထားပြီ ဖြစ်သည်။

သေချာသောအချက်မှာ ဓားက တည်ငြိမ်မှု မရှိသည့် အခြေအနေတွင် သူ၏ အမိန့်အားလုံးကို နားထောင်မည် မဟုတ်ခြင်းပင်။

ထို့ကြောင့် ချန်ယွီက သူ၏အမိန့်များကို ကောင်းကင်သတ္တုဓား တိတိကျကျ လိုက်နာစေရန်အတွက် ဓားကို အသုံးပြုသည့်အခါတိုင်းတွင် အာရုံစူးစိုက်မှုကို အမြင့်ဆုံးထားခဲ့သည်။

သူ့အမိန့်ကို အမှန်တကယ် ချေမှုန်းနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မကြုံဖူးပေ။

"မင်း စိတ်ဝိညာဥ်ဖိနှိပ်ခြင်းအလံတွေ ဆီကနေ လုပ် ဘယ်လိုလုပ် လွတ်လာတာလဲ"

လေထဲမှာပျံဝဲနေသည့် ချန်ယွီက ကျင့်ခယ်ကို စိုက်ကြည့်နေသည်။

သူ့ခြေထောက်တွေက ဂျယ်လီလို ဖြစ်နေပြီး အချိန်မရွေး ပျော့ခွေသွားတော့မလို ထင်ရ၏။

သူက အကြွင်းမဲ့ ခွန်အားကို ပိုင်ဆိုင်ထားသည့် ဓားဝိညာဥ်၏ မျက်နှာတွင် ကြောက်မက်ဖွယ် အရိပ်အယောင်ကို ခံစားလိုက်ရသည်။

ကျင့်ခယ်က ချန်ယွီကို စိုက်ကြည့်ကာ အတော်လေး မကျေမနပ် ဖြစ်နေသည်။

"ဒါက ဘာများခက်ခဲနေလို့လဲ"

ကျင့်ခယ်က စကားတစ်ခွန်းတည်းဖြင့် ပြန်ဖြေလိုက်သည်။

သူ၏အသံတွင် မာနသံများ အရိပ်အမြွက်ပါနေ၏။

ဤဓားဝိညာဉ်က ချန်ယွီကို လုံးဝ သော-က်ဂရုစိုက်ပုံမရပေ။

"မိုက်ရိုင်းလှချည်လား"

ချန်ယွီက ဒေါသတကြီး အော်ဟစ်လိုက်ရာ အသံက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။

မူလစိတ်ဝိညာဉ်နယ်ပယ်ရှိ ရေခဲတောင်များလည်း တုန်လှုပ်သွားပြီး စိတ်ဝိညာဉ်နယ်ပယ် တစ်ခုလုံးရှိ ရေခဲများ လှုပ်ခတ်သွားကာ လေထုက ဓားသွားများကဲ့သို့ ထက်မြက်လာခဲ့သည်။

သို့သော် ဤအရာအားလုံးမှာ ဘေးထွက် ဆိုးကျိုးများသာဖြစ်သည်။

စစ်မှန်သော စွမ်းအင် အားလုံးမှာမူ ကျင့်ခယ်ဆီသို့ ဦးတည်သွားခဲ့သည်။

ကျင့်ခယ်၏ မျက်နှာက အတော်လေး တည်ငြိမ်နေသည်။

ဖန့်ရှင်းက သူ့နောက်တွင် ခိုအောင်းနေရင်း ရေခဲများ အက်ကွဲကာ လွင့်ထွက်လာသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေ၏။

သူက သူ့ ညာဘက်ပခုံးကို ဆုပ်ကိုင်ရင်း ပြင်းထန်စွာ အသက်ရှုရှိုက်နေခဲ့ရသည်။

ဓားက သူ့နှလုံးသားကို ထိုးဖောက်ရန် နီးကပ်လာသည်။

ကျင့်ခယ်သာ ချန်ယွီ၏ နောက်ဆုံးတိုက်ခိုက်မှုကို အချိန်မီမတုံ့ပြန်နိုင်ခဲ့လျှင် ဖန့်ရှင်းက သေဆုံးသွားမည် ဖြစ်သည်။

မုန်တိုင်းက အချိန်အတော်ကြာအောင် ပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီး ကျင့်ခယ်၏ အဖြူရောင်ဝတ်ရုံပင် တဖျပ်ဖျပ် လွင့်နေခဲ့သည်

နောက်ဆုံးတွင် မုန်တိုင်းက နှစ်မိနစ်လောက်အကြာ၌ လုံးဝ ငြိမ်သက်သွားခဲ့၏။

ကျင့်ခယ်က သူ့အဝတ်အစားများကို ဆန့်လိုက်ပြီး စိတ်ထဲကနေ လေးလေးနက်နက် သက်ပြင်းချလိုက်၏။

[လူငယ်တွေက တကယ်ကို ဆက်ဆံရ ပိုခက်လာပုံပဲ]

....................

ဆက်လက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ အတွင်း ချန်ယွီက မြေပြင်မှ ဆင်းသက်လာပြီး သူ၏ ဓားကို ပြန်ခေါ်လိုက်သည်။

ကျင့်ခယ်၏ အသွင်အပြင်ကြောင့် သူ လုံးဝ မပျံသန်းရဲတော့ပေ။

အခုချိန်က ရှိုးလုပ်သင့်သည့် အချိန်မဟုတ်သည်ကို သူကောင်းကောင်းသိသည်။

သူအာရုံစူးစိုက်ထားရပြီး လမ်းတစ်ဝက်တွင် သူ၏ အမိန့်ကိုအနှောင့်အယှက် မပေးစေရန် တားဆီးခဲ့၏။

လက်ရှိအခြေအနေအရ သူက ကောင်းကင်သတ္တုဓားကို ဆက်မသုံးရဲတော့ပေ။

ဓားဝိညာဉ်မရှိဘဲ ၎င်းကိုအသုံးပြုရသည်မှာ အန္တရာယ်များလွန်းသည်မဟုတ်လော။

ထို့ကြောင့် သူက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ၎င်းကို ဓားအိမ်ထဲ ထည့်ကာ မူလစိတ်ဝိညာဉ်နယ်ပယ်၏ စွမ်းအားကို တဖန်ပြန်၍ ထုတ်သုံးရန် အာရုံပြန်စိုက်ခဲ့သည်။

ရေခဲမြစ်များအတွင်း အေးခဲနေသော ဝိညာဉ်ဓားများအားလုံးတွင် ဓားဝိညာဉ်များ ပါရှိ၏။

သူက ၎င်းတို့အားလုံးနှင့် စာချုပ်များ ချုပ်ဆိုထားသောကြောင့် ၎င်းတို့ကို အသုံးပြုရသည်မှာ ပို၍ လုံခြုံမှု ရှိပေသည်။

ဤတစ်ကြိမ်တွင် သူက တစ်ဖက်သားအား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမပေးဘဲ တစ်ချက်တည်းဖြင့် ဇာတ်သိမ်းနိုင်ရန် ကြိုးစားခဲ့၏။

"ဓားတစ်ရာ သရုပ်ပြပွဲ"

ချန်ယွီက ဓားများကို တိုက်ရိုက် ဆင့်ခေါ်ရင်း သွားများကို အံကြိတ်လိုက်သည်။

များပြားလှသော ဝိညာဉ်ဓားများက ပိုးအိမ်များထဲမှ ခွဲထွက်လာသော လိပ်ပြာများကဲ့သို့ ရေခဲမြစ်များကို ခွဲထုတ်၍ ထွက်လာကြ၏။

ချန်ယွီက သူ့အနားသို့ မခေါ်ခဲ့ဘဲ ရေခဲမြစ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက်ဥက္ကပျံကဲ့သို့ အရှိန်အဟုန်ဖြင့် ကျင့်ခယ်ဆီသို့ ဦးတည်စေခဲ့သည်။

ဤတစ်ကြိမ် ထိုးစစ်က တကယ့်ကို ရင်သပ်ရှုမောစရာကောင်းသည်ကို ဖန့်ရှင်း မြင်လိုက်ရ၏။

ချန်ယွီက ဝှက်ဖဲများကို အကုန်အစင် ထုတ်သုံးလိုက်သည်ဟုပင် ပြော၍ရသည်။

ချန်ယွီက ဥက္ကာပျံများ ကဲ့သို့ ရှေ့သို့ ဦးတည်သွားသည့် ဝိညာဉ်ဓားများကို ထိန်းချုပ်ထား၏။

ဤတစ်ကြိမ်တွင် ဓားများစွာ ထဲမှ ဓားတစ်လက်မှ တစ်ဝက်တစ်ပျက်ဖြင့် ပြန်လှည့်မလာပေ။

အားလုံးက ပစ်မှတ်ဆီသို့ တန်းနေအောင် ရောက်သွားကြသည်။

"ေ-သစမ်း"

ထိုရလဒ်ကို မြင်လိုက်ရလျှင် ချန်ယွီက တိုက်ခိုက်ရင်း ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

သူက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အေးခဲနေသော ဝိညာဉ်ဓားများက ရေခဲပြင်ကို ဖြတ်ကျော်ကာ ကျင့်ခယ်ကို တိုက်ခိုက်လိုက်သည်။

ဝိညာဉ်ဓားများ၏ ရူးသွပ်စွာ တိုက်ခိုက်မှုက သုံးမိနစ်ခန့် ကြာပြီးမှရပ်တန့်သွားခဲ့၏။

စံအိမ်သခင်ချန်ယွီက တိုက်ခိုက်မှုပြီးနောက် ပြန့်ကျဲနေသော ရေခဲမှုန်အခိုးအငွေ့များ လေထဲတွင် ရှင်းသွားသည်အထိ စောင့်ဆိုင်းရင်း အသက်မနည်း ရှုနေရသည်။

သို့သော် သူ့မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ပင်။

ရေခဲမှုန်များ အတွင်း၌ အရိပ်နှစ်ခုက ရှိနေဆဲ ဖြစ်၏။

ချန်ယွီက အသည်းထဲကနေ ကြောက်ရွံ့တုန်လှုပ်သွားပြီး ဝိညာဉ်ဓားများကို ပြန်ခေါ်ရန်အတွက် ချက်ချင်းပင် လက်ဟန် စည်းတံဆိပ် တစ်ခု ပြုလုပ်ခဲ့သည်။

သို့သော် မည်သို့မျှ တုံ့ပြန်ခြင်းမရှိပေ။

[ဘာတွေဖြစ်နေတာလဲ.. ဝိညာဥ်ဓားတွေက စာချုပ်ကို ဘာလို့ မခံစားနိုင်ရတာလဲ]

ချန်ယွီက သူ့ရှေ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ရေခဲအခိုးအငွေ့များ လျော့ပါးသွားပြီး နောက်တွင် စောစောက ထုတ်လွှတ်လိုက်သော ဝိညာဥ်ဓားများက မြေပြင်ပေါ်တွင် လဲကျနေသည်ကို သူမြင်လိုက်ရသည်။

ကျင့်ခယ်က ယခင်နေရာတွင် ရပ်တည်နေဆဲ ဖြစ်ပြီး တစ်လက်မမျှပင် မရွေ့လျားခဲ့ပေ။

သူက မြေပြင်ပေါ်တွင် လဲကျနေသော ဝိညာဥ်ဓား တစ်ထောင်ကို အမိန့်မပေးမီ ရှေ့သို့ စူးစိုက်ကြည့်ကာ အသက်ရှုသွင်းလိုက်သည်။

"ဘာလုပ်ရမှာလဲ သိတယ် မဟုတ်လား"

တခဏချင်းမှာပင် ဝိညာဉ်ဓားတစ်ထောင်က လဲကျနေရာမှ လေထဲသို့ ပြန်တက်လာပြီး ဓားသွားများ အားလုံးက ချန်ယွီ၏ ဦးတည်ရာဆီသို့ ညွှန်ပြနေခဲ့သည်။

အပိုင်း(၃၀၄) ပြီး၏။

All Chapters