လင်းကျန်းရန်၏မူလစိတ်ဝိညာဥ်နယ်ပယ်
Vol. 21 Ch. 305
ဤအခိုက်အတန့်တွင် အင်မော်တယ်စံအိမ်သခင် ချန်ယွီက စိတ်ပျက်အားငယ်သော ခံစားချက် အစစ်အမှန်ကို နားလည်သွားခဲ့သည်။
သူ့မျက်လုံးများက ဟောက်ပက်ဖြစ်နေပြီး ဆယ်စုနှစ်များစွာ အိုစာသွားသကဲ့သို့ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆံပင်များ ဖြူသွားခဲ့သည်။
ခဏလေးအတွင်းမှာပင် ဝိညာဥ်ဓား တစ်ထောင်ကျော်က သူနဲ့ စာချုပ်တွေ အားလုံးကို တစ်ပြိုင်နက်ထဲ ရပ်စဲလိုက်ကြ၏။
သူ၏ အဓိက သွေးကြောများတွင် မီးစတင် လောင်ကျွမ်းနေသလို ခံစားလိုက်ရကာ အဆုံးမဲ့ ဝေဒနာများ ခံစားခဲ့ရသည်။
တစ်ဖက်လူက ဘယ်လိုလူလဲဆိုသည်ကို ချန်ယွီက အနည်းငယ် ပိုနားလည်လာပြီ ဖြစ်သည်။
သူ့ရှေ့တွင် ရပ်နေသော ဤလူငယ်လေးက တကယ့် ပါရမီရှင် စစ်စစ် ဖြစ်နေ၏။
ထိုအခိုက်အတန့်တွင် ဤတိုက်ပွဲက အဓိပ္ပါယ်မဲ့သည့် တိုက်ပွဲဖြစ်သည်ကို သူနောက်ဆုံးတွင် သဘောပေါက်သွားသည်။
အစကတည်းက သူ့တွင် အနိုင်ရရန် အခွင့်အရေး နည်းနည်းလေးမှမရှိခဲ့ပေ။
"မင်းဘယ်သူလဲ"
ဝိညာဉ်ဓားစာချုပ်များ ဖြတ်တောက် ခံလိုက်ရခြင်းကြောင့် ချန်ယွီက သွေးအန်နေစဉ် ကျင့်ခယ်က သူ့ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအချိန်တွင် ကျင့်ခယ်၏ ဝမ်လင်းထံမှ အမွေဆက်ခံခဲ့သော မျက်နှာသေ အမူအရာနှင့် အေးစက်စက် မျက်ဝန်းများက အထူး ထက်မြက်နေပုံရ၏။
ထိုခဏတွင် ကျင့်ခယ်၏ အနောက်ဘက်မှ ဝိညာဉ်ဓားတစ်ထောင်မှာ နဂါးငွေ့တန်း ဂလက်ဆီကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။
ကျင့်ခယ်က စံအိမ်သခင်ချန်ယွီ၏ မျက်လုံးများတွင် တုန်လှုပ်ချောက်ချားမှုအပြည့် ရှိနေသည်ကို မြင်လိုက်ရသည်။
ကြောက်မက်ဖွယ် အလွန်ကောင်းသော အမှောင်အင်အားစုကြီး၏ ခေါင်းဆောင်ဖြစ်သည့် ခြေသလုံးအိမ်တိုင် အင်မော်တယ် အထွတ်အထိပ် အဆင့်မှာ ဤသို့ဖြင့်ပင် ရှုံးနိမ့်စပြုလာ၏။
ချန်ယွီက အံကြိတ်လိုက်သည်။
သူ့တွင် ပုန်းစရာနေရာ မရှိမှန်း သူသိထားပြီးသားဖြစ်၏။
သူနှင့် စာချုပ် ပျက်ပြယ်သွားသည့် ဓားတစ်ထောင်၏ တုံ့ပြန်မှုက မရပ်တန့်သေးပေ။
သူက သွားများကို အံကြိတ်ကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး မူလစိတ်ဝိညာဉ်နယ်ပယ်ကို ချက်ချင်း ရပ်တန့်ပစ်လိုက်သည်။
ထိုအချိန်က ဝိညာဥ်ဓားများကို မူလစိတ်ဝိညာဥ် နယ်ပယ်အတွင်း၌ စည်းခတ်ခဲ့ခြင်း ဖြစ်၏။
သီအိုရီအရပြောရလျှင် မူလစိတ်ဝိညာဥ် နယ်ပယ်ကို ရပ်တန့်လိုက်သည်နှင့် ဤဝိညာဥ်ဓားများက သူ့ကို အန္တရာယ်ပြုနိုင်မည် မဟုတ်တော့ပေ။
ထို့နောက်တွင် သူက တာအိုအဆောင်ကို ထွက်ပြေးရန် အသုံးပြုခဲ့မည်ဆိုလျှင် အနည်းဆုံးတော့ သူ အသက်ရှင်နေလိမ့်မည် ဖြစ်သည်။
ကလဲ့စားချေမှုနှင့် ပက်သက်၍မူ သူအသက်ရှင်နေသေးသ၍ ဘာမဆို လုပ်နိုင်သေးသည် မဟုတ်ပါလား။
ချန်ယွီက တိုက်ပွဲမဖြစ်မီတိုင်းတွင် သူ့အတွက် လွတ်မြောက်ရေးလမ်းကြောင်းကို စီမံထားပြီးသား ဖြစ်သည်။
သို့သော် ဤရက်က သိပ်မကြာခင် ရောက်လာလိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့ပေ။
အဆုံးစွန်သော ဝိညာဥ်ဓားကို အကောင်အထည် ဖော်လိုသည့် သူ၏ အိပ်မက်မပြည့်မီမှာပင် သူက သူ၏ မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်း ရိုက်နှက်ခြင်း ခံခဲ့ရသည်။
ဤသတင်းသာ ပျံ့သွားခဲ့လျှင် အလွန် ရယ်စရာ ကောင်းလွန်းသောကြောင့် သူက နှစ်ထောင်ပေါင်းများစွာ ကြာအောင် အလှောင်ခံစရာ ပြက်လုံးတစ်ခု ဖြစ်လာမည်မှာ သေချာသည်။
သို့သော် လူတွေက သူ့ကို ဘယ်လောက်ပဲ လှောင်ပြောင်နေပါစေ၊ သေတာထက်စာလျှင် အသက်ရှင်တာက ပိုကောင်းသည် မဟုတ်လော။
ထို့ကြောင့် ကျင့်ခယ်က သူ၏လုပ်ငန်းစဥ်ကို ဝင်ရှုပ်မည် စိုးရိမ်သောကြောင့် ချန်ယွီက သူ့အရှိန်ကို သိသိသာသာ တိုးမြှင့်လိုက်သည်။
"ငါလုပ်နိုင်ပြီ"
ချန်ယွီက ဒဏ်ရာအပြင်းအထန်ရနေ၍ အောင်မြင်သွားသည့် အခိုက်တွင် ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။
မူလစိတ်ဝိညာဉ် နယ်ပယ်ရှိ အရာအားလုံးက တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
တကယ်တမ်းတွင် ကျင့်ခယ်က ချန်ယွီ လက်ဟန်တစ်ခု ပြုလုပ်ပြီး စည်းတံဆိပ် ဖန်တီးနေသည့် အခိုက်အတန့်ထဲက သတိထားမိပြီးသား ဖြစ်သည်။
သူသာ အလိုရှိလျှင် ချန်ယွီ၏ လက်နှစ်ဖက်လုံးကို ချက်ချင်း ဖြတ်ပစ်လိုက်နိုင်ပေသည်။
သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်း သူ့ကို ဤတစ်ကြိမ်တွင် ပေးခဲ့သည့် တစ်ခုတည်းသော တာဝန်မှာ သူ့ကိုယ်သူ ဝိညာဉ်ဓားဘုရင် အဖြစ် ပုံဖော်ပြီး ချန်ယွီ၏ ဓားတစ်ထောင်ကို ထိန်းချုပ်ရန် ဖြစ်သည်။
ယခုတော့ သူ့တာဝန်ကို ပြီးမြောက်ခဲ့ချေပြီ။
ကျင့်ခယ်က သူ၏ဆရာလေးလင်း မည်မျှတိကျကြောင်း ကောင်းကောင်းသိသည်။
သူက ဆရာလေးလင်း ခိုင်းသည့်အတိုင်း မလုပ်ဘဲ ဘောင်ကျော်သွားလျှင် ဆရာလေးလင်းက ရူးသွားလိမ့်မည် ဖြစ်၏။
ဆရာလေးလင်းသာ ရူးသွားလျှင် ကြီးလေးသည့် အကျိုးဆက်များ ရှိလာလိမ့်မည် မဟုတ်ပါလား။
..........................
လင်းလန်ခန်းမတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်စံအိမ်သခင်၏ မူလစိတ်ဝိညာဉ်နယ်ပယ် အဆုံးသတ်သွားသည်ကို ကြည့်ရှုနေရင်း စံအိမ်သခင်ထွက်ပြေးရန် မှော်အဆောင်တစ်ခုခုကို ထုတ်သုံးလိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။
"ငါတို့အစီအရင် တစ်ခုခုနဲ့ တားမြစ်ထားသင့်လား"
'ဖက်တီးလော'က မေးလိုက်သည်။
ဤအခြေအနေတွင် နေရာလွတ်ကို ပိတ်ရန်နှင့် တာအို မှော်ပညာ အသုံးပြုခြင်းကို ကန့်သတ်ရန် မှော်အစီအရင်ကို အသုံးပြုခြင်းသည် ကောင်းမွန်သော အကြံဥာဏ် ဖြစ်သည်။
ဓမ္မရာဂျာက စံအိမ်သခင်၏ မူလစိတ်ဝိညာဥ်နယ်ပယ် ရုတ်သိမ်းသွားကြောင်း သတိပြုမိသည်နှင့် တစ်ပြိုင်နက် လင်းလန်ခန်းမရှိ ထွက်ပေါက်အားလုံးကို ပိတ်ဆို့ရန် နတ်မိုးကြိုးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
ဤပိတ်ဆို့တားဆီးမှုကို တွန်းလှန်လိုသူတိုင်းမှာ နတ်မိုးကြိုး ပစ်ခံရခြင်းဒဏ်ကို ခံနိုင်ရည်ရှိရမည် ဖြစ်သည်။
ချန်ယွီသာ ကြံ့ခိုင်မှုအပြည့် ရှိနေလျှင် ယင်းက အလုပ်မဖြစ်နိုင်သော်လည်း သူ၏ လက်ရှိဒဏ်ရာ အခြေအနေကြောင့် အတင်းအကျပ် ထွက်ပြေးဖို့ ကြိုးစားလျှင် ကိစ္စချောသွားမည်မှာ သေချာ၏။
"သူ့အတွက် ပြေးပေါက်မရှိတော့ဘူး"
ဓမ္မရာဂျာက ရယ်မော၍ ပြောလိုက်သည်။
သူက သူ၏ နတ်မိုးကြိုးစွမ်းအားကို အပြည့်အဝ ယုံကြည်မှုရှိ၏။
ပစ်ကာချူး ပင်လျှင် သူ၏နတ်မိုးကြိုးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
(ပစ်ကာချူး=ပိုကီမွန်ထဲမှ ဇာတ်ကောင်)
"ရန်သူကို လျော့မတွက်ပါနဲ့"
ချိုက်လျန်က တစ်နည်းနည်းဖြင့် ဆိုးရွားသော ခံစားချက်ကို ရရှိနေသည်။
"အင်မော်တယ် စံအိမ်ရဲ့ သခင်အနေနဲ့ သူ့ဆီမှာ လှည့်ကွက်တွေ မရေမတွက်နိုင်အောင် ရှိမှာပဲ.. ဒါ့အပြင် ရေခဲခရစ္စတယ် အစီအရင်က လည်ပတ်နေဆဲပဲ.. သူ့မှာ ထွက်ပြေးဖို့ တာအိုအဆောင်လက်ဖွဲ့တွေလည်း ရှိမှာ သေချာတယ်"
"ဒီယူဆချက်ကို ငါသဘောတူတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။
"အားလုံးပဲ အာရုံစိုက်နေကြပါ.. သူ့ကို ထပ်မလွတ်စေနဲ့တော့"
ထိုအချိန်တွင် ငွေရောင်ယူနီကွန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"ကံမကောင်းစွာပဲ ငါက လောလောဆယ်မှာ မူလစိတ်ဝိညာဥ်နယ်ပယ်ကို အသုံးပြုလို့ မရသေးဘူး.. မဟုတ်ရင် သူ့ကို ငါ့ရဲ့ မူလစိတ်ဝိညာဥ် နယ်ပယ်ထဲ ဆွဲသွင်းလိုက်ရုံပဲ.. ဒီနည်းလမ်းကပဲ စိတ်ချရတယ်.. သူ့မှာ ဘယ်လိုလှည့်ကွက်ပဲရှိရှိ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"
ငွေရောင်ယူနီကွန်း၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ ဝမ်လင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
သို့ရာတွင် လူတိုင်းက ချန်ယွီကို အပြည့်အဝ အာရုံစိုက်ထားသောကြောင့် လင်းကျန်းရန်၏ အမူအရာကို မည်သူမျှ သတိမပြုမိကြပေ။
ထို့နောက် ဝမ်လင်းက ဖြည်းညှင်းစွာ ထလိုက်သည်။
သူ့လက်ထဲတွင် ဝိညာဉ်အလင်းရောင် လင်းလက်လာသည်နှင့်အမျှ ကျင့်ခယ်က မက်မွန်သစ်သားဓား အသွင်ဖြင့် ပြန်လည် ရောက်ရှိလာသည်ကို လူတိုင်းက မြင်လိုက်ရသည်။
အင်မော်တယ်ထုန်ရာက နတ်မိုးကြိုးစွမ်းအားဖြင့် အရေးပေါ်စီမံရန် အတွက် ချက်ချင်းပင် လုပ်ဆောင်နေသည်။
ယခုအချိန်တွင် အားလုံးက ချန်ယွီ ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေကြ၏။
ချန်ယွီ ပေါ်လာသည်နှင့် ဤနေရာမှလူများက သူ့ကို ပြေးမလွတ်အောင် နည်းမျိုးစုံဖြင့် ဟန့်တားကြမည် ဖြစ်သည်။
ဤအချိန်တွင် ဝမ်လင်းက ချန်ယွီကို ဟန့်တားရန် နည်းလမ်းတစ်ခု စဥ်းစားထားပြီးပြီ ဖြစ်၏။
မူလစိတ်ဝိညာဉ်နယ်ပယ် ပျောက်ကွယ်သွားသောအခါတွင် နယ်ပယ်ထဲမှ အခြားလူအားလုံးက နယ်ပယ်ထဲမှ အရင်ဦးဆုံး ထုတ်ပယ်ခံရမည်ဖြစ်ပြီး ပိုင်ရှင်ဖြစ်သည့် ချန်ယွီက မိနစ် အနည်းငယ် အကြာတွင်မှ ပေါ်လာမည် ဖြစ်သည်။
သို့သော် ထိုအရာက အရေးမကြီးတော့ပေ။
ချန်ယွီ၏ ရုပ်သွင်က လင်းလန်ခန်းမတွင် ပေါ်လာသည့်အခိုက်တွင် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
သူ၏ အနီရောင်နှင့် အနက်ရောင်အင်္ကျီက လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်ကို လူတိုင်းက တွေ့လိုက်ရသည်။
နောက်ထပ် အခိုက်အတန့်မှာပင် သူတို့ပတ်ဝန်းကျင်က ပြောင်းလဲသွား၏။
သူတို့က ရင်ပြင်တစ်ခု အတွင်းသို့ ရောက်နေ၏။
ထိုနေရာတွင် ရှေးခေတ် ကျောက်ပန်းပုရုပ်တု တစ်ခုနှင့် ဒါဇင်နှင့်ချီသော အုန်းပင်များကို မြင်တွေ့ခဲ့ကြသည်။
ဖန့်ရှင်းထက် ဤရှုခင်းနှင့် မည်သူမှ ပိုရင်းနှီးနိုင်မည် မဟုတ်ပေ။
အမှတ် ၆၀ အထက်တန်းကျောင်း..
"ဘာတွေဖြစ်နေတာလဲဟ"
ချန်ယွီ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွား၏။
ဤခံစားချက်ကို သူ့ထက် ပို၍ မည်သူမှ မရင်းနှီးနိုင်ပေ။
ဤသည်မှာ မူလစိတ်ဝိညာဉ် နယ်ပယ်တစ်ခု ဖြစ်သည် မဟုတ်လော။
သူက သူ၏ ကိုယ်ပိုင် မူလစိတ်ဝိညာဉ်နယ်ပယ်မှ ထွက်ခွာပြီးနောက် အခြားသော မူလစိတ်ဝိညာဉ်နယ်ပယ် ထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရသည်။
ငွေရောင်ယူနီကွန်းက အံကြိတ်လိုက်သည်။
ဤသည်မှာ အသန့်စင်ဆုံး ဝိညာဉ်စွမ်းအင်ရင်းမြစ် ပါရှိသည့် အသစ်စက်စက် မူလစိတ်ဝိညာဉ်နယ်ပယ်တစ်ခု ဖြစ်ကြောင်း သံလိုက်စက်ကွင်းမှ သူ ခံစားခဲ့ရ၏။
ဗုံးပစ်စီနီယာအင်မော်တယ်က ဝမ်လင်းကို စိုက်ကြည့်ရင်း ကူကယ်ရာမဲ့စွာ မေးခွန်းထုတ်လိုက်သည်။
"ညီနောင်လင်း.. ဒါက မင်းရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်လား"
"........... "
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
ဤရလဒ်ကြောင့် သူတို့အားလုံး အံ့အားသင့်နေ၏။
"လင်းကျန်းရန်က သူ့ရဲ့မူလစိတ်ဝိညာဥ်နယ်ပယ်ကို ဘယ်လိုလုပ်ပြီး ဖန်တီးလိုက်တာလဲ"
ဝမ်လင်းက ဤမေးခွန်းအတွက် နှုတ်ဆိတ်နေသည်။
လူတိုင်း၏ ကျင့်ကြံမှုလမ်းစဥ်အပေါ် ယုံကြည်မှုအား တုန်လှုပ်ချောက်ခြားစေမည်ကို စိုးရိမ်သောကြောင့် ထိုမေးခွန်းကို သူမဖြေခဲ့ပေ။
စင်စစ် ဤမူလစိတ်ဝိညာဥ်နယ်ပယ်ကို လွန်ခဲ့သည့် တစ်မိနစ်ကမှ သူဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူက ထိုအတွက် သိပ်စဉ်းစားမနေဘဲ အမှတ် ၆၀ အထက်တန်းကျောင်းကို တိုက်ရိုက် စံနမူနာယူခဲ့၏။
အပိုင်း(၃၀၅) ပြီး၏