← Chapters

ကြည်နူးစရာပုံပြင်လေးတစ်ပုဒ်

Vol. 21 Ch. 307

ကြည်နူးစရာပုံပြင်လေးတစ်ပုဒ်

Vol. 21 Ch. 307

လောလောဆယ်တော့ အလျင်လိုစရာ မရှိပေ။

ကောင်းကင်သတ္တုဓား အပါအဝင်၊ အင်မော်တယ်စံအိမ်သခင်ပိုင်ဆိုင်သော ဝိညာဉ်ဓားတစ်ထောင်တို့မှာ ယခုအခါတွင် ကျင့်ခယ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီ ဖြစ်သည်။

ဝမ်လင်းက ကောင်းကင်သတ္တုဓားကို ဖက်တီးလော လေ့လာရန်အတွက် ချန်ထားရစ်ခဲ့ပြီး ကျန်ဓားများ အားလုံးကို အစိုးရထံ လွှဲပြောင်းပေးနိုင်ခဲ့သည်။

ဤဓားက အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဟု သူခံစားမိသည်။

၎င်းက သူတွေးထားသလောက် ရိုးရှင်းပုံမရပေ။

အားလုံး မျှော်လင့်ထားသည့် အတိုင်းပင် ချန်ယွီ၏ နောက်ထပ် နေရာလွတ် အတွင်း၌ ထူးဆန်းသော မှော်ရတနာ များစွာ ရှိနေ၏။

ထိုရတနာများမှာ ဗိုလ်ချုပ်ရီက မိစ္ဆာအင်ပါယာ ကွာဖီ၏ အသိုက်အမြုံမှ ရရှိခဲ့သည့် ရတနာများထက် အရေအတွက်ရော အရည်အသွေးပါ မနိမ့်ကျပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမျိုးသား အမွေအနှစ်

တရားဝင် ဝဘ်ဆိုဒ်တွင် ရှာဖွေမှုအရ အဆိုပါ ရတနာများမှာ ယခင်က ပျောက်ဆုံးသွားခဲ့သော အမျိုးသား မှော်ရတနာများဖြစ်နေခဲ့သည်။

အမျိုးသား မှော်ရတနာများဟု ခေါ်ရခြင်းမှာ ၎င်းတို့၏ ခွန်အားအတိုင်းအတာပေါ် မူတည်၍ ယင်းကဲ့သို့ ခေါ်ဝေါ်ခြင်းမျိုး မဟုတ်ပေ။

နိုင်ငံ့မှော်ရတနာတိုင်းတွင် လူထု၏ အကျင့်သီလကို မြှင့်တင်ပေးနိုင်သည့် ထိမိသော ပုံပြင်တစ်ခုစီ ရှိကြသည်။

ချန်ယွီ စုဆောင်းခဲ့သည့် မှော်ရတနာများ ထဲတွင် အဆင့်အမြင့်ဆုံးဟု သတ်မှတ်ခံရသည့် အမျိုးသား မှော်ရတနာမှာ မီးခြစ်ဘူး ဖြစ်သည်။

"ဒါကဘာလဲ"

ဤမီးခြစ်ဘူးကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

ဓမ္မရာဂျာက ခြစ်ကြည့်လိုက်ရာ ဂတ်စ် မရှိတော့ကြောင်း တွေ့ရှိခဲ့သည်။

မီးခြစ်ဘူးတစ်ခုလုံးကို လက်ရာမြောက်စွာ ပြုလုပ်ထား၏။

၎င်းကို ဝိညာဥ်သစ်သားဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင် လေးဖက်ကိုမူ သတ္တုဖြင့် အလှဆင်ထားသည်။

ယင်းက ရိုးရှင်းသည့် လက်ရာတစ်ခုဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မီးခြစ်ဘူးကို စိုက်ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

"ရောင်းစားခံရတဲ့ ကလေးမလေး ဇာတ်လမ်းကို ကြားဖူးကြလား"

လူတိုင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြသည်။

အိုး... အဲဒါက အိမ်ရာမဲ့ မိန်းကလေး ဇာတ်လမ်းလား.. နေပါဦး.. စီနီယာ အင်မော်တယ်က ရောင်းစားခံရတဲ့ မိန်းကလေးလို့ အခုလေးတင် ပြောလိုက်သလားလို့"

"ချီးပဲ.. အဲဒါက ဘာကိုဆိုလိုတာလဲ"

"အဲဒါက ကျေးဇူးတော်နေ့တုန်းက လမ်းပေါ်မှာ မိန်းကလေးတွေကို အသိပညာပေးသလိုလိုနဲ့ ရောင်းစားခဲ့တဲ့ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ.. လူထုရဲ့ ဒေါသကို နှိုးဆွလိုက်တဲ့ ဖြစ်ရပ်ပေါ့"

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းတစ်ချက် ချ၍ ပြောလိုက်သည်။

တစ်စုံတစ်ယောက်က မေးလိုက်သည်။

"အဲဒီနောက် ဘာဆက်ဖြစ်လဲ"

ဗုံးပစ်စီနီယာအင်မော်တယ်

"မိန်းကလေးတွေကို ပြန်ပေးဆွဲ ရောင်းစားပြီး လမ်းမပေါ်မှာပဲ မီးရှို့သတ်ပစ်လိုက်တယ်လေ"

လူတိုင်း "............"

စကားပြောရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ လက်ထဲရှိ မီးခြစ်ဘူးကို ခြစ်လိုက်သည်။

"ဒါကြောင့် ဒီမီးခြစ်ဘူးကို ကျွမ်းကျင်လက်မှုပညာရှင် ဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်က ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့နဲ့ လူမှောင်ခိုကူးတာကို ရှုံ့ချဖို့အတွက် လူ့အဖွဲ့အစည်းကို သတိပေးတဲ့အနေနဲ့ ပြုလုပ်ခဲ့တာပါ.. ကလေးသူငယ် ညဥ်းပန်းနှိပ်စက်တာကို ဆန့်ကျင်ရှုံ့ချတဲ့ အဓိပ္ပါယ်နဲ့ပေါ့"

လူတိုင်း "............."

ချန်ယွီက မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း ဤပုံပြင်ကို ကြားလိုက်ရသောအခါ သူ့သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။

ဤမီးခြစ်ဘူးမှာ အခြားသော အမှောင်အင်အားစု အချို့ကို တိုက်ခိုက်ခဲ့စဉ် ရရှိခဲ့သည့် သူ၏ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။

သူက မီးခြစ်ဘူး၏ ဇစ်မြစ်ကို မသိသော်လည်း ခက်ခဲသည့်အချိန်များကို ၎င်းနှင့်အတူ ကျော်ဖြတ်ခဲ့ဖူးသည်။

သူ၏ အခက်ခဲဆုံး အချိန်များတွင် ရန်သူလက်ထဲမှ ပုန်းအောင်းရန်အတွက် ဤမီးခြစ်ဘူးထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ဖူးသည်ကို သူသတိရမိသွားသည်။

"အိုး.. ဒါတင်ဘယ်ကမလဲ"

ဗုံးပစ်စီနီယာအင်မော်တယ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံပင်။

"ဒီမီးခြစ်ဘူးမှာ နေရာလွတ် သိုလှောင်ခန်းလည်း ရှိတယ်.. ဒါပေမဲ့ မူလဒီဇိုင်းထုတ်တုန်းကတော့ သိုလှောင်ခန်း မပါခဲ့ဘူး"

သူက စကားပြောရင်း ဝိညာဉ်စွမ်းအင်ကို မီးခြစ်ဘူးထဲသို့ ထည့်သွင်းလိုက်သည်။

လျှပ်တပြက်အတွင်း ဤမီးခြစ်ဘူးငယ်လေး၌ လူတစ်ဦး အပြည့်အ၀ နေနိုင်သည့် စတုဂံပုံစံ သိုလှောင်ခန်းကြီး တစ်ခု ရုတ်တရက် ပေါက်လာသည်။

"မီးခြစ်ဘူးရဲ့ လုပ်ဆောင်ချက်က အရမ်း အသုံးဝင်တယ်..."

"ဒါက မှင်စာတွေ အတွက် လုပ်ပေးထားတဲ့ အထူးခေါင်းတလားလိုပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို လက်ဖြင့်ပွတ်သပ်၍ ပြောလိုက်သည်။

ချန်ယွီ"............"

လူတိုင်း "............."

.......................

ထိုအချိန်တွင် အပြင်လောက၌ ညဆယ်နာရီထိုးနေပြီဖြစ်သည်။

လွန်ခဲ့သော နှစ်နာရီခန့်က ဆောင်းဥတုမြို့ စန်းယွမ်လမ်းပေါ်ရှိ အာကာပြင် ကျိုးကျသည့် နေရာနှင့် ပတ်သက်ပြီး ကျင့်ကြံခြင်း ရဲစခန်းက ပြည်သူများထံမှ သတင်းပေးပို့ချက် ရရှိခဲ့သည်။

ယခုအခါ အရင်က ရှင်းလင်းနေသည့် စန်းယွမ်လမ်း ပေါ်တွင် ရဲကားများ ဝိုင်းအုံနေပြီ ဖြစ်သည်။

ရဲများက အလယ်ဗဟိုရှိ ဝမ်လင်း၏ ကောင်းကင်မျက်လုံး စွမ်းအားဖြင့် ဖွင့်ထားသည့် အာကာပြင်နံရံ တစ်ဝိုက်တွင် ရှိနေသည်။

ရဲအရာရှိတစ်ဖွဲ့က ကျိုးကျနေသော အာကာပြင် နံရံ၏ ဆယ်မီတာကျော် အကွာတွင် ရပ်နေ၏။

ထိုနေရာမှ ပြင်းထန်သော စွမ်းအင် အတက်အကျများကြောင့် မည်သူမျှ အနားသို့ မချဉ်းကပ်ဝံ့ပေ။

"ဗုံးတပ် ရောက်ပြီလား"

ရဲဌာန၏ အကြီးအကဲယွီမှာ အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင် ရောက်ရှိလာပြီး စစ်ဆင်ရေးကို ညွှန်ကြားနေခဲ့သည်။

"သူတို့က လမ်းပေါ်မှာပဲ ရှိသေးတယ်"

ရဲအရာရှိ တစ်ဦးက သတင်းပို့လိုက်သည်။

အကြီးအကဲယွီက ရွှေအမြူတေ အဆင့်တွင်သာရှိ၍ ကျိုးပျက်နေသော အာကာပြင်နံရံ အနားသို့ လုံးဝ မချဉ်းကပ်ဝံ့ပေ။

အတွင်းမှ စွမ်းအင်များက ပြင်းထန်လွန်းသောကြောင့် သူသာ အနားသို့ ကပ်သွားလျှင် ထိုပြင်းထန်သော စွမ်းအားများကြောင့် သူက ပေါက်ကွဲထွက်သွားလိမ့်မည် ဖြစ်သည်။

ခပ်လှမ်းလှမ်းရှိ လမ်းဆုံတွင် အနက်ရောင် လုပ်ငန်းသုံး ကားတစ်စီးကို ရဲများက ဟန့်တားလိုက်ကြသည်။

ကြည်ပြာရောင် အစိုးရ လိုင်စင် နံပါတ်ပြားကို မြင်လိုက်ရလျှင် ရဲအရာရှိက ယာဉ်မောင်း၏ ပြတင်းပေါက်နားကို အလျင်အမြန် သွားပြီး လေးလေးစားစား နှုတ်ဆက်လိုက်သည်။

"ရဲဘော်.. ရှေ့မှာ မတော်တဆမှု တစ်ခု ရှိနေလို့ ကျေးဇူးပြုပြီး လမ်းလွှဲက မောင်းပေးပါ"

အောင်မြင်ခြင်းကျိုးက ကားပြတင်းပေါက်မှန်ကို ဖွင့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ညီနောင် မေးလို့ရမလား.. ဘာတွေဖြစ်နေတာလဲ"

ရဲအရာရှိက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်နာရီက ကျနော်တို့ ရရှိထားတဲ့ သတင်းတွေအရတော့ အရှေ့ဘက်မှာ ပြိုကျနေတဲ့ အာကာပြင် တံတိုင်းတစ်ခု ရှိနေတယ်.. ဒါပေမဲ့ အဲဲဒီအာကာပြင်နံရံရဲ့ အတွင်းကလာတဲ့ စွမ်းအင်တွေက အရမ်းသိပ်သည်းတာကြောင့် ဘယ်သူမှတော့ အခုချိန်ထိ မချဥ်းကပ်ဝံ့သေးဘူး.. မကြာခင်တော့ ဗုံးအဖွဲ့ ရောက်လာပါတော့မယ်"

"ကျေးဇူးတင်ပါတယ် ညီနောင်"

အောင်မြင်ခြင်းကျိုးက ပြတင်းပေါက်မှန်ကို ပိတ်လိုက်ပြီး သူ့နောက်မှ ကျိုးရီဘက်သို့ လှည့်လိုက်သည်။

"ဆရာ အခုဘာဆက်လုပ်ရမလဲ"

ကျိုးရီက မေးစေ့ကို ကိုင်၍ စဥ်းစားလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

"မင်း ဒီနေရာမှာ လင်းကျန်းရန် နဲ့ တခြားသူတွေကို ချပေးခဲ့တာ သေချာလား"

အောင်မြင်ခြင်းကျိုးက ကြက်ကလေး ထမင်းဆိတ်နေသ ကဲ့သို့ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။

"သေချာပါတယ် ဆရာ.. ကျနော်မမှားပါဘူး"

ကျိုးရီ၏မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။

"............."

"သေချာတယ်ဆိုရင်တော့ ဒီအာကာပြင်နံရံကို ဖျက်ဆီးခဲ့တာ မင်းရဲ့ ဆရာဖိုးဖိုး ဆိုတာ သေချာသလောက်ပဲ"

ကျိုးရီက သူ့ဆရာ လုပ်ဆောင်သည့် ကိစ္စတိုင်း၏ နောက်ကွယ်တွင် အကြောင်းပြချက် အမြဲရှိနေကြောင်း ကောင်းစွာသိခဲ့သည်။

သူက ဤမတိုင်ခင် စီနီယာအင်မော်တယ်ထံကနေ အမှောင်အင်အားစုတစ်ခု ဖြစ်သည့် အင်မော်တယ်စံအိမ် အကြောင်း ကြားဖူးခဲ့သည်။

ထို့ကြောင့် ဆရာလင်းကျန်းရန် ယခုတစ်ကြိမ် ဆောင်းဥတုမြို့သို့ ရောက်ရှိလာရခြင်း၏ အကြောင်းရင်းမှာ အင်မော်တယ်စံအိမ်နှင့် သက်ဆိုင်လောက်သည်ဟု ကျိုးရီက မှန်းဆခဲ့သည်။

လက်ရှိအခြေအနေကို သုံးသပ်ရလျှင် ဖြစ်နိုင်ချေ အလားအလာ နှစ်ခုသာ ရှိသည်။

ပထမတစ်ချက်မှာ သူ့ဆရာက အာကာပြင်နံရံကို ဖြတ်၍ အတွင်းထဲသို့ ဝင်သွားသော်လည်း ကိစ္စမပြီးပြတ်သေးသောကြောင့် ထွက်မလာနိုင်သေးခြင်း ဖြစ်သည်။

ဤသည်မှာ ဖြစ်နိုင်ခြေအရှိဆုံး သုံးသပ်ချက်ပင်။

ဒုတိယအချက်မှာ သူ့ဆရာက ဒုက္ခရောက်ပြီး အပြင်ကို ထွက်မလာနိုင်သောအချက် ဖြစ်သည်။

ဟုတ်ပါသည်.. ကျိုးရီက ဤဖြစ်နိုင်ခြေမှာ အပုံ တစ်သောင်းတွင် တစ်ပုံသာ ရှိသည်ဟု ခံစားခဲ့ရ၏။

ယင်းက မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့် အခြေအနေမှာ အလွန်ရှင်းလင်းနေပြီ ဖြစ်သည်။

သူ့ဆရာ နှင့် အခြားသူများ ဆောင်းဥတုမြို့တော်တွင် ပြဿနာနည်းပါးစေရန် သူက သတင်းပေါက်ကြားမှုနှင့် မီဒီယာများ၏ သတင်းရယူခြင်းကို တားဆီးရန် နည်းလမ်းအား ရှာဖွေခဲ့ရသည်။

ထိုသို့တွေးပြီးနောက် ကျိုးရီက အောင်မြင်ခြင်းကျိုးကို ကားမှန်ချရန် အချက်ပြလိုက်သည်။

ရဲဦးလေးကြီးက ကားဘေးမှာ ရပ်နေဆဲပင်။

"မင်းတို့အတွက် ငါဘာကူညီပေးရမလဲ ရဲဘော်"

အောင်မြင်ခြင်းကျိုးက ပြုံးပြီး ရဲအရာရှိကို ကြည့်လိုက်သည်။

"ငါတို့ခေါင်းဆောင်က ဒီအဖြစ်အပျက်ကို အရမ်း စိတ်ဝင်စားနေတယ်.. သူက မင်းတို့ကို ကူညီပေးနိုင်လောက်တယ်"

"ခေါင်းဆောင်လား.. ဘယ်ခေါင်းဆောင်လဲ..."

ရဲဦးလေးကြီး၏ အမူအရာက တင်းမာလာပြီး ကားနောက်ခန်းကို ဂရုတစိုက် ငုံ့ကြည့်လိုက်သည်။

ကျိုးရီ၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရလျှင် သူက ချက်ချင်းပင် ချွေးစေးများ ထွက်လာ၏။

အတွင်းရေးမှူး တာခန်း၏ အချစ်ဆုံး ငယ်သားအကြောင်း သူမသိစရာ အကြောင်း မရှိချေ။

အပိုင်း(၃၀၇) ပြီး၏

All Chapters