← Chapters

ကျောထောက်နောက်ခံအသစ်

Vol. 21 Ch. 312

ကျောထောက်နောက်ခံအသစ်

Vol. 21 Ch. 312

ရဲတိုက်လေဒီက ဓာတ်ပုံထဲမှ ဖက်တီးကို စိုက်ကြည့်နေသည်။

"ဒီလူနဲ့ ပတ်သက်ပြီး ထူးဆန်းတယ်လို့ သခင်ထင်လို့လား"

"ဒီလူက အမှတ် ၆၀ အထက်တန်းကျောင်းက သမိုင်းဆရာပါ.. သူ့နာမည်က ဝမ်ကျူးခန်း.. ရှေးဟောင်းစာအုပ်ကြီးလို့လည်း ချစ်စနိုး ခေါ်ကြပါတယ်.. သူအရင်က ကျိုးရီကို သင်ပေးဖူးတယ်"

"ဒီလူက ကျိုးရီရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံနဲ့ကစားပွဲကို အပြောင်းအလဲ လုပ်နေတဲ့လူ ဖြစ်နိုင်တယ်လို့ ငါကိုယ်တိုင် မှန်းဆထားတယ်"

"ဒါပေမယ့် ငါအရှင် စူးစမ်းလေ့လာချက် အရတော့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကျင့်ကြံခြင်းလောက ကနေ အနားယူပြီး နောက်မှသာ ဒီနာမည်ကို သူ စတင် အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်"

ရဲတိုက်သခင်က ပြုံးလိုက်သည်။

"သူ့မျက်နှာကို သေသေချာချာကြည့်စမ်း.. နည်းနည်း ရင်းနှီးတဲ့ပုံ မပေါက်ဘူးလား"

"............"

ရဲတိုက်လေဒီက ဓာတ်ပုံကို အကြာကြီး စိုက်ကြည့်ပြီးနောက် ခေါင်းကို တစ်ချက် ခါယမ်းလိုက်သည်။

"ဒီလက်အောက်ငယ်သားရဲ့ အသုံးမကျမှုကို ခွင့်လွှတ်ပါ.. သခင် ကျေးဇူးပြု၍ ပြောပြပေးပါ"

လူလတ်ပိုင်းအရွယ် အမျိုးသားက သက်ပြင်းချပြီး မုတ်ဆိတ်မွေးကို ဟန်ပါပါ ပွတ်ဆွဲလိုက်သည်။

"လေလွင့်ကိုယ်လူချောဆိုတဲ့ ကျင့်ကြံသူ အကြောင်း ကြားဖူးလား"

"စီနီယာ လေလွင့်ကိုယ်လူချောလား"

ရဲတိုက်လေဒီက ရုတ်တရက် ဉာဏ်အလင်းရသွားသည်။

"အင်း.. ကြားဖူးတယ် သခင်"

စီနီယာ လေလွင့်ကိုယ်လူချောမှာ လွန်ခဲ့သော နှစ်တစ်ထောင်က နိုင်ငံတကာအဆင့် လူသတ်သမားများ စာရင်းကို ကိုယ်တိုင် ဖန်တီးခဲ့သူ ဖြစ်သည်။

သူက စာရင်း၏ တစ်ဦးတည်းသော အုပ်ထိန်းသူ ဖြစ်ခဲ့သည်။

၎င်းက ကျင့်ကြံခြင်း လောကတွင် ထင်ရှားသော ဒဏ္ဍာရီများစွာကို ချန်ထားရစ်ခဲ့သော ထိပ်တန်းကျင့်ကြံသူ စစ်စစ်ဖြစ်သည်။

လေလွင့်ကိုယ်လူချောက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို လက်ညိုးမှ ချီဖြင့်ပင် မျက်စိတစ်မှိတ်အတွင်း သတ်ခဲ့သည့် ဒဏ္ဍာရီကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

သို့သော် သူ အနားယူသွားသည်မှာ အတော်လေး ကြာနေပြီမဟုတ်လော။

ယင်းက သူလုပ်ခဲ့သည့် အမှားတစ်ခုကြောင့်ဟုလည်း ဆိုကြသည်။

သူမက စူးစမ်းသော အမူအရာဖြင့် ဓာတ်ပုံကို စိုက်ကြည့်နေသည်။

"သခင်.. ဒီအထက်တန်းကျောင်း ဆရာက လေလွင့်ကိုယ်လူချောလို့ ပြောချင်တာလား"

ရဲတိုက်သခင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

ထိုအဖြေကြောင့် ရဲတိုက်လေဒီက ချက်ချင်းပင် တုန်လှုပ်သွားသည်။

"ဒါပေမယ့် စီနီယာ လေလွင့်ကိုယ်လူချောက ကမ္ဘာပေါ်မှာ အချောဆုံး အမျိုးသားတွေထဲက တစ်ယောက်လို့ ပြောကြတာမဟုတ်လား"

ရဲတိုက်လေဒီမှာ တစ်ချိန်က လေလွင့်ကိုယ်လူချောကို စိတ်ဝင်စားခဲ့ဖူး၏။

ထို့ကြောင့် သူနှင့်ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များကို ရှာဖွေဖူးခဲ့သည်။

သူနှင့်ပတ်သက်သည့် တိကျသေချာသည့် ဓါတ်ပုံများကို ရှာမတွေ့ခဲ့သော်လည်း သူ၏ ပကတိ မျက်နှာအစစ်ကို မြင်ဖူးသူများ၏ အဆိုအရ အလွန်တရာမှ အနှိုင်းမဲ့ ချောမောလွန်းသည်ဟု သိခဲ့ရ၏။

[ဒီဖက်တီးဆရာက စီနီယာကိုယ်လူချော အစစ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]

ရဲတိုက်လေဒီက ဓာတ်ပုံကို စိုက်ကြည့်ရင်း အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

"သခင်.. ဒီအစေခံက အတင့်ရဲပြီး ပြောပါရစေ.. ဒီလူတော့ မဖြစ်နိုင်ဘူးထင်တယ်"

"ဘာလို့လဲ.. ဒီလူက ဒီလောက်ဝနေတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ တွေးနေမိတာ မဟုတ်လား"

လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်လိုက်သည်။

"ချောမောတဲ့ အမျိုးသားတွေမှာ ထူးခြားမှုရှိတယ် ဆိုတဲ့ စကားကို မင်းမကြားဖူးဘူးလား"

ရဲတိုက်လေဒီ "..............."

ထို့နောက် ရဲတိုက်သခင်က ကုလားထိုင်မှ ထလိုက်ကာ သူမကို ညင်သာစွာ ကြည့်လိုက်သည်။

"စိတ်ချနိုင်ပါတယ်.. လုံးဝ အမှားအယွင်း မရှိတာ သေချာပါတယ်"

"ဒါနဲ့ အဲဒီအချိန်က နိုင်ငံတကာအဆင့် လူသတ်သမားစာရင်းကို ဖန်တီးခဲ့တာက ကျင့်ကြံသူ နှစ်ယောက် ဆိုတာရော မင်းသိလား"

ရဲတိုက်လေဒီ "နှစ်ယောက်လား"

ရဲတိုက်သခင် "လေလွင့်ကိုယ်လူချောက သူတို့ထဲက တစ်ယောက်ပဲ"

"တကယ်တော့ သူနဲ့အတူ ပခုံးချင်းယှဉ်နိုင်တဲ့ နောက်ထပ် စီနီယာ တစ်ယောက် ရှိသေးတယ်.. သူ့ရဲ့ နာမည်ပြောင်က တောက်တိလို့ ခေါ်တယ်.. ဘာကြောင့်လဲဆိုတော့ သူက တောက်တိ သတ္တဝါလို အရမ်းရုပ်ဆိုးလို့ပဲ.. သူ့မျက်နှာအစစ်ကို မြင်တဲ့လူ တော်တော်များများက သေမတတ် ကြောက်လန့်သွားလေ့ရှိတယ်"

ရဲတိုက်လေဒီ "..........."

ရဲတိုက်သခင် "သူတို့က အစကတော့ ညီအစ်ကိုတွေလို ရင်းနှီးကြတယ်..ဒါပေမဲ့ လေလွင့်ကိုယ်လူချောက ချောမောလွန်းတော့ ပြင်ပလောကမှာ ပျံ့နေတဲ့ ကောလဟာလ အားလုံးက သူ့အကြောင်းချည်း ဖြစ်နေတယ်လေ.. ဒါက စီနီယာ တောက်တိကို ကမ္ဘာအပြင်ဘက် ရောက်သွားသလို ခံစားရစေတယ်"

"ဒါကပဲ စီနီယာ လေလွင့်ကိုယ်လူချောနဲ့ အဆက်အသွယ်ဖြတ်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့တယ်.. စီနီယာ လေလွင့်ကိုယ်လူချော အနားယူသွားတာကလည်း စီနီယာတောက်တိနဲ့ ဆက်စပ်မှု ရှိနေပုံရတယ်"

ထိုဇာတ်ကြောင်းကို ကြားလိုက်ရလျှင် ရဲတိုက်လေဒီက အံ့ဩသွားသည်။

လေလွင့်ကိုယ်လူချောနှင့် တန်းတူအဆင့်ရှိသည့် စီနီယာတောက်တိ အကြောင်းကို တစ်ခါမျှ မကြားဖူးသောကြောင့် သူမ၏ ဦးနှောက်က ပွင့်ထွက်တော့မလို ခံစားလိုက်ရသည်။

ရဲတိုက်လေဒီက သူ့ရှေ့မှ ရဲတိုက်သခင်ကို စိုက်ကြည့်ရင်း သတ္တိမွေးကာ မေးခွန်းထုတ်လိုက်သည်။

"ဒီအစေခံက အတင့်ရဲပြီး မေးပါရစေ.. သခင်က ဘာလို့ဒီလောက်ထိ သိနေရတာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်လိုက်သည်။

"ဘာလို့လဲဆိုတော့ စီနီယာ တောက်တိ ကိုယ်တိုင် ငါ့ကို ပြောပြခဲ့လို့ပဲ.. စီနီယာ လေလွင့်ကိုယ်လူချောက ဘယ်လောက်ပဲ ကိုယ်အလေးချိန် တက်လာပါစေ.. စီနီယာ တောက်တိက သူပဲဆိုတာ သေချာပေါက် မှတ်မိနေတယ်လေ.. ပြောရရင် သူက ပြာဖြစ်သွားရင်တောင်မှ စီနီယာ တောက်တိက သူ့ကို မှတ်မိနေဦးမှာပဲ"

ရဲတိုက်လေဒီ "သခင်က စီနီယာ တောက်တိကို သခင့်အတွက် အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တာလား"

"အဲဒီလိုလည်း မဟုတ်ပါဘူး.. ငါတို့က မိတ်ဆွေတွေ ဖြစ်ပြီး ကိုယ် လိုချင်တာကိုပဲ ညှိနှိုင်းကြတာပါ"

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းပြီး ရဲတိုက်လေဒီကို ကြည့်လိုက်သည်။

"ငါဒီနေ့လာတာ မင်းကို ဒီကိစ္စ ပြောပြဖို့ပဲ"

ရဲတိုက်လေဒီ "ဒါဆို ကျမတို့ အစီအစဥ်ကရော ဘယ်လိုဆက်လုပ်ရမှာလဲ"

"အခုအချိန်ကစပြီး ငါတို့ရဲ့အာရုံက အမှတ် 60 အထက်တန်းကျောင်းက စီနီယာ လေလွင့်ကိုယ်လူချောပဲ.. ဒဏ္ဍာရီအရဆို စီနီယာဆီမှာ ပကတိ အင်မော်တယ်တွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့ လက်နက်တစ်ခု ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်"

"ငါ့ရဲ့ မော့အင်မော်တယ်ရဲတိုက် အနေနဲ့ အနာဂတ်မှာ အုပ်စိုးဖို့အတွက်ဆိုရင် ဒီအရာကိုပဲ အားကိုးလို့ရမယ်"

ရဲတိုက်လေဒီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"သခင်က အမျှော်အမြင် ကြီးမားတယ်.. ကျမ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်"

"ကောင်းပြီ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်လိုက်သည်။

"စီနီယာ တောက်တိ အတွက် ကင်းထောက်အဖြစ် ဆောင်ရွက်ဖို့ ဒီကျောင်းကို လူတချို့ကို စေလွှတ်ရမယ်"

ရဲတိုက်လေဒီ "ဟုတ်ကဲ့"

အမိန့်ပေးရင်း လူလတ်ပိုင်း၏ မျက်လုံးများတွင် လွမ်းဆွတ်သော အမူအရာများ ရုတ်တရက် ပေါ်လာသည်။

"အင်း.. ပြောရရင် အခု စီနီယာ လေလွင့်ကိုယ်လူချော သင်ကြားနေတဲ့ အတန်းတွေထဲက တစ်ခုက Grade One၊ အခန်း၃ပဲ"

ရဲတိုက်လေဒီ "ဒီ Grade one၊ အခန်း၃က တစ်ခုခုထူးဆန်းနေလို့လား"

"ဘာမှမဟုတ်ပါဘူး.. အထက်တန်းကျောင်းတက်တုန်းက အတိတ်ကို အမှတ်မထင် သတိရမိသွားလို့ပါ.. ငါလည်း အခန်း၃မှာ စာသင်ခဲ့ဖူးတယ်လေ"

လူလတ်ပိုင်းအရွယ် အမျိုးသားက စားပွဲပေါ်ရှိ နို့ခွက်ကို ဆတ်ခနဲ စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် မျက်ရည်တွေ ရစ်သီနေ၏။

"အဲဒီတုန်းကဆို ငါကျောင်းသွားရင် ငါ့မေမေက ဝမ်ကျိုင်းနို့ဗူး နှစ်ဗူး အမြဲ ထည့်ပေးလေ့ရှိတယ်..."

ရဲတိုက်လေဒီ "............."

.........................

ဝမ်မင်၏ သီးသန့်ယာဉ်မောင်းက တိုက်ခိုက်ရေးယာဉ်ကို ဝမ်မိသားစု အိမ်ငယ်လေးနှင့် ဆန့်ကျင်ဘက်အရပ်ရှိ အလှမ်းဝေးသော လမ်းတစ်ဖက်တွင် ရပ်ထားသည်။

အမှတ် 59 အထက်တန်းကျောင်းတွင် ဝမ်မင်တစ်ယောက် ကျန်းလျှိုယင်း၏ ပြန်ပေးဆွဲခြင်းကို ခံရပြီးကတည်းက ယာဥ်မောင်းက ဝမ်မင်နှင့်အတူ ထပ်ကြပ်မခွာ ရှိခဲ့သည်။

သူက မမျှော်လင့်ထားသည့် အရာများ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် အပြင်ထွက်သည့် အခါတိုင်းတွင် ဝမ်မင် အနားမှ ထွက်ခွာသွားခြင်း မရှိပေ။

ဤကားမောင်းသမား သက်တော်စောင့်ကို ဥက္ကဌချီ ကိုယ်တိုင်ဝမ်မင်အား ကာကွယ်ရန် အတွက် အထူး တာဝန် ပေးအပ်ထားခြင်း ဖြစ်၏။

ထိုလူ၏အမည်မှာ ကျိုက်ယန် ဖြစ်သည်။

ကျိုက်ယန်က အလွန် သန်မာသည်ဟု ဥက္ကဌချီက ပြောဖူးသော်လည်း ဝမ်မင် မျက်စိဖြင့် ကိုယ်တိုင် မမြင်တွေ့ဖူးပေ။

ထိုလူက အနည်းငယ် ကြောက်စရာကောင်းပြီး ထာဝရအေးစက်သော အော်ရာ ရှိနေသည်ဟု ခံစားရသည်။

ထိုလူကို ကျိုက်ယန်ဟု ခေါ်မည့်အစား "တည်ငြိမ်သွေးအေးသောလူ"ဟု ခေါ်သင့်ကြောင်း ဝမ်မင် ထင်ခဲ့သည်။

ကျိုက်ယန် ကားရပ်လိုက်သော အချိန်တွင် ဝမ်မင်က ချက်ချင်း ပြောလိုက်သည်။

"ကျိုက်ယန် မင်းပြန်လို့ရပြီ.. အနားယူလိုက်တော့"

ထိုစကားကိုကြားလျှင် ကျိုက်ယန်က နောက်ကြည့်မှန်ကနေ ဝမ်မင်ကို ကြည့်လိုက်ရာ ဝမ်မင်က တုန်လှုပ်သွားသည်။

ကျိုက်ယန်က အေးစက်စက် ပြောလိုက်၏။

"မင်းရဲ့လုံခြုံရေးက ငါ့တာဝန်လို့ ဥက္ကဌချီက မှာထားတယ်"

"............."

ဝမ်မင် အနည်းငယ် ဆွံ့အသွားသည်။

ဤအိမ်ကိုရောက်လာလျှင် ဘာမှ စိတ်ပူစရာ မရှိတော့ပေ။

ထိုထက် အရေးကြီးဆုံးမှာ အသားကပ် ဘောင်းဘီရှည်ကို သူက ဝတ်ဆင်လာခဲ့ခြင်းပင်။

ဝမ်မင်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ ကျိုက်ယန်ကို ပြောလိုက်သည်။

"ဒီအိမ်ငယ်လေးက ငါ့မိသားစုနေတာပါ.. မင်းဝင်လာဖို့မသင့်တော်ဘူးလေ.."

ကျိုက်ယန် "မင်းရဲ့လုံခြုံရေးက ငါ့တာဝန်လို့ ဥက္ကဌချီကမှာထားတယ်"

"............."

ဝမ်မင် ကူကယ်ရာမဲ့သွားသည်။

အဆုံးသတ်တွင် ဝမ်မင်က ကျိုက်ယန်နှင့်အတူ ကားထဲက ထွက်လာခဲ့သည်။

၎င်းတို့ကြားရှိ အကွာအဝေးက တစ်စင်တီမီတာခွဲထက် မပိုသည်ကို သတိပြုမိပြီး ဝမ်မင်က ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

တံခါးခေါက်သံ ကြားသောအခါ မေမေဝမ်နှင့် ဖိုးဖိုးဝမ်တို့ မီးဖိုချောင်တွင် အလုပ်ရှုပ်နေသောကြောင့် ဝမ်လင်းက တံခါးဖွင့်ရန် ကိုယ်တိုင်ကိုယ်ကျ ထသွားခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် ဝမ်မင် နောက်မှ လူဆီကနေ အေးစက်စက် အငွေ့အသက်များ ထွက်လာသည်ကို ခံစားလိုက်ရသည်။

သူ့မျက်နှာတောင် အနည်းငယ် အေးစက်သွားသလိုပင်။

သူက ဘာမှာပြောမနေဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဝမ်မင်ကို အိမ်ထဲဆွဲသွင်းကာ တံခါးကို ပိတ်လိုက်သည်။

သူ့လက်အရှိန်က အလွန်မြန်ဆန်သောကြောင့် ကျိုက်ယန် လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။

"............."

အပိုင်း(၃၁၂) ပြီး၏

All Chapters