← Chapters

ချီးထုပ်အကို ကျေးဇူးပဲ

Vol. 21 Ch. 310

ချီးထုပ်အကို ကျေးဇူးပဲ

Vol. 21 Ch. 310

တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရှာဖွေသည့် အပေါ် အခြေခံ၍ သုံးသပ်ရလျှင် ဝမ်လင်းက ဝမ်မင်ကို ရှာသည့် အကြိမ် အရေအတွက်မှာ လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရပေသည်။

ဝမ်လင်းထံမှ တောင်းဆိုမှုကို လက်ခံရရှိသည့် အချိန်တိုင်းတွင် ဝမ်မင်က သုတေသနဌာန၌ တစ်နေ့တာလုံး လန်းဆန်းသော စိတ်ခံစားချက်ကို ရရှိခဲ့သည်။

တစ်ခါတရံတွင် အကန့်အသတ်မဲ့ ကြီးထွားမှု နှင့် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ခြင်းသည် အကူအညီ လုံးဝမလိုအပ်ဟု မဆိုလိုပေ။

ဝမ်မင်က သူ့ဝမ်းကွဲညီလေးကို တတ်နိုင်သလောက် ကူညီပေးချင်ခဲ့သည်။

ထို့ကြောင့် ဝမ်လင်းက ပုံမှန်အားဖြင့် သူ့ကို မရှာတတ်သော်လည်း ဝမ်မင်က ဝမ်လင်း၏ မက်ဆေ့ချ်ကို ပထမဆုံးမြင်ရန် VIP မက်ဆေ့ချ်နေရာတွင် ထားခဲ့၏။

ထို့ကြောင့် တစ်စက္ကန့်အတွင်း စာပြန်နိုင်ခြင်းသည် ဝမ်မင်အတွက် ပုံမှန်လုပ်ဆောင်မှုဟုပင် ယူဆနိုင်ပေသည်။

ဝမ်လင်းက ဝမ်းကွဲညီလေးဖြစ်သော်လည်း ဝမ်မိသားစုထဲတွင် သူ၏ တစ်ဦးတည်းသော ညီလေး ဖြစ်သည်။

သူ့ညီလေးကို မကူညီလျှင် သူက မည်သူ့ကို ကူညီရမည်နည်း။

ဝမ်လင်း ပေးပို့လိုက်သည့် ဓာတ်ပုံကို ခဏမျှ စိုက်ကြည့်ပြီးနောက် ဝမ်မင်က မျက်မှောင်ကြုတ်သွား၏။

အဆုံးသတ်တွင် သူက ဝမ်လင်းကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ လင်းလေး"

"............"

ဝမ်မင်ထံမှ မက်ဆေ့ချ်ကိုမြင်လျှင် ဝမ်လင်း တစ်ယောက် အသက်ရှုပင် ကြပ်သွားသည်။

"ဒီကိစ္စအတွက် လူချင်းတွေ့ဖို့ ငါလာခဲ့မယ်.. ဒါပဲနော် ငါ ဖုန်းချလိုက်ပြီ"

ဝမ်လင်း "............"

ဝမ်မင်က ဝမ်လင်းအား ငြင်းဆိုရန် အခွင့်အရေးပင် လုံးဝမပေးဘဲ ဖုန်းချပစ်လိုက်သည်။

သုတေသနဌာနတွင်..

ဖုန်းချပြီးနောက် ဝမ်မင်က ထီပေါက်သည့် အမူအရာဖြင့် ဝမ်းသာအားရ ဖြစ်နေ၏။

သူ့ ဘေးနားတွင် စမ်းသပ်မှု လုပ်နေသည့် ဥက္ကဌချီက ဝမ်မင်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"မင်းညီလေးဆီက မဟုတ်လား"

ဝမ်မင် အနည်းငယ် အံ့သြသွားသည်။

"ဘယ်လိုသိတာလဲ"

ဥက္ကဌချီက ဝမ်မင်ကို နားလည်သော အမူအရာဖြင့် ကြည့်လိုက်သည်။

သူက ခပ်ယဲ့ယဲ့ပြုံး၍ ရှင်းပြလိုက်၏။

"အခြေခံအားဖြင့် မင်းက နေ့တိုင်း မင်းရဲ့ သုတေသနတွေကို မျက်နှာထား ခပ်တင်းတင်းနဲ့ လုပ်လေ့ရှိတယ်.. ဒါပေမဲ့ မင်း ညီလေးဆီက ဖုန်းလာရင်တော့ မင်းက အရူးတစ်ယောက်လို ပြုံးနေကျပဲလေ"

ဝမ်မင်က ခဏမျှ စကားမပြောနိုင်ဘဲ မှင်တက်သွားသည်။

"မဟုတ်ပါဘူး.. ဘယ်တုန်းက ကျနော် အရူးလိုပြုံးမိလို့လဲ"

ဤကိစ္စက ငြင်းခုံစရာ မဟုတ်သောကြောင့် ဥက္ကဌချီက တခြားဘာမှ ထပ်မပြောခဲ့ပေ။

ဝမ်မင်ကမူ နှလုံးသားထဲကနေ ရွှင်မြူးနေခဲ့၏။

[ဟဲဟဲ တွေ့ကြပြီပေါ့ လင်းလင်းရေ]

......................

ထိုနေ့ ဝမ်လင်းက အိမ်ပြန်ရောက်သောအခါ အိမ်ထဲသို့ ၀င်လိုက်သည်နှင့် ဖိုးဖိုးဝမ်က ကျောက်ငါး အကောင်ကြီး နှစ်ကောင်ကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။

ယင်းက ဝမ်မင် အနှစ်သက်ဆုံး အစားအစာလည်း ဖြစ်၏။

ဝမ်လင်းကမူ ခေါက်ဆွဲခြောက် အကြွပ်ကြော်တွေကိုသာ ပို၍ နှစ်သက်၏။

ဝမ်မင်က ဝမ်မောင်နှံ နှင့် ဖိုးဖိုးဝမ်ကို သူလာလည်မည့်အကြောင်း ကြိုတင် အသိပေးထားသည်မှာ ထင်ရှားနေသည်။

မေမေဝမ်က ဖိုးဖိုးဝမ် ဟင်းချက်သည်ကို အကူအညီပေးရန်အောက်ထပ်သို့ ဆင်းလာခဲ့၏။

ဝမ်လင်း ပြန်ရောက်လာသည်ကို မြင်သောအခါ သူမ ချက်ချင်း ပြုံးပြလိုက်သည်။

"လင်းလင်း.. မိသားစုရဲ့တန်ဖိုးကို မင်းတကယ် နားလည်သွားမယ်လို့ အမေ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"

ဝမ်လင်းက ဘာမှမတုံ့ပြန်ဘဲ ခေါင်းညိတ်လိုက်သည်။

"...???...."

မေမေဝမ်က အားပါးတရ ပြုံး၍ ပြောလိုက်သည်။

"မင်းအစ်ကိုကြီး ဒီနေ့ ငါ့ကို ဖုန်းဆက်တယ်.. မင်းသူ့ကို အိမ်လာဖို့ ကိုယ်တိုင် ဖိတ်ခေါ်တယ် ပြောတော့ ငါတကယ်ပဲ မယုံကြည်နိုင် ဖြစ်သွားခဲ့တယ်

ဝမ်လင်း "..........."

"မိသားစုဆိုတာ မိသားစုဝင်တွေကို အတတ်နိုင်ဆုံး အလည်ပတ် ဖိတ်ခေါ်ဖို့လိုတယ်.. ဒါမှမဟုတ်ရင် မိသားစုလို့ ဘယ်ခေါ်ပါ့မလဲ...အိမ်အလည်လာရင်း တစ်ယောက်နဲ့ တစ်ယောက် ပိုရင်းနှီးလာရင် မိသားစု ပိုဆန်သွားတာပေါ့.. အခုခေတ်မှာ ဆွေမျိုးတွေထက် အိမ်နီးနားချင်းတွေနဲ့ ပိုရင်းနှီးတဲ့သူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ မသိဘူး.. အဲဒါက ကြောက်စရာကောင်းတယ်လို့ သား မထင်ဘူးလား"

မေမေဝမ်က စကားစမြည်ပြောရင်း မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။

"အင်း ငါ ထမင်းချက်ဖို့ သွားလိုက်ဦးမယ်.. မင်းက ဧည့်ခန်းထဲမှာ မင်းအဖေနဲ့ ခဏနေခဲ့ဦး"

...........................

ဝမ်လင်းက မေမေဝမ်၏ စကားကြောင့် ထိတ်လန့်သွားသော်လည်း လုံးဝ ငြင်းဆန်ခြင်း မပြုခဲ့ပေ။

မေမေဝမ်၏ စကားက ကျိုးကြောင်းဆီလျော်နေပြီး ငြင်းဆန်ရန် အကြောင်းပြချက်ကိုလည်း သူ ရှာမတွေ့ခဲ့ပေ။

"လင်းလင်း ဒီမှာလာထိုင်"

ဖေဖေဝမ်က သူ့ဘေးနားက ဆိုဖာကို ပုတ်ပြ၍ လှမ်းခေါ်လိုက်သည်။

မနေ့က ဖေဖေဝမ် တစ်ယောက် စျာန်ဝင်သွားပြီး သူ၏ ပုံမှန် စွမ်းဆောင်ရည်ကို ကျော်လွန်၍ ဤတစ်ပတ်ထွက်ဖို့ စီစဉ်ထားသည့် စကားလုံးပေါင်း နှစ်သိန်းကို ရေးသားနိုင်ခဲ့သည်။

ထို့ကြောင့် ဖေဖေဝမ်က အေးအေးလူလူ ဖြစ်နေပြီး ညစာမစားမီ တီဗီကြည့်ရန် အောက်ထပ်ကို ဆင်းလာခဲ့ခြင်းပင်။

ဖေဖေဝမ်က 'အင်မော်တယ်ဘုရင်၏ တိုက်ရိုက်ထုတ်လွှင့်မှုဘဝ'ဝတ္ထုကို စတင်ရေးသားစဥ် ကတည်းက ဝမ်လင်းတစ်ယောက် ဖေဖေဝမ်နှင့် အတူတကွ ရုပ်ရှင် မကြည့်ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် တီဗီက ခေါင်းစီးပိုင်း သတင်းကြီးများကို တင်ဆက်နေ၏။

ကင်မရာရှေ့တွင် ငြိမ်သက်စွာ ထိုင်နေသည့် အမျိုးသမီးသတင်းထောက်က လက်ထဲတွင် ကိုင်ထားသည့် အညွှန်းစာရွက်ကို ဖတ်ပြလိုက်သည်။

"နောက်ဆုံးရသတင်းအရ စုန့်ဟိုင်မြို့ရဲ့ ကျောင်းပေါင်း၁၀၀ အထွေထွေ အုပ်ချုပ်ရေးညွှန်ကြားရေးမှူး ကျိုးရီက ဆောင်းဥတုမြို့၊ စန်းယွမ်လမ်းမှာ အခြေစိုက်ထားတဲ့ အမှောင်အင်အားစု အဖွဲ့အစည်းကြီးကို မြို့ခံရဲဌာနနဲ့ ပူးပေါင်းပြီး ယမန်နေ့က ဖျက်ဆီးနိုင်ခဲ့တယ်"

"အဓိကသံသယရှိသူ ချန်ယွီက အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ရာကျော်နဲ့အတူ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူတွေကို စုစည်းပြီး တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့တယ်.. သူက သူ့တပ်ဖွဲ့တွေနဲ့ နေရာတိုင်းမှာ တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်ခဲ့တယ်.. ချန်ယွီရဲ့ ဝန်ခံချက်အရ သူတို့က နိုင်ငံတဝှမ်းမှာ စစ်ဆင်ရေးများစွာကို စတင်လုပ်ဆောင်နေပြီလို့ ကနဦး သိရပါတယ်"

ယင်းနောက် အခင်းဖြစ်ပွားရာ နေရာ၌ အမျိုးသမီး သတင်းထောက် တစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်မှု ထွက်ပေါ်လာသည်။

မြင်ကွင်းမှာ စံအိမ်သခင်ချန်ယွီကို ဝိညာဥ်လက်ထိပ်များဖြင့် ဆောင်းဥတုမြို့၏ ထိန်းသိမ်းရေး စခန်းသို့ ရဲကားဖြင့် ခေါ်မသွားခင် မြင်ကွင်း ဖြစ်သည်။

တီဗီထဲမှ ချန်ယွီ၏ မျက်နှာကို အစက်အပြောက်များဖြင့် ဖုံးကွယ်ပေးထားသည်။

သူက အနီရောင် တာအို ၀တ်စုံကို ၀တ်ဆင်ထားဆဲ ဖြစ်၏။

"အခုတွေ့နေရတာက အဓိက တရားခံ မစ္စတာချန်ယွီပါ"

အမျိုးသမီး သတင်းထောက်က ချန်ယွီ၏ ပါးစပ်နားသို့ မိုက်ကရိုဖုန်းကို ခပ်သုတ်သုတ် ထိုးပေးလိုက်သည်။

"မစ္စတာ ချန်ယွီ.. ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ ထပ်ပြောချင်သေးလဲ

ချန်ယွီ "............"

ချန်ယွီ၏ မျက်နှာကို တီဗီထဲတွင် ဖုံးကွယ်ပေးထားသော်လည်း အမူအရာက ထုံထိုင်းထိုင်း ဖြစ်နေသည်ကို ဝမ်လင်းက မြင်တွေ့နေရဆဲ ဖြစ်သည်။

ဖေဖေဝမ်က သတင်းထဲမှ ချန်ယွီကို သုံးစက္ကန့်ကြာ စိုက်ကြည့်ပြီးနောက် ဝမ်လင်း ဘက်သို့ လှည့်လိုက်သည်။

"ဒီကိစ္စက မင်းလက်ချက်မဟုတ်လား

ဝမ်လင်း "..........."

ဖေဖေဝမ်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

"ကျိုးလေးက ဆောင်းဥတုမြို့ကို သွားတယ်လို့ ဒီသတင်းထောက် အမျိုးသမီး ပြောတာကို ငါကြားလိုက်တယ်.. ယေဘုယျ ပြောရရင် သူက မင်းရှိတဲ့နေရာဆီပဲ သွားတတ်တာ မဟုတ်လား"

ဝမ်လင်းက ဖေဖေဝမ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်၊

ဖေဖေဝမ်က သူတို့၏ ထိပ်တန်း အဆင့် လျှို့ဝှက်မစ်ရှင်ကို အမှန်တကယ် မြင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဖေဖေဝမ်က ဝမ်လင်း၏ အံ့သြမှုကို မြင်လျှင် ဝမ်လင်း၏ ပုခုံးကို ပုတ်လိုက်သည်။

"မင်းက ငါ့သားပဲ.. မင်းရဲ့အစီအစဥ်ကို ငါဘာလို့ မမြင်နိုင်ရမှာလဲ"

ဝမ်လင်း "............."

"စိတ်မပူပါနဲ့ ငါမင်းကို အပြစ်မတင်ပါဘူး.. ဒီတရားမဲ့တဲ့ အင်အားစုကို ရပ်တန့်သင့်တာ ကြာပါပြီ.. သူတို့တွေက ငါတို့မိသားစုကို အချိန်အတော်ကြာအောင် နှောင့်ယှက်ခဲ့တာပဲ မဟုတ်လား.. အဲဒီတုန်းက အားခယ်ရှိနေလို့သာပေါ့.."

ထို့နောက် တီဗွီကိုကြည့်ရင်း ဖေဖေဝမ်က ရုတ်တရက် ရယ်မောလိုက်သည်။

"ဒါပေမယ့် ဒီတခေါက် မင်းလက်ဆက နည်းနည်းတော့ ပြင်းလွန်းတယ်ကွာ.. သူ့ဆံပင်တွေတောင် ဖြူသွားခဲ့တယ်"

ဝမ်လင်း "............"

ဖေဖေဝမ် "အရင်တုန်းက မိဘတစ်ယောက်က ကလေးကို သင်္ချာသင်ပေးရင်း ကလေးဆံပင်တွေ ဖြူသွားတဲ့ သတင်း ထွက်ပေါ်လာဖူးတယ်"

"သူတို့က ကလေးကို နေ့တိုင်း တစ်ထောင်ထဲကနေ ခုနစ်နှုတ်ရင် ဘာရလဲလို့ မေးပြီး လက်ချောင်း ခြေချောင်းတွေနဲ့ တွက်ချက်ခိုင်းတယ်လေ"

ဝမ်လင်း"............."

အပိုင်း(၃၁၀) ပြီး၏။

All Chapters